သံသယနဲ့ လှော်ခတ်ခံလိုက်ရတဲ့နောက်
ဆိုက်ကပ်ဖို့ ကမ်းပျောက်သွားခဲ့
ငါ့ဘဝရဲ့ ဒီလှေငယ်ကျမှ
ယုံကြည်မှုနယ်ပယ်က ကျဉ်းမြောင်းလိုက်တာ။။
ဘဝတစ်ခုကို ဘဝတစ်ခုနဲ့ အချိုးချရင်း
မာနတချို့တောင် ပွန်းပဲ့ခဲ့ရပေါ့
ဒဏ်ရာနဲ့ညတွေမှာတော့
အတိတ်ရဲ့အရိပ်တွေထဲ
နှလုံးသားငယ်ငယ် လူးလွန့်လို့ ပျော်နေဆဲ။။
ဝဲကတော့မှန်းသိရဲ့နဲ့ လက်ပစ်ကူးခဲ့မိတာ
ကံကြမ္မာကို အပြစ်မတင်ချင်ဘူး
ငါကိုက ယုံကြည်မှုလွန်ကဲခဲ့တာ
တစ်ခါတလေ ထူးမခြားနားပတ်ပျိုးတွေကို
ခိုးခိုးပြီး ရယ်ရတာ ကြိုက်တယ်။။
ဆောင်းရာသီမရှိတဲ့ ရင်ခွင်ကိုမှ
နှင်းပွင့်တွေ ချွေချခဲ့မိတယ်
ကောင်မလေးရယ်...
မျှော်လင့်ချက်တွေ အရည်ပျော်ပျောက်ပျက်
တော်ပါပြီကွယ်...မနှောက်ယှက်တော့ပါဘူး။။
ခါးလွန်းလို့ ချိုသွားတော့ ဆေးသကြားတဲ့
ဟော..ဟိုနားက
ပြုံးပြလွန်းလို့ အသုံးချခံလိုက်ရတဲ့ငါ့ကို
အရှုံးသမားလို့ခေါ်ကြပေါ့
ဘာပဲပြောပြော ခေါင်းမော့ပြီးရယ်နေဦးမယ်။။
ယုံကြည်မှု တမံကျိုးတဲ့နောက်
ပျော်ရွှင်ခြင်းတွေ ပေါက်ကျသွားတယ်
ဟောဒီ ကမ္ဘာငယ်လည်း
ခြောက်သွေ့..တိတ်ဆိတ်...။။
ယုံကြည်ထားတဲ့ အနာဂတ်တွေ
တစ်ထပ်ပြီးတစ်ထပ် ပုံပေါ်လာတော့မှ
အုတ်မြစ်ကို ဖြိုချခံလိုက်ရတယ်
တော်ပါပြီကွယ်...
နွေရက်တွေထဲမှာပဲ ပျော်တော့မယ်။။။
လေးစားလျက်
အလင်းသစ်
ပုံရိပ်ရောင်...
ReplyDeleteခံစားချက်နဲ့ ပြောရရင်တော့တကယ်ပုံရိပ်ရောင်တွေပဲအလင်းသစ်ရေ...
စာတွေဆက်လက်ရေးအားကောင်းပါစေ...
ယုံကြည်ထားတဲ့ အနာဂတ်တွေ
ReplyDeleteတစ်ထပ်ပြီးတစ်ထပ် ပုံပေါ်လာတော့မှ
အုတ်မြစ်ကို ဖြိုချခံလိုက်ရတယ်
တော်ပါပြီကွယ်...
နွေရက်တွေထဲမှာပဲ ပျော်တော့မယ်။။။ ပျောက်ချက်ကောင်းနေတဲ့
ကဗျာဆရာလေးရေ အားပေးသွားပါတယ်။
ယုံကြည်မှုတွေမရှိတဲ့ နယ်မြေထဲ ကဗျာဆရာက ဘာတွေမျှော်လင့်ထားချင်တာလဲ..
ReplyDeleteအားပေးသွားတယ် အလင်းသစ်ရေ။
MYK
ဘဝတစ်ခုကို ဘဝတစ်ခုနဲ့ အချိုးချရင်း
ReplyDeleteမာနတချို့တောင် ပွန်းပဲ့ခဲ့ရပေါ့
ဒဏ်ရာနဲ့ညတွေမှာတော့
အတိတ်ရဲ့အရိပ်တွေထဲ
နှလုံးသားငယ်ငယ် လူးလွန်းလို့ ပျော်နေဆဲ။။
အရမ်းမိုက်တဲ့စာသားတွေပဲဗျို့
ခံစားဖတ်ရှုသွားတယ်ချစ်ကိုကြီးရေ
နွေရက်တော့မပျော်ပါရစေနဲ့ အေ
ReplyDeleteပူလွန်းလို့ပါး)
ဟုတ်တယ်တခါတလေဘ၀က------အဲဒီလိုပဲဖြစ်နေလို့
ReplyDelete(သံသယနဲ့ လှော်ခတ်ခံလိုက်ရတဲ့နောက်
ဆိုက်ကပ်ဖို့ ကမ်းပျောက်သွားခဲ့
ငါ့ဘဝရဲ့ ဒီလှေငယ်)တိုက်တိုက်ဆိုင်ဆိုင် ကြိုက်သွားပါပြီ အလင်းရေ
လူးလွန့်တာလို့သုံးပါတယ် အလင်းသစ်ခင်ဗျား။ ပေးထားတဲ့ ပုံရိပ်တွေ တော်တော်ကောင်းပါတယ်။ သေသေချာချာဖွဲ့ထားတယ်လို့ မြင်ပါတယ်။
ReplyDeleteလန်ထွက်နေတာပဲအစ်ကို.. မိုက်တယ်.. အားပေးနေပါ့မယ်.။
ReplyDeleteကဗျာကောင်းလေးတစ်ပုဒ်ပါ။
ReplyDeleteခင်မင်စွာဖြင့်
မြတ်
ကံကြမ္မာကို အပြစ်မတင်ချင်ဘူး
ReplyDeleteငါကိုက ယုံကြည်မှုလွန်ကဲခဲ့တာ ... ပြန်ပြင်ခြင်းဟာ အမှန်ကို စောင့်နိုင်တဲ့ သစ္စာ ...