ခုတလောမှာ
အိပ်မက်တွေ မရိုးသားတော့လို့
ကိုယ်နိုးနိုးကြားကြား အိပ်နေရတယ်။
တကယ်တော့
သမုဒ္ဒရာနဲ့ စီးချင်းထိုးပြီးမှ
မိုးအဖြစ်ရွာချခွင့် ရခဲ့တာပါကွယ်။
ဟောဒီ ...
ကိုယ့်ရှေ့က လေညှင်းတွေဆိုတာကလည်း
ဟိုတုန်းက ခိုးရှိုက်ခဲ့တဲ့ သက်ပြင်းတွေပါပဲ။
ဘာဖြစ်လဲကွယ် ...
ကိုယ့်အိပ်မက်နဲ့ ကိုယ့်လမ်းပဲ
ရွှေနန်းဆိုတဲ့ အထင်တစ်ခုအတွက်တော့
အဲဒီကုတင်ပေါ်ကို မတက်ချင်ဘူး။
ကိုယ့်ရဲ့ သောကြာနတ်သမီးလေးရေ
ရောက်ရာအရပ်က လမ်းပြပေးပါ
တောက်တောက်ပပ လောင်ကျွမ်း၊လင်းလက်ပေးပါ ။
တကယ်လို့သာ ...
အဲဒီနွေထဲမှာ ပန်းတွေမဝေလာတော့ရင်လည်း
ကိုယ်ဖောက်ခဲ့တဲ့လမ်းအတွက်
ရင်ဘတ်ကို အချက်ပေး
ခပ်ဖြေးဖြေးပဲ ဆက်လျှောက်သွားပါ့မယ်။
လေးစားလျက်
မောင်စိုးမင်း
၈.၁.၂၀၁၄ (ဗုဒ္ဓဟူး)
အလင်းရေ သမီးတော်ဆီမှာတော့ အလင်းရဲ့ လင့်လေး မပေါ်တော့ဘူး
ReplyDeleteဘာလို့ လဲ မသိဘူး ကဗျာလေး လာအားပေးသွားတယ်
ကဗျာလေးတွေကအရင်လို အားကောင်းနေဆဲပဲနော်
ဖြေးဖြေးနဲ့  မှန်မှန် သာ ဆက်လျှောက်ပါ
ဖတ်သွားခဲ့တယ် အလင်းသစ်ရေ :)
ReplyDeleteတကယ်ကောင်းပါတယ် share ခွင့်ပြုပါဗျာ ကျေးဇူးပြုပြီးတော့
ReplyDelete