ညီလေး မေမြို့မိုး က အကိုရေတဂ်လေး ရေးပေးပါဦးလို့ ပြောလို့ရေးလိုက်ပါပြီ။။ ကျွန်တော့်အနေနဲ့ နိုင်ငံရေးနှင့် ပက်သက်၍၄င်း၊ ဘာသာရေးနှင့် ပက်သက်၍၄င်း ဤစာမျက်နှာ များပေါ်တွင် လုံးဝမရေးပါဟု ဆုံးဖြတ်ထားခဲ့ပါတယ်။။ အခုကတော့ ကျွန်တော့် စိတ်ထဲမှာ အရမ်းခံပြင်းမိလို့ ရေးလိုက်တာပါ။။ အဲဒီနေ့က ကျွန်တော်အရမ်းကို ယူကျုံးမရဖြစ်ရပါတယ်။။ တစ်နေကုန် တခြားဘာဆို ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့အောင် ဖြစ်သွားပါတယ်။။ မတ်လ (၁၄)ရက်နေ့ကို တစ်သက်မမေ့အောင် စိတ်ထဲမှာ စွဲထင်သွားခဲ့ပါပြီ။။ မနက်ပိုင်းမှာ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာကို (၃၀၀၀၀)တိတိ အပိုထပ်ဆောင်း တိုးပေးတယ်ဆိုလို့ အပျော်တဝက်နဲ့ ကုန်ဈေးနှုန်းတွေ လိုက်မတက်ပါစေနဲ့လို့ ဟာသအတွေးနဲ့ ဆုတောင်းမိ ပါသေးတယ်။။ နောက်ပြီးမှ ထပ်သိရတာက ပြည်ပမှာ ပညာသင်နေသူများ ပညာသင်ကြားနေစဉ် ကာလအတွင်း ထပ်ဆောင်းငွေ ခံစားခွင့်မရှိစေရတဲ့။။ ဒါကိုလည်း ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေအရပဲလေဆိုပြီး ပြည်တွင်းက တိုးပြီးရသူတွေ အတွက် မုဒိတာ ပွားနေနိုင် ပါသေးတယ်။။
ကွန်ကရစ်ခင်းထားတဲ့ မြေကွက်မှာ ရွှံ့၊မြက်တွေ ကင်းသလို၊ စာပေကိုချစ်တတ်တဲ့ ရင်ဘတ်မှာ ရင့်ကျက်ခြင်းတွေ လင်းတယ်..။။။။
Saturday, March 17, 2012
Thursday, March 8, 2012
Subscribe to:
Posts (Atom)