ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Sunday, June 23, 2013

" အိပ်မက် ထောင့်ချိုး "



ဖျတ်ခနဲ့ ကွေးသွားတဲ့
သုဘဒ္ဒါရဲ့ နှုတ်ခမ်းဖျားဟာ
ဘယ်အမှားရဲ့ သင်္ကေတပါလိမ့်ကွယ်
ရင်ဘတ်နှစ်ခုစာ တဖြည်းဖြည်း
ဝေးကွာခဲ့ကြရ ။။

တရှိုက်မက်မက် တမ်းတမိတဲ့
အဲဒီ... နှုတ်ခမ်းလေးကပဲ
ရိုမီယိုကို ဓားရိုးကမ်းတဲ့အကြောင်း
မျက်စိမပါလို့
ကိုယ်ကောင်းကောင်းမသိခဲ့ပါဘူး ။။