ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, January 28, 2012

လူလည်



မပြည့်တဲ့အိုးမို့ ဘောင်ဘင်ခတ်ရအောင်လည်း
ပင်လယ်အကြောင်း
ငါကောင်းကောင်းသိတယ်။။


မစို့မပို့ သောက်စို့ခဲ့ရလို့လားမသိဘူး
တချို့မိုးခါးရေတွေဆို
ချိုမြမြလေးကို မွှေးလို့။။

ကြယ်တွေနဲ့စီးချင်းထိုးဖို့ မလိုပါဘူးကွယ်
တကယ်ဆိုငါက
ဖယောင်းတိုင်ငယ်တစ်ခုပါ။။

အလင်းမဲ့ကမ္ဘာလို့ မပြောစမ်းပါနဲ့
အသိဥာဏ်တချို့ မှောင်မိုက်နေတာ
တကယ်က ကိုယ့်နေရာကို၊ကိုယ့်ဘာသာ
အမှောင်ချထားတဲ့ အဖြစ်။။

ရေနစ်မှာ မကြောက်ပါဘူး
ဒီခေတ်ရဲ့ လှိုင်း၊လေတွေအကြောင်း
ကောင်းကောင်းကြီး နောကျေတယ်။။

"ဖြစ်ဖဲ"ဟုတ်လား သေချာကြည့်စမ်းပါ
ဟော့ဒါ ဂျိုကာပဲ။။

နေရာမရွေးတတ်လို့ နှလုံးသားတချို့အဟာရငတ်တာ
ကိုယ်ချင်းစာတယ်
မြင်သာတဲ့တစ်နေ့ကျတော့ ငါကယ်ပါ့မယ်။။

တွက်ချက်ပြီးတာ ကြာပေါ့
အမြတ်မရှိသေးလို့ အနက်ရောင်စည်းထားတယ်
ဟေ့ကောင်...သေချာကြည့်
ငါ... လူလည်။။



လေးစားလျက်
အလင်းသစ်

14 comments:

  1. မိုက်တယ်။
    ဒီကဗျာလေး ကြိုက်တယ်။

    ReplyDelete
  2. အလင်းရဲ့ မော်ဒန်ဆန်တဲ့ ကဗျာလေးက အမျိုးမျိုးတွေးကြည့်လို့ရတယ်...မိုက်တယ်..။

    ReplyDelete
  3. ကဗျာလေးကောင်းတယ်ဗျာ
    လေးနက်တယ်လို့ခံစားရတယ်

    ReplyDelete
  4. ကဗျာကောင်းလေးအားပေးခဲ့ပါတယ်အစ်ကို
    လေးစားခင်မင်လျှက် (လွမ်း)

    ReplyDelete
  5. နာတော့လူလည်ဟုတ်ဘူးနော် :P
    ကဗျာလေးကောင်းပါတယ်
    ခင်မင်လေးစားလျှက် လင့်ပြုတ်သွားလို့ အသစ်ပြန်လုပ်နေရတယ်
    ကဗျာအသစ်တင်တာသိလိုက်ဘူးနောက်ကျသွားတယ်လာဖတ်တာ:D

    ReplyDelete
  6. သိတော့သိတယ်။ ဒါပေမဲ့ ကိုယ်လုပ်ချင်တာနဲ့လွဲနေတယ်။ ကိုယ်ကလည်း ဘာမျှမဟုတ်သေးဘူး။ ကိုယ့်ကိုယ်ကို လူလည်လို့ ကြုံးဝါးထားတာလို့ ကျွန်တော်ခံစားရပါတယ်။ ကဗျာရဲ့ တစ်ပိုဒ်ချင်းစုဖွဲ့မှုက တော်တော်လှတယ်။ ခြုံကြည့်မှ မြင်ရတာမျိုးလို့ ကျွန်တော်ထင်ပါတယ်။

    ReplyDelete
  7. ဂျိုကာရှိတိုင်း ဖြစ်ဖဲ ရလို့လားဟ....:D

    ဖတ်သွားတယ်ဟေ့.......ကဗျာလေးမိုက်တယ်.

    ReplyDelete
  8. ဟစ်ဟော့သီချင်းနားထောင်ရသလို ခံစားရတယ်..ကြိုက်၏ ။

    ReplyDelete
  9. လူလည်.. ဖယောင်းတိုင်..း)

    ReplyDelete
  10. လက်ရှိအချိန်ကတော့ ဂျိုကာအနေနဲ့ အသာလေး လျှိုနေတာ အကောင်းဆုံး မဟုတ်ပါလား...

    ReplyDelete
  11. ဟေ့ကောင်...သေချာကြည့်
    ငါ... လူလည်။။
    ညေးအမတော်

    မဒိုးကန်

    ReplyDelete
  12. အဲဒီ လူလည်ပေါ့..... ဟွင်း....ဟွင်းးးး
    ဒါပဲ ပြောမယ် ...:P:P

    ReplyDelete
  13. အမတော် ရဲ့ မောင်လေးက လေးလေးနက်နက် ကဗျာတွေရေးလှချေလား လိုက်လို့မမှီတော့ပါဘူး
    ရောက်တယ်နော် အမြဲ

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။