ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Thursday, November 8, 2012

ကုလား... ကာ


ကျုပ်လေ....
အဖြူစင်ဆုံးကို လိုချင်လို့
မှန်ထောင်ပြီး ပြုံးကြည့်တယ်
ဒါလည်း...စိတ်ကျေနပ်မှု မရှိခဲ့ဘူး။။

မနက်ခင်းကို ဝံ့ဝံ့စားစားကြိုချင်တာပေါ့
ဒါပေမယ့်...ခက်တယ်
ကျုပ်အခုထိ ညခင်းကိုမဖြတ်ချင်သေးဘူး
ရိုးသားမှုကို အရင်ရှာပေးဖို့လိုမယ်။။

အများပြောတဲ့ အမှန်တရားက
ကျုပ်လက်ခံတဲ့ အမှားတွေနဲ့ ငြိစွန်းတယ်
ခါးခါးသီးသီး ငြင်းပါရစေ။။

ကျုပ်ကလည်း လူတစ်မျိုး
မင်းမှားတယ်ဆိုမှ
မှန်ကြောင်းကို သက်သေပြချင်တဲ့သူ။။

စွမ်းနိုင်သလောက်တော့ ရိုးသားခဲ့တယ်
မနက်ဖြန်တွေက မှန်းရခက်တော့
တစ်ဖက်သတ် အဆံချောင်နေတဲ့
သူသိ၊သူတတ်ကောင်တွေကို ရှောင်ယုံပေါ့။။

ခေတ်ကိုကလည်း ဆိုးပါတယ်
မိုးခါးရေကို သကြားခပ်တိုက်သတဲ့
ကျုပ်ကတော့...
ချိုချိုခါးခါး "ကျွဲ"ကို " နွား"လို့မဖတ်နိုင်ဘူး။။


လေးစားလျက်
အလင်းသစ်



8 comments:

  1. ကျွဲကို နွားလို့ မဖတ်ပါနဲ့ဗျား)
    ကဗျာကောင်းလေးကို လေးစားအားကျစွာဖတ်ရှုခဲ့ပါတယ်

    ReplyDelete
  2. ဖေ့စ်ဘွတ်မှာတစ်ခါ သဘောကျပြီးသားနော် အစ်ကိုကြီး..။ ထပ်ပြီးသဘောကျသွားတယ်.။

    ReplyDelete
  3. ဒါဆိုဘိုဖတ်ရမလဲ ဆြာာာာား)
    ကုလားကာဟာ ကုလားကာဘဲပေါ့း)))

    ဂျာရစ်

    ReplyDelete
  4. ကဗျာလေးက သိပ်ကောင်းတယ်
    အဓိပ္ပါယ်လဲ ရှိတယ်။
    အင်း ကုလား ကာကို လေးစားသမှုနဲ့ နာမည်ပြောင်းခေါ်ဖို့တော့ မဖြစ်နိုင်ပါဘူး
    တစ်သက်လုံးက ဒီနာမည် ခေါ်လာတာဘဲဟာ..

    ReplyDelete
  5. အရင်တုံးက တော့ အဲ့ဒါကြီးကို ကုလားတွေ ဆွဲရတာ ဖြစ်မှာ
    ဒါကြောင့်အလွယ်တကူ ကုလားကာ လို့  ခေါ်တာဖြစ်မယ်

    ReplyDelete
  6. “ တစ်ဖက်သတ် အဆံချောင်နေတဲ့
    သူသိ၊သူတတ်ကောင်တွေကို ရှောင်ယုံပေါ့။။”

    မှန်လိုက်တာ..
    ထပ်တူထပ်မြတ်ပါပဲ...
    ဖိုက်တင်း...

    ReplyDelete
  7. ဟုတ်တယ် ချိုချိုခါးခါး ကျွဲကိုတော့ နွားလို့ မဖတ်နိုင်ဘူး...

    ReplyDelete
  8. ကျုပ်ကလည်း လူတစ်မျိုး
    မင်းမှားတယ်ဆိုမှ
    မှန်ကြောင်းကို သက်သေပြချင်တဲ့သူ။။

    စွမ်းနိုင်သလောက်တော့ ရိုးသားခဲ့တယ်
    မနက်ဖြန်တွေက မှန်းရခက်တော့
    တစ်ဖက်သတ် အဆံချောင်နေတဲ့
    သူသိ၊သူတတ်ကောင်တွေကို ရှောင်ယုံပေါ့။။

    ဒီအပိုဒ်လေးကို ကြိုက်တယ် :))



    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။