ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Thursday, April 28, 2011

မာယာ၏ ကောက်ကြောင်း(၂)

"ကိုကို စားလေ ဘာတွေတွေးနေတာလဲ။။ လဲ့လေးကြည့်နေတာ ကြာလှပြီ။။ လူနဲ့စိတ်ရော ကပ်ရဲ့လား။။"
ရွှန်းလဲ့ရွှေရည် နှုတ်ခမ်းလေး ဆူပြီး ပြောလိုက်မှ အောင်ဇင်မင်း ဆတ်ခနဲဖြစ်ကာ အတွေးတွေ ပျက်သွားရ၏။။ ဒီနေ့သူတို့ချစ်သူ ၂ ယောက် တိုင်းရင်းသား ကျေးရွာထဲမှာ လျောက်လည်ကြပြီး ဗိုက်ဆာလာသဖြင့် နေ့လည်စာ လာစားနေကြခြင်းဖြစ်သည်။။ အတွေးတွေ ကျွံနေမိတာကို ပြုံးလိုက်မိရင်း အောင်ဇင်မင်း သူ့ရှေ့မှ ခေါက်ဆွဲကြော်ကို စားလိုက်သည်။။ စားနေရင်းမှ တစ်ခုခုကို ဆုံးဖြတ်လိုက်သလို ခေါင်းငြိမ့်လိုက်ရင်း


Friday, April 22, 2011

မာယာ၏ကောက်ကြောင်း (၁)


"မင်းမသိဘူး ကိုမင်း။။ အရမ်းလှတယ်၊ အရမ်းဖော်ရွေတယ်၊ ပြီးတော့ အရမ်းလည်း ထက်တယ်။။။"
သွားစမ်းပါကွာဟု ကျွတ်ခတ် စုတ်သတ်လိုက်ပြီးအောင်ဇင်မင်း ကန့်ကွက်လိုက်သည်။။ မိန်းကလေးတစ်ယောက်ကို အထင်သေးသည်တော့မဟုတ်။။အလွန်ကြီး အမွမ်းတင်လွန်းသည်ဟုစိတ်က ယူဆမိလိုက်သဖြင့်ဖြစ်သည်။။ဇော်မင်းနှင့်သူ့သူငယ်ချင်းများ သန်လျင်၊ကျောက်တန်းဘက် ဘုရားဖူးထွက်ပြီးပြန်ရောက်လာတည်းက ထိုအကြောင်းအရာသည် သူတို့သူငယ်ချင်းတွေစကားဝိုင်းမှာ အတော်လေးကိုနေရာယူနေတာဖြစ်သည်။။ အဲဒီအချိန်တုန်းက ပဲခူးရှိ မိဘများက ပြန်လာဖို့ခေါ်ထားသဖြင့် သူအိမ်ခဏပြန်နေချိန်ဖြစ်သည်။။သူပါမသွားတော့ သေချာမသိခဲ့။။

Saturday, April 16, 2011

သင်္ကြန်ကိုမုန်းတယ်

တစ်ယောက်တည်းပါပဲ
မှောင်မည်းနေတဲ့ အခန်းလေးထောင့်မှာ
အလွမ်းဆူးညှောင့်တွေ ရင်ထဲမှာပေါက်ပေါက်ကြဲသလို
ကြောက်ကြောက်လာတဲ့ အသိတွေထဲ ချစ်သူရေ နင်က ငါ့ရဲ့သရဲကြီးပေါ့။။။




Wednesday, April 13, 2011

မူကွဲနေတဲ့ရင်ခုန်သံ

အမအိန်ဂျယ်လှိုင်ရဲ့စိတ်ကူးလေးကနေ မူကွဲနေတဲ့ ရင်ခုန်သံ ဆိုတဲ့ အဆိုနဲ့
အချေ ပုံစံကဗျာမူကွဲလေးတစ်ခု      အိန်ဂျယ်လှိုင်
နဲ့  အလင်းသစ် က
ခံစားဖန်တီးလိုက်ပါပြီ။။။ ဖတ်ရှုအားပေးကြပါဦးလို့။။။







ခပ်ရေးရေးတွေး အကြင်နာစကားမဆို
မိုးတိမ်တွေငိုမှ ငါလွမ်းနေကြောင်း မပြောဖြစ်ခဲ့တာ 
ငါတွေးရင်း အတိတ်ကိုမြေဖွ နေစရာမရှိခဲ့တဲ့ နင့်ရင်ခွင်ကို 
ခပ်ရေးရေး မြင်ယောင်ရင်းအလွမ်းတွေမြေခ ငါ့သိက္ခာတွေပြာချပြီး 
မာနတွေခဝါချ အသက်ပျောက်ခဲ့တဲ့ ရင်ခုန်သံတွေအတွက် 
တိတ်တခိုး အဆွေးတွေနဲ့ ငါ့ဘဝ ပြာကျခဲ့ရတယ်ချစ်သူ။

Friday, April 8, 2011

လွမ်းရပါသော သင်္ကြန်ခါဆီ











တန်ခူးလေကမြူးလေပြီ။။တစ်ချက်တစ်ချက်ညိုညိုလာသောမိုးရိပ်တွေ

ကိုကြည့်ချင်းအားဖြင့် မြန်မာနှစ်ကူးသင်္ကြန်ချိန်သို့ရောက်လာတော့မည်

ဆိုတာသိသာနိုင်၏။။သင်္ကြန်မိုးပြေးလေးတပြိုက်ပြိုက်ရွာချလိုက်ပြီးသော


နောက်မှာဆိုရင်ဒီမြေတစ်ခွင်ရွှေဝါရောင်တွေဆင်မြန်းတော့မှာပါလား။။။

ဘဝအမောတွေဘယ်လောက်ပင်များများဒီသင်္ကြန်ကာလမှာတော့လူ

တိုင်းလူတိုင်းအပူတွေသိမ်းလို့ပျော်ရွှင်ခြင်းတွေနဲ့သာဆင်မြန်းကြပေဦး

တော့မည်။။ဒီတိုင်းနေလို့တော့မဖြစ်ရွာထဲမှကာလသားလူငယ်လေးများ

ကိုခေါ်ယူဆွေးနွေးပြီး ပြင်ဆင်စရာများကြိုတင်ပြင်ဆင်မှဖြစ်ပေဦးမည်ဟု

တွေးရင်းကာလသားခေါင်းကိုမြင့်ကိုခေါင်းကိုတငြိမ့်ငြိမ့်လုပ်နေ၏။ဘေးမှ

ထိုင်၍ သတင်းစာစက္ကူပိုင်းကိုလိပ်ပြီးဆေးသိပ်နေသောမောင်ထွန်းနိုင်က

"ကိုကြီးမြင့်ကိုဘာတွေခေါင်းတငြိမ့်ငြိမ့်လုပ်နေတုန်းဗျ"


ဟုမေးလိုက်သည်။။ထိုအခါမှ ကိုမြင့်ကိုကြီးက "ဟေလကွာ..သင်္ကြန်နီးနေပြီဟ။။မနှစ်ကထက်မလျော့အောင်တော့ပြင်ရ
ဆင်ရဦးမှာပေါ့။။ အဲဒါတွေးမိလို့ပါကွာ။။ ပြီးရင်မင်းရွာထဲသွား နက်ဖြန်ည
နေငါ့အိမ်မှာလာစုဖို့ လူငယ်တွေကိုပြောလိုက်ကွာ။။" ဟုပြောပြီးထမင်းစားဦးမယ်လကွာဟုဆိုကာနောက်ဖေးမီးဖိုချောင်တွင်း

ဝင်သွားလေတော့သည်။။မောင်ထွန်းနိုင်လည်းဆေးလိပ်ခဲလိုက်ပြီးရွာထဲ

ဘက်သို့ လမ်းလျောက်ထွက်သွားလိုက်တော့၏။။။



















"အေးလကွယ်..မင်းတို့နားထောင်ကြဦးဝေ့။။ မနှစ်ကတော့ တို့ရွာ
သင်္ကြန်စည်ချက်ကွာ။။ဒီနှစ်လည်း အဲဒီထက်မလျော့အောင်တော့
လုပ်ရမယ်ကွ။။အဲဒီတော့မင်းတို့ ဘာတွေလုပ်ချင်တယ်ဆိုတာ ပြော
ကြကွာ။။"

ကိုမြင့်ကိုစကားအဆုံးမှာ ကာလသားများဘက်မှ ကြွက်စီကြွက်စီ

အသံတွေထွက်လာသလို၊ အပျိုများဘက်မှလည်း အသံများထွက်

လာတော့၏။ပြီးတော့မှ အပျိုခေါင်း မခင်စီမှ မတ်တပ်ထရပ်လိုက်ပြီး

"တော့ ကိုမြင့်ကို မနှစ်ကလိုမဟုတ်ပဲ မဏ္ဍပ်(၂)ခုထိုးမယ်လေ။။
ပြိုင်ပွဲတွေ၊ကစားပွဲတွေကိုတော့ ရွာစာသင်ကျောင်းရှေ့ကကွက်
လပ်မှာလုပ်မယ်။။မဏ္ဍပ်ကိုလည်းကျောင်းဘေးမနှစ်ကနေရာမှာပဲ
လမ်းဟိုဘက်၊ဒီဘက်တွေမှာထိုးလိုက်မယ်တော်။။ မနှစ်တုန်းက
မဏ္ဍပ်တစ်ခုတည်းဆိုတော့ လူကျပ်တယ်တော့။။"
ကိုမြင့်ကိုကကပ်ထူဖုံးစာအုပ်ရှည်ကြီးထဲမခင်စီပြောသမျှခေါင်းတ

ငြိမ့်ငြိမ့်နှင့်လိုက်မှတ်နေလိုက်သည်။။ပြီးတော့မှခေါင်းပြန်မော့လာ

ပြီးနောက်တော့ရောဟုထပ်မေးလိုက်၏။လူအုပ်ထဲမှမောင်သိန်းလင်း

ကလက်ထောင်ပြီးမတ်တပ်ရပ်လိုက်သည်။။ ပြီးတော့မှ


"ခေါင်းကြီး ကျနော်ပြောစရာရှိတယ်။။"


သူ့စကားအဆုံးမှာ ကိုမြင့်ကိုတစ်ယောက် လေ၏အလျင်နှင့်သိန်းလင်း

ဘေးသို့ရောက်သွားပြီး အုန်းခနဲအသံထွက်အောင် ကျောကပ်ကိုဆော်

ပလိုက်သည်။။။ပြီးမှ ရှူးရှူးရှားရှားနှင့်


"နောက်တစ်ခါငါ့ကို ဘယ်သူကပဲဖြစ်ဖြစ် ခေါင်းကြီးလို့ခေါ်တာနဲ့ ငါကာလသားခေါင်းမလုပ်တော့ဘူး။။ဒါပဲ။။ဆက်ပြော။။" သူပြောချင်ရာကိုပြောလိုက်ပြီး မောင်သိန်းလင်းကိုဆက်ပြောရန် မေး

ဆတ်ပြလိုက်သည်။။

"မနှစ်ကချောတိုင်တက်ပွဲမှာ ငှက်ပျောတုံးနဲ့လုပ်တော့ တက်ရတာ
လွယ်တယ်။ဒီနှစ်တော့ ဝါးပိုးနဲ့ချောတိုင်လုပ်ပေးပါ။ ပြီးတော့ဆုကြေး
ကိုလည်းတိုးပေးပါ။။ မနှစ်ကကျုပ်ရသာရတယ်။ဆုကိုမြင်တောင်မမြင်
လိုက်ရဘူး။။"


ကိုမြင့်ကိုကဟုတ်ပြီနောက်တစ်ယောက်ဟု မေးဆတ်ပြလိုက်သည်။။

ရွာကာလသားများ၊ရွာလှပျိုဖြူများတစ်ယောက်တစ်ပေါက်ထပြီးဆွေး

နွေးကြသည်။။ကိုမြင့်ကိုကြီးကဆွေးနွေးချက်မှန်သမျှကိုရေးမှတ်ထားပြီး မည်သူကမည်သည့်တာဝန်ယူရမည်။။ သင်္ကြန်ခွဲတမ်းကို ဘယ်လောက်

ကျခံရမည်။။ အလှူငွေကိုဘယ်သူကောက်ခံရမည်။။စသဖြင့် အချိန်အ

တော်ကြာ တိုင်ပင်ဆွေးနွေးလိုက်ကြ၏။။ ထုံးစံအတိုင်းပင် ကျေးရွာတို့

ထုံးစံအတိုင်း ၃ ခါလောက်ခေါ်ယူညှိနှိုင်းပြီးသောအခါမှာတော့ သင်္ကြန်

အတွက် အားလုံးအဆင်သင့်ဖြစ်နေလေပြီ။။ သင်္ကြန်ချိန်ကိုကြိုတွေးပြီး

ကာလသားခေါင်းကိုမြင့်ကို ပန်းပင်များကိုပေါင်းသင်ပေးနေရင်းမှ ပြုံး

လိုက်မိတော့သည်။။ တူးပို့သံတညံညံနှင့်ဒီသင်္ကြန်မှာတော့သူစွံကောင်း

ပါရဲ့လေဟုများတွေးနေလေသလားမသိ။မျက်နှာကြီးကတော့ ပြုံးနေတာ

ဖြီးလို့။။။။




















ဘာလိုလိုနှင့် သန်ဘက်ခါဆိုလျှင်သင်္ကြန်အကြိုနေ့သို့ရောက်တော့မည်

ဖြစ်၏။ရွာတို့ထုံးစံအတိုင်းအပျိုအိမ်များသို့နှင်းဆီပန်းတစ်ပွင့်စီကမ်းပြီး

လူပျိုအိမ်များသို့စီးကရက်တစ်လိပ်စီကမ်းကာဖိတ်ကြားပြီးဖြစ်သဖြင့်

ကိုယ်စီပေးအပ်ထားသောတာဝန်များကိုထမ်းဆောင်ဖို့ပြင်နေကြလေပြီ။

သင်္ကြန်ကာလတစ်တောက်လျောက်လုံးကတော့မည်သည့်လူငယ်များမှ

အိမ်ကပ်သည်သိပ်မရှိ၊ မဏ္ဍပ်တွင်ဖြစ်စေ၊ အိမ်လည်သွားခြင်းဖြင့်ဖြစ်စေ

ပျော်ပါးမြူးတူးနေတတ်ပြီးအိမ်မှ ခြံမှအလုပ်များကိုလုံးဝရပ်နားထားတတ်

ကြတာဖြစ်သည်။။ ကိုမြင့်ကိုလည်းထို့အတူပင်သာမာန်အချိန်များမှာသူ့

ဂန္ဒမာပန်းခြံအား တယုယယရှိနေပေမယ့် ဒီလိုသင်္ကြန်ကာလမှာတော့

အဖေ့ကိုလွှဲအပ်ကာ လုံးဝအလွတ်ကြီးကဲနေတတ်တာဖြစ်သည်။ခုလည်း

သူပေးအပ်ထားသောအလုပ်များကိုလုပ်မလုပ်လိုက်လံစစ်ဆေးရန်ရွာထဲ

သို့ခြေဆန့်လေပြီ။။


"အမယ်..မောင်နိုင်တယ်လည်းကြိုးစားနေပါလားဟ။။ မဏ္ဍပ်ကပြီးသ
လောက်နီးနီးကိုဖြစ်နေပါရောလား။။"
မဏ္ဍပ်ဆောက်ရန်တာဝန်ကျသော ကိုနိုင်ဝင်းက သူ့လူများကိုသေချာ

ခိုင်းစေနေရာမှ

"အေးဆေးပါ မြင့်ကိုရ။။ ပစ္စည်းစုံရှိပြီးသားပဲကို လိုတဲ့ဝါးတွေတော့လိုက်
တောင်းခုတ်လိုက်တာပဲ။နက်ဖန်အချောကိုင်လိုက်ရင်တို့ရွာမဏ္ဍပ်ပြီးပြီ။"


စကားတပြောပြောနှင့် စာသင်ကျောင်းထဲဝင်သွားတော့ ကိုဒိုးလေးနှင့်

အဖွဲ့က သင်္ကြန်မှာဆိုမည့် သီချင်းများ၊သံချပ်များကို အားတက်သရော

တိုက်နေကြတာတွေ့ရသည်။။


"ဟေ့ ဒိုးလေး မင်းတို့ ဒိုးဝိုင်းအခြေနေဘယ်လိုလည်း။။"


အော်ဂင်ကို စိတ်နှစ်တီးနေသော ဒိုးလေးကမော့ကြည့်ပြီး


"ကိုမြင့်ကိုကြီးအမြင်ပဲဗျာ။။ သီချင်းတွေလည်းတိုက်လို့ပြီးပြီ။။ သံချပ်တွေ
လည်းတိုက်လို့ပြီးပြီ။။ကျုပ်ကတော့ ခုကိုသင်္ကြန်ကျချင်လှပြီဗျာ။။အဟီး"


အားရသကွာဟု ပြောပြီး ကိုမြင့်ကိုနှင့်ကိုနိုင်ဝင်းတို့ပြန်ထွက်လာတော့ ကစားပွဲများကြီးကြပ်စီစဉ်ရန်တာဝန်ကျသော ကိုဝကြီးက သူ့အဖွဲ့နှင့်

အတူ ထုံးပုံးများနှင့် စည်းများဆွဲနေတာတွေ့လိုက်သည်။။။


"ဝကြီးလည်း အကုန်ပြီးပြီလားဟ။။"


ကိုဝကြီးက ခါးကြီးထောက်ပြီး ဆေးလိပ်ဖွာနေရာမှ လှည့်ကြည့်လိုက်

သည်။။ပြီးမှ


"ပြီးပဟမြင့်ကိုကြီးရ။။ဟော ဟိုဘက်မှာ ကလေးတွေအတွက် အုန်းသီး
ရိုက်ပြိုင်ပွဲ၊ ဒီမှာ ထုတ်ဆီးတိုးပြိုင်ပွဲ၊ ဟောဟိုမှာကစကောရွက်ပြိုင်ပွဲ
လုပ်မယ်ကွာ။။ပြီးရင်ကလေးတွေမုန့်စားပြိုင်ပွဲလုပ်မယ်။။ ဒီဘက်
ဘောလုံးကွင်းထဲမှာတော့ခေါင်းအုံးရိုက်ပြိုင်ပွဲရယ်၊အိပ်စွပ်ပြေးပြိုင်ပွဲရယ်
၊ချောတိုင်တက်ပြိုင်ပွဲရယ်လုပ်မယ်။။ ချောတိုင်ကတော့ ဒီဝါးပိုးကြီးနဲ့
လုပ်မဟ။။"


ကိုဝကြီးကပြောလည်းပြောဘေးမှာအဆစ်တွေအချောသတ်ထားပြီး

ဖြစ်သောပေ(၂၀)လောက်မြင့်သည့်ဝါးပိုးဝါးကြီးကိုပြလိုက်သည်။။


"နေဦး မြင့်ကိုကြီးရ ငါတော့အတွေးတစ်ခုပေါက်သကွာ။။"


ကိုဝကြီးစကားကြောင့်ကိုမြင့်ကိုကဘာတုန်းဝကြီးရဟုမေးလိုက်သည်။။


"ဒီလိုကွာ အတက်နေ့မနက်ပိုင်းမှာ ငါတော့ တာဝေးအပြေးပြိုင်ပွဲလေး
ထည့်ပေးရင် ကောင်းမလားလို့ဟ။။ ဟိုဘက်ရွာရဲ့ ထိပ်ကနေတာ
လွှတ်မယ်။ မဏ္ဍပ်မှာတာဖမ်းမယ်ကွာ။ဆုအတွက်တော့မင်းစီစဉ်ပေး။။" ကိုမြင့်ကိုမျက်လုံးပြုးသွားသည်။။ပြီးတော့မှ အေးကွာ မင့်သဘောဟု

ပြောပြီး သွက်သွက်ထွက်လာခဲ့လိုက်၏။။ ဆက်နေပါက ကိုဝကြီး၏

ရွှေဥာဏ်တော်များစူးရောက်ပြီး သူဒူးနဲ့မျက်ရည်သုတ်ရနိုင်သည်။။ မနှစ်ကလည်းသူအိပ်စိုက်လိုက်ရသည်မဟုတ်လား။။။



















သင်္ကြန်အကြိုနေ့ကားရောက်လာခဲ့လေပြီ။။ကိုမြင့်ကိုတို့အဖွဲ့မဏ္ဍပ်ကို

ကာထားသောရာဇမတ်ကွက်တွေပေါ်သာသနာ့အလံလေးများလိုက်စိုက်

လိုက်သည်။။ပြီးသည်နှင့် အဝင်အထွက်အပေါက်များမှာငှက်ပျောပင်များ

စိုက်ထူလိုက်၏။။ အိမ်များမှ လာပို့ထားသော အတာအိုးများမှ သင်္ကြန်

ပန်းများကိုသေချာပြင်ဆင်ပြီး နေရာချထားရသည်။။ ဆရာတော်က

အတာအိုးကိုဖြစ်ကတတ်ဆန်းထိုးထားတာကိုမကြိုက်ပေ။။တရားဟော

စင်မြင့်မှမိုက်ခရိုဖုန်းကိုအသံစမ်းလိုက်သည်။။ စက်ကိုင်ကိုဝင်းမြင့်က

လည်း အသံအတိုး၊အကျယ် ညီမညီညှိနေ၏။။ ဆရာတော်ကသူတရား

ဟောနေစဉ်မိုက်ကိုဟိုစမ်းသည်စမ်းလုပ်တာမကြိုက်။။ထွေးခံစာမိမှာကို

ကြောက်ရသည် မဟုတ်လား။။ ညနေ ၃ နာရီမှာတော့ဘုန်းကြီးပင့်ရန်

တာဝန်ကျသောမောင်ထွန်းနိုင်တို့ရွာကျောင်းမှဘုန်းကြီးများကိုပင့်

ဆောင်လာသည်။။သင်္ကြန်အကြိုတရားနာကြပြီးသင်္ကြန်ပွဲတော်ကို

အောင်မြင်စွာစတင်လိုက်လေတော့သည်။။တရားနာပြီးသောအခါမှာ

တော့ မိမိတို့လာပို့ထားသောအတာအိုးများကိုပိုက်လျက်အကုန်ပြန်

ကြလေပြီ။။ ပြီးတော့ အိမ်ရှေ့မျက်နှာစာမှာ အတာအိုးကိုထားလျက် ဘိုးတော်သကြားကိုကြိုဆိုလိုက်ကြလေတော့သည်။။ဘုန်းတော်ကြီး

ကျောင်းသို့သံဃာများကိုပြန်လည်ပို့ဆောင်ပြီးပြန်လာသည့်အချိန်မှာ

တော့ရေပက်သံတို့တဗွမ်းဗွမ်းညံလေပြီ။။တစ်ခေါ်အကွာဝေးတွေတိုင်း

မှာအုန်းလက်မဏ္ဍပ်လေးများကအစီအရီ ။ရေပက်ကစားကြသောကလေး

များ၏ အသံများကလည်းညံညံစီစီထွက်ပေါ်လာလေပြီတည်း။။ ကိုမြင့်ကို

တို့ တပြုံးပြုံးနှင့် မဏ္ဍပ်သို့ပြန်ရောက်ချိန်မှာတော့ မခင်စီဦးစီးသော

အချက်အပြုတ်အဖွဲ့ရောက်လာလေပြီ။။ အကျနေ့မှာက သာကူကျို

ကျွေးမည်ဖြစ်သဖြင့် အလုပ်တော့သိပ်မများလှ။။ အုန်းသီးခွဲသူခွဲ ခြစ်

သူခြစ်ဖြင့် ကာလသားများကလည်း သူတို့နှစ်သက်သည့် အပျိုလေး

တွေဘေးမှာ မျက်နှာရလိုရငြားမျက်နှာချိုသွေးနေကြ၏။။ ညကိုးနာရီ

ခန့်မှာတော့ အကုန်ပြီးစီးပြီဖြစ်သဖြင့် အပျိုအုပ်စုပြန်ကြလေပြီ။။ ကိုမြင့်ကိုတို့အဖွဲ့ကတော့မဏ္ဍပ်မှာပဲသင်္ကြန်ပြီးသည်ထိအိပ်စောင့်ပြီး

စီမံရမှာမို့ကျန်နေခဲ့တာဖြစ်၏။။။နောက်နေ့သင်္ကြန်အကျနေ့မှာတော့

ရွာထဲမှရေပက်သံများက မနက်စောစောဆွမ်းထချက်သော အပျိုများကို အလစ်ချောင်းရေလောင်းကြသောကာလသားများကြောင့်မနက်လေး

နာရီခန့်တည်းကတဗွမ်းဗွမ်းညံနေလေပြီ။အောင်မယ်လေးတော့ဟူသော အလန့်တကြားအသံများဖြင့်တစ်ရွာလုံးနိုးထလာချိန်မှာတော့မဏ္ဍပ်ဆီမှ စတုဒီသာသာကူကျိုများသုံးဆောင်ဖို့ဖိတ်ကြားသံထွက်ပေါ်လာလေပြီ။။

ရေပက်ကစားသံများတညံညံနှင့်မို့ကိုဝင်းမြင့်ကလည်းမိုက်ကြီးကိုင်ပြီး

စားသောက်နေစဉ်ရေမလောင်းကြဖို့မေတ္တာရပ်ခံနေရ၏။။မကြာခင်မှာ

တော့ ကလေးများမုန့်စားပြိုင်ပွဲကိုကျင်းပတော့သည်။။ဝါးလုံးတန်းမှာ

အပ်ချည်ဖြင့်ချည်ထားသောမုန့်များကိုမည်သည့်အကူအညီမှမပါပဲပါးစပ်

ဖြင့်စားရသောပြိုင်ပွဲဖြစ်၏။။ ကြွက်ကြွက်ညံအားပေးသံများအောက်မှာ ကလေးများကလည်းအစွမ်းပြကြလေသည်။အနိုင်ရသောကလေး၃

ယောက်ကိုမုန့်ထုပ်များအသီးသီးဆုပေးလိုက်၏။။။ထို့နောက်မှာတော့

အုန်းသီးရိုက်ပြိုင်ပွဲ ၊အုန်းသီးနှင့်မျက်နှာချင်းဆိုင်ရပ်စေပြီး မျက်လုံးကို

အဝတ်စည်းကာမူးချာပတ်ချာလှည့်ပလိုက်ပြီးမှ လွတ်လိုက်၏။။ မျက်လုံး

ကိုစည်းထားသည့်ပြင်မူးဝေဝေနှင့်မို့ ထင်ရာလျောက်သွားကြသူကများ

နေသဖြင့် ရိုက်နိုင်သူနည်းလေသည်။။ ရိုက်ထည့်လိုက်ပြီးမှအုန်းသီးနှင့်

တစ်ထွာလောက်ကွာနေသဖြင့်အားမလိုအားမရဖြစ်နေကြတာတွေကရီ

ချင်စရာလည်းကောင်းလှ၏။။မှန်အောင်ရိုက်နိုင်သူများကိုတစ်ယောက်

လျှင်ငွေ၅၀၀ကျပ်ဆီဆုချသည်။။အကြတ်နေ့မှာတော့မုန့်လက်ဆောင်း

နှင့်ပေါင်မုန့်အုန်နို့ဆမ်းကိုစတုဒီသာအဖြစ်ကျွေးမွေးပြီးကျန်နေသော

ကစားပွဲများကိုဆက်လက် ယှဉ်ပြိုင်ကစားကြစေ၏။။။မဏ္ဍပ်ဆီမှ ဒိုးပတ်

ဝိုင်းကလည်း သီချင်းများကိုစဉ်ဆက်မပြတ်သီဆိုပေးနေသလိုနေ့လည်

နေ့ခင်းမှာတော့ သံချပ်များဖြင့်ဖျော်ဖြေ၏။။ ဒိုးပတ်ဝိုင်းမှ သံချပ်တိုက်

ချိန်မှာတော့အားလုံး၏အာရုံကသူတို့ဆီမှာ ဖြစ်သည်။။ ဒိုးပတ်ဝိုင်းမှ

ကာလသားများ မျက်နှာပွင့်၊စန်းပွင့်ချိန်ပင်ဖြစ်လေတော့၏။။






















































ထွန်းနိုင် ပြေး ပြေး ဟူသော အားပေးသံများအောက်မှာမောင်ထွန်းနိုင် အသားကုန်သုတ်ခြေတင်လေပြီ။။ တောသူတောင်သားများမို့ တောင့်

တင်းသောကိုယ်ခန္ဓာများနှင့် အပြေးကလည်းသန်လှပါပေ၏။ပါးစပ်ထဲ

မှသံပုရာခြမ်းကို ထွီခနဲထွေးထုတ်လိုက်ချိန်မှာတော့သူ့ဘေးမှအဒေါ်ကြီး

တစ်ယောက်က တူလေးသံပုရာသီးဟုဆိုကာ ပါးစပ်ထဲ သံပုရာသီးခွံ့

ပေးသည်။။သူပါးစပ်ဖြင့်အမြန်ကိုက်ပြီးနာက်လူကိုလှမ်းကြည့်၏။အတော်

လှမ်းလှမ်းမှာတော့မောင်သိန်းလင်းတစ်ယောက်သုတ်ခြေတင်ပြေးလာ

လေပြီ။။ စက်ဘီးနှစ်စီးဖြင့် ပြိုင်ပွဲအခြေအနေကို သတင်းပေးနေသည့် ကိုဦးနှင့်မောင်မောင်ကြောင့်မဏ္ဍပ်ထဲမှကိုဝင်းမြင့်ကလည်းအာပေါင်

အာရင်းသန်သန်ဖြင့်ကြေညာပေးနေလေရာ အပြေးပြိုင်ပွဲကပို၍ပင်

စိတ်တက်စရာကောင်းလှတော့သည်။။ အရှိန်ကိုမလျော့ပဲသုတ်ခြေ

တင်ပြေးရင်ပန်းဝင်ကြိုးကိုတိုက်ဖြတ်လိုက်သည်ပြီးတော့ငှက်ပျောပင်မှာ

စိုက်ထားသောအလံတိုကိုစွဲနှုတ်လိုက်ချိန်မှာတော့ထွန်းနိုင်မျက်နှာပြုံးပြုံး

ကြီးဖြစ်သွားတော့၏။ပထမဆုကငွေ၅၀၀၀ တောင်ရမှာလေ။အပြေးပြိုင်

ပွဲအပြီးမှာတော့စတုဒီသာအဖြစ်ဘိန်းမုန့်ကိုကျွေးမွေးသည်။။မခင်စီနှင့်

အဖွဲ့ကတော့မနက်စောစောတည်းကမဏ္ဍပ်သို့ရောက်လာပြီး ဘန်းမုန့်

ဖုတ်နေကြသည်မှာ ခုချိန်ထိမနားနိုင်သေး။။ ဒါတောင် အပြေးပြိုင်ပွဲမှ

ပန်းဝင်လာချိန်မှာ သွားအားပေးလိုက်ကြသေးသည်။။။ ထို့နောက်မှာ

တော့ အားလုံးကစိတ်ဝင်စားနေသောချောတိုင်တက်ပြိုင်ပွဲ ဆုကြေးကို တစ်သောင်းခွဲသတ်မှတ်ပေးထားသဖြင့် ပြိုင်မည့်သူများ တကြွကြွဖြစ်

နေလေပြီ။။ ကိုဝင်းမြင့်ကအသံချဲ့စက်မှ ချောတိုင်တက်ပြိုင်ပွဲစတင်တော့

မှာဖြစ်ကြောင်းကြေညာချိန်မှာတော့ ရေပက်သံများညံညံစီနေသောရွာ

သည်ချက်ချင်းတိတ်သွားပြီးစာသင်ကျောင်းဘောလုံးကွင်းမှာလူကုန်

စုလေပြီ။။။ အောက်သို့ ၂ပေအနက်စိုက်ထားပြီး(၁၈)ပေအတိမြင့်သော ဝါးပိုးဝါးကြီးကတော့ ချောဆီများတဝင်းဝင်းနှင့်။သုံးယောက်တစ်ဖွဲ့နှုန်း

ဖြင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပုဆိုးသုံးခွင့်ပေးထားသည်။အပေါ်ဆုံးမှာတော့ အဆစ်ကိုဖြတ်ပြီးအလံစိုက်ထားသည်။ထိုအဆစ်မှာတော့ ချောဆီများ

အပြည့် ဖြည့်ထားပြီးဘေးပတ်လည်မှသံဖြင့်အပေါက်သေးသေး၃ပေါက်

ဖောက်ထားသည်။အောက်မှတက်သူကလှုပ်လျှင်လှုပ်သလောက်ချော

ဆီများစီးကျလာမည်ဖြစ်ရာအတော်ပင်တက်ရခက်သည်ဟုပြောရမည်

ဖြစ်သည်။တစ်ဖွဲ့ပြီးတစ်ဖွဲ့ကြိုးစားကြသော်လည်းမည်သူမျှထိပ်သို့မ

ရောက်နိုင်ကြသတ်မှတ်ချိန်ပြည့်သည်ထိမရောက်နိုင်တော့ဘေးထွက်

ထိုင်ကြရ၏။။မကျေမချမ်းမော့မော့ကြည့်သော်လည်းဘာမှမတတ်နိုင်

ကြ။ချောတိုင်ကြီးကတော့ရှေ့လူများလှုပ်လှုပ်ချထားသဖြင့်ချောဆီများ

စီးကျလာကာတော်တော်ကြီးကိုချော်ထွက်နေလေပြီ။။ မောင်ထွန်းနိုင်

၊မောင်သိန်းလင်းနှင့်ကျော်ကြီးတို့၃ယောက်နောက်ဆုံးအဖွဲ့အဖြစ်တက်

လို့မှမရလျှင်နောက်တကျော့ပြန်စရပေတော့မည်။။ကိုဝင်းမြင့်ကြေညာ

သံဆုံးသည်နှင့်ကျော်ကြီးက ချောတိုင်အခြေသို့ပြေးကပ်လိုက်သည်။

မောင်သိန်းလင်းကပုဆိုး တစ်ထည်ကိုကိုင်ပြီး ကျော်ကြီးခါးကိုနင်း၍

ပုခုံးပေါ်မတ်တပ်ရပ်လိုက်သည်။ပြီးတော့မှပုဆိုးဖြင့်ချောတိုင်ကိုချုပ်

လိုက်ပြီးခုန်တွယ်တက်လိုက်၏။သူတက်လိုက်သည်နှင့်မောင်ထွန်းနိုင်

ကထပ်ချပ်မကွာ ဆက်လိုက်တက်သွားပြီး မောင်သိန်းလင်းပုခုံးကိုနင်း

တက်ပြီးနောက်တစ်ဆင့်တက်လိုက်သည်။။ထိုနည်းအဆင့်ဆင့်ဖြင့်

လျောကျလာလိုက်ပြန်တက်လိုက်ဖြင့် အချိန်ပြည့်ခါနီးမှာတော့

မောင်သိန်းလင်းက ထွန်းနိုင်ပုခုံးကိုကျော်တက်လိုက်ပြီးအပေါ်မှ

ဝါးပိုးပေါက်သို့လက်ကလှမ်းကိုင်လိုက်မိလေပြီ။။မောင်သိန်းလင်းက

အလံကိုဆွဲယူလိုက်ချိန်မှာတော့ထွန်းနိုင်တစ်ယောက်အောက်သို့

လျောကျသွားလေတော့၏။။နောက်ဆုံးမှာတော့အခက်ခဲဆုံး

ဆုကိုသူတို့အဖွဲ့ရသွားတော့သည်။ခြေ၊လက်များကိုအားထည့်

ထားရသဖြင့်လမ်းပင်ကောင်းကောင်းမလျောက်နိုင်ကြတော့။။ကစား

ပြိုင်ပွဲများလည်းပြီးဆုံးပြီဖြစ်သလိုရေပက်ရက်ကလည်းနောက်ဆုံး

ရက်ဖြစ်သဖြင့်အတက်နေ့ညကတော့တစ်ရွာလုံးမည်သည့်အိမ်မျှ

အိပ်လို့မရ။။အိပ်ပျော်နေပါကအိပ်ယာအတွင်းထိ ရေဝင်လောင်း

ကြခြင်းကြောင့်ဖြစ်သည်။။ လူပျိုများ၊အပျိုများ အစုလိုက် အဖွဲ့လိုက်

ည ၁၂ နာရီလောက်ထိ လိုက်လောင်းနေကြပြီး ၁၂ နာရီကျော်သွား

မှပင် ငြိမ်သက်သွားကြလေတော့သည်။။။
































နောက်နေ့ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ကာလသားခေါင်းကိုမြင့်ကိုနှင့်

အပျိုခေါင်း မခင်စီတို့ဦးစီးလျက် သက်ကြီးရွယ်အိုများကို အိမ်ပေါက်စိ

လိုက်ပြီး လက်သည်းညှပ်ပေးခြင်း၊ ခေါင်းလျော်ပေးခြင်း၊ အဘိုး၊အဘွား

တို့၏အဝတ်အစားများကိုလျော်ဖွတ်သန့်စင်ပေးခြင်းများကိုတပျော်

တပါးကြီးဆောင်ရွက်နေကြလေတော့၏။။ညနေ(၅)နာရီခန့်မှာတော့

ရွာဦးကျောင်းမှ သံဃာများမဏ္ဍပ်သို့ကြွရောက်လာပြီးဆရာတော်မှ သင်္ကြန်အပိတ်တရားကိုဟောကြားတော်မူသည်။။ပြီးနောက်အန္တရာယ်

ကင်းပရိတ်တရားတော်ကိုရွတ်ဖတ်ပေးတော်မူကြ၏။။ထို့နောက်ရေ

စက်ချပြီးသာဓုအနုမောဒနာခေါ်ဆိုကြပြီးနောက်သင်္ကြန်ပွဲကြီးပြီးဆုံး

လေပြီ။။ပရိတ်အိုးများ၊ဆန်ဗန်း၊သဲဗန်းများ၊ပရိတ်ချည်များကိုလာရောက်

ယူငင်ကြပြီးနောက်မိမိတို့အိမ်ခြံစည်းရိုးတလျောက်ဆန်ဖြူးခြင်း၊သဲဖြူး

ခြင်း၊အိမ်ကိုပရိတ်ချည်ဖြင့်ရစ်ပတ်ခြင်းများဆောင်ရွက်ကြ၏။။ ပြီးနောက်

ခြံတံခါးကိုဖွင့်ထားပြီးမီးပုံကြီးပုံကာသံပုံးများကိုဆူညံနေအောင်တီးခတ်

ကြလေတော့သည်။။မကောင်းဆိုးဝါးများကို တောထုတ်ခြင်းဖြစ်၏။။

ထို့နောက် ခြံတံခါးများကိုပိတ်ပြီး ပရိတ်ချည်ဖြင့် စည်းနှောင်ပိတ်လိုက်

တော့သည်။နှစ်သစ်ကိုအဆင်သင့်ကြိုဆိုပြီးဖြစ်လေပြီတည်း။ကိုမြင့်ကို

တို့ကာလသားအဖွဲ့ကတော့သင်္ကြန်အကြွင်းအကျန်များသိမ်းဆည်းခြင်း၊ မဏ္ဍပ်ကိုဖျက်သိမ်းခြင်းများကိုဆောင်ရွက်ရင်း ပြီးဆုံးသွားခဲ့ပြီးဖြစ်သော

သင်္ကြန်ကို တမ်းတမ်းတတဖြင့်မန်းတောင်ရိပ်ခိုသီချင်းကိုတညီတညာ

သံပြိုင်ဟစ်ကြွေးနေကြလေတော့၏။။။။။




(ပုံများကို အင်တာနက်မှ ကူးယူပါသည်။။)

လေးစားလျက်


အလင်းသစ်


8.4.2011


Tuesday, April 5, 2011

ကျနော့်လရောင်လေး


ကျနော့်ရဲ့လရောင်လေးကတော့

မိုင်လေးထာင်ကျော်အဝေးမှာပေါ့
ခုလောက်ဆို
ကျနော့်အကြောင်းတွေးချင်တွေးနေပါလိမ့်မယ်..
ဒါမှမဟုတ် ခရီးသွားဟန်လွှဲ
ရောက်တတ်ရာရာ သီချင်းလေးတွေ
ညည်းကောင်းညည်းနေနိုင်ပါတယ်...
သီချင်းညည်းနေရင်း ဖျတ်ကနဲ့
ကျနော့်စကားတွေကို သတိရပြီး
အပိုတွေ "ကိုအိုဗာတင်းကြီး" လို့
ရေရွတ်မိပါလိမ့်မယ်...

Monday, April 4, 2011

ကျွန်တော်လည်းလူပါ





"ဘဝသံသရာဒီခရီးမနီးလှပါလားအမေ။။သွားသာသွားနေရတယ်၊သားခံနိုင်ရည်တွေ

နည်းလွန်းလှပါပြီ။။။ရောက်နေတဲ့ဘဝတစ်ခုကနေအမေလှမ်းမြင်လှည့်ပါဦးတော့။။။"


မောင်ဦးတစ်ယောက်ဆာလောင်မွတ်သိပ်မှုကိုအံတုဖို့ရေတစ်ခွက်ကိုခပ်ယူလိုက်ရင်း
ကကွယ်လွန်သွားပြီဖြစ်သောအမေ့ကိုသတိရလိုက်မိသည်။။။အမေပေးခဲ့သော
ကျော်ကျော်ဦးဆိုသောသူ့နာမည်၊ဘယ်နေရာမှာမှမကျော်နိုင်၊မဦးနိုင်သောအဖြစ်
နှင့်သူ့ဘဝပုံရိပ်များမျက်လုံးကိုသာစုံမှိတ်ထားလိုက်မိတော့သည်။။။ရေတစ်ခွက်ကိုတ
ဂွပ်ဂွပ်မြည်အောင်သူသောက်လိုက်ပြီးတဲလေး၏လေကွယ်ရာထောင့်ဘက်မှာခွေခွေ
လေးသွားအိပ်နေလိုက်တော့သည်။။။တစ်နေကုန်ဘာမှမစားရသေးသောဝမ်းဗိုက်က

သူ၏အိပ်စက်ခြင်းကိုတားဆီးနေပြန်လေပြီ။။မောင်ဦးမျက်ရည်တွေတွေတွေကျရင်း
အမေရေဟုသာတမ်းတလိုက်မိတော့၏။သူလူမှန်းသိတတ်စတည်းကအမေနှင့်သား

အမိနှစ်ယောက်ကြုံရာနေရာမှာအဆင်ပြေသလိုနေလာခဲ့ကြတာဖြစ်သည်။အဖေ့အ
ကြောင်းကိုသူမသိ၊အမေကလည်းပြောမပြခဲ့။အမှိုက်ပုံများမှတန်ဖိုးရှိသောအမှိုက်များ
ကိုကောက်ယူပြီးပြန်လည်ရောင်းချလိုက်၊တောင်းရမ်းလိုက်ဖြင့်သူ့အသက်ကိုအမေ
ဆက်ပေးခဲ့တာဖြစ်သည်။။။အခုဆိုမောင်ဦးပင်၉ နှစ်အရွယ်သို့ရောက်ရှိနေလေပြီ။။။





သူ့ဘာသာသိတာတော့မဟုတ်အမေမဆုံးခင်ကပြောခဲ့သဖြင့်သူသိနေခြင်းဖြစ်သည်။
မောင်ဦးစာမတတ်၊ကျောင်းမတက်ဖူးခဲ့၊သူများတကာတွေကျောင်းတက်နေတာမြင်

တိုင်းကျောင်းတက်ချင်စိတ်တို့သူ့ဆီမှာတဖွားဖွားပေါ်ခဲ့သည်။။အမေ့ကိုပြောပြခဲ့
တော့လည်းအမေကပညာဆိုတာအမေတို့လူတန်းစားတွေအတွက်မဟုတ်ပါဘူး
သားရယ်ဟုသာပြောခဲ့၏။။။သူလည်းဆက်မပူဆာခဲ့မိ။။တစ်နေ့ထမင်းတစ်ကြိမ်ဝဝ
လင်လင်စားရလျှင်ပင်သူပျော်နေမိတာလေ။။ငတ်တလှည့်၊ပြတ်တလှည့်ဖြင့်ဘဝကို
ဖြတ်သန်းရင်းသူတို့ဒီတဲအိမ်လေးမှာအခြေကျခဲ့တာဖြစ်သည်။။ဘေးမှာကမြို့ထဲက
အမှိုက်တွေကိုလာလာပစ်သောအမှိုက်ပုံကြီးရှိနေပြီးအမှိုက်ရှားပါးသောအခါများမှာ
သူတို့သားအမိမြို့ထဲကဈေးကြီးရှေ့မှာသွားတောင်းကြသည်။ပုံမှန်ဖြတ်သန်းနေတဲ့
သားအမိ၂ယောက်ဘဝထဲကံဆိုးမိုးမှောင်ကျခဲ့တာကတော့အမေအမှိုက်ကောက်ရင်း
မှသံပြားကြီးကိုနင်းမိပြီးသံဆူးဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ထိုဒဏ်ရာဖြင့်အမေအသည်း

အသန်ဖျားခဲ့သည်။။ကုသပေးဖို့ဆေးဖိုးဝါးခကမရှိ၊ယုတ်စွအဆုံးမြန်မာဆေးပင်ဝယ်
ပေးဖို့ငွေမရှိခဲ့။။။ထိုဒဏ်ရာ၊ထိုအဖျားဒဏ်ကြောင့်ပင်သံဆိပ်တက်၊မေးခိုင်ပိုးဝင် စုံလင်လှသောအကြောင်းများဖြင့်အမေသူ့ကိုတစ်ယောက်တည်းထားသွားခဲ့
တော့၏။။အမှိုက်ပုံ၏ဟိုဘက်သင်းချိုင်းထဲအမေ့ကိုမြေချတော့အမေ့အသိတချို့
ကောင်းမှုကြောင့်သာသရဏဂုံတင်ဖို့သံဃာတစ်ပါးကြွရောက်ပေးခဲ့တာဖြစ်သည်။



သူ့ဘာသာဆိုလျှင်အမေ့ကိုသရဏဂုံပင်တင်ပေးနိုင်ပါ့မလားမသိ။။အမေ့စိတ်ဖြင့်

သူနေမကောင်းဖြစ်ပြီးအိပ်ယာထဲလဲနေခြင်းဖြစ်သည်။တောင်မင်းကမြောက်မင်းကို

မကယ်နိုင်သောလူတန်းစားတွေမို့သူ့ကိုကူညီစောင်မမည့်သူမရှိ။။သူဒီတိုင်းနေလို့

မဖြစ်တော့အမှိုက်ပုံမှာလျောက်ဖွပြီးမကောက်နိုင်လျှင်တောင်မနက်ဖြန်တော့
ဈေးကြီးအတွင်း တောင်းရမ်းစားသောက်မှဖြစ်တော့မည်ဟုတွေးလိုက်ရင်း၊ရေအိုးထဲ

မှရေတစ်ခွက်ကိုထပ်သောက်လိုက်သည်။။ထို့နောက်မှာတော့ပုဆိုးစုတ်လေးခြုံပြီး အားတင်းအိပ်လိုက်လေတော့သည်။။။








"အမကြီးရယ်သားထမင်းမစားရတာ၃ရက်လောက်ရှိပါပြီ။။သားနေလဲမကောင်းလို့

သားကိုထမင်းဖိုးလေးစွန့်ကြဲပါဗျာ။။။"
မောင်ဦးအသံယဲ့ယဲ့လေးဖြင့်ပြောရင်းဝတ်ကောင်းစားလှများဝတ်ထားသောအကိုကြီး
နှင့်အမကြီးစုံတွဲနားသို့ကပ်ပြီးတောင်းလိုက်မိသည်။။အကိုကြီးကသူ့ကိုတွန်းထုတ်

လိုက်ပြီးသွားသွားဟုသူ့ကိုမောင်းထုတ်သည်။ပြီးတော့စားလက်စနန်းကြီးခေါက်ဆွဲ
သုတ်ကိုဆက်ပြီးစားနေ၏။မောင်ဦးဆာလောင်မှုနှင့်အတူဝမ်းနည်းမှုပါပေါင်းပြီးမျက်
ရည်တို့ဝေ့သီလာသည်။ပြီးမှထပ်ကပ်သွားပြီး
"အကိုကြီးရယ်သားတကယ်ဘာမှမစားရသေးလို့ပါသားကိုထမင်းဖိုးလေးစွန့်ကြဲပါ
အကိုကြီးရယ်။။"


လက်အုပ်လေးချီပြီးတောင်းနေသောသူ့ကိုထိုအကိုကြီးကဒါသမျက်နှာဖြင့်လှည့်
ကြည့်လာပြီးသူ့ရင်ဘတ်သို့အားပြင်းပြင်းဖြင့်ဆောင့်တွန်းပစ်လိုက်သည်။။သူ
ထိတ်လန့်သွားပြီးကြောင်တောင်တောင်ကြည့်နေစဉ်မှာပင်
"ဟေ့စားပွဲထိုးတွေမင်းတို့ဆိုင်ကဘာလဲစားသုံးသူကိုဒီတိုင်းထားရလားသူတောင်း
စားတွေဆိုင်ထဲအဝင်ခံရလား။။။ခုလာမောင်းထုတ်စမ်း။။"
ဟုအသံကျယ်ကြီးဖြင့်အော်ပြောသံကြားလိုက်ရသည်။စားပွဲထိုးများအပြေးရောက်
လာတာတွေ့လိုက်ရသည်။။
"အလကားကောင်တွေမိမစစ်၊ဖမစစ်နဲ့မွေးချင်သလိုမွေးပြီးမိဘကလုပ်မကျွေးနိုင်
တော့တောင်းစားတဲ့အတတ်ကိုသင်ပေးထားတယ်ပေါ့ဟုတ်လား။။။ဟေ့ကောင်လေး
ပြောစမ်းမင်းကိုဘယ်သူကခိုင်းတာလဲ။မင်းတောင်းလို့ရသမျှကိုဘယ်သူ့ဆီပြန်
အပ်ရတာလဲ။။။ဟေ့ကောင် မေးနေတယ်လေ။။။"
မောင်ဦးကြောက်လွန်းသဖြင့်တုန်နေလေပြီ၊ ဘေးမှအမကြီးက
"ကိုရယ်မပေးချင်လဲမပေးဘူးပဲပြောလိုက်ပြီးနေတာကိုအလကားဒေါသထွက်နေ
တယ်။ခဗျာလည်းကြောက်လွန်းလို့တုန်နေရှာပြီ။။သွားတော့ကောင်လေး၊ရော့ရော့။။"
ဟုပြောပြီးငါးဆယ်တန်အနွမ်းလေးကိုကမ်းပေးသည်။။။အကိုကြီးကချက်ချင်းပင်ထို
အမကြီး၏လက်ကိုပုတ်ချပြီး
"ခင်ဘာလို့အဆိပ်ပင်ရေလောင်းလုပ်နေရတာလဲ။။မပေးနဲ့ဒီကောင်တွေနောက်မှာ ကြိုးကိုင်တဲ့သူရှိတယ်၊သူတောင်းစားလုပ်တာတောင်မှလုပ်ငန်းကြီးတစ်ခုလိုလုပ်နေ
ကြတာ လုံးဝမပေးနဲ့။။။"
အမကြီးကလည်းလွန်ဆန်နိုင်ပုံမရ။။မောင်ဦးရှင်းပြဖို့ကြိုးစားချင်ပေမယ့်အသံက
ထွက်မလာ။မျက်ရည်တွေသာပါးပြင်ပေါ်စီးကျလာ၏။။။မောင်းထုတ်လိုက်စမ်းကွာ
ဆိုသောအသံဆိုးကြီးအောက်မှာသူ့ခံနိုင်ရည်စွမ်းတို့ပျောက်ရှခဲ့လေပြီ။။။ထိုနေရာ
မှအမြန်ဆုံးပျောက်ကွယ်သွားချင်စိတ်ဖြင့်သူပြေးထွက်လာခဲ့လိုက်တော့သည်။။
"ကျွီးးးးးးးးးးးးးးး"
"ဟကောင်လေးမသာပေါ်ချင်လို့လား..=+-x//***xx==။။။မင်းသေတာကအရေး
မကြီးဘူး ငါထောင်ကျမှာ နားလည်လား။။။"
မကြည့်ပဲဖြတ်ကူးမိသဖြင့်မောင်းဝင်လာသောကားကိုမမြင်မိလိုက်။။။ဘရိတ်ကို
အချိန်မှီအုပ်နိုင်သဖြင့်မတိုက်မိပေမယ့်အရှိန်၂ခုပေါင်းနဲ့မို့သူဘေးကိုလွှင့်ထွက်
သွားတာပါ။။ဒူးခေါင်းဆီမှသွေးများစီးကျလာသည်။။။နာကျင်မှုကြောင့်မျက်ရည်
များစီးကျလာပေမယ့်၊မင်းသေတာကအကြောင်းမဟုတ်ဘူးဆိုတဲ့ကားဆရာရဲ့
စကားမှာသူ့စကားတွေထပ်မံဆွံ့အခဲ့ရပြန်လေပြီ။။နာကျင်မှုကိုအံတုရင်းသူထော့
နင်းထော့နင်းနှင့်ပင်တဲထဲသို့ပြန်ရောက်လာခဲ့သည်။။။ဘာကိုမှလုပ်ချင်စိတ်မရှိ
တော့၊လုပ်နိုင်စွမ်းလည်းမရှိတော့၊လုပ်ဖို့ခွန်အားလည်းမကျန်တော့ပဲတဲလေး
အတွင်းလဲကျသွားလေတော့သည်။။။။။












"အမေသားကိုလာခေါ်တာလားဟင်။။သားလိုက်မယ်အမေ။။ဟင့်အင်းသားမနေ
ချင်တော့ပါဘူးအမေရယ်။။သားအမေနဲ့ပဲလိုက်ခဲ့တော့မယ်နော်။သားလေအမေ
သွားတည်းကထမင်းမစားရသေးတာအမေရ။ဒီနေ့ဆို၅ရက်လောက်ရှိပြီ။သားမှာ
အားလည်းမရှိတော့ဘူးအမေ။အမှိုက်လည်းမရှာနိုင်တော့ဘူး။တောင်းစားတော့
လည်းသားကိုဘယ်သူမှမသထာကြဘူး။။။ပြီးတော့ပြောကြသေးတယ်အမေသား
သေတာကအရေးမကြီးဘူးသူထောင်ကျလိမ့်မယ်တဲ့။။အမေရေ..သားတို့လူတန်း
စားရဲ့အသက်ကလည်းတခြားသောလူတန်းစားတွေနဲ့မတူပြန်ဘူးလားအမေရယ်။
သားအမေနဲ့ပဲလိုက်ခဲ့တော့မယ်နော်။။။"









ဒူးခေါင်းဆီမှဒဏ်ရာအရှိန်၊အစာရေစာငတ်မွတ်ခြင်းကြောင့်အားအင်ကုန်ခမ်းနေမှု၊
အနာရှိန်နှင့်တက်လာသောအဖျားအကြောင်းတရားတွေပေါင်းစုမှုရဲ့အကျိုးက
နောက်တစ်နေ့နံနက်ချိန်မှာကျော်ကျော်ဦးဆိုတဲ့မောင်ဦးတစ်ယောက်လူ့လောက

အလယ်ကကွယ်ပျောက်ခဲ့ရတာပဲဖြစ်လေတော့သည်။။။




လေးစားလျက်
အလင်းသစ်
4.4.2011