ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Wednesday, May 14, 2014

" ရုန်းထချိန် "



ကမ္ဘာကြီးကိုမှ လိုချင်သတဲ့လား
ယူလိုက်ပေါ့ကွာ
ဘယ်သူမဆို ပိုင်ဆိုင်ခွင့်ရှိပါတယ်။

ကြယ်တွေနဲ့ ကစားတတ်တဲ့အကျင့်ကိုတော့
ဖျောက်ရမယ်ကွ
အရင်ကလောက် အချိန်မပိုဘူးလေ
အိပ်ယာထနောက်ကျတော့ သိပ်ကသီတယ်
လှောင်ရယ်သံတွေ အဆုံးသတ်တဲ့နေ့ကျမှပဲ
ကြိုက်တဲ့အိပ်မက်ကို အကြာကြီးမက်ကြတာပေါ့။


လူလည်အာရှသားတဲ့လား
နားထောင်ကောင်းရုံ သီချင်းတစ်ပုဒ်ပါကွာ
မင်းသဘောကျရင် ပြုံးရုံပဲပြုံးကွ
တကယ်က ...
ငါတို့အကုန်လုံး ငတုံးတွေချည်းပဲ။

သုံးသုံးလီကိုးလို့ သိတာနဲ့များ
ပညာတတ်လို့ မင်းမို့လို့ပတ်ကြွားနေတယ်
ဟိုမျက်နှာပြုံးပြုံးကြီး ကြည့်ပြီး
ငါတော့မင်းအတွက် ကြက်သီးတွေထတယ်။

လာပါကွာ ...
ကမ္ဘာကြီးကိုမှ လိုချင်သတဲ့လား
ယူလိုက်စမ်းပါ
ဘယ်သူမဆို ပိုင်ဆိုင်ခွင့်ရှိပါတယ်။

အလင်းသစ်
14 May 2014 (Wed)

No comments:

Post a Comment

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။