ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Monday, November 10, 2014

" သင်းကွဲ "



ထီလာရေ ...
ထီလာ ...။

ဟောဒီကမ္ဘာမှာလေ ...
ထက်ရှဖို့မလိုအပ်တဲ့အခါတွေ ကြုံလာတိုင်း
ကိုယ့်ကို သတိတရမေတ္တာပို့ပါ
အတ္တကို မြိနေအောင်သွေးနေတတ်တဲ့လူအ
မေတ္တာဓာတ်လေးတော့ ရချင်တယ်။


အဲဒီ ... မေးငေါ့တတ်တဲ့ လူတွေထဲကနေ
သင်းကွဲထွက်ပါရစေကွယ်
ကိုယ်ကလေ ...
ပေးဆပ်ဖို့သက်သက် လူဖြစ်လာရပေမယ့်
အတ္တသမားစစ်စစ်ကွဲ့။


တစ်ခါတလေ ကောင်းတာလုပ်မယ်
တစ်ခါတလေမှာ ဆိုးလိုက်တာပေါ့
ဘဝဆိုတာကလည်း ပြဇာတ်မှမဟုတ်ပဲကွယ်
ကိုယ်တော့ ...
မျက်နှာသာရဖို့ အတွက်နဲ့
ခိုးခိုးပြီးလိမ္မာရတာ ရှက်တယ်။


တကယ်ဆို ...
ကိုယ်တိုင် လောင်ကျွမ်းထွန်းညှိ
လောကကြီးကို အလင်းအတိပြီးစေချင်သူပါ။


ဒါပေမယ့် ...
လူနဲ့ဘဝ အချိုးမကျခဲ့ဘူးကွယ်
အစပ်အဟပ်လွဲသွားတော့
ကိုယ့်အရသာက နည်းနည်းခါးတယ်။





မောင်စိုးမင်း
10.11.14 (MON)

No comments:

Post a Comment

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။