ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Sunday, November 4, 2012

စွန့်ရဲတော့ မိငယ်


လူချင်းအတူတူ လမ်းတွေကွဲပြားတယ်
ယုံချင်ယုံ မယုံချင်နေ
ပစ္စုပ္ပန်မှာ ပုံပြင်မရှိဘူးမိငယ်။။

ပဉ္စသိင်္ခရဲ့ နတ်စောင်းသံ
ဟိုအရင်လို စည်းချက်မမှန်တော့ဘူး
ဒီနေ့ကမ္ဘာဟာ ပူလိုက်...ချမ်းလိုက်
ဒေဝဒတ်လို လူမိုက်တွေပဲ ပေါပေါလာတယ်။။

လောဘက လောကကို သွေးတိုးစမ်း
အလိုရမ္မက်တွေ အတက်အကျကြမ်းနေလိုက်တာ
အခုဆို... 
ဘယ်သစ်ပင်မှ ဆေးဘက်မဝင်တော့ဘူးမိငယ်။။ 

ခဏခဏ ခေါင်းငြိမ့်ပြရအောင် ၊ စက်ရုပ်မှမဟုတ်တာ
"ဤ" ချင်"ဤ" ၊ "ကျွဲ"ချင်"ကျွဲ"
တို့စိတ်ကြိုက်ပဲ ဖတ်ကြမယ်
ကိုယ်က... ရင်ဘတ်ကိုဘောင်ခတ်
အတွေးခေါ်တွေ ညဥ့်နက်တာ မကြိုက်ဘူး။။


လေးစားလျက်
အလင်းသစ်

6 comments:

  1. လောဘက လောကကို သွေးတိုးစမ်းနေသလို
    လောကကြီးကလည်း လောဘတွေကို အမြဲရေလာမြောင်းပေးလုပ်နေတယ် ဒီတော့ ဘောင်ခတ်ထားတာ အကောင်းဆုံးပေါ့ အလင်းသစ်ရေး) ကဗျာလေးအားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ကိုယ်က... ရင်ဘတ်ကိုဘောင်ခတ်
    အတွေးခေါ်တွေ ညဥ့်နက်တာ မကြိုက်ဘူး။။

    ReplyDelete
  3. ယနေ့ခေတ်သည် ပညာခေတ်လို့ ပါးစပ်က အော်နေရုံမျှ ဘာမှ ထူးမလာနိုင်တာကို အလင်းသစ်ပေးခဲ့တာ ...

    ReplyDelete
  4. ဟုတ်မယ်... လူချင်းတူပေမယ့် ခြေလှမ်းပုံတွေ မတူတော့ လမ်းတွေ ကွဲမယ်... ဒီဘက် ခေတ်မှာ တပါးသူကိုမှ နင်းတက်ချင်တဲ့ လူတွေ ပိုပိုများလာပြီ...

    ReplyDelete
  5. ဟုတ်ပါ့...မိုးနတ်လဲဘောင်ခတ်မှဖြစ်တော့မယ်...
    တခါတခါလောကကြီးကို စိတ်ကုန်သလိုလိုတောင်ဖြစ်မိတယ်

    ReplyDelete
  6. ကောင်းလိုက်တဲ့ကဗျာလေး စာများများရေးပါဂျာ... တပုဒ် တပုဒ်က ကြာထှာ >.<

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။