ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Tuesday, April 5, 2011

ကျနော့်လရောင်လေး


ကျနော့်ရဲ့လရောင်လေးကတော့

မိုင်လေးထာင်ကျော်အဝေးမှာပေါ့
ခုလောက်ဆို
ကျနော့်အကြောင်းတွေးချင်တွေးနေပါလိမ့်မယ်..
ဒါမှမဟုတ် ခရီးသွားဟန်လွှဲ
ရောက်တတ်ရာရာ သီချင်းလေးတွေ
ညည်းကောင်းညည်းနေနိုင်ပါတယ်...
သီချင်းညည်းနေရင်း ဖျတ်ကနဲ့
ကျနော့်စကားတွေကို သတိရပြီး
အပိုတွေ "ကိုအိုဗာတင်းကြီး" လို့
ရေရွတ်မိပါလိမ့်မယ်...

အတွေးထဲကသူ့စကားက
နှုတ်ဖျားကထွက်လာတာကိုသိလိုက်တော့
ယောင်ယောင်လေး သူမလက်ဖ၀ါးလေးတွေနဲ့
သူမနှုတ်ခမ်းလေးတွေကို
အလျင်စလိုထိကပ်လိုက်ပါလိမ့်မယ် ...
ဘယ်လို၊ဘယ်လောက်ပဲ
လောကကြီးကလှတယ်ပြောပြော

ညရဲ့အမှောင်ရယ် လရဲ့ အရောင်ရယ်ထက်
ရှက်ရိပ်မပြယ့်တပြယ် ကျနော့်ချစ်သူရဲ့ အရောင်က
ကျနော့်မှာရှိသမျှအမှောင်တွေကို
လင်းလက်သွားစေပါတော့တယ်။။။။။။။။။။။။

4 comments:

  1. ဘယ်လို၊ဘယ်လောက်ပဲ
    လောကကြီးကလှတယ်ပြောပြော
    ညရဲ့အမှောင်ရယ် လရဲ့ အရောင်ရယ်ထက်
    ရှက်ရိပ်မပြယ့်တပြယ် ကျနော့်ချစ်သူရဲ့ အရောင်က
    ကျနော့်မှာရှိသမျှအမှောင်တွေကို
    လင်းလက်သွားစေပါတော့တယ်။။။။။။။။။။။။မိုက်ချက်...
    အဲလောက်တောင်ပေါ့လေ....လင်းသစ်ရ.
    ခံစားအားပေးလျှက်..

    ReplyDelete
  2. ကျနော့်ရဲ့ လရောင်လေး . . .တဲ့။
    ဟင့် . . .ကိုအိုဗာတင်းကြီး . . .ဟီး။

    ReplyDelete
  3. မိုင်ပေါင်းလေးထောင်ကျော်တောင် ...
    သနားစရာကောင်းလိုက်တာ.. :P

    ReplyDelete
  4. တယ်စာတဲ့ ဆိုပါလား..:P

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။