ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Friday, December 23, 2011

" ဒီဇင်ဘာပိတ်ရက်မှာ ဘာတွေလုပ်မယ်" အဖြူရောင်နတ်သမီးတဂ်ပို့စ်



တဂ်ပို့စ်တစ်ခု တဂ်ထားကြောင်း အမတော် အဖြူရောင်နတ်သမီးက ပြောလို့ ကြည့်လိုက်တော့ " ဒီဇင်ဘာပိတ်ရက်မှာ ဘာတွေလုပ်မယ်" ဆိုတာပြောပြပေးဖို့ တဂ်ထားတာ ဖြစ်နေပါတယ်။။ အဲဒီလို အတဂ်ခံလိုက်ရတဲ့ အချိန်ထိ ကျွန်တော့်ရဲ့ ဒီဇင်ဘာကတော့ လုံးဝကို မပိတ်သေးဘူးလေ။။ ရေးဖြေ၊ နှုတ်ဖြေတွေနဲ့ ချာလပတ်လည် ကောင်းနေတုန်း ရှိပါသေးတယ်။။ ဒါပေမယ့် သူတို့ပြောတဲ့ Christmas အမှီတော့ တဂ်ပို့စ်ကို ရေးမှလို့တွေးပြီး အခုရေးလိုက်တာပါ။။

ကျွန်တော့်အတွက် ခရစ်စမတ်က စိတ်လှုပ်ရှားမှု မပေးနိုင်ဘူးလို့ ထင်ပါတယ်။။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီနေ့ရက်ကို ဘယ်လောက်ကြီးပဲ နီးကပ်လာလာ ကျွန်တော့်စိတ်မှာ ထူးခြားမှု မဖြစ်လို့ပါ။။ ခရစ်စမတ်သစ်ပင်တို့၊ Decoration များနဲ့ အလှဆင်တာမျိုးတို့လည်း မလုပ်ဖြစ်ပါဘူး။။ အခုရောက်နေတဲ့ နေရာမှာတော့ သူတို့ဓလေ့မို့ သူတို့ဘာသာ ပြင်ဆင်ထား တာတွေတော့ ရှိတယ်လေ။။ ဘာပဲပြောပြော မျက်စိအမြင်မှာတော့ လှပါတယ်။။  ပြီးတော့ ကျွန်တော် ဒီဇင်ဘာလကို ချစ်ပါတယ်။။

ကျွန်တော်အခု ရောက်နေတာက နှင်းတွေအေးခဲနေတဲ့ နေရာပါ။။ သမပိုင်းရာသီဥတုတွေနဲ့ ကြီးပြင်းခဲ့တဲ့သူမို့ ဒီလိုမျိုး အရမ်းကြီး အေးစက်လွန်းတဲ့ ဆောင်းရာသီက အထူးအဆန်းတော့ ဖြစ်ပါတယ်။။ ဒါပေမယ့် မြန်မာပီပီ သူတို့တွေရဲ့ အရမ်း ပူလွန်းတဲ့နွေရာသီ၊ အရမ်းအေးလွန်းတဲ့ ဆောင်းရာသီတွေကို [(၃)နှစ်လောက် နေပြီးလို့ အသားကျနေပြီ ဆိုပေမယ့်] အရမ်းကြီးတော့ သဘောမကျပါဘူး။။ ဒါပေမယ့် ရောက်တုန်းရောက်ခိုက် ကြုံကြိုက်တုန်းလေး အတွေ့အကြုံ တစ်ခုအဖြစ်တော့ နှစ်သက်မိပါတယ်။။ ခရစ်စမတ်ဆိုတာကတော့ သူတို့အနောက်တိုင်းရဲ့ ဓလေ့တစ်ခုမို့ နှင်းဖြူဖြူတွေ တဖွဲဖွဲအောက်မှာမှ ပိုပြီးပနံသင့်မယ်လို့ ထင်ပါတယ်ဗျ။။

ခရစ်စမတ်ပိတ်ရက်တွေက ဒီဇင်ဘာလရဲ့ နောက်ဆုံးပတ်ဆိုတော့ အအေးဆုံးကာလထဲမှာ တစ်ခုအပါအဝင်မို့ ခရီးထွက်ရတာ အဆင်မပြေလို့ ဘယ်မှမသွားဖြစ်ပါဘူး။။ ဒါကြောင့် သမားရိုးကျပဲ ဖြတ်သန်းရင်း အနားယူမှာပါ။။ :D:D ။။ ခရစ်စမတ်ရက်တွေနဲ့ ပက်သက်မယ့် အမှတ်တရတွေကတော့ ပြောမပြတော့ပါဘူး။။ လွမ်းဖို့ကို လက်တို့ရင် မျက်ရည်က စို့ချင်ချင်မို့ပါ။။ (ဒီအချိန်... ဒီဇင်ဘာ...  ငါနှင်းများအကြား လွမ်းမိပါသည်... မင်းလည်း ဘဝအသစ်မှာ အခြေကျပြီး သားသားမီးမီးနဲ့ ပျော်လောက်ပြီ။။ သီချင်းနော်.. သီချင်း.. :D :D)။။ ကျွန်တော်ကတော့ နှစ်သစ် အကြိုညမှာ ဦးဂျော်နီကြီးနဲ့ လမ်းအတူတူ လျောက် နေချင်တော့ တာပါပဲ။။ :D :D။။

New year ညမှာ ဒီအသက်အရွယ်ထိ မှတ်မှတ်ရရ တစ်ခါပဲ countdown လုပ်ခဲ့ဖူးပါတယ်။။ (အဲဒါကလည်း ကြောက်လို့။။ :P :P ။။) ကျောင်းမှာ ပထမနှစ်တက်နေတုန်းက နောက်ဆုံးနှစ်နဲ့ စတုတ္ထနှစ်တွေ ဆင်းလာပြီး အကုန်ကော်ရစ်တာ ထွက်ခိုင်းပါတယ်။။ ပြီးတော့ စဆိုတာနဲ့ ၅၉ကနေ တစ်ခုချင်းလျော့ အော်သွားပြီး ၁ ပြီးတာနဲ့ "Happy New year" လို့အကျယ်ကြီး (၃)ခါအော်ခိုင်းပါတယ်။။ ဘာပြောကောင်းမလဲ ကိုယ်တွေက အငယ်ဆုံးဆိုတော့လည်း အကြီးတွေက အော်ဆိုတာနဲ့ အသားကုန် အော်ပစ် လိုက်တာပဲ။။ ပြီးတော့လည်း ခြင်ထောင်ထဲ ဝင်ပြီး စောင်ခြုံပြန် အိပ်ကြရတာပဲလေ။။ ဘာမှတော့ မဟုတ်ပါဘူး.. :D :D ။။ ဒီဇင်ဘာည ချမ်းအေးအေးမှာ နည်းနည်းလေးတော့ အိပ်ရေးပျက် သွားရတာပေါ့။။

နှစ်သစ်ကို ကုန်ဆုံးချင်တဲ့ သီးသန့်နေရာ ဆိုတာမျိုးတော့ မရှိပါဘူး။။ (တော်ရာမှာ နေရတဲ့ ဘဝတွေမှာ ရောက်တဲ့နေရာမှာပဲ ကုန်ဆုံးစေ ရတော့မှာပေါ့။။) နှစ်သစ်မို့ ဘာတွေတိုး လုပ်မယ်ဆိုတာ မရှိပါဘူး။။ နှစ်သစ်ပဲဖြစ်ဖြစ် နှစ်ဟောင်းပဲဖြစ်ဖြစ် ကိုယ့်ဘက်က အကောင်းဆုံး လုပ်ဆောင်မှသာ  ကိုယ့်အတွက် အကောင်းဆုံး ဖြစ်လာမှာပဲလေ။။ ဘာကိုပဲ ကြုံလာလာ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့တော့ အဆင်သင့် ပြင်ဆင်ထားပါတယ်။။ ကျွန်တော့်အနေနဲ့ နှစ်သစ်မို့ ဆွေမျိုး၊မိတ်ဆွေတွေဆီ ပို့စ်စကဒ်တို့၊ e-card တို့ပို့တာမျိုး တစ်ခါမှ မရှိဖူးပါဘူး။။ (အခါကြီး၊ ရက်ကြီးရောက်မှ သတိတရ ပို့ပေးတတ်တဲ့  အဲဒီအစဉ်အလာကြီးလည်း ကြိုက်ဘူးဗျာ။။ :D :D)

မေးခွန်းတိုင်းကိုတော့ ဖြေလို့ပြီးပါပြီ။။ ကျွန်တော်က ကိုယ့်စိတ်ထဲကအတိုင်း ဖြေတာမို့ လူတိုင်းနဲ့ အကြိုက်ချင်း ညီချင်မှ ညီနိုင်ပါ့မယ်။။ လူတစ်ကိုယ် စိတ်တစ်မျိုးမို့ ကျွန်တော် ဖြေတာတွေကို သဘောမကျရင်လည်း သည်းခံပေးပါလို့ ပြောချင် ပါတယ်။။ ဘာလို့မှန်းတော့ မသိဘူး ဧပြီလ လယ်ပိုင်းလောက် မြန်မာပြည် တနံတလျားမှာ ရေကစားကြတဲ့ ပိတောက်ပန်း ရနံ့တွေ ကြိုင်ကြိုင်၊ မြေသင်းနံ့တွေ တဖြူးဖြူးနဲ့ တန်ခူးလကိုရောက်ရင်တော့ ရင်ထဲမှာ ဆွတ်ဆွတ်ပျံ့ပျံ့နဲ့ တမ်းတမ်းတတကြီးကို လွမ်းမိပါတယ်။။ ကိုယ်တွေအတွက် မွေးစားနှစ်ကူးဖြစ်တဲ့ ဒီနှစ်ကူးကြီးကိုတော့ ထူးထူးခြားခြား ခံစားချက်တွေ တကယ်ကို မရှိပါဘူး။။ ဘာပဲပြောပြော ခေတ်စနစ်ရဲ့ သတ်မှတ်ချက်အရ နှစ်တစ်နှစ်ကို ကူးပြောင်းတဲ့ ကာလမို့ အများနဲ့နည်းတူ ကျွန်တော်လည်း ဆုတောင်းပေးချင်ပါတယ်။။

ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာ အားလုံးသော မောင်နှမများနဲ့ လူသားအားလုံး ကျန်းမာပကတိ၊ ချမ်းသာစွာ ရှိကြပါစေ။။ မရှိစကား မကြားရပဲ လိုလားတာမှန်သမျှ ရရှိနိုင်ကြပါစေ။။ သက်ရှည်၊ကျန်းမာ၊ စိတ်ချမ်းသာ ကြပါစေ။။ (တလျောက်လုံး ဂွတိုက်လာသမျှ ခုမှပဲ အကြီးအကျယ် ဖားလိုက်တာ။။ :D :D ၊၊)

(ရုပ်ရည်ချောမော လှပပြီး၊ သဘောကောင်း သူများသည် ပြုံးပြုံးကြီးနှင့် စာကိုဖတ်ပြီး ခေါင်းကိုငြိမ့် သွားကြလေသည်။။ ထိုသူများသည် အရာရာ အဆင်ပြေ၊ အကြွေးကျေ၊ အသက်ရှည်ကြမည့် သူများ ဖြစ်လေသတည်း။။ :D :D ။။)


လေးစားလျက်
အလင်းသစ်

13 comments:

  1. ဟုတ်ကဲ့ပါ....ကျွန်တော်ပြောသမျှ ခေါင်းငြိမ့်ဖတ်လို့ ပျော်ရွင်ဖွယ် ခရစ်စမတ်နဲ့ Happy New Year ပါလို့....:):)
    ပြုံးပြိးမဖတ်ရင်...ကိုယ်ပဲ ......ဟိုဒင်း...ဟိုဟာ...??..:P:P

    ReplyDelete
  2. စာကိုဖတ်ပြီး ခေါင်းကိုငြိမ့် သွားတယ်
    ချစ်ကိုကြီးရေ

    ReplyDelete
  3. ရို့စ်ရဲ့ တက်ဂ်ပို့စ်လေးကို ဆက်လက်တက်ဂ်ပေးတဲ့ အစ်မအဖြူရောင်နတ်သမီးနဲ့ ရေးပေးတဲ့ ကိုအလင်းသစ်တို့ကို ကျေးဇူးတင်ပါတယ်။ မိမိ ခံယူချက်တွေကို ပွင့်ပွင့်လင်းလင်း ရေးထားလို့ ရိုးသားမှုကို ပကတိ မြင်ရတယ်။ စိတ်ဝင်တစား ဖတ်ဖြစ်ခဲ့ပါတယ်။

    ReplyDelete
  4. ခေါင်းမညိမ့်ရင်ဘဲ ကိုယ်က ဘာလိုလို ...:P

    ReplyDelete
  5. အားပေးတယ်နော်

    ReplyDelete
  6. ဟုတ်ပါပြီ ဟုတ်ပါပြီ...
    နောက်ဆုံးပိတ်လေးကြောင့်..
    မပြုံးချင်လည်းပြုံး.. မညှိတ်ချင်လည်း ညှိတ်ရမပေါ့လေ..
    ချုပ်လိုက်တဲ့ပုံများ..တတ်ပတော်..

    ကြေနပ်ပါ၏..မိန့်မိန့်ကြီးကို ပြုံးသွားပါ၏
    နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေ..
    စာမေးပွဲတွေလည်း ကောင်းစွာဖြေဆိုနိုင်ပါစေ...

    ReplyDelete
  7. မေ့နိုင်တဲ့သူကမေ့နေပေမယ့် ကိုယ်တွေကတော့မမေ့နိုင်လို့လိုက်လာရပါတယ်ရှင်
    ကောင်းမွန်စွာရေးထားတာမို့စာဖတ်ပြီးကျေနပ်မိတယ်
    Merry Christmas & Happy New Year ပါနော်
    အမတော် မုန်လာထုပ်

    ReplyDelete
  8. ကိုအလင်းသစ်ရ
    ရောက်ပြီးဖတ်နေတယ်ဗျာ
    အကိုက စာရေးအတော်ကောင်းတာပဲ ရိုးရိုးရှင်းရှင်းလေးဖြေထားတာကိုလဲသဘောကျပါတယ်
    Merry Christmas & Happy New Year ခင်ဗျာ

    ReplyDelete
  9. လက်မတို့ တော့ပါဘူး မျက်ရည်ကျမှာစိုးလို့  ဟဟဟ

    ReplyDelete
  10. ရိုးရိုးရှင်းရှင်းလေးရေးထားတဲ့ တဂ်ပို့စ်လေးဖတ်သွားတယ် အလင်းသစ်ရေ။
    Merry Christmas & Happy New Year !!!
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  11. (ရုပ်ရည်ချောမော လှပပြီး၊ သဘောကောင်း သူများသည် ပြုံးပြုံးကြီးနှင့် စာကိုဖတ်ပြီး ခေါင်းကိုငြိမ့် သွားကြလေသည်။။ ထိုသူများသည် အရာရာ အဆင်ပြေ၊ အကြွေးကျေ၊ အသက်ရှည်ကြမည့် သူများ ဖြစ်လေသတည်း။။ :D :D ။။)

    အထက်ပါစာကြောင့်မဟုတ်ရပါ (လုံးဝမဟုတ်ရပါ)း)
    ပြုံးပြုံးကြီး နက်ကဖေးထဲမှာ ထိုင်ဖတ်နေလိုက်တာ ဘေးကတချို့သူတွေကတော့ ထင်မှာပဲ ငပေါ လို့း)း)

    ပျော်ရွှင်ပါစေဗျား)

    ReplyDelete
  12. ဟုတ်ကဲ့ ပါရှင့်  မှတ်သားသွားပါတယ်ရှင်း)
    ပျော်ရွှင်ဖွယ်ဒီဇင်ဘာနေ့ရက်များဖြစ်ပါစေ ငါ့မောင်ရေ

    အမကြီး

    မဒိုးကန်

    ReplyDelete
  13. ဟား ဟား ဟား ဟား ခေါင်းမ ခေါင်းကို မငြိမ့်လို့မရတော့ဘူး။ ခေါင်းငြိမ့်သွားတယ်ဗျာ။ :P

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။