ဆရာများရင် သားသေသတဲ့
ဒီသင်ရိုးအတွက် ငါ့ရင်ဘတ်ထဲ
ဆရာတွေလည်းထပ်ခဲ့ပေါ့
ဒီလောက်သင်တာမှ မတတ်တဲ့ဘာသာရပ်
ငါ့အတွက်မရှိသင့်တော့ပါဘူးလေ။။။
သေချာပါတယ်..
အချစ်ဆိုတာ ငါမကျွမ်းတဲ့ဘာသာရပ်
ဝမ်းနည်းစွာနဲ့ပဲ
သင်ယူခြင်းကို ရပ်တန့်မယ်
ငါ့ကောင်းကင်မှာ
သက်တန့်တွေအဖြူရောင်ပြောင်းတဲ့နေ့
သက်တန့်တွေအဖြူရောင်ပြောင်းတဲ့နေ့
အချစ်ကခက်ခဲခဲ့တာတော့မဟုတ်ပါဘူး
ငါကိုကဥာဏ်နည်းခဲ့တာလေ
မတတ်ဘူးဆိုတာသေချာတဲ့နောက်တော့
မေ့ဖျောက်ထားပါရစေ
အချစ်ကလှည့်စားရင် ဘဝတွေပါထိခိုက်တတ်လို့လေ။။။
ဆရာအဆက်ဆက်ရဲ့ အာဘော်အထပ်ထပ်ကြား
ရင်ဘတ်ထဲကနှလုံးသားလည်း
လုံးပါးပါးခဲ့ပြီ
နာမည်ပျက်ပါ့မယ် ဆရာတို့ရယ်
ဆက်မသင်ပါနဲ့တော့
အဲဒီအချစ်ဆိုတာကိုလည်း ရှက်လှပါပြီ။။။
ထားလိုက်ပါတော့လေ
နောက်ထပ်တည်ဆောက်မယ့် ငါ့ရဲ့
ငြိမ်သက်ခြင်းကမ္ဘာမှာ
အချစ်ဆိုတာ မပါတော့ပါဘူး။။။။
လေးစားလျက်
အလင်းသစ်
အချစ်အကြောင်းသိတဲ့ ဆရာကောင်းကောင်း ရှိတယ်။
ReplyDeleteမိတ်ဆက်ပေးမယ်နော်....
:P:P:P:P:P
နောက်ထပ်တည်ဆောက်မယ့် ငါ့ရဲ့
ReplyDeleteငြိမ်သက်ခြင်းကမ္ဘာမှာ
အချစ်ဆိုတာ မပါတော့ပါဘူး။။
............
မခြစ်တတ်တာအကောင်းဆုံး ခြစ်တတ်ရင်ဂတ်စ်ကုန်တယ်