ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, March 30, 2013

“ အခု တလောမှာ ”


၁။)တွေးနေမိတာက ----- ရိုကျိုးရသည်ဖြစ်စေ၊ ရိုကျိုးခံရသည်ဖြစ်စေ ... မည်သို့မျှ မထူးခြားကြောင်း သေသေချာချာသိရှိနိုင်မယ့် မာနတို့ပျက်သုဉ်းချိန်အကြောင်း။။

Thursday, March 14, 2013

လောင်းရိပ်မိုးလို့ ညှိုးတဲ့ကြယ်



နှုတ်ခမ်းအညိုရောင်နဲ့ ကောင်မလေးရေ
ဘဝက ပင်လယ်ဆန်တယ်ကွဲ့
ဟော့ဒီအရပ်မှာ...
နှလုံးသားကို ဆားခပ်ဖူးသူတွေက
ပတ်မကြီးကို ထိုးခွဲတတ်ကြတယ်။။

Tuesday, March 5, 2013

လွန်



ဘဝကိုက ရင်ခွင်ပိုက်အရွယ်ဆိုတော့လည်း
အတည်တကျဖြစ်မှုတွေက ဖရိုဖရဲ
ဒါကြောင့်ပဲနဲ့ တူပါရဲ့...
အလွမ်းရင့်ရင့်တွေ တဖွဲဖွဲရွာချလာတိုင်း
မျှော်လင့်ခြင်းမှာ ဖျက်ပိုးဝင်တယ်။။