ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Monday, December 24, 2012

အိမ်ပြန်ချိန်



ခြေချုပ်ကျနေတဲ့ အိပ်မက်တချို့ရဲ့ အတိမ်အနက်
ဘယ်ဘာသာနဲ့ ဖတ်မလဲ
တကယ်တော့ အနာဂတ်တစ်ခုလုံး ဖျားနာကိုက်ခဲ။။။

အပြောင်းအလဲကိုလိုချင်လို့
ညဉ့်နက်နက်မှာ မနက်စာစားကြည့်တယ်
မကောင်းဘူး။။။

ဆောင်းကလည်း ဆောင်းအလျောက်
နွေကလည်း နွေသဘာဝ
သူတို့မှာ...
ဟန်ဆောင်တန်ဖိုးတွေပဲ ရှိကြတယ်။။

အတောင်ပံကျိုးလည်း ငှက်မျိုးရိုးပါပဲ
ဒါပေမယ့်...
အသက်နဲ့ရှင်သန်တဲ့ငှက်
တကယ်ဆို ရှက်တယ်။။

လက်နှစ်ဖက်မှာတော့ သောကြာဂြိုလ်ခုံ
ထူးထူးခြားခြားမောက်နေလေရဲ့
သောက်နေတဲ့ရေထဲ ဂက်စ်မပါသေးတာ
ကံကောင်းတယ်။။။

အနာဂတ်ကို အပိုင်ဝယ်ဖို့အရေး
ကိုယ့်ကိုကိုယ် သွေးနေလိုက်ရတာ
ဟောဟို... ဂေါယာအဖျားမှာ
နေတောင် တစ်ထောက်နားပြန်ရှာပေါ့။။

ငါသေသွားတဲ့နောက်
ကမ္ဘာကလုံးရင်လုံးမယ်၊ ပြားရင်ပြားမယ်
ငါကတော့...
အငြင်းသမားမဟုတ်တော့ဘူး။။

အပြင်လေတွေ ဘယ်လောက်အေးအေး
နှာခေါင်းဝမှာလေက နွေးတယ်
သေချာတယ်...
နွေးထွေးမှုဆိုတာ အတွင်းမှာပဲရှိတယ်။။

တော်ပါပြီ....
ဆော်လမွန်ငါးတွေကို မစောင့်တော့ဘူး
ဒီနွေဦးအမှီ  ငါပြန်တော့မယ်။။။


လေးစားလျက်
အလင်းသစ်


4 comments:

  1. ကဗျာလာဖတ်တယ် ညီး)
    ခက်ခက်ခဲခဲလာခဲ့ရပါတယ်း)

    မောင်ဘကြိုင်

    ReplyDelete
  2. ပြန်လာရတော့မှာလား အလင်း ရဲ့

    ReplyDelete
  3. အရမ်းကြိုက်တယ် အလင်းရေ...
    အလင်းကဗျာတွေက တကယ်ထိတယ်...
    ရင်ဘတ်တည့်တည့်ကို လာထိတာပြောပါတယ်...:)
    စတာပါ...မိုးနတ်စကားကြောင့် အလင်းကဗျာအပေါ်
    ထင်မြင်ချက်ပေးတာ ပေါ့မသွားစေချင်ပါဘူး...
    very nice ပါ အလင်းရေ...
    ဆက်လက်ထုဆစ်နိုင်ပါစေနော်..
    ခင်တဲ့...မိုးနတ်

    ReplyDelete
  4. တော်ပါပြီ....
    ဆော်လမွန်ငါးတွေကို မစောင့်တော့ဘူး
    ဒီနွေဦးအမှီ ငါပြန်တော့မယ်။။။

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။