ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, June 11, 2011

ရင်ခုန်ခြင်းရဲ့ လမင်းလေး


ကမ္ဘာမြေရဲ့ နေရာတစ်ခုမှာ
ရင်ခုန်သံတွေအမှောင်ကျနေတဲ့ ရင်ဘတ်ထဲ
နင်ပဲ အလင်းတွေပေးခဲ့တာလေ
ငါ့အတွက်တော့
နင်က ရင်ခုန်ခြင်းရဲ့ လမင်းလေးပေါ့။။။

မသိခြင်းနေ့ရက်တွေထဲ အမှတ်မဲ့ဖြတ်သန်းရင်းနဲ့
တစ်စုံတစ်ခုကို စွဲလမ်းခြင်းမှာ
ငါအသည်းအသန်ကို နစ်ဝင်ခဲ့ရပြီ
နင့်ကိုမတွေ့ရခြင်းမှာ ငါ့ရင်တွေပူနေတတ်ပြီမို့
ကောင်မလေးရေ..
နင့်ကို ငါချစ်မိပြီဟာ။။။
ဝတ္ထုလည်းမဟုတ်သလို ရုပ်ရှင်လည်းမဆန်လို့
ဂုဏ်၊ဓန၊အဆင့်အတန်းတွေ
ဟိုးးးးး ဝေးဝေးမှာ သွားထားလိုက်စမ်းပါ
နင်သွားမယ့်နေရာတိုင်းဆီ ငါ့ရင်ဘတ်နဲ့လမ်းခင်းမယ်
နင်းသွားလိုက်စမ်းပါ ကောင်မလေးရယ်
ရင်ဘတ်နဲ့ရင်းချစ်တာမှ ချစ်သူတဲ့။။။
နင့်အပြုံးတစ်ချက်နဲ့တင် ငါ့အသက်ရှူခြင်းကအဓိပ္ပါယ်ရှိတယ်
ငါ့နေ့ရက်တိုင်းအတွက် နင့်အချစ်ရဲ့
နွေးထွေးခြင်းကိုပဲ ပေးပါကောင်မလေးရယ်
တစ်ခါတစ်လေငါ့အတွက် အခက်အခဲဆိုတာကြုံလာတိုင်း
(အိုမာခယမ်ရဲ့ ကဗျာထဲကလို)
နင့်လက်ကလေးကို ကိုင်ထားခွင့်တော့ပြုပါ။။။
စိတ်ကောက်ရင် တွန့်ကွေးတတ်တဲ့
နင့်နှုတ်ခမ်းထွေးထွေးလေးအတွက် ငါလေ
ကော့ကေးဆပ် တောင်တန်းတွေထိဖြတ်ရဲပါတယ်
ခြေလေးဆောင့်ပြီး စိတ်ကောက်တတ်တဲ့
နင့်ရဲ့ဖနောင့်လေး ခြေချဖို့
ဧဝရက်တောင်ထိပ်က မြေနုလေးတွေဆောင်ကျဉ်းပေးချင်တယ်
ကောင်မလေးရယ်
(ဆရာမောင်စိန်ဝင်းကဗျာထဲကလို)
သံယောဇဉ်ဆိုတာ နွယ်လေးတစ်ပင်တဲ့
ခက်ညွှန့်သန်နုသစ်လို့ ငါ့အချစ်တွေနင့်ဆီ ရစ်ပတ်နှောင်တွယ်နေပါရစေ။။။
ချစ်ခြင်းနဲ့ ဦးညွတ်ထားတဲ့ငါ့အတွက်
နောက်ထပ်ဘာတွေ လိုအပ်ဦးမှာလဲ ကောင်မလေးရယ်
ငါအရူးအမူချစ်မိတဲ့ နင့်မျက်စောင်းလေးတွေမှာ
(ကိုကောင်းကင်ကိုရဲ့ ကဗျာထဲကလို)
ဗို့အား တစ်သောင်းစီပါနေလေရဲ့
ညှို့အားတွေပြည့်တဲ့ ချစ်သူ့အပါးမှာ
ကိုယ့်နားမှာနေဖို့ တောင်းဆုစကားကလွဲပြီး
ငါဘာမှ ထပ်ပြောဖို့မလိုအပ်တော့ပါဘူး။။။
နင့်အချစ်တွေနဲ့ ဖြည့်စွက်ထားမယ့် ငါ့အနာဂတ်ထဲမှာ
မျှော်လင့်ခြင်း ကြယ်တစ်ခင်းနဲ့
ပျော်ရွှင်ခြင်း နေ့ရက်တွေကိုပွေ့ဖက်
အဆုံးအစမဲ့ ခရီးဆက်ကြမယ်
ကောင်မလေးရယ်..
ငါကိုယ်တိုင်ရေးမယ့် ဇာတ်မှာ
နင်က ဇာတ်လိုက်အဖြစ်နဲ့ ကခွင့်ရမှာပါ။။။
ရင်ခုန်သံတွေ အမှောင်ကျနေတဲ့ ငါ့ရင်ဘတ်ထဲ
နင့်အချစ်ကြောင့်ပဲ ထာဝစဉ်လင်းခဲ့ရ
ကောင်မလေးရေ...
ငါ့အနာဂတ်ခရီးလမ်းနဲ့ ငါကိုယ်တိုင်ရေးထိုးမယ့်
ငါ့ဘဝ ကဗျည်းမှတ်တမ်းမှာတော့ နင်က
ရင်ခုန်ခြင်းရဲ့ လမင်းလေးတစ်စင်းပေါ့။။။


 
လေးစားလျက်
အလင်းသစ်

3 comments:

  1. လင်းသစ်ရေ ...အသစ် စာလေးတွေ စောင့်မျှော်နေပါတယ်လို့ ကဗျာလေးခံစားအားပေး လျှက်...

    ReplyDelete
  2. ကဗျာက အဖြတ်အတောက်..အသံဆွဲတွေထပ်နေသလိုပဲ ..
    အချစ်ကဗျာတွေက နူးညံ့တာနဲ့ ပိုလိုက်တယ်..

    ReplyDelete
  3. ဖတ်သွားပါတယ်

    http://mglaminaung.blogspot.com/

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။