ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, December 31, 2011

ပြက်လုံးကိုအဆုံးသတ်တဲ့ ဒီမနက်




မငိုပါနဲ့တော့..အမေ
လူတကာရဲ့မျက်လုံးမှာ ပြက်လုံးအနေနဲ့
"က"ခဲ့ရတဲ့ညတွေအတွက်
ဒီမနက်မှာတော့ သူတို့အသက်တွေနဲ့
ပြည်သူ့မျက်ရည်တချို့ကို
ယို့ယို့လေး သုတ်ပေးသွားခဲ့တာပါ
ဘယ်သူတွေမှ သိစရာမလိုပါဘူးအမေ။။

မီး..မီးတဲ့
ခပ်ကြီးကြီးအသံတစ်ခုက လှုပ်နှိုးတယ်
မိုးတောင်မလင်းသေးတဲ့ ဒီဇင်ဘာမနက်ခင်းပေမယ့်
ဟင့်အင်းလို့..ငြင်းမယ့်ထဲမှာမပါတဲ့သူတွေမို့
ကိုယ့်အသက်တောင် မငဲ့ကွက်ပဲ
မီးအနားကိုကပ် အစွမ်းကုန်ငြှိမ်းသတ်ခဲ့တယ်
နေစမ်းပါကွယ်..ပြောချင်ရာပြောကြပါစေ။။


ဝုန်းဆိုတဲ့အသံကြီးကြောင့် စိုးရိမ်စိတ်တွေကြီးခဲ့ကြ
ဒီမီးကို နိုင်မှနိုင်ပါ့မလားဆိုတဲ့အတွေးနဲ့
ဒဏ်ရာရနေတဲ့သူကတောင် မီးသတ်ပိုက်ကိုမလွှတ်ခဲ့ကြဘူး
တာဝန်ကျေသူတချို့ကတော့ သူရဲကောင်းပီသစွာ
အသက်ကိုစွန့်ပြသွားခဲ့ကြပြီ
နေပါစေ.. ဒါတွေလည်းဘယ်သူမှသိဖို့မလိုဘူး။။


"မီးငြိမ်းပြီလား၊မိုးလင်းပြီလားတဲ့"
ခဏလေးလည်လာတဲ့ သတိမှာတောင်
သူ့အသိထဲ စိုးရိမ်စိတ်ကြီး..စွဲနေခဲ့
ကဲ... ဘယ်သူတွေက ဘာပြက်လုံးတွေ ရေးစပ်ကြဦးမလဲ
သူ့တစ်ဝက်တောင် မပေးဆပ်ရဲပဲနဲ့
အဲဒီပြက်လုံးတွေကို ရယ်ရဲကြသတဲ့လား
ထားပါတော့လေ.. ဒါလည်းပြောမနေတော့ပါဘူး။။


ဒီဇင်ဘာရဲ့နောက်ဆုံးရက်တွေထဲ
တစိမ့်စိမ့်အေးစက်နေတဲ့ ရန်ကုန်ဆောင်းမနက်မှာ
အလျှံတညီးညီး မီးတောက်တွေအောက်
မရွံ့မကြောက်တိုးဝင်ရင်း.. ပေးဆပ်
ပြည်သူတွေရဲ့မျက်ရည်များအတွက်
သူတို့ရဲ့ ခန္ဓာ၊အသက်နဲ့
အလဲအထပ်ပြုပြခဲ့တယ်
ကဲ.. အများအကျိုးအတွက် အသက်စွန့်တာ
သူရဲကောင်းလို့ မမည်ပေဘူးလား..
အဝေးမှာနေ အဝေမတည့်၊ စားခွက်မပျောက်ဖို့
သူများခြေထောက်ကိုဖက်ရင်း၊ တိုင်းပြည်မျက်နှာကိုဖျက်
ကိုယ့်အတွက်ပဲကိုယ်ကြည့်တတ်တဲ့ လေလုံးထွားထွား
ဟို..လူ့ငနွားတွေကတော့ ပြောချင်ရာပြောကြပါစေလေ။။။




((29/12/2011)နေ့ ရန်ကုန်က မေတ္တာမွန်ဂိုထောင်များ မီးလောင်မှုမှာ  မီးသတ်သမားတွေ ဆုံးပါးသွားတာနဲ့  ပါတ်သတ်ပြီး ..သေတာတောင် နဲသေးတယ်၊ များများသေရင်  ပိုကောင်းတယ်လို့ပြောခဲ့ကြတဲ့  နွားထက် ဥာဏ်ရည် နိမ့်သူများကြောင့် စိတ်မကောင်းဖြစ်ရင်း  ကျဆုံးသွားသူ ရဲဘော်များအတွက် လေးစားစွာ ဦးညွတ်ရင်း ဂုဏ်ပြုရေးစပ်ပါသည်။။။ဓာတ်ပုံကို 7day new journal မှရယူပါသည်။။)


လေးစားလျက်
အလင်းသစ်

16 comments:

  1. ခပ်ပြင်းပြင်းပဲ ပေါ့လေ... ရေးချက်ပြောပါတယ် ..
    ကျဆုံးသွားသော မီးသတ်ရဲဘော်များ ကောင်းရာ သုဂတိ လားပါစေလို့ ဆန္ဒပြု ဆုတောင်းရင်း....

    ReplyDelete
  2. ဟုတ်ပါတယ်ဗျာ အမျိုးကိုချစ်တယ်ဆိုပြီး နိုင်ငံခြားသားလက်ဆွဲ အရှက်နဲတဲ့
    ဒို့ မြန်မာတွေ နောင်တရသင့်နေပါပြီ

    ReplyDelete
  3. ကောင်းရာသုဂတိ လားပါစေ

    ReplyDelete
  4. လေးစားစွာဂုဏ်ပြုပါတယ်။ကောင်းမွန်၇ာဘုံဘ၀မှာအေးချမ်းစွာနေနိုင်ကြပါစေ

    ReplyDelete
  5. အေး ငါတော့ ဖေ့ဘွတ်မှာ တခါမှရန်မဖြစ်စဘူးရန်ဖြစ်ခဲ့ရတယ်
    ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ ဘူး
    လူလူချင်းကိုယ်ချင်းမစာဘဲ အနောက်နိုင်မှာ ခွေးစာခံပြီး လူလူချင်းမစာနာ
    အော်ဟစ်နေတဲ့ကောင်တွေ ကဘာဒီမိုကရေစီလိုချင်တာတဲ့လဲ
    ရင်နာတယ်အဲလိုကောင်တွေပြောတဲ့အပြောကို
    ပြည်သူတွေအတွက်ဘာလုပ်ပေးခဲ့ကြလဲ
    ကိုယ်အနောက်နိုင်ငံသွားရအောင် သံရုံးရှေ့ ဘုတ်လေးတွေထောင် လူလုံးပြနေကြပြီး တကယ်အသက်စွန့်သွားတဲ့သူတွေကို စော်ကားလိုစော်ကား
    ဒီကွန်းမန့်ကိုဖတ်မိလို့ မဒမ်ကိုးဘယ်ဘက်ကလဲလို့မေးချင်ရင်မေးလို့ရတယ်
    ဘယ်ဘက်ကမှမဟုတ်တဲ့ လူသားချင်းစာနာထောက်ထားကြတဲ့ နှလုံးသားကိုလက်စွဲပြိးပြောခဲ့တယ်
    ကြိုက်သလို လာပြောလို့ရတယ်

    ရင်နာတယ် အဲစကားလုံးတွေကို
    မိဘတွေရဲ့မျက်ရည်ကို လူတွေရဲ့မျက်ရည်ကိုဥပေက္ခာပြုနိုင်ကြတဲ့ လူ့အရိုင်းအစိုင်းတွေ ..

    (ဆောရီးပါ ငါ့မောင်
    ငါဘယ်လိုမှ ဒီကိစ္စနဲ့စိတ်မထိန်းနိုင်တော့လို့ ပါ )

    ReplyDelete
  6. ကျဆုံးသွားတဲ့ မိးသတ်တွေအတွက် နိုင်ငံတော်ကဘာများလုပ်ပေးဖို့အစီအစဉ်ရှိလဲ
    သိချင်လိုက်တာ----- ကျန်နေတဲ့အိုးမဲ့အိမ်မဲ့တွေရော
    သူတို့ကြီးပဲမစားပါနဲ့ နဲနဲစီတော့မျှပေးစေချင်တယ်

    ReplyDelete
  7. ပြည်သူတွေရဲ့အသက်သခင်တွေ
    ပြည်သူတွေအတွက်နစ်နာခံခဲ့သူတွေ
    ကောင်းရာသုဂတိလားပါစေ

    ReplyDelete
  8. စိတ်မကောင်း ပါဘူး
    တစ်ကယ်ပါဗျာ...
    ...

    ReplyDelete
  9. ဒီလို လူဂွစာတွေ ရှိနေသေးတာကို တကယ်ကို အံ့သြမိပါတယ်။
    ဒါပေမဲ့ ဒီလို လူတွေက သူတို့ အမျိုးတွေ ထိရင်တော့ သေအောင်ကို ပိုခံစားပြတတ်ကြတာပါဗျ။ စိတ်လေပါတယ်။

    ReplyDelete
  10. အော်.. နိုင်ငံခြားသားခြေထောက်ဖက်ပြီး ဒီမိုကရေစီလိုချင်နေတဲ့ မြန်မာတွေ... သေတာတောင်နည်းသေးတယ် များများသေရင်ကောင်းတယ်လို့ ပြောနေတဲ့ မြန်မာတွေ... မင်းတို့ပဲ သွားသေကြကွာ... မင်းတို့အသက်က ဘာတန်ဖိုးမှမရှိဘူး - ဟူးးးး
    ရင်ထဲနင့်တယ်ဗျာ... မိသားစုတွေ ဘယ်လောက်များ သောကဝေရှာမလဲ.. တကယ်လေးစားဂုဏ်ယူပါတယ် ကျဆုံးသွားတဲ့ ရဲဘော်များခင်ဗျာ။

    ခင်မင်လျက်

    ReplyDelete
  11. စာနာစိတ်၊ လူစိတ်ရှိသူတိုင်း အဖြစ်ဆိုးမှာ ပါသွားသူများကို သနားဂရုဏာသက်မိကြတယ်..။
    ကွာ်လွန်သွားသူများ အားလုံး ကောင်းရာသုဂတိလားပါစေ...။

    ReplyDelete
  12. လူကြားထဲမှာရောနေတဲ့ သရဲသဘက်တွေထင်ပါရဲ့
    သေတာတောင်နည်းသေးတယ်လို့ ဘယ်ပါးစပ်နဲ့ပြောပါလိမ့်
    ခေါင်းထဲမှာ ချီးတွေပြည့်နေတဲ့သူတွေမို့ထင်ပါတယ်လေ.....
    ကိုယ်မလုပ်နိုင်တဲ့အလုပ်ကို လုပ်နေသူတွေကို အားကျလေးစားရမယ်ဆိုတာ နားမလည်ရှာကြဖူးထင်ပါရဲ့ဗျာာာာ

    မောင်ဘကြိုင်

    ReplyDelete
  13. ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် လူတွေ သေသွားတာလေ..
    အရာဝတ္ထုတွေ ကျိုးပဲ့သွားတာ မဟုတ်ဘူး..

    အတိတ်က ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ကြ သူတိုပရဲ့ ကောင်းတာတွေကိုပဲ ဦးစားပေးနိုင်ရမယ်..ဒါမှ ကျန်ရစ်တဲ့လူတွေ လူပီသပေမပေါ့

    ReplyDelete
  14. လာရောက်ခံစားဖတ်ရှုသွားပါတယ်ရှင်

    ReplyDelete
  15. အစ်ကို.ကဗျာလေးက အရမ်းကိုထိမိလှပါတယ်။ တစ်ကယ်.ရင်ထည်းကို ထိုးဖောက်သွားတယ်။ လေးစားပါတယ် အစ်ကို။

    ReplyDelete
  16. စိတ်မကောင်းဘူး... ကဗျာလေးရေးထားတာ အရမ်းကောင်းတယ် :D

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။