ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Wednesday, March 2, 2011

အချစ်ဖြင့်မွမ်းမံအပ်သော အနာဂတ်တစ်ခုအကြောင်း

အပိုင်း(၁)

"ကျေးဇူးပြု၍နားဆင်ပါရှင်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သုဝဏ္ဏဘုမ္မိ
အပြည်ပြည်ဆိုင်ရာ
လေဆိပ်မှ မြန်မာနိုင်ငံ၊ရန်ကုန်မြို့
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဦးတည်ပျံသန်းလာသော
MAI လေယာဉ်ကြီးဟာမကြာမီအချိန်အတွင်း ရန်ကုန်အပြည်ပြည်
ဆိုင်ရာ
လေဆိပ်သို့ဆင်းသက်တော့မှာဖြစ်ပါတယ်။။။သို့ပါ၍
မိမိတို့၏ ထိုင်ခုံခါးပတ်များကို
ပတ်ထားကြပါရန် ပန်ကြားအပ်
ပါတယ်ရှင်။။။"


ကွာလာလမ်ပူမှ ဘန်ကောက် ၊ဘန်ကောက်မှ ရန်ကုန်သို့
အပြန်ခရီးဖြစ်၍သူစိတ်လှုပ်ရှားနေ
ပေမယ့် ပင်ပန်းမှု
ဒဏ်ကြောင့်မှေးခနဲဖြစ်သွားခိုက် အင်္ဂလိပ်ဘာသာဖြင့်
ကြေညာသံကြောင့်
ဆတ်ခနဲလန့်နိုးလာသည်။။။ထိုင်ခုံခါး
ပတ်ကိုဆွဲပတ်လိုက်ပြီး လေယာဉ်ပြတင်းမှအောက်သို့
လှမ်းကြည့်မိတော့ မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာပြီဖြစ်
သဖြင့်မြန်မာ့အငွေ့အသက်များ
ကိုခံစားရသလိုလို ဘာသာအင်အားတွေပြည့်လာသည်။။။မကြာမီမှာပင် ရွှေရောင်
လွှမ်းသောမြန်မာနိုင်ငံ၏ ရန်ကုန်မြို့ကို လှမ်းတွေ့လိုက်ရလေပြီ။။။
ဟိုဟိုဒီဒီ သေချာလိုက်ကြည့်နေ
ရင်းအမိမြေ၏အလှကို
ကောင်းကင်ပေါ်မှခံစားနေမိ၏။။။ကောင်းကင်ပေါ်ပျံဝဲနေရာမှ
တဖြည်းဖြည်းနိမ့်ဆင်းလာပြီး ငြိမ့်ခနဲခံစားချက်နဲ့အတူသူအမိမြေ
ပေါ်သို့ပြန်လည်းရောက်ရှိ
လာခဲ့လေပြီတည်း။။။နိုင်ငံတကာ
နည်းတူခမ်းနားထည်ဝါလှသော ရန်ကုန်လေဆိပ်ကြီးထဲ
သူဝင်ရောက်လာချိန်မှာတော့ ကြိုနေသူတွေ၊ ပို့ဆောင်သူတွေနှင့် စည်ကားနေတာတွေ့ရသည်။။။သူ့မှာသာ။။။သက်ပြင်းရှည်ကိုမှုတ်
ထုတ်လိုက်ရင်း သူပစ္စည်းများတင်ထားသော
လှည်းငယ်ကို
တွန်းပြီးဝင်လာခဲ့လိုက်သည်။။။
"ဟေ့ကောင်ကြီး.. ငါတို့ဒီဘက်မှာကွ။။။"
"ဟာ..ဒေးဗစ် ၊မျိုးကြီး။။ ဟာအများကြီးပဲကွာ။။။ငါ့ကိုလာကြိုကြတာ
ပေါ့နော်။။။"

"အေးပေါ့ဟ..လဒရဲ့ မင်းကိုမကြိုလို့ ငါတို့က ဒီလေဆိပ်ကြီးထဲ အလှူလာခံတာဟုတ်မလား။။"
သူငယ်ချင်းများ၏ ဆူဆူညံညံနှုတ်ဆက်သံများကြောင့် ပတ်ဝန်းကျင်
ကမျက်စောင်းများ
ဝိုင်းထိုးလာသည်ထိပင်။။။ သူ့ပြည်တော်ပြန်
ခရီးကခြောက်သွေ့နေလိမ့်မည်ဟုထင်ထား
သော မင်းညိုရင်ထဲ
အပျော်များစီးဆင်းသွားသည်။။။သြော်..အမိမြေက သူ့ကိုအထီးကျန်
အလွမ်းအဆွေးတွေနဲ့ ကြိုနေလိမ့်မည်ထင်ထားတာ မမှန်ပါလား။။။ လူငယ်တို့မရှောင်နိုင်အောင်ကြုံတွေ့ကြရသော အသည်းကွဲဝေဒနာ
ကြောင့် မနေပျော်တော့သောမွေးရပ်မြေမှ
မလေးရှားနိုင်ငံသို့
အလုပ်လုပ်ရင်း၊ ရင်ဘတ်ထဲမှဒဏ်ရာကိုလည်းကုစားရန်ထွက်ခွာခဲ့
တာ
ခုဆို ၆ နှစ်ပင်ကျော်ခဲ့လေပြီလေ။။။အရင်းအနှီးလည်း
အတန်အသင့်စုမိပြီဖြစ်သလို၊သူ့ရင်
ထဲမှာလည်း အချိန်ကကုစား
ပေး၍ဖြေသိမ့်နိုင်လေပြီမို့ ပြည်တော်ပြန်ခဲ့တာဖြစ်သည်။။။
"ဟေ့ကောင် ..ငမင်းအခုအိမ်တန်းပြန်မယ်။။။ပြီးမှအပြင်တစ်ခေါက်
ထပ်ထွက်ကြတာပေါ့။။။
အိုကေတယ်မလား။။။"
"ဘာလို့မကေရမှာလည်းကွာ။။မင်းတို့သဘော၊ငါ့ကိုခုလိုလာကြိုကြ
မယ်လို့ထင်ကို
မထင်ထားတာကွ။။ငါအရမ်းပျော်တယ်။။။"
"မင်းမိဘတွေမှ လာမကြိုနိုင်တာကွာ။အဲတော့ မင်းဦးလေးကငါတို့ကို
လှမ်းပြောထဲက
ငါတို့တိုင်ပင်ပြီးဒီနေ့အကုန်စုလာကြိုတာ။။။"
သူတို့သူငယ်ချင်းတစ်စုလေဆိပ်အပြင်ရောက်တော့အောင်အောင်က
ကားကိုပတ်ကင်မှ
မောင်းထွက်လာတာတွေ့ရသည်။ဖိုးအောင်ကကား
အံ့သြသလိုမေးလိုက်တော့
ငှားလာတာပါကွာ ဘယ်ကစီးနိုင်မှာလဲဟု ဒေးဗစ်ကပြန်ဖြေ
သည်။။။ကားပေါ်ပစ္စည်းတွေတင်ပြီး သူတို့တွေထွက်လာခဲ့တော့ အမိမြေ၏ သန့်ရှင်းသောလေထုအောက်မှ ခေတ်မှီမြို့ကြီးက
ဆီးကြိုနေလေသည်။။။မင်းညိုရင်ထဲမှာတော့ကြည်နူးသလိုလို၊
လွမ်းသလိုလိုခံစားချက်များနှင့်။။။။




အပိုင်း(၂)


"သားရေ..ဟဲ့ကောင်လေး မထသေးဘူးလား။။။"
အခန်းတံခါးကိုထုရင်းအော်ပြောလိုက်သောအမေ့အသံကြောင့် ထပြီအမေရေ့ဟုပြန်ပြောရင်းမင်းညိုအိပ်ယာပေါ်ထထိုင်လိုက်
သည်။။။နာရီကိုကြည့်လိုက်တော့ မနက် ၁၀ နာရီ
တိတိရှိလေပြီ။။။
ကပျာကသီအိပ်ယာသိမ်းပြီး အိမ်ရှေ့အုတ်ကန်သို့ပြေးထွက်လိုက်
တော့
သွားတိုက်ဆေးတင်ထားသောသွားတိုက်တံလေးကအဆင်
သင့်။။။မျက်နှာသစ်ပြီးသူ
မီးဖိုချောင်ထဲဝင်သွားတော့ အဖေနှင့်
အမေက ထမင်းစားဖို့စောင့်နေတာတွေ့ရသည်။။။
စားနှင့်တာ
မဟုတ်ဘူးအမေတို့ကလည်းဟု ရီရင်းပြောကာ ခုံမှာသူဝင်ထိုင်တော့ အမေက
ထမင်းထည့်ပေး၏။။။
"ကောင်လေးနော်..မင်းရောက်တာလည်းတစ်လလောက်ရှိပြီ။။။
အိမ်ကိုမကပ်ဘူး။။။
မနက်စာမှီတာဘယ်နှရက်ရှိလည်း တွက်ကြည့်စမ်း။။။"
အမေကလည်းဟုပြောရင်းသူရီနေလိုက်သည်။။။အဖေကသူ့ကိုမျက်
မှောင်ကုတ်ကြည့်ရင်း
ဟေ့ကောင်ဟုခေါ်တော့ ဗျဟုသူထူးလိုက်မိ၏။။
အဖေ့ကိုတော့သူမနောက်ရဲပါ။။။အဖေက
စကားနည်းသလောက်
မျက်နှာတည်ပြီးလိုမှသာစကားကိုပြောတတ်သူမို့သူအသာနားစိုက်
ထောင်နေလိုက်သည်။။။
"ငါ့လုပ်စာနဲ့တစ်မိသားစုစားလောက်ရဲ့နဲ့ မင်းကိုပြည်ပထွက်ဖို့ခွင့်
ပြုခဲ့ပြီးပြီ။။။ဒီတစ်ခါ
ငါတို့ဖြစ်ချင်တာကိုမင်းပြန်လုပ်ပေးတော့။။ဘယ်
နှယ့်ကွာ မိဘကိုပြစ်ထားပြီး ဒီလောက်
နှစ်ရှည်လများ နေ နေနိုင်လွန်း
တယ်။။လခွီးး။။။။"

"အို..တော်ကလည်း။စကားပြောရင် တုတ်ထိုးအိုးပေါက်ပဲ။
သာသာပြောလဲဒီစကားပါပဲ။
ကျွန်မပြောပါ့မယ်။။။တော်..အသာနေ။"
အမေကဝင်ပြောတော့ အဖေဘာမှမပြောပဲငြိမ်သွားသည်။။။ ဘာများတုန်းအမေရဲ့ဟုသူက
မေးလိုက်တော့
"ဒီလိုသားရေ..မင်းထွက်သွားလိုက်တာလည်း ၆ နှစ်ကျော်ပြီဆိုတော့ အရွယ်တွေလည်းလွန်လှပြီ။။။ခုလောက်ရှိ မင်းလည်းသေသောသူကြာ
ရင်မေ့ဆိုသလို ဖြေသာပြီလည်း
အမေတို့ထင်တယ်။။အဲဒါမို့
မင်းကိုနေရာချပေးမလို့။။။"
"ဟာ..အမေကလည်း"
"ဟေ့ကောင် ..မင်းညိုအမေကလည်းလုပ်မနေနဲ့။။။ငါစီစဉ်တာကွ။။။
ဘယ့်နှယ့် မြင်းကမလှုပ်၊ခုံကလှုပ်။။။မိန်းကလေးဘက်ကတောင် လက်ခံနေပြီ မင်းကဘာအီစီကလီလုပ်နေတာလဲ။။။မင်းဘာမှငြင်း
မနေနဲ့။။။ တစ်သက်လုံးမင်းလုပ်ချင်တာ
လုပ်လာပြီးပြီ။။ဒီတစ်ခါ
ငါလုပ်ချင်ရာလုပ်မယ်။။ဒါပဲ။။။"
ဒေါခွီးပြီးထထွက်သွားသော အဖ့ကို ဟုတ်ကဲ့ဟုပြောရင်းသူဇက်ကို
ပုကာကျန်နေခဲ့ရသည်။။။
အမေ့ယောင်္ကျားကြီးကလည်းဗျာ
ဟုပြောလိုက်တော့ အမေက ဘာဖြစ်တုန်းဟုပြန်မေး၏
။။။သူရီ
လိုက်ရင်း သားအဖေပေါ့အမေရဟုပြန်ပြောလိုက်တော့ အမေကသူ့
ခေါင်းကို
မနာအောင်ခေါက်လိုက်သည်။။။
"ကဲ..အမေရေ့ သားပြေးလိုက်ဦးမယ်။။။သားအပြင်ထွက်နေတာက ဆယ်မိုင်ကုန်းနားမှာမြေကွက်ဝယ်နေတာလေ၊အဲမှာသူငယ်ချင်းတွေ
စုပြီး စိုက်ပျိုးရေးခြံလေးလုပ်မလို့အမေရ။။။
အပင်ပေါက်လေးတွေ၊
မျိုးစေ့တွေရောင်းမယ်။။။ ခြံထဲမှာလည်း နှစ်တို၊နှစ်ရှည်ပင်တွေ
စိုက်မယ်။။။ပြီးရင် မွေးမြူရေးပါတွဲလုပ်မယ်လို့စိတ်ကူးထားတယ်
အမေ။။။"
"အေးပါ သားရယ်။။ဟုတ်ပါပြီ။။။စီးပွားရေးလည်း ရှိနေပြီဆိုတော့ ကြင်ယာကတော့မိဘတွေကပဲစီစဉ်ပေးရတော့မှာပေါ့။။။
နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ နှင်းပွင့်လေးတို့အိမ်ကို
သွားမယ်။။အလုပ်ရှိတာတွေကိုသေချာရှင်းထားဦး။။။"
ဟုတ်ကဲ့အမေဟုပြောရင်း သူမီးဖိုခန်းမှထွက်လာခဲ့လိုက်သည်။။။
မငယ်တော့သောအရွယ်
မို့ အိမ်ထောင်ပြုဖို့ကိုလည်း သူ့ရင်ထဲလှုပ်ခတ်ခြင်းမရှိတော့။။။ခံစားချက်တို့ကသွေးအေး
ငြိမ်သက်နေခဲ့တာလည်းကြာခဲ့ပြီလေ။။။။။။။





အပိုင်း(၃)

"ဟာ..ကိုမြင့်ဝေတို့ မရီရီတို့ လာကြဗျာ။။လာလာ
မောင်မင်းညိုလည်းလာကွ။။။"

"ကိုဘတင့်တို့ မနှင်းမြတို့ နေကောင်းကြရဲ့နော်ဗျ။။"
"ကောင်းပါ့ဗျာ။။လာကြ ထိုင်ကြပါ။။ အဝင်းရေ ညည်းမမလေးကို
ခေါ်လိုက်ပါဦး။။။ဒီမှာ
ဧည့်သည်တွေရောက်လာပြီလို့။။။"
တကယ်တမ်းရောက်လာတော့လည်း သူမတည်ငြိမ်နိုင်သေးပါ။
 ခြေဖျားလက်ဖျားတွေ
အေးပြီး အဖေနှင့်အမေ့နောက်မှ ကုပ်ကုပ်
လေးလိုက်လာပြီး ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။။
နှစ်ဖက်မိဘ
များကတော့ သိဟောင်းကျွမ်းဟောင်းများမို့စကားတွေဖောင်ဖွဲ့
နေကြလေပြီ။။
သူ့မှာသာလာချပေးသောကော်ဖီကို သောက်ရမ
လိုလို၊မုန့်ကိုပဲကောက်စားရမလိုလိုနှင့်
ဂဂျိုးဂဂျောင်လိုက်ကြည့်
နမိ၏။။ရုတ်တရက် သူ့မြင်ကွင်းထဲသို့ ခရမ်းရောင်အရိပ်လေး
တစ်ခုဝင်ရောက်လာလေသည်။။ ဆံပင်ရှည်ကြီးများကိုကျစ်ဆံမြီး ၂ ချောင်းခွဲပြီးဘယ်ညာချထားသည့် မျက်ဝန်းလှလှနှင့်
အလှကြီးမဟုတ်သော်လည်း ယဉ်လွန်းလှသည့်ပုံရိပ်လေး။။
ခရမ်းရောင်ချည်ထည်ချိတ်လေးနှင့် သူမကိုငေးကြည့်မိရင်း
သူ့ရင်မှာဒိတ်ဒိတ်ခုန်လာသည်။။
သူမကတော့ မျက်လွှာလေးချရင်း သူနှင့်မျက်စောင်းထိုးရှိအမေ့ဘေးကခုံမှာဝင်ထိုင်လိုက်၏။။
အမေက သူမကိုပွေ့ဖက်လိုက်ရင်း ချစ်စရာကောင်းလိုက်တာ
သမီးလေးရယ်ဟုပြော
ရင်းပွေ့ဖက်နမ်းရှုံ့လိုက်သည်။။။သူ့အကြည့်
များကတော့ သူမလေးဆီမှမခွာနိုင်သေး။။။
"သမီးလေးရေ ဒါ အန်တီ့သား မင်းညိုလေ။။။သား ဒါမင်းနဲ့
လက်ထပ်ရမယ့် နှင်းပွင့်လေး
လေ။။"
ဟုတ်ကဲ့ဟုသူပြန်ဖြေရင်းသူမကိုပြုံးပြလိုက်တော့ ပြန်လည်ပြုံးပြ
သည်။သူမအပြုံးလေးက
သူ့ရင်ကိုတကယ်ပဲငြိမ်းချမ်းစေနိုင်ကြောင်း
ခံစားမိရ၏။။။
"နှစ်ဖက်မိဘတွေကလည်းပြောစရာမရှိ။။မင်းတို့လူငယ်တွေက
လည်းသဘောတူပြီဆိုတော့
လက်ထပ်မယ့်ရက်ကိုတော့ မင်းတို့ပဲရွေးကြပေါ့ကွာ။။တို့လူကြီးတွေကတော့အမြန်ဆုံး
ဖြစ်စေချင်တယ်ကွ။။အချိန်တွေသိပ်မဆွဲကြနဲ့တော့ဝေ့။။"
နှင်းပွင့်အဖေဦးဘတင့်၏ စကားကြောင့် သူဟုတ်ကဲ့ဟုအယောင်
ယောင်အမှားမှားဖြေလိုက်
သလို သူမကလည်းအရှက်သည်းစွာ
ခေါင်းငုံ့လိုက်ရင်း အိုအဖေကလည်းဟုတိုးတိုးပြော
သည်။။။
ခဏအကြာတွင်ထမင်းစားသောက်ကြပြီး၊ မိဘများကစကားတွေ
ပြောမဆုံးနိုင်
ဖြစ်နေကြသဖြင့် သူတို့ ၂ ယောက်သာဘာပြောရမှန်း
မသိ ထိုင်နေကြရသည်။။။ဒါကိုသတိထားမိသော နှင်းပွင့်အမေ
ဒေါ်နှင်းမြက
"မောင်မင်းညိုလည်း ပြည်ပရောက်နေတာ ၆ နှစ်ကျော်ပြီဆိုတော့ သမီးကမြို့ကိုလိုက်ပြလိုက်ပါကွယ်။။သူလည်းကြည့်ချင်ရှာမှာပေါ့။။
သွားသွား။။"

ဟုပြောလာသဖြင့် ဟုတ်ကဲ့ဟုပြောရင်း သူတို့ ၂ ယောက်ထွက်လာခဲ့
လိုက်၏။။။အိမ်
အပြင်ရောက်တော့ ဆိုင်ကယ်လေးဘေးမှာရပ်ရင်း အကိုဘယ်သွားချင်လဲဟုနှင်းပွင့်ကတိုးတိုးမေးသည်။။။
"နှင်းပွင့်နဲ့ အကိုအေးအေးဆေးဆေးစကားပြောချင်တယ်။။။"
"ဒါဆို လိပ်ပြာကန်ကိုပဲသွားမယ်လေ အကို။။။"
ကောင်းသားပဲဟုပြောတော့ သူ့လက်ထဲဆိုင်ကယ်သော့လေး
ထိုးပေး၏။နှင်းပွင့်တို့
အိမ်က ဘုရားလမ်းထဲမှာမို့ သူဆိုင်ကယ်ကို
အသာမောင်းထွက်ရင်း လိပ်ပြာကန်ဘက်သို့
ဦးတည်လိုက်သည်။။
လိပ်ပြာကန်ရောက်တော့ ငါးစာထုပ်ဝယ်ပြီး ရှင်ဥပဂုတ္တကျောင်း
ဆောင်လေးရှေ့မှာ ငါးစာအတူကျွေးရင်းစကားတွေပြောဖြစ်သည်။။
သူ့ရင်ထဲမှာ အတော်
ကြည်ကြည်နူးနူးရှိနေရတာကိုတော့ ဘာသာ
သတိထားမိ၏။။။
"အကို့အကြောင်းတွေတော့ နှင်းပွင့်အကုန်သိပြီးပြီလို့ထင်တယ်။
နှင်းပွင့်အကြောင်း
အကို့ကိုပြောပြပါလား။။။"
"ဟုတ်ကဲ့အကို။။ နှင်းပွင့်နာမည်က ချစ်နှင်းပွင့်ပါ။တောင်ငူတက္ကသိုလ်
ကနေ ရူပဗေဒ
အထူးပြုနဲ့ဘွဲ့ရထားပါတယ်။။အခုပဲခူးမြို့မဈေးကြီး
ထဲမှာအထည်ဆိုင်ဖွင့်ထားပါတယ်။။နှင်းပွင့် အသက် ၂၃ နှစ်ပြည့်ပြီး
ပါပြီ။။တခြားထွေထွေထူးထူးတော့မရှိပါဘူးအကို။။"
"ဒါဆိုနှင်းပွင့်က အကို့ထက် ၅ နှစ်လောက်ငယ်တာပေါ့နော်။
အကို့ကိုလက်ထပ်ဖို့ကို
နှင်းပွင့်တကယ်စိတ်ထဲကရော
သဘောတူရဲ့လား။။"

"နှင်းပွင့်ခုချိန်ထိ ချစ်သူဆိုတာမရှိခဲ့သလို မိဘစကားနားထောင်ရင် တစ်သက်လုံးအပူပင်
ကင်းရတယ်ဆိုတာကိုယုံလို့ လက်ခံခဲ့တာ
ပါအကို။။"
"ဟိုလေ..အကို့မှာအရင်က.."
"တော်ပါတော့အကို..အန်တီရီရီပြောပြလို့ နှင်းပွင့်အကုန်သိထားပြီး
သားပါ။။စိတ်မကောင်း
စရာအတိတ်ကိုပြန်အစမဖော်ပါနဲ့တော့။
နှင်းပွင့်နားလည်ပါတယ်။။။"

သူ့စကားကိုဖြတ်၍ ပြောလာသော သူမလေးမျက်နှာကို ငေးကြည့်
ရင်းသူရင်ထဲအမည်
မဖော်တတ်သောခံစားချက်လေးဖြစ်တည်လာ
လေသည်။။။သြော်..ရင်ခုန်သံကြောင့်
ဖြစ်တည်လာသော ချစ်ခြင်း
ခံစားချက်လေးတစ်ခုပါလား။။။။။။။။။။။။။





အပိုင်း(၄)


"ဟဲလို အမိန့်ရှိပါရှင်။။"
"နှင်းပွင့်  အကိုပါ ။။မင်းညို။။"
သူအလုပ်လုပ်နေရင်း နှင်းပွင့်ကိုသတိရလာသဖြင့် ဖုန်းဆက်လိုက်
မိခြင်းပါ။။။နှင်းပွင့်တို့
အိမ်ကပြန်လာပြီးတည်းက အဖြစ်သည်း
နေသောသူ့ကို သူငယ်ချင်းများကပင်အမြင်ကတ်
နေလေပြီ။။။
ကတ်လည်းမတတ်နိုင်တော့။။။ချစ်သူဆုံးပါးခဲ့သဖြင့် သေဆုံးသွားပြီ
ထင်ခဲ့
သောသူ့ရင်ခုန်သံတို့တဖန်မွေးဖွားရှင်သန်လာနေပြီမဟုတ်
လားလေ။။။သူ့အချစ်တို့က
ချစ်နှင်းပွင့်ကြောင့် ပြန်လည်နိုးထလာ
ခဲ့လေပြီတည်း။။။
"ဟုတ်ကဲ့အကို ပြောလေ။။။"
"နှင်းပွင့်ကို အရမ်းသတိရနေလို့။။။အဲဒါညနေအားလား။။။ အကိုလာခဲ့ချင်တယ်။။။"
"ဟုတ်ပါပြီအကိုရယ်။။လာခဲ့ပါ။။နှင်းပွင့် ဒီနေ့ဆိုင်စောစော
သိမ်းလိုက်ပါ့မယ်။။"

"အိုကေ နှင်းပွင့်။။အဲဒါဆို ညနေ ၆ နာရီလောက် "တောင်ထိပ်ပန်း" မှာအကိုစောင့်နေ
မယ်နော်။။"
ဟုတ်ကဲ့ပါဟုပြောရင်း နှုတ်ဆက်ကာဖုန်းချသွားတော့ သူ ယိခနဲ ထအော်သည်။။။ဒေးဗစ်နှင့် မျိုးကြီးက ဒီရောဂါတော့ကုမရ
တော့ဘူးဖိုးအောင်ရေဟု အပင်ပေါက်များကိုနေရာချနေ
သော
အောင့်အောင့်ကိုလှမ်းအော်ပြောသည်။။။တတ်နိုင်ဘူးကွာ လစ်ပီဟု
အော်ပြောရင်း
သူတို့သူငယ်ချင်းများ၏စုပေါင်းစိုက်ပျိုးရေးခြံလေးထဲ
မှ ဆိုင်ကယ်ကိုမောင်းထွက်လာခဲ့
လိုက်သည်။။။။ဆယ်မိုင်ကုန်းနှင့်
ပဲခူးကမဝေးလှပေမယ့် ဆိုင်ကယ်နှင့်ပင်တစ်နာရီနီးပါး
မောင်းရ
တာမို့နီးသည်လည်းမဆိုသာပေ။။။
"နှင်းပွင့်  အကိုတို့လက်ထပ်ကြရတော့အောင်နော်။။။"
"ဟင်..ဘယ်လိုဖြစ်တာလဲ အကိုရဲ့။။။ဗြုန်းစားကြီး။။ အိမ်ကိုလာသွားတာမှ ၂ လမပြည့်
သေးဘူး။။။"
"လူကြီးတွေကလည်း မြန်နိုင်သမျှ မြန်မြန်လက်ထပ်ပါလို့ပြောနေ
ကြတာလေ။။
ပြီးတော့ အကိုလည်း နှင်းပွင့်နဲ့ ခွဲမနေချင်တော့ဘူး။။"
ဘာဖြစ်လို့တုန်းအကိုရဲ့ဟု လ္ဘက်ရည်ခွက်ကိုမွှေနေရင်းမှ တိုးတိုးမေး
တော့ သူ နှင်းပွင့်
မျက်နှာကိုသေချာစိုက်ကြည့်ပြီး နှင်းပွင့်ကိုချစ်လို့
ပေါ့ဟုဖြေလိုက်သည်။။။ အို ဟုအာမေဋိတ်
သံပြုရင်းသူမ
ခေါင်းငုံ့သွား၏။။။
"ဟုတ်တယ်နှင်းပွင့်..အကိုအရင်ကလည်းချစ်ခဲ့ဖူးတယ်။။အကိုမညာ
ပါဘူး။။ သူသေဆုံးသွား
တော့ အကိုအရမ်းခံစားခဲ့ရတယ်။။
အကို့ရင်ခုန်သံတွေပါသေဆုံးပြီး အချစ်တွေပါဆိတ်သုဉ်း
သွားခဲ့ပြီလို့ထင်ထားခဲ့တာ။။ဒါပေမယ့် နှင်းပွင့်ကိုစတွေ့လိုက်တဲ့နေ့
ကတော့အကို့အချစ်တွေ၊ရင်ခုန်သံတွေ တဖန်ပြန်လည်ရှင်သန်
လာပြီဆိုတာနားလည်လိုက်တယ်။။။
နှင်းပွင့်ကို အကိုအရမ်း
ချစ်တယ်။။ အကို့အချစ်ဦးမဟုတ်ခဲ့ပေမယ့် နှင်းပွင့်ကအကို့ရဲ့
အချစ်ဆုံးနဲ့နောက်ဆုံးအချစ်ပါပဲ။။။"
သူ့စကားတွေကို ခေါင်းလေးငုံ့နားထောင်နေရင်း သူမလက်သည်း
လေးတွေက စားပွဲခုံကို
အကြောင်းမဲ့ခြစ်နေတာတွေ့ရသည်။။
သူမချင့်မရဲဖြင့် သူမလက်လေးကို ဆုပ်ကိုင်လိုက်ရင်း
အကို့ကို
တစ်ခုခုပြန်ပြောပါလားနှင်းပွင့်ရယ်ဟုတိုးတိုးပြောလိုက်မိသည်။။
"အကို မလေးရှားမှာ ရှိနေတုန်းတည်းက မေမေတို့နဲ့ အကိုတို့
အိမ်ကိုနှင်းပွင့်အလည်
ရောက်ခဲ့တယ်။။အကို့ဓာတ်ပုံကိုအန်တီရီရီ
ပြလို့နှင်းပွင့်အကိုနဲ့ရင်းနှီးနေတာကြာပါပြီ။။
အန်တီပြောပြတဲ့ အကို့အကြောင်းတွေသိရတော့ နှင်းပွင့်အကို့ကိုအရမ်းသနားတာပဲ။
အကိုရယ်..အကိုကနှင်းပွင့်ကိုမသိခင်ထဲက နှင်းပွင့်စိတ်ထဲမှာ အကိုရောက်နေတာပါ။။။"
သူမရဲ့တိုးတိုးစကားသံလေးအဆုံးမှာသူ့တစ်ကိုယ်လုံးမြောက်တက်
သွားသလိုခံစား
လိုက်ရသည်။။ ဒါဆို နှင်းပွင့်လည်းအကို့ကို
ချစ်တယ်ပေါ့နော် ဟု အလောတကြီးမေးလိုက်
သောသူ့အသံအဆုံးမှာ သူမက ရှက်ပြုံးလေးနှင့်ခေါင်းညိတ်ပြလိုက်သည်။။အိုးးးးးးးးးးးး
ပျော်လိုက်သည့်ဖြစ်ခြင်း။။။ဘဝတစ်လျောက်သောက်ခဲ့ဖူးသောလ္ဘက်
ရည်များထဲ ထိုညနေ
ကသောက်လိုက်ရသည့်လ္ဘက်ရည်ကအရသာ
အရှိဆုံးဟု သူသတ်မှတ်လိုက်လေတော့
သည်။။။။။။။




အပိုင်း(၅)


"ကိုကို ဒီလကုန်ရင် နှင်းပွင့်တို့ လက်ထပ်တော့မှာနော်။။ကိုကို
ဘယ်လိုခံစားရလဲ။။"

"ပျော်တာပေါ့နှင်းပွင့်ရယ်။။ကိုကိုအရမ်းကိုပျော်တာပေါ့။။ ပြော
မပြတတ်အောင်ကို
ပျော်တာတွေ ဟောဒီရွှေမော်ဓောဘုရားကြီး
သက်သေထားရဲပါရဲ့။။။"

ကိုကိုကတော့ပိုပြီဟုပြောရင်း ရွှေမော်ဓောဘုရားကြီး၏ ငလျင်ကြောင့်
မြေခခဲ့ရသော
ထီးတော်ဟောင်းနေရာတွင် အမွှေးတိုင်ထွန်းညှိထား
သော အကျန်အတိုလေးများကိုသေချာ
ထိုးစိုက်ပူဇော်ရင်း
တတွတ်တွတ်ဆုတောင်းနေသည်။။။သူကြည်နူးစွာဖြင့်ချစ်သူမျက်နှာ
ကို
တစိမ့်စိမ့်ငေးကြည့်နေမိတော့ ကိုကိုလည်းပူဇော်လေ ၊ဆုတောင်း
တကယ်ပြည့်တယ်ကိုကို
ရဟုလှည့်ပြော၏။။အေးပါအေးပါ ဟုပြောရင်း
သူလည်း သူမလုပ်သလိုလိုက်လုပ်ရင်း
ဒီတစ်သက် ချစ်ရသော
နှင်းပွင့်နှင့် ခဏလေးပင်မခွဲရစေကြောင်းဆုတွေတောင်းနေလိုက်
မိသည်။။။လက်ထပ်မည့်ရက်ကိုသတ်မှတ်ပြီးဖြစ်၍၊ပြင်ဆင်စရာများ
ကိုမမောနိုင်၊မပမ်းနိုင်အတူပြင်ဆင်နေခဲ့ကြတာလေ။။။ အားလပ်ရက်
တိုင်းလည်း ပဲခူးမြို့ထဲလိုက်လည်လိုက်၊
စိုက်ပျိုးရေးခြံသို့လိုက်လည်
လိုက်ဖြင့် အပျော်ကြီးပျော်နေကြသောသူတို့စုံတွဲအား
လိုက်လည်း
လိုက်တဲ့ကောင်တွေကွာဟု ပြောရင်းထပ်တူလိုက်ပျော်ပေးနေသော သူငယ်ချင်း
များကိုလည်း မင်းခန့် တစ်ဝိုင်းလုပ်ပေးဖို့စီစဉ်ထား၏။။။
ဘာပဲဖြစ်ဖြစ် သူလည်းအတိတ်
ကိုမေ့၍ မွေးရပ်မြေမှာ အပျော်ကြီး
ပျော်နေလေပြီ။။ အချစ်ဆိုတာ ဇာမဏီငှက်လို သေဆုံး
သွားပြီးမှ
လည်းပြန်လည်ရှင်သန်နိုးထလာတတ်ကြောင်းသူလက်ခံနေပြီဖြစ်
သည်။။။
ချစ်သူကိုအိမ်ပြန်လိုက်ပို့ပေးပြီးလူကြီးတွေအလစ်ပါးလေးကို
ခိုးနမ်းလိုက်တော့ ကိုကိုနော်
ဟုရှက်ပြုံးလေးနှင့် ရင်ဘတ်ကိုထုသည်။
 ပြီးမှ ဆိုင်ကယ်ကိုသေချာစီးနော် မင်္ဂလာဆောင်
ခါနီးဆိုတော့
အဖျက်ဝင်တတ်တယ်ကိုကိုရ ဟုစိုးရိမ်တကြီးမှာနေ၏။။။စိတ်ချပါ
နှင်းပွင့်ရ၊
ကိုကိုသွားတော့မယ်နော်ဟုပြောရင်း သူဆိုင်ကယ်ကို
မောင်းထွက်လာခဲ့လိုက်သည်။။။
ရှေ့တည့်တည့်မှတိုက်ခတ်
လာသောလေပြည်ကို တဝကြီးရှူရှိုက်ရင်း လှပကောင်းမွန်
လာတော့
မည့် သူ့အနာဂတ်ကိုမျှော်တွေးရင်ခုန်ရင်းဖြင့် မင်းညိုမျက်နှာကြီး
ပြုံးဖြီးဖြီးကြီး
ဖြစ်လာလေတော့သည်။။။။ သြော်..အချစ်ဖြင့် မွမ်းမံ၊
ထုံမွမ်းအပ်သော ကျေနပ်ဖွယ်
အနာဂတ်တစ်ခုပါလား။။။။။။။။






လေးစားလျက်
အလင်းသစ်
1.3.2011

1 comment:

  1. မခြစ်တတ်တာအကောင်းဆုံး
    ခြစ်တတ်ရင်
    ဂတ်စ်ကုန်တယ်

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။