ရင်ဘတ်ချင်း ထူးခတ်တဲ့ အဲဒီကြိုးကို
အချစ်လို့ မခေါ်ချင်ဘူးမေမေ
ရမ္မက်တွေနဲ့ မှောင်သွားမှာစိုးတယ်။။
တကယ်ကိုမနှစ်မြို့စရာပါ မေမေရယ်
သူတို့အပြုံးမှာ ထုံးဓာတ်တွေပါနေတယ်
ဒါကြောင့်ပဲ ...
ကျွန်တော့်နှလုံးသား ကျောက်တည်ခဲ့တာပေါ့။။
မေမေရေ ...
ခပ်ထိုင်းထိုင်း မိုးရေစက်တွေကြားမှာ
ဖားလေးတစ်ကောင်အအေးပတ်နေလေရဲ့
မေမေကတော့ ရယ်နေမှာပါ။။
စိမ်းကားတတ်တဲ့ လူတွေအကြောင်း
မေမေ့ကို စာလုံးပေါင်းမပြတော့ပါဘူး
အခွင့်သာတဲ့နေ့ကျမှ
ပုံပြင်တွေလို ပြန်ပြောပြမယ်။။
ခေါင်းကိုမော့တာက
မျက်ရည်ဝှက်တဲ့ သင်္ကေတပါမေမေ
ကြခတ်ဝါးပင်တွေ ဖွေးဖွေးလှုပ်ပွင့်တဲ့ညတုန်းက
ကျွန်တော်ဒဏ်ရာတချို့ ရခဲ့တယ်။။
ဒါပေမယ့်မေမေရယ် ...
ဟန်ဆောင်သူတွေများတော့
မေမေ့ရဲ့ဒုက္ခအိုးလေးလည်း မရိုးသားခဲ့ဘူးပေါ့
အခုပဲကြည့်လေ ... မသိရင်
အဲဒီမြို့ရိုးကို သိမ်းပိုက်
ကိုယ်တိုင်ပဲ အလံစိုက်ထားတာလိုလို။။
လေးစားလျက်
အလင်းသစ် (၁၄.၁၂.၁၃ - စနေ)
ခေါင်းကိုမော့တာက
ReplyDeleteမျက်ရည်ဝှက်တဲ့ သင်္ကေတပါမေမေ
ဘယ်နှခါ ၀ှက်ခဲ့ဖူးလဲ ဟင်
အိုးမိုင်ဂေါ့လို့ ပြောထွက်တော့မယ်..
ReplyDeleteဒါပေမယ့်မေမေရယ် ...
ဟန်ဆောင်သူတွေများတော့
မေမေ့ရဲ့ဒုက္ခအိုးလေးလည်း မရိုးသားခဲ့ဘူးပေါ့
အခုပဲကြည့်လေ ... မသိရင်
အဲဒီမြို့ရိုးကို သိမ်းပိုက်
ကိုယ်တိုင်ပဲ အလံစိုက်ထားတာလိုလို။။
mega like
ဒီမှာလည်း လာအားပေးခဲ့တယ်နော် ဆရာ..
ReplyDelete