တကယ်ဆို ...
သံယောဇဉ်ကို ချဉ်ခြင်းဖြတ်တာပဲလေ
ချစ်ခြင်း၊မုန်းခြင်းဟာ ကိုယ်နဲ့ပဲသက်ဆိုင်ရမှာပေါ့
သံသရာဟာ လက်ယာရစ်လည်သတဲ့
ချည်နှောင်ထားတဲ့ကြိုးတွေကို မေ့ပစ်ခဲ့ချင်တယ်။
ဒီနွေကတော့ ဆိုးဆိုးရွားရွားဖောက်ပြန်နေလေရဲ့
မိုးရိပ်တွေ ကောင်းကင်တစ်ခုလုံးမှာညို့လို့
ကိုယ့်မှာ အဲဒီမြို့ကိုမမြင်ခဲ့ရဘူး။
မုတ်သုန်ရေ ...
ကိုယ့်ရဲ့နွေရာသီကို လက်ရာမပျက်ပြန်ပေးပါ
ကျိန်စာတွေနဲ့ ယတြာချေမပစ်ခင်မှာ
ကိုယ့်ရဲ့နွေရာသီစစ်စစ်ကိုပဲ ပြန်အပ်ခဲ့ပါ
ဟောဒီအတ္တကြီးတဲ့ လူ့အန္ဓက
ပူလောင်ခြင်းကိုမှ ထူးထူးခြားခြားတပ်မက်ပြနေသတဲ့။
အလျော်အစားအတွက်ကတော့ သံသရာကြွေးလို့မှတ်ပါ
ကိုယ့်မှာ ပေးဆပ်စရာများတယ်
တကယ်ကလည်း ...
အလွမ်းဆိုတာ စပ်ဖျင်းဖျင်းမိတ်ဖုတွေပါပဲ
ဝဋ်နာ၊ ကံနာရပ်ဝန်းထဲက
မုတ်သုန်ခိုးထားတဲ့ ကိုယ့်မြို့လေးကိုပဲပြန်ပေးခဲ့ပါ။
မောင်စိုးမင်း
22.6.2014(SUNDAY)
သံယောဇဉ်ကို ချဉ်ခြင်းဖြတ်တာပဲလေ
ချစ်ခြင်း၊မုန်းခြင်းဟာ ကိုယ်နဲ့ပဲသက်ဆိုင်ရမှာပေါ့
သံသရာဟာ လက်ယာရစ်လည်သတဲ့
ချည်နှောင်ထားတဲ့ကြိုးတွေကို မေ့ပစ်ခဲ့ချင်တယ်။
ဒီနွေကတော့ ဆိုးဆိုးရွားရွားဖောက်ပြန်နေလေရ
မိုးရိပ်တွေ ကောင်းကင်တစ်ခုလုံးမှာညို့လို့
ကိုယ့်မှာ အဲဒီမြို့ကိုမမြင်ခဲ့ရဘူး။
မုတ်သုန်ရေ ...
ကိုယ့်ရဲ့နွေရာသီကို လက်ရာမပျက်ပြန်ပေးပါ
ကျိန်စာတွေနဲ့ ယတြာချေမပစ်ခင်မှာ
ကိုယ့်ရဲ့နွေရာသီစစ်စစ်ကိုပဲ ပြန်အပ်ခဲ့ပါ
ဟောဒီအတ္တကြီးတဲ့ လူ့အန္ဓက
ပူလောင်ခြင်းကိုမှ ထူးထူးခြားခြားတပ်မက်ပြနေသတဲ့။
အလျော်အစားအတွက်ကတော့ သံသရာကြွေးလို့မှတ်ပါ
ကိုယ့်မှာ ပေးဆပ်စရာများတယ်
တကယ်ကလည်း ...
အလွမ်းဆိုတာ စပ်ဖျင်းဖျင်းမိတ်ဖုတွေပါပဲ
ဝဋ်နာ၊ ကံနာရပ်ဝန်းထဲက
မုတ်သုန်ခိုးထားတဲ့ ကိုယ့်မြို့လေးကိုပဲပြန်ပေးခဲ့ပ
မောင်စိုးမင်း
22.6.2014(SUNDAY)
ဝဋ်နာ၊ ကံနာရပ်ဝန်းထဲက
ReplyDeleteမုတ်သုန်ခိုးထားတဲ့ ကိုယ့်မြို့လေးကိုပဲပြန်ပေးခဲ့ပါ။
စကားလုံးလေးတွေသုံးသွားပုံကိုတော့ တကယ်လေးစားတယ် အလင်းရေ
ဒီကဗျာလေးကို မိုးတွေရွာ ရေတွေလျှံနေတဲ့ အချိန်ခါမှာမှလာဖတ်မိတယ်း)
ReplyDeleteအကိုလည်း နွေရာသီကို ပြန်တောင်းချင်ပြီ ထင်ပါရဲ့ .. :P
Deleteငါ့ဘလော့မှာလုံးဝတက်မလာဘူးနင့်လင့်ခ်က ဘိုလုပ်ရမလဲ
ReplyDeleteကျွန်တော်လည်း သိဘူးရယ် ... ဘာကြောင့်မှန်းကို ...
Delete