ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Wednesday, January 11, 2012

ရင်လှိုင်းခတ်သံ


ဘာတွေနောက်ဆံ တင်းနေတာလဲအချစ်ရယ်
အဲဒီလူတွေက မေတ္တာမဝလို့၊ လိပ်ပြာမလှတာပါ
သူတို့အတွက်နဲ့တော့ ကမ္ဘာကြီးရဲ့သိက္ခာ
ထပ်မကျတော့ပါဘူး...လာပါကွယ်
အချိန်ရဲ့ ငါတို့အပေါ်လွှမ်းမိုးခြင်းကို လျော့ချကြစို့။။

မပြီးဆုံးသေးတဲ့ ငါတို့ရဲ့ဇာတ်ဝင်ခန်းတွေကို
ဟိုးနေပူပူထဲ ဖြန့်လှမ်းထားလိုက်စမ်းပါ
သူတို့ကိုကြည့်ရတာ ညောင်နာနာနဲ့
အလင်းရောင်ရဖို့ လိုနေတယ်
ဒီနေ့ကစပြီး လောကထဲကို ရင်ကော့ဝင်ကြမယ်။။

ဝေးခြင်း၊နီးခြင်းနဲ့ လွတ်ကင်းတဲ့နေရာကို
ရှာဖွေကြစို့ အချစ်ရေ...
လောကရဲ့သံစဉ်တော်တော်များများကို
သိသိသာသာရော မသိမသာပါ
ငါတို့ယဉ်ပါးခဲ့ပြီးပြီပဲလေ။။

တကယ်ဆိုဘာမှ မလိုအပ်တော့ပါဘူး
နင့်မျက်ဝန်းထဲမှာ ငါ့နှလုံးသားကိုမြင်ရုံနဲ့တင်
ငါတို့ရဲ့နေ့စွဲတွေ ခမ်းနားခဲ့ပြီပဲ
အထူးအထွေပြင်မနေနဲ့တော့ နင်ပင်ပန်းလိမ့်မယ်။။

ကျောတစ်ခင်းစာ နေရာကနေလဲ
ကြယ်စုံတဲ့ညကို ခံစားခွင့်ရှိသေးတာပဲလေ
ဒီလောက်ကြီးလဲ မမျှော်စမ်းပါနဲ့တော့
တစ်ခါတလေကျ ရောင့်ရဲခြင်းက ပိုပိုပြီးလှတယ်။။

ခဏလေးဖြစ်ဖြစ် ဆုံနိုင်ခွင့်အတွက်
ရေခဲရိုက်ပြက္ခဒိန်တချို့ကို မီးမြှိုက်အရည်ကျိုပစ်ချင်တယ်
တကယ်ဆို...ငါတို့အတွက်
အညာကတမာတွေ မချိုသေးပါဘူး။။

ဟိုးမှာတွေ့လား ခရောင်းလမ်း
တို့နှစ်ယောက် စိတ်တူ၊ကိုယ်တူ ဖြတ်သန်းကြမယ်
လာစမ်းပါကွယ်...
ငါ့လက်ဖျံကအားပေးစကား၊ နင့်နှလုံးသားထိနွေးစေရမယ်
ဘာမှမပြောပဲ ငါတို့တွေနားလည်လိုက်ကြရအောင်။။

ပြန်ဆုံကြစို့ အချစ်ရယ်
ငါတို့နှစ်ယောက်ရဲ့ ကံတွေမကုန်ချင်သေးဘူး
သုံးစားမရတဲ့ မာနတွေ၊ ဟိုးဝေးဝေးမှာ ပစ်ထားခဲ့စမ်းပါ
တို့ထက်မိုက်တဲ့သူတွေ ကောက်ယူသွားကြလိမ့်မယ်
တစ်နေ့မှာတော့ သူတို့လည်း စာတတ်လာမှာပေါ့။။

အခုထိတော့..ငါလည်း
အစရှာမရတာနဲ့ပဲ ဟောဒီညကိုဆွဲခွာပစ်လိုက်ချင်တယ်
နေ့ကြောင့် ညဖြစ်တာလား၊ ညကြောင့် နေ့ဖြစ်တာလား
နင့်အတွက်နဲ့ အိပ်ပျက်တဲ့ညတွေမှာ
ရင်ထဲ အလွမ်းတွေ လူးလွန့်နေလိုက်တာများ
လေဟုန်စီးတဲ့ ကြိုးမဲ့စွန်လို
အိုးးးထိန်းချုပ်ရ ခက်လိုက်တာကွယ်။။


လေးစားလျက်
အလင်းသစ်

14 comments:

  1. ပြန်ဆုံကြစို့ အချစ်ရယ်
    ငါတို့နှစ်ယောက်ရဲ့ ကံတွေမကုန်ချင်သေးဘူး
    သုံးစားမရတဲ့ မာနတွေ၊ ဟိုးဝေးဝေးမှာ ပစ်ထားခဲ့စမ်းပါ
    တို့ထက်မိုက်တဲ့သူတွေ ကောက်ယူသွားကြလိမ့်မယ်...


    ဘယ်သူနဲ့များ ပြန်ဆုံချင်နေသေးလဲ မသိပါဘူး...လေ...:P:P
    ခံစားအားပေးလျှက်ပါရှင်.....:):)

    ReplyDelete
  2. ဟုတ်တယ်။တစ်ခါတလေကျ ရောင့်ရဲခြင်းက ပိုပိုပြီးလှတယ်။။

    ReplyDelete
    Replies
    1. ငါမန့်လို့မရဘူးနော် အလစ်သုတ်း(

      ကွန်းမန့်ဘောက်ဘယ်ယောက်သွားတာလဲး(

      မဒိုးကန်

      Delete
  3. ထိတယ် . . .
    မိုက်တယ် . . .

    ReplyDelete
  4. ပြန်ဆုံကြစို့ အချစ်ရယ်
    ငါတို့နှစ်ယောက်ရဲ့ ကံတွေမကုန်ချင်သေးဘူး
    သုံးစားမရတဲ့ မာနတွေ၊ ဟိုးဝေးဝေးမှာ ပစ်ထားခဲ့စမ်းပါ
    တို့ထက်မိုက်တဲ့သူတွေ ကောက်ယူသွားကြလိမ့်မယ်
    တစ်နေ့မှာတော့ သူတို့လည်း စာတတ်လာမှာပေါ့။။

    အဲဒီအပိုဒ်လးအခိုက်ဆုံးပဲ...
    ကိုကြီးအလင်းသစ်ရဲ့ချစ်သူရေ..^
    မာနတွေလျော့လိုက်ပါဗျာ့...နော့...:)

    ReplyDelete
  5. ကဗျာကောင်းလေးဖတ်ခဲ့တယ် အကိုရေ လေးစားလျှက်နော်

    ReplyDelete
  6. ကဗျာလေး မိုက်တယ်။

    ReplyDelete
  7. ကဗျာလေးက ချစ်သူ ကြွေသွားလောက်တယ်..

    ReplyDelete
  8. ပထမဆုံးကွန်မန့်  ရေးမယ်ဆိုပြီး တစ်ယောက်ယောက်က အမြဲစော စောနေတယ်နော် ဘာလို့ လဲဟင်..တားတားမတိဝူးနော..ဘာမှမကြောဝူးနော်..ကဗျာမိုက်၏ ကြိုက်၏

    ReplyDelete
  9. ကဗျာလေးက အရမ်းအရမ်း ကောင်းတယ်...
    အရမ်းရေးတတ်တယ်နော်...... :D

    ReplyDelete
    Replies
    1. နင့်အတွက်နဲ့ အိပ်ပျက်တဲ့ညတွေမှာ
      ရင်ထဲ အလွမ်းတွေ လူးလွန့်နေလိုက်တာများ
      လေဟုန်စီးတဲ့ ကြိုးမဲ့စွန်လို
      အိုးးးထိန်းချုပ်ရ ခက်လိုက်တာကွယ်။။

      ကဗျာလေးကြိုက်၏

      Delete
  10. ;) ကဗျာဆိုကြိုက်ပြီးသား ရေးသာရေးချေ
    လာအားပေးမယ်

    ReplyDelete
  11. ဟဟ လွတ်ကောင်းသဗျာ..
    စွန့်ပစ်ခဲ့တဲ့ မာန အပိုင်းအစ လေးတွေတော့
    ကောက်သွားသဗျာ စာမတက်ခင်
    အချိန်ထိ သိမ်းထားချင်လို့..ဟိဟိ

    (ဒုတိယ)

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။