အပိုင်း(၁)
"ဟဲ့ မောင်ပေါ်။။ မောင်ပေါ်။။။"
ဒေါ်ထွေးညွန့်တစ်ယောက် အိမ်ပေါ်ထပ်မှနေ၍ ကွမ်းအစ်ကို ကွမ်းညှပ်ဖြင့်ခေါက်ပြီး အော်ခေါ်လိုက်သည်။။။ အိမ်အောက်ထပ်မှ မြေတလင်းပေါ်ဖျာခင်းပြီး နှီးထိုင်သင်နေသည့်
ဦးပေါ်က အိမ်ပေါ်လှမ်းကြည့်ပြီး ဗျာ အမေဟုထူးလိုက်၏။။။
"ငါ့သားတွေ သမီးတွေ အကုန်လုံးကို ဒီညနေငါ့ဆီ ခေါ်ခဲ့စမ်းချေ။။
ကြားလားဟဲ့။။"
ဟုတ်ကဲ့ပါအမေရဟု ဦးပေါ်က လှမ်းပြောလိုက်ပြီး နှီးကိုဆက်သင်နေ
လိုက်သည်။။။
"ဟဲ့ သွားမယ်ဆို ခုသွားလေ။။ ဖင်လေးတာ နှေးဖင့်တာလောက် ငါမကြိုက်တာမရှိဘူး။။။"
အသက်ကြီးလှပြီမို့ စိတ်တိုင်းမကျလွန်းသော အမေဖြစ်သူအကြောင်း
သိသဖြင့် ဦးပေါ်က ခုသွားပြီအမေရ ဟုပြောရင်း အိမ်ထဲမှ
လှမ်းထွက်လိုက်တော့သည်။။။ ဦးပေါ်ကအိမ်စေ့လိုက်ပြောထားသဖြင့် ညနေရောက်တော့ အမကြီးမစိန်ရီ အလတ်ကောင်မောင်သော်
အလတ်မ မငွေရီနှင့် အငယ်မ မရွှေရီတို့ အစုံအညီ၊အလျှိုလျှို ရောက်လာကြ၏။။။
"အမေ့သား၊သမီးတွေ စုံပြီအမေ။။"
ဒေါ်ထွေးညွန့်ကအသက် ၇၀ နီးလေပြီမို့ အကြီးဆုံးသားဦးပေါ်ကပင် ၅၀ နားသို့ကပ်နေလေပြီ။။။ သားသမီးအားလုံးကလည်း အိမ်ထောင်
ကိုယ်စီနဲ့မို့ အိမ်ခွဲနေကြတာဖြစ်၏။ ဒေါ်ထွေးညွှန့်က ခင်ပွန်းဖြစ်သူ
ဦးစံထွန်းကွယ်လွန်ကတည်းက သားကြီးဖြစ်သော ဦးပေါ်အိမ်မှာ
လာရောက် နေထိုင်နေခြင်းဖြစ်သည်။။။
"အေးကွယ် မင်းတို့များရဲ့ကျေးဇူးရှင်ကြီးလည်းကွယ်လွန်တာ
ကြာပေါ့။။ငါ့မလဲကိုယ့်နောက်မပါမယ့်ပစ္စည်း ဥစ္စာတွေကိုဖက်တွယ်
မနေလိုတော့ပါဘူးကွယ်။။ အဲဒီတော့မင်းတို့များရဲ့သားသမီး
ငါ့မြေးလေးတွေကို သာသနာ့ဘောင်သွပ်သွင်းပြီး ကုသိုလ်ယူမဟဲ့။။
အဲဒီတော့ မောင်ပေါ်နဲ့ မစိန်ရီကဦးဆောင်ချေကွယ်။။။ ငါမသေခင်
အလှူကြီးတစ်ခုကိုရေစက်ချလိုတယ်။။ ကြားလား။။"
"ဟုတ်ကဲ့ပါအမေ။။"
သား၊သမီးတွေရဲ့ သံပြိုင်ဖြေဆိုသံကြားလိုက်ရတော့ ဒေါ်ထွေးညွန့်
မျက်နှာ ပြုံးသွားပြီး၊ချက်ချင်းပြန်ညှိုးငယ်သွားရှာပြန်သည်။။ ခုလို မိသားစုသိုက်သိုက်ဝန်းဝန်းတွေ့ရတိုင်းသွားလေသူကိုသတိရတတ်
လွန်းတဲ့သူ့စိတ်ကိုလည်းထိန်းလို့ဖြင့်မရနိုင်သေး။။။ ခုလည်း
အလှူကြီးတစ်ခုလုပ်ဖို့ အတွေးပေါ်လာချိန်မှာ သွားလေသူကို
ရှိစေချင်သည်မဟုတ်လား။။
ဒေါ်ထွေးညွန့်တစ်ယောက် အိမ်ပေါ်ထပ်မှနေ၍ ကွမ်းအစ်ကို ကွမ်းညှပ်ဖြင့်ခေါက်ပြီး အော်ခေါ်လိုက်သည်။။။ အိမ်အောက်ထပ်မှ မြေတလင်းပေါ်ဖျာခင်းပြီး နှီးထိုင်သင်နေသည့်
ဦးပေါ်က အိမ်ပေါ်လှမ်းကြည့်ပြီး ဗျာ အမေဟုထူးလိုက်၏။။။
"ငါ့သားတွေ သမီးတွေ အကုန်လုံးကို ဒီညနေငါ့ဆီ ခေါ်ခဲ့စမ်းချေ။။
ကြားလားဟဲ့။။"
ဟုတ်ကဲ့ပါအမေရဟု ဦးပေါ်က လှမ်းပြောလိုက်ပြီး နှီးကိုဆက်သင်နေ
လိုက်သည်။။။
"ဟဲ့ သွားမယ်ဆို ခုသွားလေ။။ ဖင်လေးတာ နှေးဖင့်တာလောက် ငါမကြိုက်တာမရှိဘူး။။။"
အသက်ကြီးလှပြီမို့ စိတ်တိုင်းမကျလွန်းသော အမေဖြစ်သူအကြောင်း
သိသဖြင့် ဦးပေါ်က ခုသွားပြီအမေရ ဟုပြောရင်း အိမ်ထဲမှ
လှမ်းထွက်လိုက်တော့သည်။။။ ဦးပေါ်ကအိမ်စေ့လိုက်ပြောထားသဖြင့် ညနေရောက်တော့ အမကြီးမစိန်ရီ အလတ်ကောင်မောင်သော်
အလတ်မ မငွေရီနှင့် အငယ်မ မရွှေရီတို့ အစုံအညီ၊အလျှိုလျှို ရောက်လာကြ၏။။။
"အမေ့သား၊သမီးတွေ စုံပြီအမေ။။"
ဒေါ်ထွေးညွန့်ကအသက် ၇၀ နီးလေပြီမို့ အကြီးဆုံးသားဦးပေါ်ကပင် ၅၀ နားသို့ကပ်နေလေပြီ။။။ သားသမီးအားလုံးကလည်း အိမ်ထောင်
ကိုယ်စီနဲ့မို့ အိမ်ခွဲနေကြတာဖြစ်၏။ ဒေါ်ထွေးညွှန့်က ခင်ပွန်းဖြစ်သူ
ဦးစံထွန်းကွယ်လွန်ကတည်းက သားကြီးဖြစ်သော ဦးပေါ်အိမ်မှာ
လာရောက် နေထိုင်နေခြင်းဖြစ်သည်။။။
"အေးကွယ် မင်းတို့များရဲ့ကျေးဇူးရှင်ကြီးလည်းကွယ်လွန်တာ
ကြာပေါ့။။ငါ့မလဲကိုယ့်နောက်မပါမယ့်ပစ္စည်း ဥစ္စာတွေကိုဖက်တွယ်
မနေလိုတော့ပါဘူးကွယ်။။ အဲဒီတော့မင်းတို့များရဲ့သားသမီး
ငါ့မြေးလေးတွေကို သာသနာ့ဘောင်သွပ်သွင်းပြီး ကုသိုလ်ယူမဟဲ့။။
အဲဒီတော့ မောင်ပေါ်နဲ့ မစိန်ရီကဦးဆောင်ချေကွယ်။။။ ငါမသေခင်
အလှူကြီးတစ်ခုကိုရေစက်ချလိုတယ်။။ ကြားလား။။"
"ဟုတ်ကဲ့ပါအမေ။။"
သား၊သမီးတွေရဲ့ သံပြိုင်ဖြေဆိုသံကြားလိုက်ရတော့ ဒေါ်ထွေးညွန့်
မျက်နှာ ပြုံးသွားပြီး၊ချက်ချင်းပြန်ညှိုးငယ်သွားရှာပြန်သည်။။ ခုလို မိသားစုသိုက်သိုက်ဝန်းဝန်းတွေ့ရတိုင်းသွားလေသူကိုသတိရတတ်
လွန်းတဲ့သူ့စိတ်ကိုလည်းထိန်းလို့ဖြင့်မရနိုင်သေး။။။ ခုလည်း
အလှူကြီးတစ်ခုလုပ်ဖို့ အတွေးပေါ်လာချိန်မှာ သွားလေသူကို
ရှိစေချင်သည်မဟုတ်လား။။
အပိုင်း(၂)
ဦးပေါ်တစ်ယောက် သားနှစ်ယောက်နှင့်တူများကိုဦးဆောင်လျက် ရွာဦးကျောင်းဆီသို့ထွက်လာခဲ့လိုက်သည်။။။ပြီးခဲ့တဲ့သီတင်းပတ်က အမေ့ဆန္ဒကိုသိရပြီး မောင်နှမတွေ စုပေါင်းတိုင်းပင်ကြကာ အလှူရက်ကို တန်ခူးလဆန်း ၄ ရက်နေ့ဟုသတ်မှတ်လိုက်ကြ၏။
ရွာဦးကျောင်းဆရာတော်ကလည်း ထိုရက်ကိုခွင့်ပြုခဲ့ပြီး ကလေးများအားကျောင်းသို့ စေလွှတ်ရန်ပြောကြားထားသဖြင့် ယနေ့လိုက်ပို့ခြင်းဖြစ်သည်။။ ကျောင်းရောက်တော့ ဘုရားခန်းသို့
ဦးတိုက်ရှိခိုးလိုက်ပြီးမှ ဆရာတော်အားရှိခိုးဦးတိုက်လိုက်သည်။။
"ဒကာကြီးကိုပေါ်တောင်ရောက်မှကိုး။။ မောင်ရင်လောင်းက ဘယ်နှစ်ပါးလဲကွဲ့။။"
"တင်ပါ့ တပည့်တော်သားအကြီးကောင်နဲ့ စိန်ရီ့သားအကြီးကောင်က ဦးပဇင်းတက်မယ့်ပဇင်းလောင်းပါဘုရား။။ ကျန်တဲ့ ၈ ယောက်ကတော့
မောင်ရင်လောင်းတွေပါဘုရား။။"
ဦးပေါ်ကဆရာတော့်အမေးကို သေချာရှင်းပြတင်လျောက်လိုက်သည်။။
"အေးကွယ် အလှူကိုဘယ်လိုလုပ်မယ်လို့ စီစဉ်ထားကြလဲကွဲ့။။"
"တင်ပါ့ တပည့်တော်တို့ကတောသူတောင်သားတွေမို့ ပကာသနကို
မက်လှတယ်တော့မဟုတ်ပါဘူးဘုရား။။ သို့ပေမင့် အမေ့ပစ္စည်းတွေ
ထုခွဲလို့ရလာတာက မနည်းသဟာမို့ရှေးအစဉ်လာမပျက် သားရှင်ပြု
ပွဲလေးတော့ဖြစ်ချင်ပါတယ်ဘုရား။။ ဒါကြောင့်ဆိုင်းဝိုင်းနဲ့ရှင်လောင်း
လှည့်လေးပါ ထည့်ချင်ပါတယ်ဘုရား။။"
"အေးကွယ်..အလှူဆိုရာမယ် စိတ်ထားမြတ်ဖို့သာအဓိကမို့ ပကာသန
တွေမလိုလှပါဘူး။ ပုထုဇဉ်တွေဆိုတော့လည်း ခမ်းနားမှုကို
ခုံမင်မှာပေါ့လေ။။ သဘောကျသာစီစဉ်ကြကွဲ့။။ စိတ်ကိုတော့
အကွက်၊အညစ်မခံကြရစေနဲ့..ကြားလားဟဲ့။။"
"တင်ပါ့ဘုရား။။"
"ဒါထက် အလှူမဏ္ဍပ်ကိုရော ဘယ်မှာဆောက်မယ်စိတ်ကူးသလဲဟဲ့။။"
"တင်ပါ့ဘုရား။။ ဆရာတော့်ကျောင်းဝင်းထဲမှာပဲဆောက်မယ်စိတ်ကူးပါတယ်ဘုရား။။"
ဦးပေါ်၏ တင်လျောက်သံကြောင့် ဆရာတော်က ပြုံးတော်မူပြီး
"အေးကွယ် သာသနာ့မြေနဲ့ ဆူဆူညံညံ ပကာသနစွက်တဲ့အသံတွေ တယ်လဲမအပ်စပ်ပေဘူးကွဲ့။။ သို့သော်လည်းအလှူကိစ္စဖြစ်လေတော့
ထားပါတော့လေ။။ကဲကဲ.တိုက်ကျောင်းဦးဇင်းက မောင်ရင်လောင်းများရဲ့ ဥပဇ္ဇာယ်ဆရာပြုချေကွယ်။။ ဒကာကြီးကတော့ အလှူကိစ္စအဝဝကို ဆွမ်းကျောင်းဦးဇင်းနဲ့ တိုင်ပင်ပြီးသာဆောင်ရွက်ပေတော့ဟဲ့.
.ကြားလား။။"
ဆရာတော်ကမိန့်မှာစရာများမိန့်မှာပြီးဘုရားခန်းတွင်းဝင်ကြွသွားသဖြင့်
ဦးပေါ်လည်းတိုက်ကျောင်းဦးဇင်းဘက်လှည့်ပြီး ကလေးများကိုအပ်
ပါကြောင်းလျောက်လိုက်သည်။။တိုက်ကျောင်းဦးဇင်းက မောင်ရင်လောင်း
များဘက်လှည့်လျက်
"ကဲကဲ ဒီနေ့တော့ပြန်ကြချေကွယ်။။ မနက်ဖြန်ကစပြီးတိုက်ကျောင်းကို
လာခဲ့ကြကွဲ့။။ပထမ ၃ ပတ်ကိုအိမ်ကနေပဲလာခဲ့ကြ နောက်ဆုံး
တစ်ပတ်ကိုတော့ ကျောင်းအိပ်၊ကျောင်းစားနေကြရမယ်။။
ကြားကြလားမောင်ရင်လောင်းများ။။"
"တင်ပါ့ဘုရား။။"
မောင်ရင်လောင်းများက သံပြိုင်ဖြေဆိုကြပြီးကျောင်းကြီးပေါ်မှ
ပြေးဆင်းသွားကြတော့၏။။ဦးပေါ်နှင့် ပဇင်းလောင်းအကြီး ၂ယောက်
ကတော့ ကျောင်းကြီးပေါ်တွင်ဆွမ်းကျောင်း၊တိုက်ကျောင်းဦးဇင်းတို့နှင့်
အလှူကိစ္စများ အသေးစိတ်တိုင်ပင်လျက် ကျန်ခဲ့ကြတော့သည်။။။
အပိုင်း(၃)
"ကိုကြီးပေါ်..အလှူကနောက်တစ်ပတ်လောက်ပဲလိုတော့တယ်နော်။။။"
ဦးသော်၏အိမ်သို့ အလည်ရောက်နေသော ဦးပေါ်က ကွမ်းယာကို
ပါးစောင်မှာမြုံ့နေရင်းအေးလကွယ်ဟုဖြေလိုက်သည်။။အဖေ့ပေါင်ပေါ်
ထိုင်နေရာကနေဖိုးထူးက
"အဖေ့ သားတို့အလှူမှာဆိုင်းပါမယ်ဆို။။ဘာဆိုင်းတုန်းဗျ။။"
ဖိုးထူး၏စကားကိုကြားမှ ဦးပေါ်က သတိရဟန်ဖြင့်
"ဟုတ်သားဟ..မင့်သားပြောမှ ငါ့မလဲသတိရတော့တယ်။။ မောင်သော် နက်ဖြန်မင်းနဲ့အငယ်မယောင်္ကျား ဆိုင်းဆရာဆီသွားလကွယ်။။
ငွေချေသင့်တာချေ။။ လိုအပ်တာတွေတခါတည်းသာစီစဉ်ခဲ့ကွ။။"
ဟုတ်ကဲ့ကိုကြီးပေါ်ဟု ဖြေလိုက်ရင်း ဦးသော်တစ်ယောက် သားဖြစ်သူ
ဖိုးထူး၏ခေါင်းကိုဖွနေရင်း ဇနီးဖြစ်သူအားသတိရလိုက်မိသည်။။။
သူ့ဇနီးဖြစ်သူမခင်မြ ၊ ဆုံးသာသွားရောသားဖြစ်သူရှင်ပြုကိုပင် မြင်ခွင့်
မရခဲ့လိုက်။။ အတွေးတွေဖြင့် သူ့မျက်ဝန်းမှာငွေ့ရည်အချို့ဖွဲ့တည်
လာသည်။။
"အဖေရ ကိုကြီးဖိုးဆယ်တို့ပြောတာရှင်လောင်းလှည့်ရင် အဖေတွေက
သပိတ်ကိုလွယ်ပြီးအမေတွေက အိပ်ယာလိပ်ရွက်ရတယ်ဆို
သားအိပ်ယာလိပ်ကျ ဘယ်သူရွက်မတုန်းဗျ။။"
ငိုချင်ရက်လက်တို့သားဖြစ်သူ၏အမေးစကားကြောင့်ဦးသော်တစ်
ယောက်မခင်မြရယ်ဟုညည်းသံသဲ့သဲ့ပင်ထွက်ပေါ်လာရတော့သည်။။
ဦးပေါ်က
"မင့်မလဲ စိတ်မကောင်းစရာကိုတွေးမနေနဲ့တော့လကွယ်။။ ဖြစ်ပြီးတာ
လည်းကြာပေါ့။။တရားနဲ့ဖြေမှပေါ့ကွဲ့။။။ဖိုးထူးကလည်းအားမငယ်နဲ့
လေကွယ် မင့်မမကြီးတို့ထဲက တစ်ယောက်ကရွက်မှာပေါ့။။"
"ဟုတ်ကဲ့ပါ ဘကြီးရ သားကမသိလို့မေးတာပါ။။"
ဖိုးထူးကပြန်ဖြေလိုက်ရင်း အဖေ့မျက်နှာကိုကြည့်လိုက်သည်။။ အမေမရှိ
တော့ကတည်းကဒီအိမ်မှာ အဖေနဲ့သားနှစ်တည်းနေခဲ့တာဆိုတော့ မနက်ဖြန်ကစပြီးဘုန်းကြီးကျောင်းမှာကျောင်းအိပ်ကျောင်းစားသွားနေရ
မှာကိုစိတ်ထဲမကောင်းမိ။။။ဦးသော်က မျက်နှာကိုပြင်လိုက်ရင်း
"သားလေး ဖိုးထူး..နက်ဖြန်ကျောင်းမှာသွားနေရမှာမလား။။။
အဲဒီအတွက်ပြင်တော့အဖေ မင်းဒေါ်လေးတို့အိမ်ဘက်ကို
ဘကြီးနဲ့လိုက်သွားလိုက်ဦးမယ်။။ ထမင်းစားချိန်ပြန်ရောက်မယ်
ကြားလား။။"
ဟုတ်ကဲ့အဖေဟု ဖိုးထူးခပ်သွက်သွက်လေးဖြေတော့ ဘကြီးပေါ်က သူ့ခေါင်းကိုပုတ်ပြီးဘကြီးသွားမကွဟုပြော၏။။ ဦးပေါ်နှင့် ဦးသော်တို့
ညီကိုလည်း အလှူကိစ္စတွက်လိုအပ်တာများ ပြင်ဆင်ဆောင်ရွက်ရန် ထွက်သွားကြလေတော့သည်။။။သို့နှင့်ပင်တပေါင်းလကိုကျော်လွန်၍ တန်ခူးလထဲသို့ ရောက်ရှိလာခဲ့တော့၏။။။တန်ခူးလဆန်း ၁ ရက်နေ့
တည်းက ရွာဦးကျောင်းမှာမဏ္ဍပ်ကြီးထိုးပြီးချေပြီ။။ ဝိုင်းကူကြသူများ
ရွာမိ၊ရွာဖများနှင့် ဘုန်းတော်ကြီးကျောင်းကစည်ကားနေတော့၏။။
လာသမျှသူများအတွက် ထမင်း၊ပဲကုလားဟင်းနှင့် ငါးပိချက် အတို့မြုပ်
များကို အလျှံပယ်စီစဉ်ပေးထားသည်။။ အလှူရှင် မောင်နှမများနှင့် ၄င်းတို့၏ မိခင်ကြီးတို့မျက်နှာများကကြည်နူးမှုဖြင့်ပြုံးပျော်နေကြ
သည်။။ ထိုစဉ်မဏ္ဍပ်ထဲသို့ ဆရာတော်ကြွလာသဖြင့်ဦးတိုက်ရှိခိုး
လိုက်ကြ၏။။
"ဟဲ့..နက်ဖြန်ဆို နင်တို့အလှူ အလုပ်ကိုင်နေ့ရောက်ပဟဲ့။။ ရှင်လောင်း
လှည့်ဖို့ဘာညာသေချာစီစဉ်ပြီးကြပလား။။"
"တင်ပါ့ ညနေဆို "လေလှိုင်းသံ ကျော်စိုးမင်း" ဆိုင်းအဖွဲ့ရောက်ပါ့မယ်
ဘုရား။။ ရွာထဲကနဲ့ ရွာနီးချုပ်စပ်ကမြင်းတွေလည်း ခုရောက်တာတွေ
ရောက်နေပါပြီ။။ အားလုံးအဆင်သင့်ဖြစ်နေပါပြီဘုရား။။ သင်္ကန်း၊
ပရိက္ခရာတွေကတော့ ဆရာတော်ညွှန်ကြားတဲ့ အတိုင်း ပြီးခဲ့တဲ့
သီတင်းပတ်ထဲက အဆင်သင့်ဖြစ်နေပြီးပါပြီဘုရား။။"
"အေးလကွယ်..အားလုံးချောချောမွေ့မွေ့နဲ့ အဆင်ပြေတယ်ဆိုလည်း ဝမ်းသာသကွဲ့။။အလှူကြောင့်ကြည်နူးတဲ့စိတ်လေးကိုမပျောက်ပျက်စေနဲ့
..ကြားကြလား။။ ဘယ်လိုအဖျက်၊အနှောက်ပဲဝင်ဝင် ကိုယ့်စိတ်ကို ကြည်နူးနေမှုလေးနဲ့ပဲကပ်တွယ်နေပေ့စေ။။ဒါကိုတော့ ကြပ်ကြပ်
သတိပေးတယ်..ကြားကြလား။။။"
ဆရာတော်က သူ့ထုံးစံတိုင်း အသံလေးလေးကြီးနှင့် မိန့်မှာပြီး
ကျောင်းကြီးပေါ်သို့ပြန်တက်သွားတော့သည်။။ ထိုစဉ်မှာပင် ဆိုင်း
အဖွဲ့ကိုသွားကြိုကြသော လှည်းများ ကျောင်းအတွင်းဝင်ရောက်လာ
သဖြင့် ကူညီနေရာချပေးကြရင်း အလုပ်တွေရှုပ်သွားကြပြန်တော့
သည်။။။။
အပိုင်း(၄)
တန်ခူးလဆန်း ၃ ရက် မနက်၅ နာရီခွဲလောက်တည်းကရွာဦးကျောင်းမှာ
လူတွေစုနေကြလေပြီ။။ ပဇင်းလောင်းနှစ်ယောက်က တိုက်ပုံ၊
မောင့်ကျက်သရေခေါင်းပေါင်းနှင့် ရခိုင်ပုဆိုးခဲရောင်ပြောင်ပြောင်
ကွက်ကြီးဝတ်ကာ မိတ်ကပ်များနှင့် ၊ မောင်ရင်လောင်းများကလည်း
မကိုဋ်များ ၊ခေါင်းဆောင်းများနှင့် ရာဇဝင်ကားထဲက မင်းညီ၊မင်းသား
လေးများလိုပြင်ဆင်ထားပြီးကြပြီဖြစ်၏။။။ ဖိုးထူးသေချာ လိုက်ကြည့်နေ
လိုက်သည်။။ ပဇင်းလောင်း ကိုကြီးအောင်ကို၏ တိုက်ပုံအိပ်ကပ်
ထဲသို့ သူ့ရည်းစားမမဂွမ်းပုံက ပန်းခက်လေးနှင့်လက်ကိုင်ပုဝါလေးကို
လှလှလေးခေါက်လျက် ပြင်ပေးနေသည်။။ အခြားသူများကိုလည်း
သူတို့အမများ အမေများကပြင်ပေးနေကြ၏။။ သူ့ကိုကျတော့ ဘယ်သူကမှသေချာ ပြင်ပေးမည့်သူမရှိ ဖိုးထူးအားငယ်သလို
ဖြစ်လာပြီး ဘေးဘီကြည့်လိုက်တော့ အမဝမ်းကွဲ မမသီတာက
သူ့ဘေးရောက်လာပြီး လိုအပ်တာများပြင်ပေးလာသည်။။ ဒီတော့မှ
ဖိုးထူးလည်းသူများနည်းတူ ပျော်ရွှင်လာမိတော့၏။။။ ခဏနေတော့ ကိုကြီးသာဝက သူ့ကိုလာပြီးပွေ့ချီလိုက်သည်။။ ကိုကြီးထွန်းနိုင်က
သူ့နောက်မှ ရွှေထီးကြီးလိုက်မိုးပြီးပါလာ၏။။။ တခြားရှင်လောင်း
များလည်းထိုနည်းတူပင်။။ ဖိုးထူးအကြည့်ကပဇင်းလောင်းနှစ်ယောက်
ဆီအရောက်တွင် ဟီးးဟု ရီလိုက်မိ၏။။ ပဇင်းလောင်းများ၏ကိုယ်ကို
တစ်ယောက်တည်းမနိုင်သဖြင့် နှစ်ယောက်ထမ်းထားကြခြင်းဖြစ်ရာ ကားယားကြီးဖြစ်နေပြီး ရီချင်စရာကြီးဖြစ်နေသည်။။ ဓမ္မာရုံကြီး
အပြင်ကိုရောက်တော့မှ ဖိုးထူးအလွန်ပင် အံ့သြဝမ်းသာသွားမိသည်။။
အပြင်မှာလူတွေမှ အများကြီးဖြစ်နေလေပြီ။။ ဆိုင်းအဖွဲ့တင်
ထားသောလှည်းပေါ်မှ အလှူသီချင်းများ တီးမှုတ်နေပြီဖြစ်၏။။ ကွမ်းတောင်၊ ပန်းတောင် ကိုင်ထားကြသောရွာ၏ လှပျိုဖြူများ၊ သင်္ကန်းစည်းကို ကိုင်ဆောင်ထားကြသော လှပျိုဖြူများ
နှင့် တိုက်ပုံတကားကားနှင့် သပိတ်တွေကိုယ်စီလွယ်ထားကြသော ရှင့်အဖေများ၊ အိပ်ယာလိပ်စည်းများကို ရွက်ထားကြသော ရှင့်အမေများ။။ ဖိုးထူးမျက်လုံးကို အကြည့် ဆက်ရွေ့လိုက်တော့
ဟိုးရှေ့ဆုံးမှာ နတ်လိုဝတ်ထားသောသူများနှင့် ဘုရင်လိုဝတ်ထား
ကြသောသူများကိုတွေ့လိုက်သည်။။။တစ်နေရာအကြည့်အရောက်မှာ
တော့ဖိုးထူး ဟိခနဲ ရီလိုက်မိပြန်၏။။ ဦးကြီးသာမောင်းက
ပိတ်ဖြူကြီးပတ် မျက်နှာတွင် ထုံးစင်းတွေသုတ်ပြီး ကံလှနှင့် မိပြူးတို့
မောင်နှမကို ကြိုးနှင့်ဆွဲထားတာ တွေ့လိုက်ရသောကြောင့်ဖြစ်သည်။။
သူ့တို့နောက်မှာတော့ ရွာမှဒိုးပတ်ဝိုင်း၊ ဖိုးထူးဆက်ကြည့်လိုက်တော့ ဦးကြီးစံမောင်ကမြင်းအဖြူကြီးရှေ့တွင် ကန်တော့ပွဲကြီးမမြှောက်လျက် ဘာတွေရွတ်ဖတ်နေသည်မသိ။။သူလည်းသိချင်လာသဖြင့် ကိုကြီးသာဝ
ကိုမေးလိုက်တော့
"ဖိုးထူးရ အဲမြင်းကြီးက ဘယ်အလှူမှာဖြစ်ဖြစ်တစ်ပွဲပေးရတယ်ကွ။။
သူက စွတ်စွတ်ဖြူ၊ခွာတွေပါဖြူလို့လေ။။ ဟိုးကနတ်လိုဝတ်ထားတာ
ဒေဝါဝင်းအဖွဲ့ကွ၊ဒီဘက်က ရာဇာဝင်း ဦးကြီးသာမောင်းက လှူသမျှ
အကုန်စားတဲ့ ဇူဇကာပုဏ္ဏားကြီးလေ။။"
ဖိုးထူးက ကိုကြီးသာဝပြောသမျှခေါင်းတငြိမ့်ငြိမ့်နှင့်နားထောင်နေ
လိုက်၏။။ထိုစဉ်မှာပင်
"ကဲကဲ..မောင်ရင်လောင်းတွေ နတ်ပြမယ်ဟဲ့။။ ဒီဘက်ကိုချီလာခဲ့ကြ။။"
ဦးကြီးစံမောင်အသံကြောင့် ကိုကြီးသာဝက ထွန်းနိုင်ငါနဲ့လိုက်ခဲ့ ဝကြီးမင်းကမြင်းသွားဦးထားဟုပြောပြီး ဦးကြီးစံမောင်အနားသို့
အရင်ဆုံးသွားလိုက်သည်။။ ပဇင်းလောင်း ၂ ယောက်ပြီးတော့
ဖိုးထူးကို ဦးကြီးစံမောင်ကနတ်ပြသည် ဘာတွေပြောမှန်းတော့မသိ
သူ့စကားသံဆုံးသည်နှင့် ကိုကြီးသာဝကသူ့ကို ရှေ့ပို့လိုက်၊နောက်
ပို့လိုက်ပုခက်လွှဲသလို ၃ ခါပြလိုက်ပြီး မြင်းရှိရာသို့ထမ်းပြီးပြေး
လေတော့သည်။။။။
အပိုင်း(၅)
ရှေ့ဆုံးမှ ဘုရားပင့်လာသော ဘကြီးသောင်းတန်၊ သူ့နောက်မှာမှ ကန်တော့ပွဲရွက်သောဒေါ်ကြီးတင်လှ၊ သူ့နောက်မှ ဒေဝါဝင်း၊ ရာဇာဝင်းခင်းပြီး နောက်မှ ကွမ်းနောင်၊ ပန်းနောင်ကိုင်များ၊
သင်္ကန်းကိုင်များ ၊ ၄င်းတို့နောက်မှာ ရှင်လောင်းမိဘများ
ထို့နောက်တွင်တော့ ရွာဒိုးပတ်ဝိုင်း ၊ ဒိုးပတ်ဝိုင်းနောက်မှာတော့
မြင်းဆယ်စီးနှင့် ပဇင်းလောင်း၊ရှင်လောင်းများ အဲဒီနောက်မှာမှ ဆိုင်းဝိုင်းတင်ထားသောလှည်း ၊ ဟိုးနောက်ဆုံးမှာတော့ တပြုံကြီး
လိုက်လာသောကလေးအုပ်ကြီးနှင့် ပေါက်ပေါက်ဆုပ်ထဲ ပိုက်ဆံတွေ
ခေါက်ထည့်ပြီး ကြဲချလိုက်ပါလာသော ဘကြီးမြိုင် ။။။ လူတန်း
ရှည်ကြီးက ရွာဦးကျောင်းမှစတင်ထွက်ခွာလေပြီ။။။ ရွာထဲမှလည်း ကုသိုလ်ယူကြသည့်အနေဖြင့် ရွာလမ်းမကြီးကိုရေဖြန်းထားကြသဖြင့်
နွေရာသီဖြစ်သော်လည်း ဖုန်ကင်းစင်လျက်ရှိနေ၏။။။ ရှင်လောင်းထိန်း
ကာလသားများက သံပြိုင်ဟစ်ပြီး ရွဲတိုက်သံများနှင့်နောက်မှဝိုင်းအော်
လိုက်သော ရွဲသံများက ဖိုးထူးမှာကြက်သီးများပင်ထမိတော့သည်။။။
ဒိုးပတ်ဝိုင်းကလည်း ဆိုင်းအဖွဲနှင့်အပြိုင် လက်စွမ်းပြတီးမှုတ်
နေလေ၏။။ ရွာဦးကျောင်းမှ ရွာဦးစေတီတော်မြတ်ကြီးဆီထိ
ရှင်လောင်းလှည့်ပြီး ဘုရားရင်ပြင်တွင်ရှင်လောင်းများဘုရားဦးချရှိခိုးပြီး
ရှင်လောင်းထိန်းများကထမ်းလျက် လက်ယာရစ် ၃ ပတ် ရစ်ပတ်ပူဇော်
ကြသည်။။။ဖိုးထူးကတော့ သူ့ရှေ့မှ ပဇင်းလောင်းကိုကြီးအောင်ကို
တို့ကို ကြည့်လျက် တဟီးဟီးရယ်နေမိတော့၏။။ရှင်လောင်းလှည့်ရာမှ
ကျောင်းထဲပြန်ဝင်လာပြီးသောအခါ မဏ္ဍပ်အတွင်း ရှင်လောင်းများ
အားနေရာချလျက် အပ်ချည်ကြိုးများဖြင့် ဝိုင်းပတ်လိုက်သည်။။
ထို့နောက် ထမင်းနှင့်ဟင်းတို့အား စတိသဘောခွံ့ကျွေးကြ၏။။ ဘာလုပ်သည်ကိုတော့ ဖိုးထူးလည်းသေချာ နားမလည်လိုက်။။ အကုန်စားလိုက်မိသဖြင့် ကြီးတော်၏အဆူ၊ အငေါက်ပင်ခံ
လိုက်ရသေး၏။။ မဏ္ဍပ်ထိပ်မှာတော့ ရေကရားဘူးများဖြင့်အအေးများ
ကိုစားပွဲနှစ်လုံးပေါ်အပြည့်တင်ထား၏။။ ဘေးကဒန်အိုးထဲတွင်လည်း အအေးများနှင့်အပြည့်။။။ ထမင်းခွံ့ပြီးသောအခါ ရှင်လောင်းလှည့်
လိုက်ပါလာသော ဧည့်ပရိတ်သတ်များအား ငါးသလောက်ပေါင်း၊
ငါးပိချက်၊ပဲကုလားဟင်းများဖြင့် ဧည့်ခံကျွေးမွေးလိုက်သည်။။။လူပျို
ကာလသားများအတွက်လည်း ရှင့်အဖေများမှ အသောက်အစားတွက် တာဝန်ယူပေးရ၏။။မူးယစ်ရမ်းကားခြင်းမျိုးတော့မရှိ ပင်ပန်းကြသဖြင့် အပမ်းဖြေကြခြင်းသာဖြစ်သည်။။ ငှားရမ်းထားသော ဆိုင်းဆရာ
ကလည်း အဖေ့မိတ်ဆွေမို့ မခိုမကပ် အားပါးတရတီးမှုတ်ဖျော်ဖြေ
ပေးနေတော့သည်။။ ရှင်လောင်းများ ကျောင်းအဝင်တွင် တီးမှုတ်သော
ဗျောသံနှင့် ထမင်းခွံ့နေတုန်းတီးမှုတ်ပေးသော တီးလုံးသံများက ဖိုးထူးရင်ကို ဝမ်းနည်းလှုပ်ခတ်စေခဲ့ပြီး မရှိတော့သောအမေ့ကို သတိရတမ်းတကာ မျက်ရည်များပင် ကျလာခဲ့ရသည်။။ညနေစောင်း
တော့ မောင်ရင်လောင်းများအား ဆံချပြီး ဥပဇ္ဇာယ်ဆရာကို
ဥပဇ္ဇာယ်ပြုလျက် ကိုရင်များ အဖြစ်သို့ရောက်ခဲ့တော့သည်။။
အပိုင်း(၆)
ညကတစ်ညလုံး ဆိုင်းနားထောင်နေကြပေမယ့် အလှူကြီးနေ့မှာ အားလုံးဝီရိယရှိရှိနှင့် ကိုယ့်တာဝန် ကိုယ်ကျေနေကြသည်။။
ရောက်လာသမျှ ဧည့်ပရိတ်သတ်ကြီးကို ဝက်သား၊ ငါးပိချက်၊
ပဲပင်ပေါက်ချဉ်၊ ၁၂ မျိုးဟင်းချိုတို့ဖြင့် တစ်ရွာလုံးမီးခိုးတိတ်ဖိတ်ကြားပြီး
ဧည့်ခံကျွေးမွေးနေကြ၏။။ အလှူ့အမကြီးဖြစ်သောအမေကြီး
ဒေါ်ထွေးညွန့်ကတော့ ကြည်နူးမျက်ရည်လေး စမ်းစမ်းနှင့်
ပြုံးပျော်နေလေသည်။။ အဖေလည်းအမေ့ကိုသတိရ၍လားမသိ
ဆံချတုန်းကလည်းမျက်ရည်ကျသည်။။ညတုန်းကလည်းတော်တော်
နှင့်မအိပ်။ဖိုးထူးကတော့ ကလေးမို့ အမေမရှိတာအားငယ်မိပေမယ့် အဖေ့လိုတော့ မဖြစ်ခဲ့ပေ။။မနက် ၁၀ နာရီခန့်မှာတော့ ပဇင်းလောင်း ကိုရင်နှစ်ပါး သိမ်တက်သည်။။ သိမ်ဆင်းလောင်းရန် စောင့်နေကြသော
သူများကိုကြည့်ရင်း ဖိုးထူးကတော့ မနေ့က ရှင်လောင်းလှည့်
တာကိုပြန်တွေးနေမိ၏။။။ မကြာခင်မှာပင် သိမ်ဆင်းလာသဖြင့်
စီတန်းသိမ်ဆင်းလောင်းလှူကြပြီးနောက် မဏ္ဍပ်ကြီးအတွင်းတွင်
ဆရာတော်ကအလှူရေစက်ချတရားကို ဟောကြားတော်မူသည်။။။ တရားနာရေစက်ချနေချိန်မှာပင်မျက်ရည်တစ်ပေါက်ပေါက်ကျနေသော
အမေကြီးနှင့် အဖေ့ကို ကိုရင်ဖိုးထူးကသံဃာစင်ပေါ်မှ
သေချာကြည့်နေရင်း သူလည်းဝမ်းနည်းလာမိတော့သည်။။။တရားပြီး
သွားသောအခါမှတော့ ဆိုင်းအဖွဲ့မှ အောင်မြင်ခြင်းအထိမ်းအမှတ် မင်္ဂလာဗျောသံကို ထက်ဘဝဂ်ညံအောင်ပင် တီးခတ်လိုက်လေ
တော့၏။။။ ထိုအခါမှာတော့ အလှူ့အမကြီး ဒေါ်ထွေးညွန့်မှာ
တအီးအီးနှင့် ရှိုက်ငိုနေသလို အဖေကလည်း ကိုရင်ဖိုးထူးဆီပြေးလာ
ပြီး ထွေးဖက်ငိုကြွေးလေတော့သည်။။။ မိသားစုရှင်ပြုပွဲကြီးကတော့ သီချင်းသံများ၊ ဗျောစည်သံများနှင့် စီစီညံညံတီးမှုတ်ဧည့်ခံပြီး
နေ့လည် ၁၂ နာရီခန့်တွင် အောင်ပါစေ သီချင်းဖြင့်အောင်မြင်စွာ
အဆုံးသတ်သွားခဲ့တော့သည်။။။
(သင်္ကြန်ကိုလွမ်းဆွတ်မိသဖြင့် တချိန်ကရှင်ပြုပွဲလေးကို ရေးဖွဲ့
တင်ပြပါသည်။။)
လေးစားလျက်
အလင်းသစ်
30.3.2011
ဝမ်းနည်းကြေကွဲစရာ ဇတ်လမ်းလေးမို့
ReplyDeleteအားပေးနေတယ်..လင်းသစ်ရေ...
တော်ချက်..
မိသားစုရှင်ပြုပွဲလေးက ကြည်နူးစရာလေး ပါ။ ပြီးတော့ ကျေးလက်ရဲ့ အပြောအဆိုလေးတွေ ကိုလည်း ပေါ်လွင်အောင် ရေးသားနိုင်တော့ တစ်ကယ့် ကျေးလက် အစစ်ကိုလွမ်းတယ် အလင်းသစ်ရေ။ တိုက်တိုက်ဆိုင်ဆိုင် စေတနာပန်းခင်းမှာလည်း စုပေါင်းရှင်ပြုပွဲလေး ကျင်းပပါတော့မယ်။ အားရင် လာပြီး အမျှယူဘို့ဖိတ်ခေါ်ပါတယ်နော်။
ReplyDeleteIt's very nice post about "မိသားစုရှင်ပြုပွဲ" . Thank you!
ReplyDeleteအလင်းရေ ရှင်ပြုပွဲလေးက ဖတ်လို့ကောင်းပါတယ်..။
ReplyDeleteကွမ်းနောင်၊ ပန်းနောင် မဟုတ်ဘူးနော်.. ကွမ်း
တောင်၊ ပန်းတောင်ရယ်..။ အလှူ လှူပုံ ဓလေ့မတူ
တာလေးတွေ တွေ့ရတယ်နော်...။ ကျေးလက်သားေ
လးတို့ နယ်ဘက်တွေ လှူရင် တစ်မျိုး...။ ပိုက်ဆံကျဲ
တဲ့ ငွေဖလားထဲမှာ ပေါက်ပေါက်ဆုပ် မထည့်ဘူး။ ပြော
င်းစေ့ကို လှော်ထားတဲ့ ပြောင်းပေါက်ပေါက်တွေထည့်တာ..။
အလှူကြီးနေ့မှာလည်း မတူပြန်ဘူး..။ ကျေးလက်သားေ
လးတို့ ဆီမှာက မနက်ခင်းဆို ဧည့်သည်တွေကို ဧည့်ခံတယ်။
11 နာရီ 12 လောက်ဆို ဘိသိတ်သွန်းပြီ၊ 1 နာရီလောက်ထိ
..။ 2 နာရီလောက်ထိက ဆိုင်းထဲက လူတွေက ကပြန်ရော..။
3 နာရီ 4 နာရီမှ ဗြော တီးပြီး ဘုန်းကြီးတရားဟောပြီး အဆုံး
သတ်တာလေ...။ အလင်းတို့ဆီက 12 ဆိုပြီးပြီ ဆိုလို့ အံ့သြ
နေမိတယ်...။ ကျေးဇူးတင်တယ်နော်..။ အလည်လည်း ရောက်
တယ်...။