ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Tuesday, October 25, 2011

ဒီလမ်းလေးက သိပါတယ်

စာတွေကများ၊ အလုပ်တွေကများနဲ့ ဒီကြားထဲ စာရေးဖို့လည်း စိတ်ကမပါတော့ ကိုယ့်ကိုကိုယ် ဘာများဖြစ်နေလဲ ပြန်ပြီး ဆန်းစစ်ကြည့်မိတယ်။။ တွေ့လိုက်ရတာက ကျွန်တော့် ရင်ဘတ်နဲ့ တစ်ထမ်းကြီးပါဗျာ...အလွမ်းတွေ ပြောပါတယ်။။ တမ်းတမိတာလေးတွေ သက်ဆိုင်သူ သိစေဖို့ပဲဆိုဆို ရင်ဖွင့်ပြချင်တယ်။။ တကယ်လို့များ အလည်လာရင်းနဲ့ ရင်ဘတ်ချင်း မတိုက်ဆိုင်လို့ ခံစားမရခဲ့ရင်လည်း နားလည်ပေးပြီး ခေတ္တ၊ခဏလေးတော့ သည်းခံပေးပါလို့ပဲ မေတ္တာရပ်ခံပါရစေတော့။။။










ကြယ်ရောင်ပြိုးပြက်၊ညတစ်ဖက်မှ
ချစ်လျှက်ခွဲခွာ၊ရင်ကွဲနာကို
ကြင်သူ့ရင်ထိ၊သိစေလို၏...။။။

ချမ်းစိမ့်အေးစက်၊ဒီဆောင်းရက်မှာ
ပေါင်းဖက်ဆုံခွင့်၊အခါမသင့်သေးသူ
ကြင်သူ့သည်းညှာ၊သူ့မျက်နာကို
မှန်းကာတမ်းတ၊ လွမ်းလွန်းရသည်
တာဝန်များနှင့်သူပေမို့....။။။

ချမ်းလွန်း၊လွမ်းလွန်း၊ တမ်းတလွန်းလည်း
ပေးသည့်တာဝန်၊ ကျေပွန်ဖို့အတွက်
ကျက်မှတ်လေ့လာ၊ ထိုထိုစာကြောင့်
ချစ်သူထံမှောက်၊ မရောက်နိုင်သေး
ဒီအချိန်ခဏလေးကို
သည်းခံစိတ်ထား၊ နားလည်သွားပါ
ကြင်နာဆပွား၊ မောင့်သက်ထားသို့....။။။

ယုံကြည်ရွက်လွင့် ၊တက်ကုန်ဖွင့်ရင်း
အောင်မြင်ခြင်းနဲ့ အပြန်လမ်းမှာ
ငါတို့အတွက်၊ ပန်းတွေလည်းပွင့်ရမယ်
လမ်းတွေလည်း တင့်ရမယ်၊
ချစ်သူရယ်...
ခိုင်ခိုင်မြဲမယ့် တွဲလက်တွေအတွက်
ခွဲရက်တွေကို လက်ရေချိုးရင်း
တွက်ရေနေဦးပေါ့ကွယ်....။။။။။
လေးစားလျက်
အလင်းသစ်

9 comments:

  1. ကဗျာလေးကောင်းပါတယ်...
    ခံစားအားပေးသွားပါတယ်ခညာ...
    အင်း....ပြောအားရှိတာပေါ.လေ
    တူတို.မှာက၈တူကိုယ်စီနဲ.ကိုး...
    အားငယ်တာအေ....

    ReplyDelete
  2. ဖတ်သွားပါတယ်ဗျာ

    ခံစားသွားပါတယ်။

    ReplyDelete
  3. အလင်းသစ်ရေ သီချင်းလေးနားထောင်ရင်း ကဗျာလေးဖတ်သွားတယ်။
    ချစ်သူသက်ထားလည်း ထပ်တူထပ်မျှခံစားရင်း သူ့ချစ်သူပြန်လာမည့်ရက်ကို စောင့်မျှော်နေမှာ အသေအချာပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. အပြန်လမ်းမှာ ပန်းတွေလည်း ပွင့်ပါစေ
    လမ်းတွေလည်း တင့်ပါစေ
    ဆန္ဒအားလံး ပြည့်ပါစေ...

    ReplyDelete
  5. ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျပါစေအလင်းသစ်ရေ...။

    ReplyDelete
  6. ကဗျာလေးက အချစ်တွေ ထုံမွှန်းနေလိုက်တာ..

    ReplyDelete
  7. ရင်ဘတ်ထဲက တစ်ထမ်းကြီးကိုဖွင့်သာချလိုက်တော့
    ဆက်ထမ်းနေရင်ညောင်းမှာပေါ့။
    လွမ်းပါတယ်ဆိုမှ ဘယ်ကို သွားသွားအလွမ်းတွေပါလားကွယ်

    ReplyDelete
  8. အင်း သိပ်ချစ်ကြတဲ့ ချစ်သူတွေပါပဲ။ သိပ်ကို ကြည်နူးစရာကောင်းပါတယ်။အလွမ်းအဆွေး ကင်းဝေးပြီး ပျော်ရွှင်စွာ ရွှေလက်တွဲနိုင်ကြပါစေရှင်။

    ခင်တဲ့
    မေသိမ့်

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။