နှစ်ကိုယ်တူဘဝတဲ့ ဟစ်ကြွေးခဲ့ကြတယ်
ခေတ်တွေ ဆွေးပျက်သွားရင်တောင်
ဝေးရက်တွေ မကြုံကြေးတဲ့
အခုကျတော့လည်း စွယ်တော်ပင်တွေ
ပိုးကျခဲ့ပြီလား
ပုံပျက်၊ပန်းပျက်နဲ့ စွယ်တော်ရွက်တွေ
တစ်ခြမ်းပြတ်ကုန်ကြ။။။
ချစ်ခဲ့ဖူးတယ်၊ လမ်းခွဲခဲ့ဖူးတယ်
အကြည်နူးဆုံး ပျော်ရွှင်ခဲ့ဖူးတယ်
သည်းခြေပျက်ပြီး ရူးခဲ့ဖူးတယ်
ရသလည်း စုံပြီ၊ ဒဿနတွေလည်းကုန်ပြီ
တကယ်ဆို ပုံပြင်တွေထဲကလို
အချစ်က အစိမ်းရောင် မြက်ခင်းကြီးလည်းမဟုတ်ဘူး
အနီရောင် လမ်းကလေးလည်းမဟုတ်ဘူး
ငါကိုက ရူးသွပ်ခဲ့တာပါ။။။
တစ်ယောက်တည်းလျောက်လည်း ဒီလမ်း
နှစ်ယောက်တွဲလျောက်လည်း ဒီလမ်း
ဘာမှမထူးဆန်းပဲနဲ့တောင်
နင်ပါမှ လမ်းဘေးပန်းတွေ မွှေးတယ်ထင်တဲ့ကောင်။။။
လောကဓံ အရိုက်ကြမ်းကြမ်းမှာတောင်
နင့်အနမ်းနဲ့မှ အန်တုချင်တဲ့ကောင်။။။
အပြိုင်များတဲ့လောကမှာ အနိုင်မရခဲ့တာကြုံတိုင်း
အကြင်နာနွေးနွေး နင့်လက်ဖဝါးလေးကိုပဲ
ပြင်းပြင်းပြပြ တမ်းတတတ်တဲ့ကောင်
အဲဒီလောက်တောင် နင့်ကိုချစ်ခဲ့တယ်
အေးလေ..ဒါလည်း ငါရူးသွပ်ခဲ့တာပါပဲ။။။
နေပူပူ၊မိုးရွာရွာ နင်ရှိရင်သာယာခဲ့တဲ့ငါက
နင့်ထီးကိုကိုင်ထားရတာ ပျင်းတယ်
ရေသန့်ဘူးကိုင်ထားရတာ ပျင်းတယ်
နေကြာစေ့အခွံခွာပေးရတာ ပျင်းတယ်
ရုပ်ရှင်ရုံ အမှောင်ခန်းမှာ နင့်ကိုမနမ်းတတ်ခဲ့ဘူး
ဟုတ်တယ်..ငါကနည်းနည်းထူးတယ်။။။
ပန်းလှေပေါ်မှာ အချစ်အိမ်တည်ရတာထက်
နင့်မျက်ဝန်းနက်နက်မှာ ကဗျာဖတ်ရတာ နှစ်သက်တယ်
နင့်နှုတ်ခမ်းလေးကြိုးရဲ့ ကဗျာသံတိုးတိုးလေးကို နှစ်သက်တယ်
နင့်ဆံပင်ရှည်နက်နက်တွေအတွက် ကဗျာစပ်ရတာနှစ်သက်တယ်
နင်က ငါ့အတွက်တော့ ကဗျာနတ်သမီးတစ်ပါးပါ။။။
ဒါဗင်ဂျီရဲ့ပန်းချီကားတွေကို နှစ်သက်တတ်တဲ့ငါနဲ့
ကာနက်ဂျီရဲ့ တက်ကျမ်းတွေကို စွဲလမ်းတဲ့နင်
ဘဝအမြင်တွေမတူခဲ့ကြဘူးကွယ်
တကယ်တမ်းကျ စိတ်ကူးယဉ်ခြင်းဟာ ရူးသွပ်တာမဟုတ်ပါဘူး။။။
ခိုင်ခိုင်မြဲခဲ့တဲ့လက်တွေလည်း လောကဓံက ခပ်ကြမ်းကြမ်းဖျက်ခဲ့
နှစ်ယောက်တွဲသွားမယ့်လမ်းတွေ မှုန်မှုန်ပြီး ဝါးသွားလိုက်တာများ
ငါ့ဘေးနားက နင်ထွက်သွားတာတောင် သတိမထားမိတဲ့ထိ။။။
နွေတွေ၊မိုးတွေ၊ ဆောင်းတွေ ပြောင်းပြောင်းသွားကြ
ပေါင်းစပ်ခွင့်မရခဲ့တဲ့ ဇာတ်ကွက်တွေထဲ
ငါလည်းလေ တဝဲဝဲနဲ့ကို လည်လို့။။။
အခုကျတော့လည်း ခြေသံပြင်းပြင်းနင်းဝင်လာတဲ့ ဘဝကြောင့်
အနီရောင် လမ်းလေးလည်း ဗွက်ပေါက်ခဲ့ပြီ
အစိမ်းရောင်မြက်ခင်းကြီးလည်း ညှိုးခြောက်ခဲ့ပြီ
ငါယုံကြည်တဲ့ချစ်ခြင်းလည်း လမ်းပျောက်ခဲ့ပြီပေါ့။။။
ချစ်ခဲ့ဖူးတယ်၊ လမ်းခွဲခဲ့ဖူးတယ်
အကြည်နူးဆုံး ပျော်ရွှင်ခဲ့ဖူးတယ်
သည်းခြေပျက်ပြီး ရူးခဲ့ဖူးတယ်
ရသလည်း စုံပြီ၊ ဒဿနတွေလည်းကုန်ပြီ
တကယ်ဆို ပုံပြင်တွေထဲကလို
အချစ်က အစိမ်းရောင် မြက်ခင်းကြီးလည်းမဟုတ်ဘူး
အနီရောင် လမ်းကလေးလည်းမဟုတ်ဘူး
ငါကိုက ရူးသွပ်ခဲ့တာပါ။။။
လေးစားလျက်
အလင်းသစ်
အဲဒီလောက်တောင် ချစ်ခဲ့မှတော့ နောက်လူတွေအတွက် ချစ်စရာ အချစ်တွေ ကျန်မှကျန်သေးရဲ့လား .....လို့ :P
ReplyDeleteချစ်တက်လိုက်တာများ.......:):)
ခံစားအားပေးလျှက်ပါလို့...
အားပေးလျှပ်ပါ ကိုအလင်းသစ်
ReplyDeleteနောက်ဆုံးအပိုဒ်က အဖွဲ့လေးသိပ်ကောင်းတယ်....။
ReplyDeleteကဗျာကောင်းလေးကို လာခံစားသွားတယ်ဗျ
ReplyDeleteရမ်းကောင်းးပါတီ...
ReplyDeleteအားပေးလျှက်...
ေ၇းလိုက်တမ်းအလန်းတွေပဲဗျာ စကားလုံအပြင်းစာတွေနဲ့ ထိချက်ကတော့ လွန်လွန်ပါတယ် အားပေးရုံမဟုတ်ဘူး ကူးထားအုံးမယ်နော်
ReplyDeleteရည်းစားစကားပြောဖို့  လေ့ကျင့်နေတာဟက်ဟက်
ခင်မင်လေးစားလျှက်...
ချစ်ဖူးတာ လွမ်းဖူးတာတွေလုပ်နေတယ်နော်
ReplyDelete၀ါကျွတ်တော့မယ်....ခံစားချက်တူတာရင်ဘတ်ခြင်းတူတာလဲ
ရှာလိုက်ပါအုန်း....
အချစ်ဆိုတာ ရူးသွပ်ခြင်းပဲတဲ့ မောင်အလင်းသစ်ရေ။
ReplyDelete'ရသလည်းစုံပြီ၊ ဒဿနတွေလည်းကုန်ပြီ' ဆိုမှတော့ တစ်ကပြန်စလည်း နောက်မကျသေးပါဘူးနော်။
တစ်ဝါတော့ကျွတ်ပြန်ပြီပေါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒါဗင်ဂျီရဲ့ပန်းချီကားတွေကို နှစ်သက်တတ်တဲ့ငါနဲ့
ReplyDeleteကာနက်ဂျီရဲ့ တက်ကျမ်းတွေကို စွဲလမ်းတဲ့နင်
ဘဝအမြင်တွေမတူခဲ့ကြဘူးကွယ်
တကယ်တမ်းကျ စိတ်ကူးယဉ်ခြင်းဟာ ရူးသွပ်တာမဟုတ်ပါဘူး။။။
ကဗျာလေးက ထိရှလွန်းလို့ အတိတ်ကိုတောင် သတိရမိသွားတယ်။
ReplyDelete