ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Friday, March 25, 2011

ဘဝကတိုက်ချလိုက်သောအနာဂတ်တစ်ခုအကြောင်း







အပိုင်း(၁)






အမေပြင်ဆင်ပေးသောထမင်းကြမ်းဆီဆမ်းကိုပဲပြုတ်ပင်မပါပဲ

ရေနွေးကြမ်းအကူနှင့်သူရနိုင် ခပ်သုတ်သုတ်လေးစားလိုက်သည်။။
ကျောင်းမှာဒီနေ့ တက္ကသိုလ်ဝင်စာမေးပွဲကြီးစဖြေရမည်မို့
နောက်ကျတတ်သောပုံမှန်နေ့တွေထက်ကျောင်းကိုစောရောက်ချင်
နေမိသည်မဟုတ်လား။စားသောက်ပြီးတော့ ပန်းကန်ကိုအမြန်ဆေးပြီး
အနီးမှာတွေ့သည့်အင်္ကျီစုတ်လေးနှင့်ပင် လက်ကိုသုတ်လိုက်သည်။
မီးဖိုထဲမှ သူအပြင်ကိုထွက်လိုက်တော့အမေက နှစ်ရာတန်အနွမ်း
လေးကိုထုတ်ပေးနေသည်။။။


"သားလေး..စာမေးပွဲကိုသေချာဖြေနော်။။။အမေတို့မှာသားလေး
ကိုပေးနိုင်တာပညာအမွေပဲရှိတယ်။။။ကဲဒီနေ့တော့နှစ်ရာပဲယူ
သွားလိုက်နော်။။။ဟင်းချက်စရာဝယ်


ဖို့အမေပိုက်ဆံနည်းနေလို့။။။"


"ရပါတယ်အမေရ။။စိတ်ချနော်။။။သားကျောင်းသွားတော့မယ်။။။"


ပိုက်ဆံနည်းနေလို့ဟုပြောသော အမေ့အိတ်ရှုံ့လေးထဲမှာပိုက်ဆံ
မကျန်တော့ဘူးဆိုတာ၊ထမင်း၊ဟင်းချက်ဖို့ကို အမေလှည့်ပတ်
ချေးငှားရဦးမယ်ဆိုတာသိနေတာမို့သူရနိုင်အမေ့ကိုသနားစွာ
ကြည့်ပြီးပိုက်ဆံနှစ်ရာကိုယူ၊အမေ့ပါးလေးကိုနမ်းရှုံ့လိုက်ပြီးအိမ်ထဲမှ


သုတ်သုတ်ထွက်လာခဲ့လိုက်သည်။။။အမေပေးလိုက်သောငွေနှစ်ရာ
သည်ကျောင်းသွားကျောင်းပြန်ကားခလောက်ငရုံသာရှိသည်မို့
ကျောင်းသွားဖော်သူငယ်ချင်းတစ်ဦးဦး၏စက်ဘီးကြုံမှီလိုမှီငြား
လမ်းလျောက်နေရင်းမျက်လုံးကိုကစားလိုက်သည်။။။ဆယ်တန်း


စာမေးပွဲကြီးပြီးရင်ချစ်သူနှင့်လျောက်လည်ဖို့ပြောထားတာမို့
ပိုက်ဆံကိုတတ်နိုင်သမျှသူစုဆောင်းနေတာလေ။။။


"ဟဲ့..သူရ နင်တစ်ယောက်တည်းလား။။။ စည်သူတို့ရောမပါ
ဘူးလား။။။"
ကားလမ်းမပေါ်ရောက်ခါနီးမှ နောက်မှစက်ဘီးဘဲလ်သံနှင့်အတူ ယုဇနကို၏အသံကိုကြားလိုက်ရသည်။။။လှည့်ကြည့်လိုက်တော့ ခရမ်းရောင်ပန်းကမ္ဘာဘီးလေးနှင့်မျက်မှောင်လေးကုတ်ပြီးမေး
နေသောသူ့အချစ်ဆုံးချစ်သူယုဇနကို။ အင်း သူနဲ့လိုက်သွား
လိုက်ရင်ဒီနေ့အသွားကားခတော့သက်သာပြီလို့တွေးလိုက်ပြီး


"အေး..ဒီကောင်တွေသွားနှင့်ပြီထင်တယ်။။။ယု..ဒီနေ့နင့်စက်ဘီးနဲ့
ငါလိုက်ခဲ့ချင်တယ်။။။င့ါမှာဘိုင်ခမ်းနေလို့။။။"


"အေး..ငါအဲဒါပြောမလို့။။။ နင်နဲ့ငါကချစ်သူတွေဆိုတာနင်မမေ့သေး
ဘူးမလား။။။ဆန်မရှိအစားကြီးနင်မာနတွေထားနေလို့ ငါမပြောပဲ
ကြည့်နေတာ။။။ငါ့စက်ဘီးနဲ့နင်သာလိုက်လာရင် ငါ့မှာသူများ
နောက်တာ၊ပြောင်တာလည်းခံရမှာမဟုတ်ဘူး။။။ခုတော့ ငါ့မှာချစ်သူ


ရှိရက်နဲ့ သူများမလေးမစားလုပ်တာခဏ၊ခဏခံနေရတယ်။။။"
"ပတ်ဝန်းကျင်အကြောင်းနင်မသိသေးပါဘူးယုရာ။။။ငါသူများပြော
တာမခံနိုင်လို့ပါ။။။ပတ်ဝန်းကျင်က မရှိတဲ့ငါတို့လိုလူတန်းစား
ကိုပိုဖိတတ်တယ်ဟ။။။"
"နင့်ပြောလိုက်ရင်ဒါပဲ။။။နင့်ဘာသာသိမ်ငယ်နေတာ၊နင့်ကိုဘယ်
သူကနှိမ်နေလို့လဲ၊အပိုတွေပြောမနေနဲ့ ဒီစာမေးပွဲဖြေနေတဲ့
တစ်လျောက်လုံး နင် ငါနဲ့အတူတူကျောင်းကိုသွားရမယ်။။။ဘာမှ
ထပ်မပြောနဲ့တော့။။။ငါ့မှာကျောင်းကိုနင်ရောက်မလာသေးမချင်း


ကားစီးရင်းဘယ်ကောင်မနဲ့ဇာတ်လမ်းဖြစ်နေမလဲတွေးတွေးပူနေ
ရတာရင်မောတယ်။။။"


အေးပါယုရယ်..ငါနင်နဲ့တူတူသွားပါ့မယ်။။။ငါ့မှာအဲလိုစိတ်ဓာတ်မရှိ
တာနင်အသိဆုံးပါဟုပြောရင်းယုဇနကိုရဲ့မျက်နှာလေးကို တရှိုက်မက်
မက်ငေးမောကြည့်ပြီးသူသက်ပြင်းပူကိုရှူထုတ်လိုက်သည်။။။
စက်ဘီးကိုသူကနင်းလိုက်တော့ ယုက ခြေနင်းခုံလေးနင်းပြီးအသာ


တက်လိုက်သည်။။။သူမဆီမှ ရေမွှေးနံ့သင်းသင်းလေးကိုရှူရှိုက်
လိုက်မိတော့ မိုးနှင့်မြေလိုကွာခြားလွန်းသော သူတို့၂ယောက်၏ ဘဝပေးအခြေအနေကိုသတိရလိုက်မိသည်။။။အစစပြည့်စုံလွန်းသူမို့
ဘဝဆိုတာကိုသူမ နားလည်သလိုအဓိပ္ပါယ်ဖွင့်နေသောချစ်သူ၊


မမှီမှန်းသိရက် လက်လှမ်းမိသူမို့ မလှမ်းဝံ့ဝံ့၊လှမ်းဝံ့ဝံ့ဖြစ်နေသော
သူ။သူရနိုင်သက်ပြင်းပူကိုသာတွင်တွင်ချနေမိတော့သည်။။။










အပိုင်း(၂)










"ကိုတင့်ဆွေကြီး ငိုင်လှချည်လား။။။ဘာတွေအဆင်မပြေဖြစ်နေ

လဲဗျ။။"


အသံပြုရင်းဝင်လာသော ဦးမောင်မြင့်ကို အဖေကကိုမောင်မြင့်ကြီး
လာဗျာအခါးရည်သောက်ဟုခေါ်သံကြားလိုက်သည်။။။စာမေးပွဲကြီး
ပြီးပြီမို့သူရနိုင်စာအုပ်တွေပြန်စီနေရာချလိုက်သည်။။။ပြီးတော့မှ
သူ့စုဘူးလေးကို အသာလှမ်းယူလိုက်ပြီးဖောက်လိုက်သည်။။။


နက်ဖြန်ယုနှင့် လျောက်လည်ဖို့ချိန်းထားသည်မဟုတ်လား။။။
ပိုက်ဆံတွေကို သေချာစီလိုက်ပြီးရေကြည့်လိုက်တော့တစ်သောင်း
နီးပါးရှိနေတာမို့မနက်ဖြန်လျောက်လည်ဖို့တော့အဆင်ပြေလေပြီ။။
သူအတွေးနဲ့ပြုံးလိုက်ရင်း မရောက်သေးသောမနက်ဖြန်ကိုစိတ်ကူး


ယဉ်နေလိုက်မိသည်။။။
"အေးဗျာ..အလုပ်ကလည်းဒီတလောပါးလိုက်တာ။။။သစ်တွေမ
ဝင်တော့ သစ်စက်ကလည်းခဏနားလိုက်ပြီတဲ့။။။လောလောဆယ်
အလုပ်မရှိတော့ အိမ်စရိတ်ကဒုက္ခရောက်ပြီလေ။။။ဒါတောင်အိမ်က
ကောင်စာမေးပွဲပြီးသွားလို့ နို့မို့ဆိုကျနော်တွေးတောင်မတွေးချင်တော့


ပါဘူး။။။ရွှေကြည်လည်းချေးရ၊ငှားရတာမျက်နှာတောင်ထားစရာရှိသေး
ရဲ့လားမသိ။။။ကျုပ်မိန်းမလည်းသနားလှပါပြီဗျာ။။။"


"အေးဗျာ..ခေတ်ကာလကြီးကလည်းတယ် ကြတ်တည်းလှသကိုးဗျ။။။"
ကြည်နူးခြင်းနှင့်ပြည့်နေသော ရင်ဘတ်ထဲ အဖေ့ထံမှအပူတွေကူးစက်
လာသလိုခံစားလိုက်ရသည်။။သူ့အတွေးတွေလဲ အဖေ့အသံနဲ့အတူ
လွင့်ပျောက်သွား၏။အဖေကသစ်စက်တစ်ခုမှာအလုပ်လုပ်နေတာလေ။
အခုသစ်စက်ကလည်း သစ်မဝင်သဖြင့် ခဏနားထားလိုက်လေပြီမို့
အဖေအလုပ်မဲ့နေလေပြီ။အိမ်ရှေ့မှ အဖေတို့အခါးရည်ဝိုင်းမှစကားသံ


တွေမကြားတော့ပဲသူ့အတွေးတွေတောင်ရောက်၊မြောက်ရောက်ဖြစ်
နေလေ၏။။။စာမေးပွဲနောက်ဆုံးနေ့ကယုကလည်းသေချာကိုချိန်း
ချက်ပြောဆိုထားတာကိုသတိရသည်။။။ငွေမချမ်းသာသလောက် ချစ်သူအပေါ်ထိသူမာနတွေထားခဲ့တာပါ။။။ဒါကိုတောင်သူ့ကိုခွင့်လွှတ်
နားလည်ခြင်းများစွာနှင့်ချစ်ခဲ့သူယုကိုသူမပစ်ပယ်ရက်။။။ဒီတစ်ခေါက်
တော့သူယုကိုဦးစားပေးလိုက်ဖို့ဆုံးဖြတ်လိုက်သည်။။။ခွင့်လွှတ်ပါ
အဖေရေနောက်နေ့တွေမှပဲသားပါအလုပ်ကူလုပ်ပြီးအိမ်ရဲ့အခက်အခဲ
ကိုကူညီဖြေရှင်းပေးတော့မယ်။။။ဒီတစ်ခေါက် တော့ခွင့်လွှတ်ပါတော့
ဟုစိတ်ထဲမှပြောပြီး သူစောင်ကိုခေါင်းမြီးခြုံအိပ်ပစ်လိုက်သည်။။။










အပိုင်း(၃)











"သူရ..နင်ဘာတွေတွေးနေတာလဲ"

ယုဇနကို၏အသံကြောင့်ဆယ်တန်းနှစ်ကအကြောင်းလေးတွေပြန်
တွေးမိနေသောသူရနိုင်ဆတ်ခနဲလန့်သွားသည်။။။ဒီနေ့လည်း
ယုကလျောက်လည်ချင်သည်ဟု ပူဆာသဖြင့်သူသူရှိစုမဲ့စုပိုက်ဆံကို
အသုံးပြုပြီးလည်ပတ်ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။။။အိမ်သို့တန်း


မပြန်ချင်သေးဟုဆိုသဖြင့် သူတို့ရပ်ကွက်နှင့်ယုတို့ရပ်ကွက်နှစ်ခု
ကြားမှ အအေးဆိုင်လေးမှာထိုင်နေကြခြင်းဖြစ်သည်။။။။


"ဘာရယ်မဟုတ်ပါဘူးယုရာ..ငါတို့အိမ်အကြောင်းလေးပါ။။။ဒီနေ့ နင်နဲ့ချိန်းထားလို့သာငါထွက်လာရတာအိမ်မှာအမေသိပ်နေမကောင်း
ဘူးဟ။။။အဖေလည်းအလုပ်ကအဆင်ပြေလိုက်၊မပြေလိုက်ဆိုတော့
ငွေရေးကြေးရေးကလည်းချောင်လည်လှတယ်မဟုတ်ဘူးလေ။။။


ငါတို့ဒီနေ့လည်ပတ်လိုက်တာတွေဟာ ငါတို့အိမ်တစ်ပတ်စာစရိတ်
လောက်နီးနီးရှိတယ်ယုရဲ့။။။ငါနင့်အတွက်နဲ့ မိဘကိုမငဲ့မကွက်နေ
ခဲ့တာဆယ်တန်းနှစ်ထဲကပဲလေခုဆိုနောက်ဆုံးနှစ်တောင်တက်နေပြီ။


ငါတော့မိဘအတွက်သားလိမ္မာမဖြစ်ခဲ့ဘူးယုရေ။။။"
ယုဇနကိုက သူ့မျက်နှာကိုသေချာစိုက်ကြည့်နေသည်။။။ပြီးမှ နင်ငါ့ကို
အရမ်းချစ်တာပဲလားသူရ ဟုမေးသည်။။။အရမ်းချစ်တာပေါ့ဟ ဟုပြန်
ဖြေတော့နှစ်ယောက်သားအကြည့်ချင်းဆုံလို့ကြည်နူးစွာရယ်မော
မိကြ၏။။။။

"နင်လေ ငါ့အပေါ်တောင်မာနထားလွန်းပါတယ်။။။နင်လည်းပြေလည်
တာမဟုတ်ဘူးဆိုတာငါသိနေတာပဲကို၊ ဒီလိုနေ့တွေအတွက် ငါ့ဘာသာပဲကုန်ကျခံမယ်ဆိုတာ ပြောလို့ကိုမရဘူး။။။သူများချစ်သူ
တွေလိုခဏခဏထွက်လည်ခွင့်လည်းမရ၊ မုန့်စား၊ဈေးဝယ်ခေါ်

လည်းတစ်ခါမှမလိုက်နင့်ကိုချစ်ရတာသတ်မှတ်ချက်တွေများလိုက်
တာသူရရယ်"
"သည်းခံပါဦး..ယုရယ်..ငွေမရှိပေမယ့် မာနတော့ရှိပါရစေ။။။နင့်ကို
ချစ်တဲ့ငါ့ရဲ့သန့်ရှင်းတဲ့အချစ်တစ်ခုကို ဘယ်လိုလူကမှဈေးဖြတ်တာ ငါမခံနိုင်လို့ပါ။။။အတူတူလျောက်လည်နေတဲ့ဒီလိုအချိန်မှာတော့ ချစ်သူကိုဦးဆောင်နိုင်သူ၊ကာကွယ်နိုင်သူအဖြစ်ငါ့ကိုယ်ငါကျေနပ်

ခံစားနေခွင့်လေး နင်ပေးထားပါဦးဟာ။။။"
သြော် ချစ်သူနဲ့ဒီလိုလည်ပတ်ချိန်မှာဒီစကားကိုပြောနိုင်ဖို့မိဘရဲ့
အခက်အခဲ၊ဒုက္ခကိုသူလျစ်လျှူရှုထားခဲ့ရတာ နှစ်တွေတောင်ကြာ
နေပေါ့။။။အသည်း၊အသက်လိုပုံအပ်ချစ်ရသူမို့မဉ္စူသကနတ်ပန်းလို တန်ဖိုးထားမြတ်နိုးခဲ့ရတာလေ။။။မိဘရဲ့အခက်အခဲကိုတောင်မျက်
ကွယ်ပြု၊လျှစ်လျှူရှုခဲ့ပြီးသူမကိုချစ်ပြခဲ့တာပါ။။။အဆင်မပြေမှုရဲ့ဒဏ်
ချက်တွေနဲ့လက်ရှိအသက်ထက်ပင်အိုစာနေကြသောမိဘ၂ပါး၏
မျက်နှာကိုမြင်ယောင်မိတော့သူ့စိတ်ထဲစိတ်မကောင်းခြင်းနှင့်အတူ တစ်ဦးတည်းသောသားဖြစ်လျှက်မိဘထက်ချစ်သူကိုအမြဲလိုလိုဦးစား
ပေးမိနေသော သူ့စိတ်ကိုလည်းအားမရစွာရှက်ရွံနေမိသည်။။။


သူ့ပုခုံးပေါ်ခေါင်းလေးမှီပြီးတွတ်တီးတွတ်တာပြောနေသောချစ်သူကို


အသာစောင်းငဲ့ကြည့်ရင်းသူရနိုင်သက်ပြင်းကိုသာချလိုက်မိပြန်
တော့သည်။။။ "အောင်မယ်လေးတော်မိယုဇနကျုပ်ကတော့ဒီသမီးလေးတစ်ယောက်
တည်းရှိတာမို့မျက်နှာမငယ်တင့်တယ်ပါစေတော့ဆိုပြီးစီးပွားရေးကို
ပဲအာရုံတွေစိုက်ပြီးကြိုးစားလိုက်ရတာညည်းကတော့ ယောင်းမမြင်းစီး

ထွက်ပြီးမွဲချင်တဲ့ခွေးလိုပြာပုံကိုတိုးနေတာပေါ့ဟုတ်လား။။။
"ဟင်..မေမေ"
၂ယောက်တည်းငြိမ်သက်နေသောကမ္ဘာလေးထဲမုန်တိုင်းဝင်မွှေ
လေပြီ။မာနမျက်နှာကိုချီထားသောခပ်ဖိုင့်ဖိုင့်အမျိုးသမီးကြီးတစ်ဦးနှင့်
ယုဇနကို၏အဒေါ်တို့သူတို့ဘေးနားရောက်လာကြခြင်းဖြစ်သည်။ထို
အမျိုးသမီးကြီးက အညာဘက်ရှိပွဲရုံများ၊ယက္ကန်းရုံများကိုကိုယ်တိုင်
သွားရောက်ဦးစီးလုပ်ကိုင်နေသည်ဆိုသောယုဇနကို၏အမေဖြစ်သည်။ယုအမေကတစ်နှစ်၂ခေါက်၊၃ခေါက်သာပြန်လာတတ်ကြောင်းယုပြောပြ
ထားသဖြင့်သိရသော်လည်းယခုချိန်ထိသူရနိုင်သေချာမြင်ဖူးခြင်းမရှိခဲ့။
ယုကလွဲ၍ကျန်သောသူများနှင့်ပက်ပက်သက်သက်မနေခဲ့သဖြင့်
ယုနှင့်အတူနေနေသောအဒေါ်နှင့်ပင်ရင်းနှီးခြင်းမရှိခဲ့တာပါ။အခုတော့
သူ့ရှေ့တည့်တည့်ကိုရောက်လာပြီမို့သူရမပက်သက်ချင်လို့လည်း
မရတော့။ယုကတော့ဆတ်ခနဲထရပ်လိုက်ရင်းခေါင်းငုံ့ကာကြောက်ရွံ့
နေပုံရသည်။သူတစ်ခုခုပြောဖို့အသာမော့လိုက်တော့
"ဒီမှာသူငယ်..မင်းဘာမှမပြောနဲ့။။။မင်းနှယ်ကွယ် အမဲရိုးရယ်
ဟင်းအိုးမှအားမနာ၊မင်းအနေအထားနဲ့ငါ့သမီးကတူလား၊တန်လား


နည်းနည်းလေးမှမတွေးဖူးဘူးလား။လူဆိုတာတန်ရာတန်ရာပဲရွေးချယ်

ရတယ်ကွဲ့၊မတူညီတဲ့အခြေနေ ၂ရပ်ကိုပေါင်းစပ်ကြည့်ဖို့ကြိုးစားတာ


လူမိုက်ပဲ။။။အေး..အဲလိုပေါင်းစပ်လိုက်ရင်လည်းဘယ်တော့မှ အဆင်ပြေချောမွေ့နေမှာမဟုတ်ပဲ ပေါက်ကွဲပျက်စီးမှုတစ်ခုခုကပဲ

စောင့်ကြိုနေတတ်တယ်မှတ်ထား။။။အမယ်လေးနော်..ခေတ်ကာလ
သားသမီးတွေတယ်လည်းခက်ကြတာကိုးး။။။"
သူပြောချင်တာကိုသာ ငါ့စကားနွားရပြောချင်ရာပြောပြီးသူကပင်
သံဝေဂရသလိုလိုရေရွတ်နေသော ယု၏အမေကိုသူရနိုင်အတော်
လေးမြင်ပြင်းကတ်သွားပေမယ့်စိတ်ကိုထိန်းလိုက်ရင်း
"ဒါ ၂၁ ရာစုပါအန်တီ။။။ ချစ်ခြင်းမှာ အဆင့်အတန်းတွေ၊ဂုဏ်ပကာသန
တွေမပါတော့ပါဘူး။။။အချစ်ဟာချစ်နေဖို့ပဲလိုတော့တာပါ။။။

ကျနော်တို့၂ ယောက်တကယ်ကိုနှစ်နှစ်ကာကာအရမ်းကိုချစ်ခဲ့

ကြတာမို့အန်တီနားလည်ပေးစေချင်ပါတယ်။။။ပြီးတော့ကျနော့်မှာ

ငွေကြေးမချမ်းသာတာတစ်ခုကလွဲပြီးအဆင့်အတန်းမရှိတဲ့လူတစ်
ယောက်ရဲ့လက္ခဏာလုံးဝမရှိပါဘူးအန်တီ။။။"






ယုဇနကို၏အမေက သူ့ကိုအံ့သြသလိုခြေဆုံး၊ခေါင်းဆုံးသေချာ

ကြည့်ပြီးမျက်နှာကိုမဲ့လိုက်သည်။။။
"အလိုလေးတော် ငွေမရှိလူဆင်းရဲပေလို့ပဲ။။။မာနကခေါင်ခိုက်နေ
တယ်။။။မရှိတာကမရှိတာပဲပေါ့။။ကိုယ့်မလဲမရှိတာသိရက် စကားပြော
ရင်လည်းတင်တင်စီးစီးနဲ့။။ဒီမှာသူငယ်၂၁ ရာစုမကလို့ဘယ်ရာစု
ရောက်ရောက်ငွေမရှိရင်ဘာမှအဆင်မပြေဘူး။ဒါဘယ်တော့မှမပျောက်
ပျက်မယ့် အမှန်တရားတစ်ခုပဲ။။မင်းမြဲမြဲမှတ်ထား။။။မင်းကို
အန်တီသတိပေးလိုက်မယ်။။။မင်းနဲ့အန်တီ့သမီးကိုလုံးဝသဘော
မတူနိုင်ဘူး။။။အဲတော့မင်းနောက်ဘယ်တော့မှ သမီးနဲ့မပက်သက်ပါနဲ့
တော့။။။ဒါပဲ။။။မိယုဇနလာစမ်း။။။သွားမယ်။။။"


သူပြောချင်ရာပြောပြီး ယု လက်ကိုဆွဲခေါ်ပြီးထွက်သွားတော့သည်။။။
ယု၏အဒေါ်ကတော့သူ့ကိုအားနာသလို၊သနားသလိုကြည့်ပြီး
နောက်ကလိုက်သွား၏။။။သူလက်သီးကိုကျ စ်ကျစ်ပါအောင်ဆုပ်ပြီး၊
အံကိုတင်းတင်းကြိတ်ထားလိုက်မိသည်။။။သူ့ဆီမှာကလည်းခုချိန်ထိ
မာနကလွဲ၍လက်ဆုပ်လက်ကိုင်ပြလောက်စရာကဘာမှပိုင်ဆိုင်ထား
တာမဟုတ်တော့ သူများပြောသမျှကိုခံနေရဦးမှာပေါ့လေ။။။သူရနိုင် သက်ပြင်းပူကိုသာ ထုံးစံအတိုင်းရှိုက်လိုက်မိတော့သည်။။။





အပိုင်း(၄)




"သူရ..ဟေ့ကောင် သူရ။။။"


အိမ်ရှေ့မှ သူငယ်ချင်းစည်သူ၏အသံကြောင့်အိမ်နောက်ဘက်မြေ
ကွက်လပ်မှာ ရာသီသီးပင်လေးများစိုက်ရန်မြေဆွမြောင်းဖော်နေသော သူရနိုင် ဝေးးးငါဒီမှာဟ ဟုအသံကျယ်ကျယ်ဖြင့်ပြန်အော်လိုက်သည်။
စည်သူကပုဆိုးကို ရင်ခေါင်းဆီမှာဖြစ်သလိုပြင်ဝတ်လိုက်ပြီး အိမ်ခေါင်း
ရင်းဘက်မှပတ်ကာ သူ့ဆီရောက်လာ၏။။။ အနားရောက်လာသော
စည်သူ့ကို ဘာလဲဟူသောသဘောဖြင့်သူရ ခေါင်းဆတ်ပြလိုက်သည်။

"ဘာမှမလဲဘူး။။။ မင်းတို့ ယုဇနတို့ ငါအတော်မြင်ပြင်းကတ်တယ်
နော်။။။သူတို့အဆင်ပြေနေရင် ငါ့ကိုသတိမရကြဘူး။။။အဆင်လည်း
မပြေရော ငါ့မှာအေးဆေးကိုမနေရဘူး။။။"

မကျေနပ်တဲ့ပုံစံမျိုးဖြင့်ပြောသော်လည်းစည်သူ့မျက်နှာကပြုံးဖြဲဖြဲနှင့်မို့ ဟကောင်ဘာဖြစ်လို့တုန်းပြောဦးဟ ဟုသူမေးလိုက်သည်။။။

"အေး.မင်းတို့ကွာ မကြီးမငယ်နဲ့ အနေထိုင်မှမဆင်ခြင်တော့ အခုယုဇနအဘွားကြီးကသိသွားပြီးဒေါသူပုန်ထနေတယ်ဆို။။။"

"ဟကောင်..ငါ့ခွီးအနေထိုင်မဆင်ခြင်ရအောင်ငါတို့ကဘာလုပ်လို့
လည်း။။။မင်းစကားကြီးပြင်ပြောစမ်းကွာ။။။"

"မင်းဘာသာနှာတွေးတွေးနေတာလေငါပြောတာကမင်းတို့ဘာသာ
လည်ချင်၊ပတ်ချင်မြို့ထဲမှာသွားလည်၊အကြင်နာပေးချင်လည်း
ခပ်ဝေးဝေးမှာချိန်းကြပေါ့။။။ခုကျတော့ရပ်ကွက်ထိပ်မှာ ကြည်နူးနေ
လိုက်တာ။။။အဘွားကြီးတင်းတာတောင်နည်းသေးတယ်။။။"

"ငါ ယုကိုဘယ်လောက်ချစ်တယ်ဆိုတာ မင်းသိပါတယ်စည်သူရာ။။။ ငါချစ်တာကသူ့ရဲ့စည်းစိမ်၊ဥစ္စာကိုမက်မောတာတွေ ဘာတွေလုံးဝ
ကင်းတဲ့အချစ်စစ်ပါ။။။အဲဒီတော့ငါသူ့ကိုရဲရဲဝံ့ဝံ့ပဲချစ်မယ်စည်သူ။
ချစ်သူကိုခိုးချစ်ရအောင် ငါစာရိတ္တပျက်ပြားနေတဲ့လူတောမတိုးနိုင်တဲ့
ကောင်မှမဟုတ်တာ။။။"

သူ့မျက်နှာက မာနကြောင့်တင်းနေတာကိုသတိထားမိသည်။။။စည်သူ
ကတော့အကြောင်းသိချင်းမို့ ဘာမှမပြော၊အချင်းချင်းဆိုတော့လည်း နားလည်ကြသည်လေ။။။

"အေးပါကွာ။။ငါကစတာပါ။။။ကဲ..မင်းရေအမြန်ချိုးလိုက်။။။ နေ့လည် ၁ နာရီလောက်ဟိုဘက်ရပ်ကွက်က မဥမ္မာရဲ့ အပ်ချုပ်ဆိုင်ကို ယုဇနကို
လာခဲ့မယ်တဲ့။အဲဆိုင်ဘေးကအအေးဆိုင်မှာစောင့်နေဖို့ပြောခိုင်းလိုက်
လို့။။။ကဲရေချိုးလိုက် ငါစောင့်နေမယ်။။။"

"မင်းရောလိုက်ခဲ့မို့လား"

ဟုသူလှမ်းမေးတော့ အေး..မင်းတစ်ယောက်တည်းထက် ငါပါပါတော့
ပိုကောင်းတာပေါ့ကွာဟုပြန်ဖြေရင်းစည်သူကသူတို့အိမ်ထဲဝင်သွား၏။
သူလည်းရေအမြန်ချိုးလိုက်ပြီးအဝတ်လဲကာ စည်သူ့စက်ဘီးနှင့်ပင်
တစ်ဘက်ရပ်ကွက်မှ မဥမ္မာ၏အပ်ချုပ်ဆိုင်ဘက်သို့နင်းထွက်
လာခဲ့လိုက်သည်။။။သူတို့နှစ်ရောက် အအေးဆိုင်၏ချောင်ကျကျ
ထောင့်စားပွဲမှာထိုင်ပြီးအအေးသောက်ရင်းစောင့်နေတုန်းမှာပင် ယုဇနကိုရောက်လာ၏။။။

"ကဲ..မင်းတို့စကားပြောနှင့် ငါရှေ့ကကွမ်းယာဆိုင်မှာ ကွမ်းသွားစား
လိုက်ဦးမယ်။။။"

စည်သူကသူတို့ကိုပြောပြီးထထွက်သွားသည်။။။သူရနိုင် ချစ်သူ၏
လက်ကလေးကိုဆုပ်ကိုင်လိုက်ရင်း ဘာတွေထူးလို့လည်း ယုရဲ့ဟု
တီးတိုးမေးလိုက်၏။။။

"သူရ..မေမေ ငါတို့အကြောင်းသိသွားပြီ။။။ဒေါ်လေးရော ၊ငါရော နင့်ဘက်ကနေကာပြောပေမယ့် ဘယ်လိုမှမရဘူး။။။ နင့်စိတ်ဓာတ်၊နင့်စာရိတ္တနဲ့ပက်သက်ပြီးဒေါ်လေးကိုယ်တိုင် တာဝန်ယူပါတယ်လို့ပြောတာလည်းလက်မခံဘူးဟာ။။။လက်ခံနိုင်တဲ့

အနေထားမို့သူဘာမှမပြောပဲလွှတ်ထားတာပါဆိုတဲ့ဒေါ်လေးကိုလည်း
မေမေဆူတာတော်တော်ကြာတယ်။။။ငါ့ကိုလည်းညောင်ဦးက
သူ့မိတ်ဆွေရဲ့သားနဲ့ အိမ်ထောင်ချပေးတော့မယ်တဲ့။။။ညတုန်းက
ဖုန်းဆက်နေတာကြားတယ်။ဒီတစ်ခေါက်သူပြန်ရင်တစ်ခါတည်းလိုက်
ခဲ့ရမယ်တဲ့။။။ ငါနင်နဲ့မခွဲနိုင်ဘူးသူရ။။။ငါနင့်ကိုအရမ်းချစ်တယ်။။။"

ပြောရင်းမျက်ရည်တွေ စီးကျလာသောချစ်သူကိုကြည့်ကာ သူရ
စိတ်မကောင်းဖြစ်မိသည်မို့ သူမလက်လေးကိုတင်းတင်းလေးဖျစ်ညှစ်
လိုက်မိသည်။။။ဘာမှတော့မပြောမိ။။။

"အခုလည်းငါငိုနေတာမကြည့်ရက်လို့ဒေါ်လေးကအကြောင်းရှာပြီး
လွှတ်လိုက်တာ။။။နင်ငါ့ကိုလာခိုးပါသူရ။။။ နင့်မျက်နှာတင်းမသွားနဲ့။။။
အခုချိန်မှာနင့်မာနကြောင့်နင်နဲ့ငါအဝေးမခံနိုင်ဘူး။။။မနက်ဖြန်မနက်
အစောကြီးမေမေပြန်မှာ။။။ငါလိုက်မသွားချင်ဘူး။။။"

"အခြေအနေကဒီလိုလုပ်မှဖြစ်တော့မယ့်အနေထားရောက်နေပြီဆို
တော့ဒီလိုပဲလုပ်ရတော့မှာပေါ့။။။သူရ ငါအစအဆုံးကူညီမယ်ကွာ။။။
ဟုတ်ပြီလား။။။"

ကွမ်းယာဝယ်ပြီးပြန်လာသော စည်သူက ဝင်ပြောလာတော့သူတွေဝေ
နေလို့မဖြစ်တော့ဘူးဆိုတာသိလိုက်သည်။။။ယုကို သူအရမ်းချစ်သည်။
အဆုံးရှုံးမခံနိုင်ဘူးဆိုတာလည်းဘာသာသိနေ၏။။။ အထက်စီးမှလေသံ
မာမာဖြင့်ပြောသွားသောယုအမေ၏မျက်နှာကိုမြင်ယောင်လာပြန်
တော့ရင်ထဲကမာနက ရုန်းကြွလာပြန်သည်။။။အခုချိန်မှာက မာနကို

ဦးစားပေးပါကချစ်သူကိုဆုံးရှုံးရတော့မည်မို့ သူ့ထုံးစံအတိုင်းချစ်သူ
ကိုပဲသူရွေးချယ်ရတော့မည်။။။ သူရနိုင် ခေါင်းညိတ်လိုက်ရင်း

"ကောင်းပြီဟာ။။ယု ဒီညနင့်ကိုငါလာခိုးမယ်။။။နင်အဆင်ပြေမယ့်
အချိန်ကိုပြော။။။"

ယု မျက်နှာဝင်းခနဲဖြစ်သွားသည်ထိပျော်သွားပုံရသည်။။။

"သူရရယ် အရာအားလုံးထက်နင်ငါ့ကိုပိုချစ်တာကိုငါသိလိုက်ပြီ
သိလား။။။နင်ဒီည ၁၂ နာရီခွဲလောက် ငါတို့ခြံထောင့်ကပိတောက်ပင်
ကြီးအောက်မှာစောင့်နေ။။။ငါထွက်လာခဲ့မယ်။။။နင်စိတ်ချပါ။။။
ဒေါ်လေးကလည်းနင်နဲ့သဘောတူတဲ့အတွက်သူကိုယ်တိုင်ကူညီ
ပေးမှာ။။။နင်သာ လာဖြစ်အောင်လာခဲ့လိုက်။။။ဟုတ်ပြီလား။။။"

"အင်း..စိတ်ချ။။။ငါတို့ဒီလောက်ချစ်တာပဲယုရာ။။။မဝေးစေရပါဘူး။။။"

ချစ်သူလက်ကိုတင်းတင်းဆုပ်ကိုင်ရင်း သူယုံယုံကြည်ကြည်ကိုပြောချ
လိုက်မိသည်။။။ဟုတ်သည်။။။ဒီလောက်ချစ်ကြတဲ့ သူတို့နှစ်ယောက်
ဝေးမှာမဟုတ်တာကိုသူလေးနက်စွာယုံကြည်မိသည်ပဲလေ။။။

"ကဲ ..နင်တို့ပြောစရာရှိတာပြောပြီးကြပြီဆိုရင် ယုဇနနင်လည်းပြန်
တော့။။။အိမ်ကရိပ်မိသွားမယ်။။။ သူရ ငါတို့လည်း ဒီညနေထဲကပြင်
စရာရှိတာတွေကြိုပြင်ထားရအောင်လစ်မယ်။။။။"

စည်သူ့စကားကြောင့် သူတို့ထရပ်လိုက်ပြီး ယုဇနကို ကအရင်ထွက်
သွားပြီးပြန်နှင့်သည်။။။သူတို့လည်းပိုက်ဆံရှင်းပေးလိုက်ပြီးအိမ်ဘက်
သို့စက်ဘီးကိုနင်းလာခဲ့လိုက်တော့သည်။စည်သူကတော့ အေးအေး
ဆေးဆေးပင်လေလေးချွန်လို့၊သူ့မှာသာအမည်မဖော်တတ်သော စိုးရိမ်မှုလေးနှင့်ရင်ဘတ်ထဲလေးလံနေသလိုလို။။။သက်ပြင်းပူပူကိုသာ
ထုံးစံအတိုင်းရှိုက်လိုက်မိတော့သည်။။




အပိုင်း(၅)





"ဟ..သူရ..မင်းတို့အိမ်ရှေ့လူတွေများလှချည်လား။။။ဘာဖြစ်တာ

လည်းမသိဘူး။။။မြန်မြန်နင်းစမ်းပါဟ။။။"

အေးပါဟ ဟုပြန်ပြောရင်းသူစက်ဘီးကို အားစိုက်နင်းလိုက်သည်။။။
သူတို့အိမ်ရှေ့ကလူအုပ်ကြီးက အဖေ့အလုပ်ထဲမှလူတွေနှင့်
ဘေးအိမ်များမှအိမ်နီးချင်းတွေဖြစ်ကြောင်းတွေ့လိုက်ရသည်။။။
ဘာဖြစ်လို့လည်းဗျဟု အော်မေးရင်းသူရနိုင် လူအုပ်ထဲပြေးဝင်

လိုက်တော့ အလယ်မှာ အဖေ့ကိုစောင်ပုခက်နှင့်ထမ်းထားတာတွေ့
လိုက်ရသည်။။။

"မင်းအဖေ သစ်စက်ထဲမှာမတော်တဆ ဒဏ်ရာရလို့ကွ။။။
ဒဏ်ရာကနည်းနည်းများလို့ဆေးရုံကိုသွားမလို့။။။"

"သားလေး..မင်းအဖေကိုကြည့်ပါဦးသားလေးရဲ့။။။သွေးတွေလည်း
အများကြီးပဲ။။။အမေတော့ဘာလုပ်လို့လုပ်ရမှန်းကိုမသိတော့ပါဘူး။။။
သားလေးကြည့်စီစဉ်ပါဦးကွယ်။။။"

တုန်တုန်ယင်ယင်နှင့်အမေ့အသံကြောင့် သူရ အမေ့လက်ကိုဆုပ်ကိုင်
လိုက်ပြီး

"အမေ ..ဘာမှမပူနဲ့နော်။။။သားလိုက်သွားလိုက်မယ်။။။အမေအိမ်မှာပဲ
နေခဲ့လိုက်။။။အဖေ့ဒဏ်ရာက ဆေးရုံမှာကုလိုက်ရင် ပျောက်ပါတယ်
အမေရနော်။။။နေခဲ့လိုက်။။။"

အေးပါသားလေးရယ်ဟုပြောရင်းအမေကျန်နေခဲ့သည်။။။သူနှင့်စည်သူ
ကတော့ ဆေးရုံသွားဖို့ ကားငှားရန် ကားလမ်းမဆီသို့အပြေးသွား
လိုက်ရ၏။။ကားတစ်စီးကို ငှားပြီးအဖေ့ကိုဆေးရုံပို့ရသည်။။။ ဆေးရုံ
ရောက်တော့ လိုအပ်သောဆေးဝါးများဝယ်ရန်ကအမေပေးလိုက်သော
ပိုက်ဆံနှင့်မလောက်တော့။။။ သူရနိုင်ခေါင်းကုတ်လိုက်သည်။။။

စည်သူကသူ့လက်သန်းမှာစွပ်ထားသော မောင်းကွင်းလေးကိုချွတ်ပြီး သူ့ရှေ့သို့ထိုးပေးလာ၏။။။

"သွားပေါင်ကွာ။။။မလောက်ဘူးထင်ရင် ရောင်းသာရောင်းလာခဲ့လိုက်။"

"ဟာမဟုတ်တာကွာ။။မင်းကလည်း။။။"

"ဟေ့ကောင်..သောက်စကားများမနေနဲ့ မင်းမာနကြီးနေရမယ့်အချိန်
မဟုတ်ဘူး။။။ဒါဆေးရုံကွ။။လူမစည်ကားအပ်တဲ့အရပ်။။။ မင်းအဖေ
မြန်မြန်ပြန်ပြီးသက်သာလာဖို့ကအရေးကြီးတယ်။။။"

စည်သူ့စကားကမှန်နေတာမို့ သူမောင်းကွင်းလေးကိုလှမ်းယူလိုက်ပြီး အပြင်သို့လှမ်းထွက်သွားလိုက်တော့သည်။။။လိုအပ်သောဆေးဝါးများ
ဝယ်ယူပြီးပြန်ရောက်သည်ထိအဖေကသတိမရသေး။။။သွေးထွက်လွန်
သွားသဖြင့်အားနည်းနေခြင်းဖြစ်ကြောင်း၊အသက်အန္တရာယ်စိုးရိမ်
ရန်မလိုကြောင်း တာဝန်ကျဆရာဝန်ကြီးကပြောသွားသဖြင့်
နည်းနည်းတော့စိတ်အေးရသည်။။။စိတ်ထဲမှာနောက်ကျိနေသဖြင့်သူရ


ဆေးရုံကော်ရစ်တာကိုထွက်လာခဲ့လိုက်သည်။။။စည်သူကလည်း
နောက်မှ လိုက်လာ၏။။။


"သူရ..မင်းဘာဆက်လုပ်မလဲ။။။"

"ငါဘာလုပ်ရတော့မလည်းစည်သူရာ။။။အဖေကဒီပုံဆိုဆေးရုံကဆင်း
ရင်တောင်အလုပ်လုပ်နိုင်ဖို့မလွယ်ဘူး။။အနည်းဆုံး ၆ လလောက်
တော့နားရတော့မယ်။။။အမေကလည်းနဂိုတည်းကအလုပ်လုပ်ဖူးတာ
မဟုတ်တော့ ဘာမှလုပ်တတ်မှာလည်းမဟုတ်ဘူးကွာ။။။ဒီလိုအချိန်မှာ

မိသားစုကိုပစ်ပြီး မိန်းမခိုးပြေးမယ်ဆိုစည်သူငါ့လောက်မိုက်ကန်းတဲ့

သားရှိဦးမလားကွာ။။။မင်းပဲစဉ်းစားကြည့်ပါ။။။"

သူ့ရင်ထဲမှာတင်းကျတ်နေသဖြင့်စကားတွေကခံစားချက်ဖြင့်တနင့်
နဲနဲဖြစ်နေတာလေ။။။စည်သူကနားလည်ဟန်ဖြင့်ကြည့်ရင်း


"ဟုတ်တာပေါ့ သူရရာ။။။ အစားထိုးမရနိုင်တဲ့မိဘနှစ်ပါး အတိဒုက္ခ
ရောက်နေချိန်မှာ နှလုံးသားရေးရာကို လိုအပ်ရင်လျစ်လျှူရှုသင့်ရှုရ
မှာပဲလေ။။။မင်းဆုံးဖြတ်တာမှန်ပါတယ်သူရ။။။ ငါဘယ်လိုကူညီရ
မလဲ။။။"

"ထားလိုက်ပါတော့ စည်သူရာ။။မနက်ဖြန်ဆို သူ့အမေကသူ့ကိုခေါ်
သွားတော့မယ်။။။ဟိုရောက်ရင်သူ့ကိုမင်္ဂလာဆောင်ပေးတော့မယ်။။

အခုချိန်မှာသတိမရသေးတဲ့အဖေ့ကိုပြစ်ပြီးသူ့ဘက်ကိုငါမလိုက်နိုင်

တော့ဘူးလေ။။။အရင်ကသူ့အတွက်မိသားစုကိုငါလျစ်လျှူရှုခဲ့တာ

တွေများခဲ့ပြီ ဒီတစ်ခါတော့ငါသူ့ကိုပဲလျစ်လျှူရှုရတော့မယ်စည်သူရာ။

အဲလိုအချိန်မှာ သူငါ့ကိုနားကျည်းမုန်းတီးသွားမယ်ဆိုရင်သူခံစားရတာ

ပိုပြီးသက်သာမှာပါ။။။အခုလည်း၁၀ နာရီတောင်ထိုးတော့မယ်။။။ငါတို့


ဘာမှမတတ်နိုင်တော့တာသေချာသွားပြီစည်သူ။။။ထားလိုက်ပါတော့
ကွာငါ့ဘဝတစ်လျောက်လုံးမှာ ဘဝကတိုက်ချလို့ပြုတ်ကျခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုရှိခဲ့တယ်လို့ပဲ အမြဲတမ်းသတိရနေရ
တော့မှာပေါ့ကွာ။။။"


"ငါ စိတ်မကောင်းပါဘူး..သူရရာ။။။ငါလည်းဘာကိုဘယ်လိုပြောရမှန်း
ကိုမသိတော့ပါဘူးကွာ။။။"

သူရနိုင် စည်သူ့ပုခုံးကိုဖျစ်ညှစ်လိုက်သည်။။ရင်ထဲမှာတော့မချိလှ။။
နောက် ၂ နာရီလောက်ဆို ယုအိမ်ထဲကခိုးထွက်လာတော့မည်။။။ သူမ မျှော်လင့်ထားသလို သူစောင့်မနေတာသိရင် သူမဘယ်လို
ခံစားရမည်လဲ။သူ့ကို နာကျည်းမုန်းတီးသွားမည်လား။အကြောင်းတစ်

ခုခုကြောင့် သူ မလာရောက်နိုင်တာပါလို့များတွေးပြီးခွင့်လွှတ်ပေး


လေမလား။။။ဘယ်လိုပဲဖြစ်ဖြစ် သူဒီညရောက်အောင်မသွားနိုင်
တာသေချာပြီမို့နောက်နေ့ဆိုရင်တော့ သူမအမေနှင့်ညောင်ဦးကို
လိုက်သွားရတော့မည်။။။သူနှင့်ယုဇနကိုတို့ ထာဝရကိုဝေးရပေ
တော့မည်။။။ ခွင့်လွှတ်မနေပါနဲ့တော့ယုရေ။။။နာကျည်းမုန်းတီး

လိုက်တာက နင့်အတွက်ပိုပြီးခံစားရသက်သာမှာပါဟာ။။။မိသားစုကို


အကြိမ်ကြိမ်လျစ်လျှူရှုခဲ့ဖူးပေမယ့် ဒီတစ်ခါကတော့ဘယ်လိုမှလျစ်လျှူ
ရှုဖို့မဖြစ်နိုင်တော့တဲ့အခြေအနေမို့ငါ့ကိုနင်မုန်းလိုက်ပါတော့ဟာ။။။ အတွေးများနှင့်သူရနိုင်မျက်ရည်တွေစီးကျလာသလို ထုံးစံအတိုင်း
သက်ပြင်းပူများကိုသာအကြိမ်ကြိမ်ရှိုက်လိုက်မိတော့သည်။။စည်သူက

တော့ နားလည်စွာ၊ စိတ်မကောင်းစွာနှင့်သူ့ကိုငေးကြည့်နေလျက်။။









လေးစားလျက်



အလင်းသစ်


24.3.2011

3 comments:

  1. ဘဝနဲ့ အနီးစပ်ဆုံး ပဲ အဲလိုဘဝတွေထဲမှာ တစ်ကယ့်နှလုံးသားတွေ အများကြိး ကျရှူံးခဲ့ရမယ်ဆိုတာ တွေးမိတော့ မောသွားတယ် လင်းသစ်ရေ..ကောင်းချက်က...အားပေးသွားလျှက်။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  2. ဘ၀ အတွက် အချစ်တွေ စတေးလိုက်ရတာများနေကြပြီ။
    ဒါပေမယ့်..ပေါ့လေ..

    ReplyDelete
  3. စစချင်းအမေနဲ့စပြီးပဲပြုတ်လဲပါတယ်ဆိုတော့
    ဖတ်ဖြစ်သွားတာပါ..ကျွန်မက အမေချစ်လေ
    ပဲပြုတ်လဲကြိုက်တယ်..စာကလဲကောင်ဆိုတော့ပြီးပြီပေါ့

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။