ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Wednesday, November 21, 2012

ရေမချိုးတဲ့ မြို့ပြ



နတ်သမီးဝတ်စုံနဲ့ မြို့ပြရဲ့မျက်နှာမှာ
အနိဌာရုံတချို့ စီးကျ၊ ဆူပွက်
ချွေးစက်တွေ... ချွေးစက်တွေ ဖိုသီဖတ်သတ်နဲ့
အနံအသက်တွေ လှိုင်လှိုင်ထ
ညတွေက ရွံစရာကောင်းပြလာကြတယ်။။


နေဝင်ချိန်ကို ပြုံးမပြနိုင်တဲ့
မနက်ခင်းပျောက်သူတွေများလာတဲ့ခဏ
အဲဒီမြို့ပြက
ဖြစ်ခြင်း၊ ပျက်ခြင်းကို တရားပြတယ်။။

အတ္တစုတ်ချက် ကြမ်းကြမ်းတွေနဲ့
လက်တမ်း ချချရေးတဲ့ပန်းချီကားထဲမှာ 
ငါးခုံးမတစ်ကောင်ကြောင့်မဟုတ်ပဲ 
တစ်လှေလုံးပုတ်သွားခဲ့ကြ။။

မိတ်ကပ်ပဲလိမ်းနေရတဲ့ ယနေ့မြို့ပြဟာ
စိုးရိမ်စရာ ကိုယ်သင်းနံ့အတွက် 
လက်သီး၊လက်မောင်းတန်းရင်း ဆန္ဒပြတယ်
သူ့ရဲ့ညမှာ ကြယ်တွေ၊လတွေ ပျောက်ရှခဲ့တာကြာပြီတဲ့။။
 
လူတိုင်းမှာ... လူတိုင်းမှာလို့ ရှေ့ကကာရင်း
(ကိုယ်ပိုင်)...လွတ်လပ်ခွင့်ကို
မရိုးသားစွာ ချိုးဖောက်လာကြတဲ့နောက်
မြို့ပြမြင်ကွင်းတွေ အရင်လို မရိုးရှင်းတော့ဘူး။။


မရဲတရဲ ကြည့်ခဲ့ရတော့ မျက်စိအမြင်ကမွဲတယ်
ရှောင်ဖယ်ဖို့ခက်ခဲတဲ့နောက်
(အဲဒီ မြို့ပြမြင်ကွင်းကို)
လွတ်လပ်စွာ မျက်နှာလွှဲလိုက်ရ
သူတို့ပြောတဲ့ လူတိုင်းဆိုတာထဲ ကိုယ်ကျတော့မပါခဲ့ဘူးပဲ။။




လေးစားလျက်
အလင်းသစ်


10 comments:

  1. ကဗျာတစ်ပုဒ်လုံးကောင်းနေတဲ့အခါ ထုတ်နှုတ်ပြစရာစာပိုဒ်တောင် မရွေးတတ်တော့ဘူး နှစ်သက်လေးစားစွာဖတ်ဖြစ်ခဲ့ပါတယ်

    ReplyDelete

  2. နေဝင်ချိန်ကို ပြုံးမပြနိုင်တဲ့
    မနက်ခင်းပျောက်သူတွေများလာတဲ့ခဏ
    အဲဒီမြို့ပြက
    ဖြစ်ခြင်း၊ ပျက်ခြင်းကို တရားပြတယ်

    ဒီအဖွဲ့အနွဲ့လေးလန်းတယ်။ ဟကောင် ၀တ္ထုတွေလည်း ရေးပါဦးဟ..။

    ReplyDelete
  3. ကဗျာလေးကောင်းလိုက်တာ... အကြောင်းတိုင်း အကြောင်းတိုင်း အပိုဒ်တိုင်း အပိုဒ်တိုင်းက ထိမိနေတာဘဲ... သဘောကျမိတယ်...

    ReplyDelete
  4. လက်ရာတွေကတော့အမြဲမိုက်နေတာပဲနော်….အားပေးသွားတယ်ကိုကြိးရေ..:)

    ReplyDelete
  5. အရမ်းကောင်းတယ် အလင်းရေ..

    ReplyDelete
  6. ကွယ် ... တကယ်မိုက်သကိုး
    မိုက်တာမှ လုံးဝကြီး မိုက်တယ်
    အသေအလဲ မိုက်တယ်
    ရက်ရက်စက်စက် မိုက်တယ်
    ပိုးစိုးပက်စက် မိုက်တယ်
    ကဲ ... ဒါပဲ ပြောနိုင်တယ်
    P.S - မျောသွားတယ်

    နွေလ

    ReplyDelete
  7. မိတ်ကပ်ပဲလိမ်းနေရတဲ့ ယနေ့မြို့ပြဟာ
    စိုးရိမ်စရာ ကိုယ်သင်းနံ့အတွက်
    လက်သီး၊လက်မောင်းတန်းရင်း ဆန္ဒပြတယ်
    သူ့ရဲ့ညမှာ ကြယ်တွေ၊လတွေ ပျောက်ရှခဲ့တာကြာပြီတဲ့။။

    ReplyDelete
  8. The Beginner's Guide to Baccarat - FEBCasino
    For those who prefer playing traditional casino games, Baccarat is the way 메리트 카지노 to 바카라사이트 go. We outline the rules, 샌즈카지노 bonuses, tips, strategy, and how to play.

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။