ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Saturday, October 27, 2012

"အာသေဝနာစ ဗာလာနံ"


အချစ်ဆုံးရေ... အချစ်ဆုံးရေ
မသမာသူတွေဆို မင်းမုန်းရမယ်နော်။။

ကံ..ကံရဲ့အကျိုးကို ငါတို့အမျိုးတွေ
ယုံကြည်ကြပါတယ်အချစ်ရယ်...
ဒါပေမယ့်.. သူတို့ ကံတွေဆိုးခဲ့ကြတယ်
ငါတို့လည်း ငိုကြရအောင်နော်။။

လည်လှီးသားတွေ မစားပါနဲ့အချစ်ရယ်
တခုတ်တရ ကိုယ်တားပါရစေ..
ဟိုး...ကစ္စပနဒီမြစ်ကမ်းမှာတော့
ငါတို့အမျိုးတွေ သွေးနဲ့
သူတို့ ခြေဆေးနေကြပြီအချစ်ရဲ့။။

တရားခြင်း၊မတရားခြင်းကို ဘုရားသိပါတယ်အချစ်ရယ်
ဧည့်သည်က အိမ်ရှင်ကိုဖယ်ခိုင်းတဲ့ကိစ္စ
ငါတို့မှာ ကာကွယ်ခွင့်ရှိရမှာပေါ့။။

ခုတော့
ငါတို့အမျိုးတွေ ကိုယ့်မြေမှာ ကိုယ်နေရင်း
မှီခိုစရာ ကင်းမဲ့ရတဲ့ဘဝ
အသွေးအသားထဲကကို ခါးတယ်။။

"အာသေဝနာစ ဗာလာနံ" တဲ့
မဟုတ်မမှန်တဲ့၊ အဲဒီ သူယုတ်သူကန်တွေနဲ့
ယှဉ်တွဲမနေနိုင်တာ၊ တို့အမျိုးတွေမှန်တယ်
ငါတို့ထောက်ခံကြမယ်။။

လေးမြို့မြစ်ဝှမ်းနဲ့ ကုလားတန်မြစ်ဖျားက
ရက္ခိတတို့ရဲ့...နေ့ရက်တွေအကြောင်း
ပုံပြင်ထဲမှာ မှန်းဆကြည့်ရမယ့်ဘဝ
မင်းတို့ ငါတို့ ဘယ်တော့မှ အဖြစ်မခံကြဘူးနော်။။

လောကဓံရိုက်ချက် ပြင်းပြင်းအောက်က
ငါတို့အမျိုးတွေကို သနားတယ်
သူခိုးက လူလူအော်နေမှတော့
အိပ်ပျော်နေတဲ့ တရားစောင့်နတ်တွေကို နှိုးကြစို့ရဲ့။။
 
အချစ်ဆုံးရေ...အချစ်ဆုံးရေ
ငါတို့ကြိုက်တဲ့ ရခိုင်မုန့်တီမှာ
မဆလာရောမယ့်အကြံ
မင်းဘယ်တော့မှ လက်မခံရဘူးနော်။။


လေးစားလျက်
အလင်းသစ်


4 comments:

  1. အမျိုးကို စောင့်ရှောက်ခြင်းသည်လည်း ကောင်းမြတ်သော မင်္ဂလာတစ်ပါးပါဘဲဗျာ....

    ReplyDelete
  2. ကြိုက်တယ် ဒီကဗျာ...

    ReplyDelete
  3. လန်ထွက်ပျံတက်လျှံကျနေပါလားအစ်ကို..

    ReplyDelete
  4. ကောင်းလိုက်တာ
    မျိုးချစ်စိတ်ဓါတ်ကိုစောင့်ရှောက်တဲ့ကဗျာလေး

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။