ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Sunday, November 27, 2011

ရေခဲစိမ်ဇာတ်သိမ်း




အတိတ်ကိုမတွေးချင်ခဲ့ဘူး
အရိပ်တွေက ဆိုးလွန်းတယ်လေ
အိုကွယ်..ချွေးသိပ်ခွင့်ရမလားလို့ ဝင်လာခဲ့မိပါတယ်
ရင်ဝကိုဆောင့်ကန်ခံရမှ
နှလုံးသားချွေးတပ် စခန်းမှန်းသိခဲ့ရတယ်
မမြင်တတ်တဲ့အတူတူတော့ ကန်းနေလိုက်တာပိုကောင်းပါတယ်။။


ကိုယ်တိုင်ရေးတဲ့ ဇာတ်ထုပ်တွေကြား
ကြိုးတွေရှုပ်နေလိုက်တာများ အစမသိ၊အဆုံးမရှိ
ဘာပဲဖြစ်ဖြစ်လေ
နာကျင်ဖူးသူမှ ခံစားသိနဲ့ကြည့်တတ်တာပါ
ဒဏ်ရာဆိုတာမျိုးက တသက်သက်နဲ့ကိုနာတတ်တာလေ။။

မွမ်းကျပ်တဲ့နေ့ရက်တွေမှာ
ငါ့အတွက် ဖြေသိမ့်စရာရင်ခွင်ကိုရှာကြည့်တယ်
မတွေ့ခဲ့ပါလားကွယ်
နှလုံးသားတိုင်းမှာ
နာကျင်စရာတွေပဲ တွေ့ခဲ့ရတာ
ဘယ်အရာက မှားနေတာလဲ။။

အရာရာပြောင်းခဲ့သလို
ငါ့ရဲ့ဒီဆောင်းလည်း အဆိပ်ခတ်ခံလိုက်ရတယ်
တဖွဲဖွဲဖြန့်ခင်းတဲ့ ဒီနှင်းပွင့်တွေရက်စက်လိုက်ပုံများ
နှလုံးသားကို တတိတိနဲ့စားသွားခဲ့။။

ဆောင်းတွင်းမို့ အရွက်ကြွေတာတဲ့လား
ဘာပဲပြောပြောပါ
ရွက်ကြွေရဲ့အညှာကလည်း နာတတ်တယ်။။

သဲသဲလှုပ်နှင်းစက်တွေအောက်မှာ
အေးစက်စိုထိုင်းမှုတွေ ပွေ့ဖက်ရင်း
သစ်ပင်တွေအိပ်စက်နေကြလေရဲ့
ဒဏ်ရာအပြည့်နဲ့ ငါ့ရင်ဘတ်ကသာ
ရက်စက်မှုတွေကို ထပ်ထပ်ပြီးငံ့လင့်နေမိ။။

အခြေအနေကိုလိုက်ပြီး အရောင်ပြောင်းရအောင်လည်း
ငါ့နှလုံးသားက အာရုံခံမကောင်းခဲ့ပါဘူးလေ
သွားနှင့်ကြပါတော့
တစ်နေ့နေ့မှာ ငါလည်းအမှီလိုက်လာမယ်။။

နင်မသိတတ်လို့ ရက်စက်ခဲ့တာပါ
ငါ့မှာတော့ ဟန်မပျက်အောင်ပြုံးပြဖို့
နှလုံးသားကို အသုံးချခဲ့ရတယ်
တကယ်တမ်းကျ
သတ္တိဆိုတာတွေ တအားကိုလိုခဲ့တာပါ။။

ချစ်သူနဲ့အလဲအထပ်ပြုခဲ့ရတဲ့ ဆောင်းညအိပ်မက်ဆိုးတွေ
ငါမြတ်နိုးမိပါတယ်
မနက်တောင်မိုးမလင်းစေချင်ခဲ့ဘူး
နင်ရှိနေတဲ့ဘယ်အရပ်ကိုမဆို ငါမြတ်နိုးတယ်လေ
ထပ်တိုးလာတဲ့ဝေဒနာတွေအတွက်တော့ ငါ့ကံပဲပေါ့။။

တော်ပါပြီကွယ်..
အတိတ်ကိုမတွေးချင်တော့ပါဘူး
အရိပ်တွေက တကယ်ကိုဆိုးလွန်းတယ်
အိုကွယ်..ချွေးသိပ်ခွင့်ရမလားလို့ ဝင်လာခဲ့မိပါတယ်
ရင်ဝကိုဆောင့်ကန်ခံရမှ
နှလုံးသားချွေးတပ် စခန်းမှန်းသိခဲ့ရတဲ့အဖြစ်
မမြင်တတ်ခဲ့တဲ့နောက်တော့ ကန်းနေလိုက်တာကပိုကောင်းသေးတယ်။။။


လေးစားလျက်
အလင်းသစ်

15 comments:

  1. နာကျင်ဖူးသူမှ ခံစားသိနဲ့ကြည့်တတ်တာပါ
    ဆောင်းတွင်းမို့ အရွက်ကြွေတာတဲ့လား
    ဘာပဲပြောပြောပါ
    ရွက်ကြွေရဲ့အညှာကလည်း နာတတ်တယ်။။
    သွားနှင့်ကြပါတော့
    တစ်နေ့နေ့မှာ ငါလည်းအမှီလိုက်လာမယ်။။.........

    ထပ်တူ ခံစားသွားပါတယ်....

    ReplyDelete
  2. ကဗျာကောင်းလေး လာခံစားသွားတာ် အလင်းသစ်ရေ...

    ReplyDelete
  3. ကောင်းလိုက်တဲ့ကဗျာလေး ခံစားသွားတယ် ငါ့မောင်ရေ

    အမကြီး

    ReplyDelete
  4. နာကျင်မှုဝေဒနာဆိုးတို့နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ အတိတ်ဆိုးကို ခါးခါးသီးသီး မေ့ပစ်လိုက်ပါ အလင်းသစ်ရေ။ ခံစားမှုကဗျာလေး ဖတ်သွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ကဗျာကောင်းလေးကိုလာဖတ်သါားတယ်ဗျို့....

    ReplyDelete
  6. မမြင်တတ်ခဲ့တဲ့နောက်တော့ ကန်းနေလိုက်တာကပိုကောင်းသေးတယ်။။။



    ရေးသမျှ ထိတယ်ဗျာ..



    စကားမစပ်2ယောက်လုံးပျောက်နေပါလားဗျ..ဟန်နီးမွန်းများထွက်သွားလားလို့ ...

    ReplyDelete
  7. ခံစားဖူးမှ နားလည်တာပါ။ နတ်သမီး လေသံ အတိုင်း :D

    ReplyDelete
  8. အလင်းစက်ရေ တော်ပါပြီကွယ်..
    အတိတ်ကိုမတွေးချင်တော့ပါဘူး
    အရိပ်တွေက တကယ်ကိုဆိုးလွန်းတယ်၊ ရေခဲစိမ်ဇာတ်သိမ်း.. ကဗျာကောင်းတစ်ပုဒ်ဖတ်သွားပါကြောင်း...

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  9. စာရေးသူရဲ့ခံစားချက်လေးကို ကဗျာလေး ထဲမှာ လှမ်းမြင်နေရပါတယ်

    ReplyDelete
  10. အမတော်ရဲ့မောင်လေးရေ
    မတွေးချင်တဲ့အတိတ်ကိုလဲအပင်ပန်းခံပြီး
    တွေးမနေပါနဲ့တော့ကွယ်
    အမတော် jasmine(ကြောင်အတွင်းရေးမှုး)

    ReplyDelete
  11. တော်ပါပြီကွယ်..
    အတိတ်ကိုမတွေးချင်တော့ပါဘူး
    အရိပ်တွေက တကယ်ကိုဆိုးလွန်းတယ်
    အိုကွယ်..ချွေးသိပ်ခွင့်ရမလားလို့ ဝင်လာခဲ့မိပါတယ်
    ရင်ဝကိုဆောင့်ကန်ခံရမှ
    နှလုံးသားချွေးတပ် စခန်းမှန်းသိခဲ့ရတဲ့အဖြစ်
    မမြင်တတ်ခဲ့တဲ့နောက်တော့ ကန်းနေလိုက်တာကပိုကောင်းသေးတယ်။။။
    အရမ်းသဘောကျတယ် ကောင်းတယ် ဆက်ရေးဖို့လဲမျှော်လင့်ပါတယ်
    အားပေးသွားတယ်နော် သူငယ်ချင်း......

    ReplyDelete
  12. လေးစားအားပေးလျှက်ပါ ရေးသမျှတိုင်းဟာ နှလုံးသားထဲအထိစီးမျှောသွားပါတယ်ဗျာ
    လေးစားလျှက် (လွမ်းပိုင်ရှင်)

    ReplyDelete
  13. ကြိုးတွေရှုပ်နေလိုက်တာများ အစမသိ၊အဆုံးမရှိ
    ကြိုက်တယ်။

    စာပေကိုချစ်တတ်တဲ့ ရင်ဘတ်မှာ ရင့်ကျက်ခြင်းတွေ လင်းတယ်..
    ကြိုက်တယ်။

    ReplyDelete
  14. အိုကွယ်..ချွေးသိပ်ခွင့်ရမလားလို့ ဝင်လာခဲ့မိပါတယ်
    ရင်ဝကိုဆောင့်ကန်ခံရမှ
    နှလုံးသားချွေးတပ် စခန်းမှန်းသိခဲ့ရတဲ့အဖြစ်..........

    မွမ်းကျပ်တဲ့နေ့ရက်တွေမှာ
    ငါ့အတွက် ဖြေသိမ့်စရာရင်ခွင်ကိုရှာကြည့်တယ်
    မတွေ့ခဲ့ပါလားကွယ်
    နှလုံးသားတိုင်းမှာ
    နာကျင်စရာတွေပဲ တွေ့ခဲ့ရတာ
    ဘယ်အရာက မှားနေတာလဲ။။ ................
    ကဗျာတစ်ပုဒ်လုံးကြိုက်တယ်။ ဒါပေမဲ့ ဒီစာသားလေးတွေပိုကြိုက်တယ်။ ခံစားချက်ချင်းတူနေလို့။ါ်)

    ReplyDelete
  15. ကဗျာထဲက အဲ့ဒီစာသားလေးတွေကို ကူချင်ပါတယ် ကူးခွင့်ပြုပေးပါနော်။
    အိုကွယ်..ချွေးသိပ်ခွင့်ရမလားလို့ ဝင်လာခဲ့မိပါတယ်
    ရင်ဝကိုဆောင့်ကန်ခံရမှ
    နှလုံးသားချွေးတပ် စခန်းမှန်းသိခဲ့ရတဲ့အဖြစ်..........

    မွမ်းကျပ်တဲ့နေ့ရက်တွေမှာ
    ငါ့အတွက် ဖြေသိမ့်စရာရင်ခွင်ကိုရှာကြည့်တယ်
    မတွေ့ခဲ့ပါလားကွယ်
    နှလုံးသားတိုင်းမှာ
    နာကျင်စရာတွေပဲ တွေ့ခဲ့ရတာ
    ဘယ်အရာက မှားနေတာလဲ။။ .

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။