ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Wednesday, September 7, 2011

အတ္တကို လျော့ချခြင်း



အတ္တနဲ့မာနတွေ ပြည့်ကျပ်နေတဲ့ မနက်ဖြန်တွေ
လွတ်ကင်းရာဆီ တောင်ပံဖြန့်လိုက်ချင်တယ်
အသက်ရှူရတာ မဝဘူးကွယ်
တကယ်ဆို ငါကဇင်ယော်တစ်ကောင်
ယောနသန်လိုကောင်ဆို ပိုမှန်လိမ့်မယ်
အတည့်ပျံနေဖို့ကို ရိုးတယ်ထင်ပြီး
ပြောင်းပြန်ကြီး ပျံတတ်တဲ့ကောင်လေ
တစ်ခါတလေကျတော့လည်း လောကကြီးက
ပြောင်းပြန်ကြည့်မှ လှနေတတ်တာမျိုးတဲ့...။။။။



အထာမကျတဲ့ သဘာဝတရားကြီးက
ကျီစယ်တတ်လိုက်ပုံများ ငါတို့တွေရဲ့ ရိုးသားခြင်းကိုတောင်
မီးလောင်တစပြင်လို မည်းမှောင်ပြာချ
ယ်ထာဘူတမက်လိုက္ပံုမ်ား
ကဗျာလည်းမမှီ၊စာလည်းမမှီ ပန်းချီဆရာ ဒါဗင်ဂျီတောင်
ဆေးပန်းချီ မချယ်နိုင်တဲ့အထိ...။။။




အဖွင့်၊အပိတ်မှန်နေသမျှ ဒီပါးစပ်တွေကနေ
နာပျော်ဖွယ်အသံတွေ ထွက်ကျနေဦးမှာပဲလေ
လက်တွေ့မကျပဲနဲ့တော့ လိမ်ညာပြမနေပါနဲ့ နားထဲမှာ ကလော့တယ်
သနားတယ်ဆိုတဲ့ စကားကိုတော့
ကလေးကအစ ပြောတတ်ကြတယ်
ဝါကျမှန်ရုံနဲ့ အဓိပ္ပါယ်မညီပါဘူး တူညီတဲ့သတ်မှတ်ချက်မှာ
နှမ်းတစ်စေ့ကလည်း ဆီထွက်ပါတယ်
တကယ်တမ်းကျ လက်တွေ့ဆိုတာ ပါဖို့လိုတယ်။။။



လူသားမျိုးနွယ်ဖြစ်တည်မှုမှာ အချစ်တစ်ခုတည်းကိုတော့
ကိုးကွယ်ဖို့မလိုဘူး ငါတို့တွေ အရူးမဟုတ်ဘူးလေ
ကိုယ်စီရဲ့ ယုံကြည်ရာဆီ ငါတို့ကိုယ်တိုင်ပဲ ရွက်လွှင့်ကြရဦးမယ်
ဒီကြားထဲမှာ အတ္တ၊ပရ မျှတဖို့တော့ သတိချပ်ကြပါဦး
ထူးမခြားနားတဲ့ သဘာဝမှာ အထာမကျစွာယစ်မူးရင်း
ငါတို့တွေ အတ္တကို အထူးပေးနေမိကြပြီလေ...။။။



ရှေးအစဉ်ဆက်က ဆုံးမစာတွေ ငါတို့ဦးနှောက်ဆီမှာ တည်နေတုန်းပဲ
ဒါပေမယ့် မသုံးခဲ့ကြဘူး
ကိုယ်ထင်ရာ ကိုယ့်နန်းကို အလှဆုံးပြင်ဆင်ကြရင်း
နောက်ဆုံးမှာတော့ လူလုံးလှသလောက် လိပ်ပြာမလုံရတဲ့ဘဝမှာ
ငါတို့ရဲ့ အိပ်မက်တွေ ဆိုးရွားခဲ့ကြရတယ်
ကဲ..ဘာတန်ရာတန်ကြေးကို ငါတို့ရခဲ့သလဲ...။။။




တကယ်ဆို အတ္တမပါရင် တကယ်လှတဲ့ ကမ္ဘာကြီး
အခုကျတော့ ကိုယ့်အတွက်ပြီးရင် ကိုယ့်အတွက်ဆိုတဲ့ အတ္တတွေကြားမှာ
အလှတွေပျက်သွားတာ ကြာခဲ့ပြီပေါ့
သနားတယ်၊ ပြီးတော့နှမျောတယ်.. ကမ္ဘာကြီးရယ်
တကယ်တမ်းကျ ငါလည်းမင်းကို ထမ်းမထားနိုင်ပါဘူး
သူများထက်ထူးပြီး ရူးတတ်တာကလွဲရင်
ငါဆိုတာလည်း လူထဲကလူပါပဲကွယ်....။။။



ထူးခြားတဲ့ယဉ်ကျေးမှုနဲ့ ကြီးပြင်းရင်း ငါတို့တွေရဲ့စိတ်ရင်းမှာ
မြန်မာပဲဆိုတာ စွဲစွဲမြဲမြဲကြီးကိန်းဝပ်ခဲ့
ဘဝရဲ့အလှည့်အပြောင်းမှာတောင် ဗြဟ္မစိုရ်တရားလေးပါးညီမျှနေလေရဲ့
ဒါပေမယ့် ခုတော့ ခေတ်ရဲ့ရေစီးမှာ ငါတို့လည်းပျက်စီးခဲ့ပြီ
အရာရာ အရင်အတိုင်းသာဆို ငါတို့ဘာကိုလိုဦးမလဲ
လွန်လေပြီးတဲ့ တစ်ထောင့်တစ်ညတွေကို တမ်းတတယ်...။။။


သူကသာရင် နာလိုလိုက်စမ်းပါ၊ သူကထူးရင် ဦးချလိုက်စမ်းပါ
လူရိပ်ခိုရုံနဲ့တော့ ပိမသေပါဘူး
တစ်ခါတစ်ခါကျတော့ အရှုံးပေးချင်းကပိုပိုပြီး လှတယ်
အနိုင်ရမှ ပျော်ရတာ မဟုတ်ပါဘူးလေ...။။။


သဘာဝကို အံတုရင်းနဲ့ ငါလည်း သဘာဝမကျခဲ့တာ
တော်တော်ကိုကြာပြီပေါ့
လူတွေနဲ့မှ လိုက်လျောညီထွေမနေနိုင်တာ
လူ့စည်းရဲ့အပြင်မှာ ပျော်ရတာ ငါ့အတွက်မထူးဘူး
တကယ်တော့ ဦးစားပေးချင်းကို ငါလည်းမလိုချင်ခဲ့ပါဘူးလေ..။။။



အတ္တနဲ့မာနတွေ ပြည့်ကျပ်နေတဲ့ မနက်ဖြန်တွေ
လွတ်ကင်းရာဆီ တောင်ပံဖျန့်လိုက်ချင်တယ်
အသက်ရှူရတာ မဝဘူးကွယ်
တကယ်ဆို ငါကဇင်ယော်တစ်ကောင်
ယောနသန်လိုကောင်ဆို ပိုမှန်လိမ့်မယ်
အတည့်ပျံနေဖို့ကို ရိုးတယ်ထင်ပြီး
ပြောင်းပြန်ကြီး ပျံတတ်တဲ့ကောင်လေ
တစ်ခါတလေကျတော့လည်း လောကကြီးက
ပြောင်းပြန်ကြည့်မှ လှနေတတ်တာမျိုးတဲ့...။။။။




လေးစားလျက်
အလင်းသစ်

5 comments:

  1. တစ်ခါတလေကျတော့လည်း လောကကြီးက
    ပြောင်းပြန်ကြည့်မှ လှနေတတ်တာမျိုးတဲ့...။။။။
    ဒီနေ့ကစပြိး ကြည့်တော့မယ် ပြောင်းပြန် :):)

    ReplyDelete
  2. "တကယ်ဆိုအတ္တမပါရင် တကယ်လှတဲ့ကမ္ဘာကြီး" ဖြစ်သည့်တိုင် လူတွေကို ရပ်တည်ခွင့်ပေးထားတဲ့ ကမ္ဘာကြီးလည်း သူ့ဒုက္ခနဲ့သူပါ အလင်းသစ်ရေ။ နားလည်ပေးလိုက်ပါနော်း)
ိစိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. တကယ်ဆို ငါကဇင်ယော်တစ်ကောင်..
    ဟဲဟဲ လေးခွနဲ့ပစ်ဖို့ ချောင်းနေတယ် ..း)

    အလကားစတာ ..ကဗျာလေးက ခံစားလို့ကောင်းတယ်
    အင်း ကိုယ့် ရှု့ထောင့်နဲ့ကိုယ်ကတော့မှန်နေတာပဲလေ...
    ငါကတော့ ဇောက်ထိုးပဲကြည့်ကြည့်တယ် .အလင်းရေ .း)

    ReplyDelete
  4. ရှေးအစဉ်ဆက်က ဆုံးမစာတွေ ငါတို့ဦးနှောက်ဆီမှာ တည်နေတုန်းပဲ
    ဒါပေမယ့် မသုံးခဲ့ကြဘူး
    ကိုယ်ထင်ရာ ကိုယ့်နန်းကို အလှဆုံးပြင်ဆင်ကြရင်း
    နောက်ဆုံးမှာတော့ လူလုံးလှသလောက် လိပ်ပြာမလုံရတဲ့ဘဝမှာ
    ငါတို့ရဲ့ အိပ်မက်တွေ ဆိုးရွားခဲ့ကြရတယ်
    ကဲ..ဘာတန်ရာတန်ကြေးကို ငါတို့ရခဲ့သလဲ...။။။

    များများချီးမွမ်းရင် ပျက်သွားမှာစိုးလို့ တလုံးပဲ ပြောခဲ့ချင်တယ်။

    ကြိုက်တယ်ဗျာ။

    ReplyDelete
  5. အတည့်ပျံပျံ ပြောင်းပြန်ပျံပျံ ရည်မှန်းချက်ကို ရောက်ဖို့ လိုပါတယ်လေ...
    ကဗျာလေး ခံစားသွားပါတယ်...

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။