ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Thursday, November 1, 2012

ပဋိပက္ခ



ကိုယ့်အတွက် အထွဋ်အမြတ်ဆုံးအရာက
သူမအတွက် အပိုဖြစ်နေတဲ့ခဏ
ကျွန်တော့်ရင်ထဲမှာ တတိယကမ္ဘာစစ်စတယ်။။

ခေတ်နဲ့အညီ ဆန္ဒပြခွင့်မရှိတဲ့ဘဝမို့
ရင်ဘတ်ရဲ့ဘယ်ဘက်တံတိုင်းက ဦးခေါင်းဆီ
လက်နက်ချလိုက်ရ။။

သူမနဲ့ကျွန်တော့်ကြားမှာ မာနဆိုတာ
မပေါက်ကွဲသေးတဲ့ တတိယမြောက် အနုမြူဗုံး
သူရဲကောင်းဆန်တဲ့ အပြုံးနဲ့
နှလုံးသားကို အနားပေးလိုက်တယ်။။

မချိပြုံးတွေရဲ့နောက်ကွယ်က
 လေဖိအားမဲ့ရပ်ဝန်းတွေအကြောင်းအထိတော့
သူမကို မသိစေတော့ပါဘူး။။

တကယ်ဆို...
မာနတွေနဲ့တိုင်းတာလို့
ဝင်ရိုးစွန်း နှစ်ဖက်လိုဝေးခဲ့ကြောင်း
သူမကောင်းကောင်း သိသင့်တယ်။။

ပြဒါးတစ်လမ်း၊သံတစ်လမ်း ယုံကြည်ချက်တွေနဲ့ဆိုတော့လည်း
အားယူငုံခဲနေတဲ့ ချစ်ခြင်းက
ခံယူချက်ယစ်မင်းရဲ့ နတ်စာဖြစ်သွားခဲ့။။

အခုတော့...
သူမ မှားခဲ့သလို
ကျွန်တော်လည်း မှားနေတုန်းမို့
နင့်နင့်နဲနဲပြုံးလိုက်တိုင်းမှာ မျက်လုံးအရောင်တွေကမှိုင်းတယ်။။ 



လေးစားလျက်
အလင်းသစ်

5 comments:

  1. ကောင်းတဲ့ ကဗျာလေးကို အားပေးသွားတယ်။

    ReplyDelete
  2. အခုတော့...
    သူမ မှားခဲ့သလို
    ကျွန်တော်လည်း မှားနေတုန်းမို့
    နင့်နင့်နဲနဲပြုံးလိုက်တိုင်းမှာ မျက်လုံးအရောင်တွေကမှိုင်းတယ်။။
    .............
    ခံစားချက်တွေပျော်ဝင်နေတယ်အလင်း
    ခံစားမိတယ်

    ReplyDelete
  3. ကိုယ့်အတွက် အထွဋ်အမြတ်ဆုံးအရာက
    သူမအတွက် အပိုဖြစ်နေတဲ့ခဏ
    ကျွန်တော့်ရင်ထဲမှာ တတိယကမ္ဘာစစ်စတယ်။။

    ခေတ်နဲ့အညီ ဆန္ဒပြခွင့်မရှိတဲ့ဘဝမို့
    ရင်ဘတ်ရဲ့ဘယ်ဘက်တံတိုင်းက ဦးခေါင်းဆီ
    လက်နက်ချလိုက်ရ။။

    သူမနဲ့ကျွန်တော့်ကြားမှာ မာနဆိုတာ
    မပေါက်ကွဲသေးတဲ့ တတိယမြောက် အနုမြူဗုံး
    သူရဲကောင်းဆန်တဲ့ အပြုံးနဲ့
    နှလုံးသားကို အနားပေးလိုက်တယ်။။

    မချိပြုံးတွေရဲ့နောက်ကွယ်က
    လေဖိအားမဲ့ရပ်ဝန်းတွေအကြောင်းအထိတော့
    သူမကို မသိစေတော့ပါဘူး။။


    အရမ်းကြိုက်တယ် အလင်းရေ...
    အစဆုံးအပိုဒ်လေးကို အကြိုက်ဆုံးပဲ...
    အားရပါးရအားပေးခဲ့ပါတယ်
    ဆက်လက်ထုဆစ်နိုင်ပါစေလို့ ဆုမွန်ခြွေခဲ့ကြောင်းပါ.
    ခင်မင်နေတဲ့..မိုးနတ်

    ReplyDelete
  4. အခုတော့...
    သူမ မှားခဲ့သလို
    ကျွန်တော်လည်း မှားနေတုန်းမို့
    နင့်နင့်နဲနဲပြုံးလိုက်တိုင်းမှာ မျက်လုံးအရောင်တွေကမှိုင်းတယ်။။


    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။