ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Sunday, January 8, 2012

ကျွန်တော့်ရဲ့ တစ်နေ့တာ (တဂ်ပို့စ်)




စာမေးပွဲအတွက် လုံးပမ်းရင်း (အမှန်ကတော့ EXAM ကိုငါးပိသံနဲ့ဖတ်ရင် အိပ်စမ်းလို့ အသံထွက်တဲ့အတွက် အများအားဖြင့် စကားနားထောင်တဲ့အနေနဲ့ အိပ်နေတာပါပဲ..:P:P) သူတို့ဆီမှာက နှစ်ကူးကို အတော်အလေးအနက် ထားကြတာဆိုတော့ အတန်းလည်းမတက်ရ ပျော်ပွဲတွေကလည်း များမှများ (ကိုယ်တွေကလည်း စိတ်ညစ်စရာကိုသာ နေပါစေဆိုပြီး မျှဝေမခံစားရင်နေမယ်၊ ပျော်စရာဆိုလို့ကတော့ လာထားပဲ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ကူပျော်တတ်တဲ့ အမျိုးကိုးဗျ.. :D:D) ဆိုတော့ကာ စာလည်းမရေးဖြစ် ဘလော့လည်တာတောင် အကုန်ရောက်ရဲ့လားမသိ ဖြစ်ဖြစ်နေတယ်ဗျာ။။ ဟိုနေ့ကတော့ စိတ်ထဲပေါက်ပေါက်နဲ့ လတ်တလော ဖြစ်နေတာလေးတွေအကြောင်း ဇာတ်အိမ်လေးဆင်ပြီး တစ်ပုဒ်ရေးတင်လိုက်တယ်။။ အဲဒါပြီးတော့ ငါတော့ ရေးပြီးပဟဆိုပြီး ဒန်တန့်တန် လုပ်မလို့ကြံခါရှိသေး ညီလေး မောင်(စွယ်စုံကျမ်း)က တဂ်ထားပါတယ် ခင်ဗျာတဲ့။။ ဒါနဲ့ပဲ သူများရေးထားတာလေးတွေ လိုက်ဖတ်ပြီး ရေးဖို့ပြင်လိုက်တယ် (ထူးခြားတာက ဒီတစ်ခါလည်း အမ BLACKROSEရဲ့ တဂ်ပို့စ်လေးပဲ ဖြစ်နေတာပါပဲ။။ သူကစလိုက်ပြီး ကျွန်တော့်ဆီပါ လည်လာတာလေ ..:P:P)။။

ကဲ... ဖြေလိုက်ပါပြီဗျာ။။။

♥ အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ

အိပ်ယာကနေ နိုးပြီဆိုတာ သိလိုက်တဲ့ အချိန်ကစပြီး ညာဘက်ကို တစောင်းလှည့်ပြီး တစ်ခါကွေးပါတယ်။။ ပြီးရင် ဘယ်ဘက်ကို တစောင်းလှည့်ပြီး တစ်ခါကွေး ပါတယ်။။ ပြီးရင် မှောက်ရက် ခဏမှေးပါတယ်။။ (အဖွားရှိတုန်းကဆို ချစ်လှစွာသော မြေးကို အကြင်နာထားပြီး ပြောပုံများ "သေတောင် မသေသေးဘူး ငရဲပြည်ကို မျှော်နေတာလားဟဲ့" တဲ့။။ မှောက်ရက်အိပ်တာကို အဖွားက မကြိုက်ဘူးလေ..:P:P)။။ နောက်ဆုံးမှ မထရင် နောက်ကျတော့မယ်ဆိုတာ သိလို့အိပ်ယာက အတင်း ကုန်းရုန်းပြီး ထပါတယ်။။ မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်၊လက် သန့်ရှင်းရေး လုပ်ပါတယ်။။

♥ မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ

မုန့်ဟင်းခါး၊ ဒါမှမဟုတ် ကျစိမ့်ကျကျလေးနဲ့ အီကြာကွေး။။

♥ လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ

ကော်ဖီဝမ်း၊ ခေါက်ဆွဲခြောက်ဝမ်း (သို့) ကော်ဖီဝမ်း ပေါင်မုန့်ထောပတ်သုတ် သရီး။။ (ဟီးဟီး..ငယ်ငယ်တုန်း ကတော့ ထမင်းကြော်နဲ့ ပဲပြုတ်၊ ကျောင်းမှာတုန်း ကတော့ ထမင်းကြော်တစ်ခွက် ၊လ္ဘက်ရည်တစ်ခွက်၊ ကြက်ဥတစ်လုံး။။ "ခုတော့လည်း ဒါတွေ..ဒါတွေ.. ပြီးခဲ့ပါပြီ..ပြီးခဲ့ပါပြီ.. ဒါပေမယ့်လည်း ..တရံတခါမှာတော့ သတိရနေပါသည်.." သီချင်းစာသားတွေ မှန်မယ်တော့ ထင်တာပါပဲ.. :D:D)။။

♥ နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာ စားရတာကြိုက်ပါသလဲ

ကိုယ်တိုင်သာ မချက်ရဘူးဆိုရင် ဘယ်နေရာမှာ စားရ၊စားရ ကြိုက်ပါတယ်။။

♥ အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ

ငါးစင်းကော (စပါးလင်လေး နိုင်နိုင်နဲ့ ငရုပ်သီး စပ်စပ်လေး.. အောင်မငီး သွားရည်ပါ ကျ..ကျ.. ဟာ..ပေကုန်ပါပြီ...:P :P)။။

♥ အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ

အတန်းချိန် တစ်နေကုန် ဆိုရင်တော့ နေ့လည်စာကို ကျောင်းမှာစားရလို့ တစ်ခွက်သောက် ပါတယ်။။ ဒိပြင်တော့ မသောက်ဖြစ်ပါဘူး။။

♥ ညနေစာကို ဘယ်မှာစားတတ်ပါလဲ

အဆောင်မှာပဲ စားပါတယ်။။ (မြန်မာမှာတုန်းကလည်း လူပျိုရိပ်သာမှာပဲ စားပါတယ်.. ကြုံတုန်းလေး လူပျိုဆိုတာ ကြွားလိုက်တာ..ဟီးးးးးးးး)။။

♥ ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ 

မိန်းမများရသွားရင် ငါဒီလို နားအေးပါးအေး စားရမှာမဟုတ်ဘူးလို့..  :P :P။။

♥ အလုပ်ဆင်းတဲ့ အချိန်မှာခံစားချက်

ဒီနေ့အတွက်တော့ လွတ်ပဟ၊ ကျွတ်ပဟလို့။။ (ဘာသာစကား အခက်အခဲကြောင့် ကျွန်တော်တို့အတွက် စာသင်ချိန်တွေက အရမ်းကိုဖိစီးလွန်းပါတယ်။။ :( တော်တော်လေးကို အာရုံစိုက်ထားရတော့ ပင်ပန်းတယ်လေ။။ )

♥ အိမ်ပြန်ရောက်ရောက်ချင်း ဘာအရင်လုပ်တတ်သလဲ

ဖိနပ်ချွတ်ပြီး အဝတ်အစားလဲပါတယ်။။

♥ ဒုတိယလုပ်မိတာလေး

မျက်စိတစ်ကမ်းမှာရှိတဲ့ စားစရာတစ်ခုခုကို ပါးစပ်ထဲပစ်ထည့်ရင်း..အင်းးး.. ကွန်ပျူတာ ဖွင့်ပါတယ်။။

♥ ညမအိပ်ခင် ကော်ဖီသောက်တတ်ပါသလား

ကိုယ်တိုင်သာ မဖျော်ရလို့ကတော့လား ဘာပြောကောင်းမလဲ အချိန်တိုင်း သောက်တတ် ပါတယ်.. (ဟီးးးး ကော်ဖီတစ်ခါ သောက်ဖို့က ရေနွေးတည်ရ ခွက်ပြင်ရနဲ့ တော်တော် လာဘ်ဝင်တာကိုးဗျနော။။ ဒါကြောင့် အထုပ်(၅၀)ထုပ် တစ်ထုပ်ဆိုရင် တစ်လသောက် လို့ရပါတယ်။။ အဖျော်ပျင်းလို့လေ။။)

♥ ညအိပ်ယာထဲ ဝင်ဝင်ခြင်းအချိန် ဘာအရင်ဆုံးလုပ်ပါသလဲ

ဘုရားရှိခိုးပြီးလို့ အိပ်ယာထဲ ဝင်တာနဲ့ စောင်အရင်ခြုံပါတယ်။။ (နွေဘက် ဘယ်လောက်ပဲ  ပူအိုက်နေပါစေ စောင်မခြုံရရင် မအိပ်တတ်ပါဘူး။။ စိတ်ထဲ တစ်ခုခုလိုနေသလို ခံစားရလို့လေ..ဟီးးး)။။

♥ အိပ်မပျော်တဲ့ ညတွေမှာ ဘာလုပ်သလဲ

အဲဒါ ဘယ်လိုညမျိုးလဲဟမ်.. :P :P ။။

♥ တအားစိတ်ဓါတ်ကျ လာတဲ့အခါမျိုး စိတ်အားငယ်တဲ့ အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ

ငါလုပ်လို့ မဖြစ်ခဲ့တာ ဘာရှိဖူးလဲလို့ အရင်တုန်းက အောင်မြင်ခဲ့တာတွေကို ပြန်တွေးပါတယ်။။

♥ အပြင်သွားတဲ့အခါ အမြဲတမ်း သတိထားပြီး ယူတတ်တဲ့ပစ္စည်း

ရဲကွင်းဂါထာများ (ပတ်စ်ပို့၊ကျောင်းသားကဒ်၊အဆောင်ကဒ်)၊ အခန်းသော့၊ ဖုန်း၊ ပိုက်ဆံအိတ်။။ (အမှန်တော့ လွယ်အိတ်ကို ကောက်လွယ်ပြီး ထွက်လာတာပါ။။ ကျောင်းသွားသွား၊ အပြင်သွားသွား အဲဒီအိတ်ပဲ သုံးတာမို့လေ။။ :P)

♥ မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ

ညီမလေး။။ (အမေနဲ့တူလို့.. :) )

♥ သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ

အကြွင်းမဲ့ဆိုရင်တော့ ကိုယ့်ဒူးတောင် ကိုယ်မယုံပါဘူး။။

♥ အလုပ်ထဲမှာ ကိုယ်အခင်ဆုံးသူ

Supervisor တူတဲ့ သူငယ်ချင်း။။

♥ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေထဲက အကြိုက်ဆုံး ပစ္စည်းလေးတခု

အခုသုံးနေတဲ့ LAPTOP လေ။။ (သူက ကျေးဇူးရှင်လေ..သိတယ်မလား  သူမရှိရင် လစ်ပြီပဲ...:D)

♥ လက်ဆောင်ရထားတဲ့ အထဲကအကြိုက်ဆုံး ပစ္စည်းလေးတခု

လက်ဆောင်ဆိုတဲ့ ဝေါဟာရကိုတောင် သိပ်မနှစ်သက်ဘူးဗျ။။

♥ ကိုယ့်ပတ်သက်ဖူးတဲ့ သူတွေထဲမှာ ကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ

ကိုယ်အိပ်ထဲမှာ သုံးစရာပြတ်တော့ ခုံဖိနပ်ကြီးချွတ်ကာ ဒါကြည့်ထားလို့ ပြောတဲ့မင်းလို ကိုယ့်ဘက်သူတို့ လှည့်မကြည့်ကြ ပါလားကွယ်.. နေထိုင်မကောင်းလို့ အိပ်ယာထဲမှာ ကိုယ်တစ်ယောက်တည်း အားငယ်နေ... သေပြီလားလို့ ကိုယ့်အပေါ်မင်းလို ဘယ်သူမှ ခုထိမမေးးးးးဘူးးးးးးး.. မင်းလောက်ကိုယ့်ပေါ် ဘယ်သူမှ မဆိုးဘူး.. မင်းတစ်ယောက် တည်းသာ ကိုယ့်တွက် အဆိုးနိုင်ဆုံးးးးး ။။ (သီချင်းဆိုတာပါ ခင်ဗျ.. :P:P)

♥ အခုလောလောဆယ် အဖြစ်ချင်ဆုံးဆန္ဒ

အိမ်ပြန်ချင်တယ်။။ (မီးပျက်ရင် ဖယောင်းတိုင်ထွန်းနေမယ်။။ အင်တာနက်မရရင် စာအုပ်ဖတ်နေမယ်။။ ဓာတ်လှေကား မရှိရင် ခြေလျင်တက်မယ်။။ မြေအောက် ရထားမရှိရင် မြင်းရထားစီးမယ်။။ နှစ်ထပ်ကားမရှိရင် သုံးဘီးဆိုင်ကယ် စီးမယ်။။ ချောကလက် မရှိရင် ထန်းလျက်ခဲစားမယ်။။ ဘော့ဒ်ဂါမရရင် ဝီစကီချမယ် (လှည်းကူးမှာ Grand Royal စက်ရုံကြီးမှ ဟီးးးလို့)။။) တော်ပါပြီဗျာ မြန်မာပြည်ကိုပဲ လွမ်းလှပါပြီ.. ကိုယ်တွေက အာလူးစားသူများမှ မဟုတ်တာ ထမင်းစားသူများမို့ ဘယ်အချိန်မေးမေး အဖြစ်ချင်ဆုံး ဆန္ဒကတော့ မြန်မာပြည် ပြန်ချင်တာပါပဲ။။။


ကဲ.. မေးခွန်းအားလုံးကိုတော့ ဖြေလို့ပြီးပါပြီ။။ တဂ်လိုက်တဲ့ ညီလေး မောင်(စွယ်စုံကျမ်း)ရော၊ တဂ်ပို့စ်ကို စလိုက်တဲ့ အမတော် BLACKROSE ရော ကျေနပ်နိုင်ကြမယ်လို့ ထင်ပါတယ်။။ ကျွန်တော့် တဂ်ပို့စ်ကို ဖတ်ပြီး မောင်နှမအများလည်း ပုံဖော်ကြည့်နိုင်ကြပါစေ။။ ကျွန်တော့်ကို ချစ်သော၊ ကျွန်တော့်ကို မချစ်သော၊ ကျွန်တော့်ကို သိသော၊ ကျွန်တော့်ကို မသိသော၊ ကျွန်တော့်ကို မုန်းသော သူများအားလုံး(အားလုံး) စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ထာဝရထက် တစ်ရက်ပိုပြီး ပျော်ရွှင် နိုင်ကြပါစေဗျာ။။။


လေးစားလျက်
အလင်းသစ်

16 comments:

  1. တဂ်ပို့စ်လေး ဖတ်ပြီး.....အင်း....လို့ပဲ ပြောတော့မယ် ...
    စောင်မခြုံ ရရင် ..... တစ်ခုခုလိုနေသလိုပဲ ဆိုလို့ တွေးမိသွားတယ် ....:P:P:P
    ပြန်...ပြန်..ပြန်... အဟဲ.. စာဖတ်ရင်း.... သီချင်းဆိုတာပါ စိတ်မရှိပါနဲ့ လူကြိးမင်းရှင့်....:):)

    ReplyDelete
  2. သေပြီလားလို့မမေးရက်ခဲ့ပါဘူး

    ReplyDelete
  3. အလင်းသစ်ရေ တနေ့တာတဂ်လေးဖတ် ဖတ်ပြီ
    ငါးစင်းကော (စပါးလင်လေး နိုင်နိုင်နဲ့ ငရုပ်သီး စပ်စပ်လေး.. စားချင်
    စိတ်ဖြစ်မိသွားလို့ ကျသွားပါတယ် :P

    ReplyDelete
  4. ဆန္ဒတွေ အမြန်ပြည့်ပါစေ

    ReplyDelete
  5. စောင်မခြုံရင်မအိပ်တတ်တဲ့သူဟာ အိပ်ရင် ဖင်မလုံလို့း)

    အမဂျီး

    မဒိုးကန်

    ReplyDelete
  6. အကိုရေ
    လူပျိုကြီးရဲ့တစ်နေ့တာဖြတ်သန်းမှုကို
    လေ့လာသွားပါတယ်။

    ReplyDelete
  7. ရေးတတ်ပ ဒို့ လူကြီးကတော့ ဖတ်သွားပြီဗျု့ 

    ReplyDelete
  8. ဟုတ်တယ်ဗျာ
    ငယ်ငယ်က ထမင်းကြော်နဲ့ပဲပြုတ်ကိုသတိရတယ်
    တစ်နေ့တာလေးဖတ်ခဲ့ပါပြီ

    ReplyDelete
  9. ထပ်တူထပ်မျှဘဲ ၊ မြန်မာပြည်ကိုဘဲလွမ်းသွားတယ်

    ReplyDelete
  10. တဂ်ပိုစ့်ဖတ်သွားတယ်ဗျို့.... ကန်ဒီနဲ့တူတာက စောင်ခြုံတဲ့ဟာ.. ဟီး
    ကန်ဒီလည်း စောင်ခြုံမှ လုံခြုံသလိုခံစားရတယ် :P :P

    ReplyDelete
  11. နောက်ဆုံးမေးခွန်းက အဖြေတူသူတွေ သိပ်များတယ်ကွယ်....။

    ReplyDelete
  12. သူငယ်ချင်း တစ်ယောက်ကတော့ ဆောင်းတွင်းမှာ မိန်းမယူလာတော့ ရပ်ကွက်ကို စောင်တစ်ထည် ဝယ်လာခဲ့တယ်လို့ ကြွားသတဲ့။ အင်း . . စောင်မခြုံရင် မအိပ်တတ်ဘူး ဆိုတော့ . . .ဆိုတော့ကာ . .အင်း . . .

    ReplyDelete
  13. စိတ်ဝင်စားစရာ တစ်နေ့တာတဂ်ပို့စ်လေးဖတ်သွားတယ် အလင်းသစ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  14. တစ်နေ့တာလေးက စိတ်ဝင်စားစရာ...
    အင်း...စောင်မခြုံပဲ မအိပ်တတ်တာ သွားတူတယ်..။

    ReplyDelete
  15. တစ်နေ့တာကို ဖတ်သွားပါတယ်

    ReplyDelete
  16. နယ်သားရေ
    လမ်းကြုံလှည့်ဝင်လာတယ်ကွာ...
    ဘာဖြစ်ဖြစ်တစ်နေ့တာထဲမှာ
    အနာဂတ်ကောင်းကင်ကိုမမေ့တာလည်းပါတယ်လေကွာ။

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။