၁။)တွေးနေမိတာက ----- ရိုကျိုးရသည်ဖြစ်စေ၊ ရိုကျိုးခံရသည်ဖြစ်စေ ... မည်သို့မျှ မထူးခြားကြောင်း သေသေချာချာသိရှိနိုင်မယ့် မာနတို့ပျက်သုဉ်းချိန်အကြောင်း။။
၂။)ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိတာက ----- ငါတော်တော် ကြီးလာပြီလို့ .... အသက်ပြောပါတယ် ... :D ။။
၃။)ကျန်းမာရေး ----- အခုတလောထိတော့ ဒေါင်ဒေါင်ကိုမြည်လို့ ... :D ။။
၎။)ဖတ်ဖြစ်တဲ့စာအုပ်တွေ ----- လောလောဆယ် ဖတ်ဖြစ်နေတာက ဆရာမောင်ဆန္ဒ(လယ်ဝေး)ရဲ့ "အမေ့ရင်ငွေ့နှင့် အခြားဝတ္ထုတိုများ" ၊ ဆရာချစ်ဦးညိုရဲ့ "ဒုဌဂါမဏိ" နဲ့ ဆရာတက္ကသိုလ်စိန်တင်ရဲ့ "အိုဘယ့် အနော်ရထာ"။။
၅။)ရောက်ဖြစ်နေတာက ----- မီးဖိုချောင်၊ ကျောင်း၊ ဈေးနဲ့ မြို့ထဲ ၊။
၆။)နားထောင်ဖြစ်နေတာက ----- "မြန်မာပြည်သား" သီချင်း ... "ပုဂံသားလော၊ တကောင်းသားလော ... ပေါင်းစည်းကာ ရောနှောပါလို့ ... မြင်စိုင်း၊ပင်းယ၊အင်းဝ၊ကုန်းဘောင် .... အောင်စစ်သည်များ .... ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း . . . တစ်စိတ်တစ်ဝမ်း ညီဆောင် ပြည်ထောင်စုဖွား ... မြန်မာပြည်သားဟေ့ . . . မြန်မာပြည်သား ..."။။
"ဇာတိမာန်"သီချင်း .... "အာဇာနည် ဗုဒ္ဓဘာသာ ... အမျိုးသားတိုင်းပြည် .... ရာဇဝင်ရှေးထုံးစဉ်လာ ထွန်းတောက်ခဲ့ပေ .... ပိုင်ဆိုင်သူ ဘိုးဘွားဘီဘင်တို့အမွေ .... တို့ပြည် ... တို့မြေ ...."။။
"လက်ရည်တစ်ပြင်တည်း" သီချင်း .... "ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် ... လက်ရည်တစ်ပြင်တည်း ... ရှေးကတော့ ပိုချစ်ကြတယ်..."။။
"မြန်မာဇာနည်" သီချင်း ... "မြန်မာဇာနည်ချင်းတို့ ဒါမြန်မာပြည် ... မဟာသာကီမင်းမှ မျိုးနွယ်ဆင်းသည် .... ကမ္ဘာတာရှည်နင်း၍ အာဏာပိုင်နန်းတည် ... ဒါမြန်မာပြည် ... သိစေမည်..."။။
"မြန်မာ့ကြွေးကြော်သံ" သီချင်း ..... "တာဝန်တွေကိုယ်စီ သိထားစေ ... လိုမည်သတိတရားတွေ ... တို့ပြည်ကြီးကို ကာကွယ်လေ .. တို့မြေကြီးကို ကာကွယ်လေ ... "။။

ခုတလောမှာတော့ အဲဒီသီချင်းတွေကို စွဲစွဲမြဲမြဲကို နားထောင်ဖြစ်နေတယ် ... :) ။။။
၇။)ရွတ်ဖြစ်နေတဲ့ကဗျာ ----- စစ်မက်ပြိုင်မိုး ကြယ်ကလေးတွေ စီးချင်းမထိုးကြပါနဲ့၊ မိုးချုပ်အိမ်ပြန် လမင်းကိုပန်တဲ့ ကောင်မလေး ငြိမ်းချမ်းရေး နဲ့ အိပ်စက်နေလို့ပါ .... ဆိုတဲ့ ဆရာတာရာမင်းဝေရဲ့ ကဗျာတစ်ပိုင်းတစ။။
၈။)ဖြစ်ချင်နေတာက ----- ပညာတတ်ပြီး ခေါင်းလည်းပါတဲ့ ယောင်္ကျားကောင်းတစ်ယောက် ...။။ (ပညာပဲတတ်ပြီး ... ခေါင်းမပါရင် ... သိပ်အန္တရာယ်ကြီးပြီး ရွံစရာကောင်းလို့... )
၉။)စားဖြစ်နေတတ်တာက ----- ခေါက်ဆွဲခြောက် ၊ ပေါင်မုန့်နဲ့ လက်တစ်ကမ်းဟင်းများ။။ (ကိုယ်ကလည်း လက်တစ်ကမ်းဟင်းပဲ ချက်တတ်တာလေ.. :D :D )
၁၀။)သနားနေမိတာက ----- လစာထုတ်ခြင်း၊ မထုတ်ခြင်းနဲ့ ခုတလောမှာ သက်ဆိုင်ခွင့်မရရှာတဲ့ ကျွန်တော့်ရဲ့ ပိုက်ဆံအိတ်လေးကို ... :P ။။
၁၁။)လွမ်းနေမိတာက ----- မိုင်လေးထောင်အကွာဝေးက ဖားလေးတစ်ကောင်ကိုလေ ... :P ။။
၁၂။)မေ့လျှော့ပစ်နေရတာက ----- တူတွေ၊တူမတွေက ဦးစိုးလို့ ခေါ်တဲ့အချိန် သတိရမိတတ်တဲ့ ကိုယ့်ရဲ့အသက်ကိုပေါ့ ... :D ။။
၁၃။)ခါးသက်နေမိတာက -----အအေးရောတာ နည်းသွားတဲ့ အခါတိုင်းလေ ... :P ။။
၁၄။)တမ်းတနေမိတာက ----- ဖလမ်းဖလမ်းထနေတဲ့ အင်တာနက်ကွန်နက်ရှင် ။။ (သိပ်မကြာခင် ဌာနေကို ပြန်ရတော့မယ်လေ ... :D )
၁၅။)ကျိတ်ပြီး ချီးကျူးနေမိတာက ------ ကိုယ့်ထက် လုပ်ရည်၊ကိုင်ရည်သာပြီး အမျှော်အမြင်ကြီးမားတဲ့ စံနမူနာထား လေးစားထိုက်သူတွေအားလုံးကို ...။။
၁၆။)ကျိတ်ပြီး အထင်သေးနေမိတာက ------ ငါနှင့်ငါသာ နှိုင်းစရာမရှိ ... ထစ်ခနဲရှိငါတကောကောနေတဲ့ အတ္တသမား လူ့ငနွားတွေကို ...။။
၁၇။)ခြေချဖို့ ဆန္ဒမရှိတဲ့နေရာ ------ အသက်သွင်းပြီးသား မိုင်းကွင်း ..။။ (ခြေချတာနဲ့ တစ်စစီဖြစ်မှာလေ ... :D )
၁၈။)မုန်းတီးနေမိတာက ------ ခဏခဏဆာတတ်တဲ့ ဗိုက် ။။ (ဆာတိုင်းစားတော့ ဝိတ်တွေလည်းတက် ... ဘောင်းဘီတွေလည်း ကြပ်ကုန်ပြီ ... :D )
၁၉။)ချစ်နေတာက ------ မည်သို့ပင်ဆိုစေကာမူ မြင့်စန်းရီ ... :P ။။
၂၀။)စိတ်ပျက်နေမိတာက ----- အနည်းငယ်တက်လာသောဝိတ်နှင့် ဘောင်းဘီတွေကို ကြပ်လာစေတဲ့ ခါး။။
၂၁။)စွဲလန်းနေမိတာက------ အိပ်စက်ခြင်း ။။ (ရှေးစကားမှာယောင်္ကျားပျင်းရင် ၊ ကျောခင်းတယ်ဆိုလို့ .. နေထွက်လာရင် မှောက်ရက် ပြောင်းအိပ်ပါတယ် ... :P )
၂၂။)လိုအပ်နေတာက ----- လူတိုင်းအတွက် အမြဲတမ်း လိုအပ်တာက စိတ်ချမ်းသာ ပျော်ရွှင်မှုပေါ့ ။။
၂၃။)ရောက်နေတဲ့နေရာက ----- အာလူးစားသူများရဲ့ မိုးရာသီမရှိတဲ့မြို့ ။။
၂၄။)နက်နက်နဲနဲ ပြန်စဉ်းစားနေမိတာက ----- ဘဝရဲ့ သုံးပုံတစ်ပုံကျော်ကို ဖြတ်သန်းခဲ့မှုကနေ ရလာတဲ့ သင်ခန်းစာတချို့ကိုပေါ့ ... :) ။။
၂၅။)မြင်အောင်ကြည့်တတ်ဖို့ကြိုးစားနေတာက ----- အခုတလောမှာတော့ ဆရာပေးလိုက်တဲ့ ညီမျှခြင်းတွေကို နည်းလမ်းပေါင်းစုံနဲ့တွက်ပြီး ... ထွက်လာတဲ့ နောက်ဆုံးရလာဒ်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို မြင်အောင်ကြည့်နေရတယ်။။ ကြာလာတော့ ဟိုးငယ်ငယ်တုန်းကလိုပဲ ဆရာနဲ့တွေ့ရမှာ ကြောက်တဲ့ရောဂါတောင် ကပ်လာပီ... ဟီးးး ။။
အကို ကိုဇော်က တဂ်လိုက်တာလေးကို ရေးထားတာလေးပါ ။။ အခုတလောမှာ အမိမြေဆီက ကြားနေရတဲ့ အရိပ်ပေးတဲ့လက်ကို ပြန်ကိုက်ချင်တဲ့ ရေမျောကမ်းတင်တွေရဲ့ သတင်းတွေကြောင့် စိတ်မကောင်း ခဏခဏဖြစ်နေလို့ တချို့နေရာတွေမှာ ဟာသလေးဖောက်ပြီး ရေးထားပါတယ်။။ ချစ်သောမျက်စိဖြင့် ကြည့်ပြီး ရွှင်သောနှလုံးဖြင့်ဖတ်ရှုကာ ပြုံးရယ်နိုင်ကြပါစေ။။
လေးစားလျက်
အလင်းသစ်
အင်း လောလောဆယ်တော့ သံဗုဒ္ဓေအုပ်စုံရွတ်ပြီး အမေ့ရင်ငွေ့လှုံမယ့် အိမ်ပြန်ခရီး ဖြောင့်ဖြူးအောင် ဆုတောင်းရင်း အကြောက်တရားတွေကင်းစင် လူကိုလူလို့မြင်လာကြမယ့် နေ့တစ်နေ့ကို ထိုင်စောင့်နေရပါကြောင်းဗျား
ReplyDeleteတဂ်ပို့စ်လေးဖတ်သွားတယ် အလင်းသစ်ရေ...
ReplyDeleteအိပ်စက်ခြင်းကိုစွဲလန်းတဲ့အလင်းသစ် :P
ဖလန်းဖလန်းထတဲ့ကွန်နက်ရှင်ကိုတမ်းတနေရင်မကြာခင်နွမ်းလျတော့မယ် :D
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်