ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Friday, February 15, 2013

=== အလွမ်းခပ်တဲ့ မှတ်စုများ (၃) ===



ကိုယ်တိုင်က အညတရဆိုမှတော့
သူမက တော်ဝင်ဖို့မလိုလှပါဘူး
ကိုယ်တို့တွေ...
တစ်ယောက်ကိုတစ်ယောက် လိုအပ်ခြင်းနဲ့
အဲဒီ...မြက်ခင်းစိမ်းကြီးကို ဖြတ်သန်းချင်တယ်။။

အလွမ်းပေါက်ပင် ကိုင်းကာမှ
ကိုယ့်ရဲ့ဗျိုင်းမလေးက အိပ်တန်းတက်တော့
လှုပ်လှုပ်ခတ်ခတ်ကို လွမ်းတယ်...။။

ကိုယ်ကလည်း ပုထုဇဉ်ပါ
သူမမျက်နှာကို မြင်ရခြင်းမှာ
ဘယ်လို ရောင့်ရဲတတ်ပါ့မလဲ။။

ရင်ဘတ်ရဲ့ ဘယ်ဘက်အနားမှာတော့
အလွမ်းတွေ ခပ်ထားလို့များလား
တသက်သက်နဲ့ကို ခါးတယ်
ဟော့ဒီ...မိုးရာသီမရှိတဲ့ အရပ်ကနေလည်း
ကိုယ်...နှုတ်ဆက်ချင်လှပါပြီ။။

ကံကြမ္မာနဲ့ စီးချင်းထိုးတိုင်းမှာ
ကိုယ့်ကိုကိုယ်သွေးရတာ အားမရဘူး
အရာရာထက် ချွန်မြကြောင်းပြဖို့
သူမနဲ့ကိုယ့်ရဲ့ ရင်ဘတ်နှစ်ခုထဲ
အလွမ်းတွေပဲ ခဏခဏကြဲချခဲ့ရတယ်။။ 

ခဏပဲဖြစ်ဖြစ်ပေါ့ အချစ်ရယ်....
ဟော့ဒီ.... အိပ်မက်မြစ်ကြီးထဲ
ကိုယ်တို့ရဲ့ချစ်ခြင်းနဲ့ ဇင်ယော်တွေလိုပျံဝဲပစ်ချင်တယ်
ဘဝဆိုတဲ့ပင်လယ်ကြီး ကြေကွဲ
မျက်ရည်တွေ ဝဲသွားတဲ့အထိပေါ့။။



လေးစားလျက်
အလင်းသစ် (၁၅.၂.၂၀၁၃ _ သောကြာ)


8 comments:

  1. အလွမ်းပေါက်ပင် ကိုင်းကာမှ
    ကိုယ့်ရဲ့ဗျိုင်းမလေးက အိပ်တန်းတက်တော့
    လှုပ်လှုပ်ခတ်ခတ်ကို လွမ်းတယ်...။။

    အဲလောက်တောင် လွမ်းတယ်လားကွယ် :))

    ReplyDelete
  2. ခဏပဲဖြစ်ဖြစ်ပေါ့ အချစ်ရယ်....
    ဟော့ဒီ.... အိပ်မက်မြစ်ကြီးထဲ
    ကိုယ်တို့ရဲ့ချစ်ခြင်းနဲ့ ဇင်ယော်တွေလိုပျံဝဲပစ်ချင်တယ်
    ဘဝဆိုတဲ့ပင်လယ်ကြီး ကြေကွဲ
    မျက်ရည်တွေ ဝဲသွားတဲ့အထိပေါ့....

    မိုက်စ်ပါ အလင်းရေ...
    ထုံးစံအတိုင်း တစ်ပုဒ်လုံးကို
    နှစ်သက်မိကြောင်းပါ....
    အလင်းရေ....ထူးဆန်းတယ်နော်
    ဘာပဲရေးရေးကောင်းတယ်ဆိုတာ..
    တီတင့်ပြောသလိုပဲဖြစ်မှာပါ...
    မှင်စက်ကျရာ ဓါတ်သက်ပါတဲ့လေ...:)))
    ခုလဲ အဲလိုပဲဖြစ်နေပြီထင်တယ်...

    ReplyDelete
  3. အလင်းသစ်ရဲ့ ဘ၀ပင်လယ်ကြီးထဲမှာ ကြေကွဲမျက်ရည်ဝဲတာလေးကိုဖတ်ပြီး
    အလွမ်းဓာတ်လေးအကြောင်း ကွန်မန့်ရေးမလို့လုပ်တုန်း မိုးနတ်ရဲ့ ခေါ်သံကြားလိုက်လို့
    အာရုံတစ်ဖက်ရောက်သွားတယ်း) ကဗျာကောင်းလေးတွေ အမြဲဖတ်ခွင့်ရလို့ ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ကိုယ်တိုင်က အညတရဆိုမှတော့
    သူမက တော်ဝင်ဖို့မလိုလှပါဘူး

    ReplyDelete
  5. ခဏပဲဖြစ်ဖြစ်ပေါ့ အချစ်ရယ်....
    ဟော့ဒီ.... အိပ်မက်မြစ်ကြီးထဲ
    ကိုယ်တို့ရဲ့ချစ်ခြင်းနဲ့ ဇင်ယော်တွေလိုပျံဝဲပစ်ချင်တယ်
    ဘဝဆိုတဲ့ပင်လယ်ကြီး ကြေကွဲ
    မျက်ရည်တွေ ဝဲသွာတဲ့အထိပေါ့။။ .......ဒီစာသားလေးအရမ်းကောင်းတယ်.....ရှင်အားပေးသွားတယ်နော်...ညီမကအခုမှဖတ်မိလို့ပါ...နောင်လည်းများများရေးနိုင်ပါစေ...

    ReplyDelete
  6. အလည်ရောက်ချိန် အလွမ်းမျက်ရည်တွေနဲ့ တိုးသွားရတယ် အလင်းသစ်ရေ..

    ReplyDelete
  7. ကျွန်တော်အကို့ရဲ့ လင်ဒ့်ကိုယူသွားတယ်အကို
    ကဗျာတွေကိုတော့ သကြားလုံး သယ်သယ်လာလို့ fb မှာဖတ်ခွင့်ရပါတယ်
    ဘလောက်ဒ့်ကိုတော့ အခုမှ ရောက်ပြီး လင်ဒ့်ယူရတာပါ ခွင့်ပြုပါ အကို။

    ReplyDelete
  8. အလွမ်းနက်နက်တွေနဲ့ ဖွဲ့ဆိုထားတဲ့ကဗျာလေးပါလား အစ်ကိုရေ ...

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။