ဖုန်းဆိုးမြေပေါ်မှာမှ ရင်ခုန်ခြင်းတချို့ကို
ကြဲချ၊ စိုက်ပျိုးလိုက်မိတယ်
ကိုယ့်ကိုယ်ကို စွမ်းလှပြီအထင်နဲ့
နားထင်ရောက်တဲ့သွေးတွေ လျှမ်းလျှမ်းကိုတောက်လို့။။
တကယ့်တကယ်ကျ...
မျှော်လင့်ချက်တွေ တသီကြီးပွေ့ဖက်
ကောင်းကင်ဆီ ပျံအတက်မှာမှ
ကိုယ့်ယုံကြည်ချက် အတောင်ပံတွေ မိုးမိသွားခဲ့။။
ဝေးသွားပါပြီ...
အစကတည်းက မနီးခဲ့ကြတော့
ဖြတ်သန်းခွင့်မရှိတဲ့ ဧရိယာအစပ်မှာ
မျက်တောင်တစ်ဖျတ်အတွင်း
ပြီးဆုံးခြင်း စာတမ်းပေါ်လာခဲ့တယ်။။
စွန့်လွှတ်ဖို့ခက်တဲ့ ခံယူချက်တချို့ရှိတယ်
ဖမ်းဆုတ်ရခက်တဲ့ မျှော်လင့်ခြင်းတချို့ရှိတယ်
ပြင်းပြတဲ့ ယုံကြည်ချက်တချို့ရှိတယ်
တကယ်တော့ ကိုယ်ဟာ...
စိတ်ရှိမှ လိုင်းမိတတ်တဲ့ ရေဒီယိုအစုတ်တစ်လုံး။။
တောက်ခတ်ပြီး ပြုံးတတ်တဲ့
ကိုယ်က..
တခါတလေ နားလည်ရခက်လွန်းသလို
ဘယ်တုန်းကမှလည်း နားလည်ဖို့မလွယ်ခဲ့ဖူးဘူး။။
သူများနဲ့မတူစွာ ရူးသွပ်တတ်ခြင်းတွေနဲ့
ကိုယ့်ရဲ့....
တချို့သော အဆုံးသတ်တွေမှာ
မျှော်လင့်ချက်မဲ့ ရောဂါတွေ ရင့်သထက်ရင့်လာတယ်။။
ဒီတိုင်းသာ ဆက်သွားရင်တော့
မကြာခင်...ကိုယ့်ရဲ့ မျှော်လင့်ချက် အသုဘပွဲမှာ
သူမ တရားနာရလိမ့်ဦးမယ်။။
ဆုံးရှုံးခဲ့ခြင်းတွေကို သတိရနေရတာလောက်
စိတ်အချဉ်ပေါက်တာမရှိဘူး
တောက်ခတ်သံ ခပ်ပြင်းပြင်းတစ်ချက်နဲ့
မနက်ခင်းတချို့ဆီအထိ အသက်မဲ့စေခဲ့မိ။။
သရော်တတ်တဲ့ သူမကတော့
နာရီအပျက်တစ်လုံးလို
ကိုယ့်ကို...
တစ်နေ့တစ်ကြိမ် မှန်မှန်ပြုံးပြနေတုန်းပါပဲ။။။
လေးစားလျက်
အလင်းသစ်
အော်.. မြင့်စန်းရီ .. မြင့်စန်းရီ...
ReplyDeleteကဗျာလေးကောင်းလိုက်တာ.. အခုမှ ဒီဘလော့ဂ်ကို လာဖတ်မိတယ်
ReplyDeleteတစ်နေ့တစ်ကြိမ် မှန်မှန်ပြုံးပြနေတုန်းပဲဆိုတော့ အခြေအနေကောင်းနေပါသေးတယ် ဘရို :D
ReplyDelete~ Kk ~
ရပါတယ် အလင်းရဲ့ အားမနာနဲ့ သမီးတော် က
ReplyDeleteတရားဟော တာဝါသနာပါတယ်...
....လာဟောပေးမှာပေါ့...
အလင်းသစ်က အလင်းသစ်အတိုင်းပဲ ။ ကာရံတွေနဲ့ လှနေတုန်း ။ ခံစားသွားတယ် သားရေ ။
ReplyDeleteတကယ်တော့ ကိုယ်ဟာ...
စိတ်ရှိမှ လိုင်းမိတတ်တဲ့ ရေဒီယိုအစုတ်တစ်လုံး
အဲ့ပြချက်လေး ခိုက် ။
ကဗျာကောင်းလေး အားပေးသွားတယ်နော်
ReplyDelete