ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Friday, December 2, 2011

ရိတ်သိမ်းပြီးစီးခြင်း


ဘာစကားကို ဆိုဆို၊ ဘယ်အရပ်ကို သွားသွား
လားရာမတူမျှရင်တော့ လက်မပြလည်း
လမ်းခွဲတာပါပဲ။။


စိတ်မကောင်းဘူးကွယ်
လှည့်ထွက်ချိန်မှာ မျက်ရည်မကျတဲ့အတတ်
နင့်အတွက် သင်မပေးခဲ့မိဘူး။။

ဘယ်ညတွေ ဘယ်လောက်မိုက်မိုက်
ဒီညကိုတော့ လိုက်မမှီခဲ့ပါဘူး။။

အလွမ်းသိုက်ကိုမှ ကတိုက်ကရိုက်တူးတဲ့ငါ
အစီအရင်တွေလည်း မပါတော့
မရှူနိုင်မကယ်နိုင် အလွမ်းတွေထဲ
ခုချိန်ထိ တဝဲဝဲနဲ့ကို လည်လို့။။

မရှိလို့မဖြစ်မှန်းသာသိခဲ့ရင် ပစ်မချမိပါဘူး
ခုတော့ ဖမ်းဆုပ်လို့မရတဲ့
အိပ်မက်သေတွေ အတင်းပွေ့ဖက်ရင်း
ဟောဟိုး ညနေခင်းတွေဆီမှာ..
ဗီးနပ်စ်တောင် ငါ့အတွက် မျက်နှာပျက်နေပြီ။။

ကောင်မလေးရေ...
ကော်ဖီတစ်ခွက်ရဲ့အရသာကို
ယင်ကောင်တွေက မသိကြဘူးကွယ့်
သူတို့အရမ်းမိုက်ကြတယ်။။

ဒီလိုပါပဲ...
နှလုံးသားချင်းထပ်တူကျပါရက်
မျက်နှာချင်းဆိုင်လို့ မရခဲ့တာ
ငါတို့လည်း အရမ်းမိုက်ကြတယ်။။

မွမွကြေမှတော့ ပြန်ဆက်လို့ရရိုးလားကွယ်
သဘာဝတရားရဲ့အဆိုကိုက
ကိုယ်စိုက်တဲ့အတိုင်းပဲ ရိတ်သိမ်းရတယ်တဲ့
ငါတို့တွေတစ်ချက်လေးပဲ တိမ်းသွားတာပါ
ယိမ်းယိုင်မှုအားက ကြီးမားလွန်းခဲ့တယ်
အိုကွယ်...
၂၃ ၁/၂ ဒီဂရီဆိုတာ ဟုတ်မှဟုတ်ခဲ့ရဲ့လား။။

ဘာပဲပြောပြောလေ
တက်မရှိ လက်နဲ့လှော်မယ်လို့ ကြွေးကြော်ခဲ့သမျှ
ခုတော့...
လှိုင်းထလို့ လှေအနစ်မှာ
လက်ပစ်ကူးဖို့ကို ငါမေ့နေခဲ့ပြီ။။

မရှိလည်းဖြစ်တယ်ဆိုတဲ့ စကားတွေတည်ဖို့
ငါတို့ရဲ့ မာနတွေကို ဆီထိုးရင်း
ဟိုးးးး ခပ်ဝေးဝေးကနေ လွမ်းကြမယ်။။

တကယ်တမ်းကျ 
လက်တမ်းချရေးတဲ့ လမ်းခွဲမှတ်တမ်း
တော်တော်ကိုကြမ်းတယ်
တော်ပါပြီကွယ်.. လွမ်းကြတာပေါ့။။။


လေးစားလျက်
အလင်းသစ်

12 comments:

  1. တော်တော်ကို ခံစားချက်ပါတဲ့ ကဗျာပါပဲ။
    အခု လောလောဆယ်လည်း တိုက်ဆိုင်နေလို့ ထင်ပါတယ်။
    ကြိုက်တယ်။

    ReplyDelete
  2. လေးစာအားပေးလျှက်ပါ (လွမ်းပိုင်ရှင်)
    ချမ်းတယ်နော် အကို ဂတ်ဂတ် ဟိ

    ReplyDelete
  3. ဘာခုမှမှားပါပြီလဲ အလွမ်းဘယ်လောက်ဆိုးလဲသိပီမလားဟွန်းး နင်ဟာလေး)

    ReplyDelete
  4. လွမ်းတာတွေကို ရိတ်သိမ်းသွားပါတယ်..:)

    ReplyDelete
  5. ဘာစကားကို ဆိုဆို၊ ဘယ်အရပ်ကို သွားသွား
    လားရာမတူမျှရင်တော့ လက်မပြလည်း
    လမ်းခွဲတာပါပဲ။။

    စာသားအကောင်းလေးတွေပဲ
    ရင်ထဲကလာတယ်ဆိုတာသိသာပါတယ်
    သက်ဆိုင်သူသိပါစေလို့ ...ဆုတောင်းပေးလျှက်..

    ReplyDelete
  6. ကဗျာလေး ကောင်းတယ်။

    ReplyDelete
  7. လူပျိုကြီးတွေကတော့ကြိုက်မှာပဲ
    သူတို့ကလမ်းခွဲတာခံရလို့ပေါ့လေ
    စာသားတွေကောင်းတယ်အတွေးလဲကောင်းတယ်
    ဒါကြောင့် လူပျိုကြီးဖြစ်ရပါ၏ ။

    ReplyDelete
  8. ကဗျာဆရာကို ကဗျာ ဆရာ/ဆရာမတွေ လာအားပေးကြတယ်။ ကျနော်ကတော့ ဘလိုင်း စာဖတ်သမားပေမို့  .... ခံစားလို့ တော့ ရပါတယ် တိုက်ဆိုင်တာ အချို့လည်း ပါနေလို့ ပါ။ ဟီးဟီး

    ReplyDelete
  9. ပြတ်ပြတ်သားသား လမ်းခွဲလိုက်တဲ့ ကဗျာလေးပါလား။
    တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. လက်တမ်းချရေးတဲ့ လမ်းခွဲမှတ်တမ်း
    တော်တော်ကိုကြမ်းတယ်။ တော်တော်ကောင်းတယ်၊ တော်တော်လေးနက်တယ်၊ အလင်းစက်ရေ...

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete
  11. အင်း...အလွမ်းဆိုတာ လူတိုင်း မကင်းနိုင်ပါဘူး...။
    ဒီတော့....လွမ်းစေ...။

    ReplyDelete
  12. အကိုစာသားနဲ့ ခံစားချက်တွေသိပ်ကောင်းဗျာ

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။