ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Sunday, June 23, 2013

" အိပ်မက် ထောင့်ချိုး "



ဖျတ်ခနဲ့ ကွေးသွားတဲ့
သုဘဒ္ဒါရဲ့ နှုတ်ခမ်းဖျားဟာ
ဘယ်အမှားရဲ့ သင်္ကေတပါလိမ့်ကွယ်
ရင်ဘတ်နှစ်ခုစာ တဖြည်းဖြည်း
ဝေးကွာခဲ့ကြရ ။။

တရှိုက်မက်မက် တမ်းတမိတဲ့
အဲဒီ... နှုတ်ခမ်းလေးကပဲ
ရိုမီယိုကို ဓားရိုးကမ်းတဲ့အကြောင်း
မျက်စိမပါလို့
ကိုယ်ကောင်းကောင်းမသိခဲ့ပါဘူး ။။

ဟောဟို ... ရင်ခွင်မှာတော့
ငိုပြုံးတွေ လန်းလန်းစွင့်စွင့်
မအိုဇာဆီ ကမ်းလင့်နေတယ်
ကွမ်းတစ်ယာ၊ ရေတစ်မှုတ်ရှင်လေး
ကျန်းမာပါစေကွယ်။။

သူလို ကိုယ်လိုပါပဲ
မိုးသည်းသည်းရွာတဲ့နေ့တွေဆို လွမ်းတယ်
ဟိုကောင်းကင်အိုအိုကလဲ
ကိုယ့်အတွက်ဆို အမြဲလိုလို  ... မှောင်လို့ ။။

ကြယ်ရောင်တွေ အမြဲပျက်တဲ့
အဲဒီ ... မီးတလက်လက်မြို့ကြီးကနေ
ထွက်ခွာတော့မယ်
ကိုယ်လေ ... တိမ်ညိုအစွန်းကိုခိုတွဲ
အမြဲဝမ်းနည်းနေတတ်တဲ့ ဟိုကောင်မလေးကို
နှုတ်ဆက်ပါတယ် ။။

ဘာဖြစ်လဲကွယ် ...
ခရီးမှ မပေါက်ခဲ့တာ ကျောက်ချလိုက်ကြရုံ
အယိုင်တွေ၊ အရွေ့တွေကတော့
မေ့ထားကြတာပေါ့ ။။

တကယ်ဆို ... အိပ်မက်ပါပဲ
လမ်းခွဲတမ်းကိုမှ ခုံခုံမင်မင်ကစားတတ်တဲ့
နတ်ဘုရားမလေး ပျော်ပါစေ ။။



လေးစားလျက်
အလင်းသစ် (၂၃.၆.၂၀၁၃ - တနင်္ဂနွေ)



6 comments:

  1. ကောင်းလိုက်တာဗျာ.....
    ကဗျာ ကောင်းကောင်းလေးတွေ မဖတ်ရတာကြာပြီဗျ
    ကနေ့တော့ စိတ်ခံတွင်း တွေ့သွားလေရဲ့ဗျာ ။

    မင်းဧရာ

    ReplyDelete
  2. အလင်းကဗျာသစ်လေး တွေ့တော့ ၀မ်းသာအားရနဲ့
    တမက်တမော လာဖတ်မိတယ် .....အမောပြေသွားပြီ
    ထင်တာပဲ ...လာဖတ်ရကျိုးအမြဲနပ်တယ် .....:)
    ကဗျာကောင်းလေးအတွက် ကျေးဇူးပါ အလင်းရေ..ဒါထက်
    အလင်း မြန်မာပြည်ကို ပြန်လာရတော့မယ် ဟုတ်စ :)

    ခင်တဲ့...မိုးနတ်ကြယ်စင်

    ReplyDelete
  3. ဆရာကဗျာလေးတွေ မဖတ်ရတာကြာပေါ့..
    ကဗျာအသစ်လေးတွေ့လို့ အပြေးလာဖတ်တာ :))

    ReplyDelete
  4. ဟန်ကြည်June 27, 2013 at 11:10 PM

    ကဗျာကောင်းပဲ လပေါင်းများစွာ ဥပြီး ဖောက်လိုက်တယ်ဖြစ်မယ်...အလင်္ကာရော ပသာဓဂုဏ်ပါ အပြည့်...ကြိုက်သဗျာ...

    ReplyDelete
  5. တရှိုက်မက်မက် တမ်းတမိတဲ့
    အဲဒီ... နှုတ်ခမ်းလေးကပဲ
    ရိုမီယိုကို ဓားရိုးကမ်းတဲ့အကြောင်း
    မျက်စိမပါလို့
    ကိုယ်ကောင်းကောင်းမသိခဲ့ပါဘူး ။။

    ..အဲ့ဒီမျက်စိက ဘယ်မှာထားခဲ့လို့လဲ ဟင်..:P
    စတာ နော်
    ကဗျာကောင်းလေးကို အားပေးသွားပါကြောင်း

    ReplyDelete
  6. အရမ်း ကောင်းပါတယ် တော်ပါတယ် ကို အလင်းသစ်

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။