ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Wednesday, February 29, 2012

"ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင်" (တဂ်ပို့စ်)



ကျွန်တော်လည်း ဒီတလော စာတွေများနေလို့ ဘလော့ဂ်ဘက် မလှည့်ဖြစ်တာကြာပါပြီ။။ သတင်းတွေ အဆက်မပြတ်အောင် FACEBOOK ပေါ်တက်တက်ပြီး ကြည့်ဖြစ်တာကလွဲလို့ ဘာမှကို မလုပ်ဖြစ်ပါဘူး။။ ဒီနေ့တော့ ကိုသက်တန့်က "ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင်" ဆိုပြီး တဂ်ပို့စ်တစ်ခု တဂ်ထားတာ တွေ့လိုက်ရပါတယ်။။ ဒါကြောင့် စာလုပ်ပြီးတာနဲ့ ဒီပို့စ်ကို တန်းရေးလိုက်တာပါ။။ အာရုံတစ်ခု အပြောင်းအလဲ ဖြစ်သွားအောင် တဂ်ပို့စ်လေး တဂ်ပေးတဲ့ ကိုသက်တန့်ချို ကိုကျေးဇူးအများကြီး တင်ပါတယ်ဗျာ။။ :P ။။

ကျွန်တော့်အနေနဲ့ကတော့ (၅၀၀၀)တန် ဆင်းမ်ကဒ်သာ ထုတ်ပေးနိုင်ရင်ဆိုတဲ့ အမြင်ကိုပဲ ပြောချင် ပါတယ်။။ ဒီလိုသာ တကယ်ဖြစ် လာမယ်ဆိုရင် အရမ်းကောင်း ပါတယ်။။ နိုင်ငံတကာနဲ့ နည်းတူ ကျွန်တော်တို့တွေလည်း ဖုန်းကိုယ်စီနဲ့ တန်းတူ ညီသွားမှာပါ။။ ဖြစ်လာနိုင်ပါစေလို့လဲ မျှော်လင့်၊ ဆုတောင်းမိပါတယ်။။ ဖြစ်ကိုဖြစ်ရမယ်၊ မရ ရအောင် လုပ်ပေးပါလို့တော့ အတင်းကြီး မတောင်းဆိုလိုပါဘူး။။ ဘယ်လိုအခက်အခဲတွေ၊ ဘယ်လို အကြောင်းအရာတွေ ရှိနေသလဲဆိုတာ ကျွန်တော်တို့ သေချာမသိပါဘူး။။ တကယ်လုပ်နေတဲ့ သူတွေကပဲ အလုပ်ရဲ့ အတိမ်အနက်ကို အတိအကျ သိနိုင်မယ်လို့ ထင်ပါတယ်။။ တကယ်လို့များ ဆင်းမ်ကဒ်တစ်ခုရဲ့ တန်ဖိုးကို (၅၀၀၀)လောက် အထိ လျော့ချပြီး ဖြန့်ဖြူး ပေးနိုင်တယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပဲပေါ့ဗျာ။။

တန်ဖိုးနည်း ဆင်းမ်ကဒ်လို့ ဆိုတဲ့နေရာမှာ တန်ဖိုးတော့နည်းပါရဲ့ Unknown Error ခဏခဏတက်နေတဲ့ ဆင်းမ်ကဒ်မျိုး ဖြစ်မှာကိုလည်း စိုးရိမ်မိပါတယ်။။ မြန်မာစကားပုံတွေထဲမှာ "ဆင်ဖိုးထက်၊ ချွန်းဖိုးကကြီး" ဆိုတာရှိပါတယ်။။ ဆင်းမ်ကဒ်တန်ဖိုးကတော့ (၅၀၀၀)၊ ဒါပေမယ့် ကိုယ်လည်းမဆက်ပဲနဲ့ ထည့်ထားတဲ့ ပိုက်ဆံက ဘာကြောင့်မှန်းမသိ ပျောက်ပျောက် သွားမယ်ဆိုရင် ဒီစကားပုံကို သက်သေပြုသလို ဖြစ်နေမှာ ပါပဲ။။ ကျွန်တော်တို့တွေ ခဏခဏကြုံဖူးပါတယ်။။ ညနေကပဲပိုက်ဆံ ထည့်လိုက်တယ်၊ ဘယ်ကိုမှလည်း မဆက်ပဲနဲ့ နောက်နေ့မနက်ကျတော့ ဖုန်းထဲမှာ ပိုက်ဆံက အနှုတ်ပြနေတယ်။။ ဆိုင်ကိုသွားပြောတော့ နည်းနည်းကြည့်ပေးပြီး ရပြီတဲ့။။  ပြန်ရောက်လို့ ကြည့်လိုက်ရင် ထိုနည်း၎င်းပါပဲ။။ ကြာတော့ စိတ်ကညစ်လာရော။။ ဒီမှာ ဆင်းမ်ကဒ်က လွယ်လွယ်ရနေတော့ သွားပြောမနေတော့ပဲ ကဒ်ပြောင်းလိုက်တယ်။။ ဘာပဲပြောပြော ဖုန်းနံပါတ်က အတည်တကျမဖြစ်ပဲ ခဏခဏ ပြောင်းနေရတော့ စိတ်ပျက်ဖို့ ကောင်းပါတယ်။။ ဒါကြောင့် Unknown Error မရှိပဲ၊ ဖုန်းခေါ်ဆိုခ သက်သာမယ်ဆိုရင်လည်း မဆိုးလှပါဘူး။။

ကဲ.. ကိုသက်တန့်ချိုရဲ့ မေးခွန်းလေးတွေကို ဖြေလိုက်ပါပြီဗျာ။။

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင်ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။။

ဟိုးအရင် (၁၅)သိန်း၊ သိန်း (၂၀)တန် ဆင်းမ်ကဒ်တွေထက်စာရင်တော့ တန်ဖိုးနည်းပါတယ်။။ ဒါပေမယ့် အခြေခံလူတန်းစားတွေ ဖုန်းကိုင်နိုင်လောက်အောင်ထိတော့ တန်ဖိုးမနည်းပါဘူး။။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့  စတေကာကပ်ခြင်းနဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ။။

အများပြည်သူ အနှောက်အယှက် မဖြစ်စေဘူးဆိုရင်တော့ ကိုယ့်ဆန္ဒကို ကိုယ်ဖော်ပြတာ ဘာမှဝေဖန်ဖို့ မရှိပါဘူး။။ ဒါပေမယ့် ထစ်ခနဲရှိ စတေကာကပ်၊ တီရှပ်လုပ်တာမျိုးကတော့ တယ်လည်းအကျိုးရှိမယ်လို့ မထင်ပါဘူး။။ အကျိုးရှိခဲ့ရင်လည်း တီရှပ်ရောင်းတဲ့သူနဲ့ စတေကာကပ်တဲ့ ဆိုင်တွေပဲ အကျိုးရှိမှာပါ။။ :P 

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိပါသလဲ ။

တကယ်လုပ်ပေးနိုင်တဲ့ နေရာကို လုပ်ပေးစေချင်တာတွေ တင်ပြတာ ကောင်းပါတယ်။။ ဒါမှလည်း လုပ်ပေးနိုင်တဲ့ သူတွေက ဘယ်လိုလုပ်ပေးရင် အဆင်ပြေမယ်ဆိုတာ စဉ်းစားပေးနိုင်မှာပါ။။

၎ ။ ငါးထောင်တန် ဖုန်းများပေါ်ပေါက် လာစေဖို့ သင့်အနေနဲ့  ကြိုဆိုပါသလား ။။

ဒီဘက်ခေတ်မှာ ဆက်သွယ်မှုစနစ် ကောင်းရင်၊ကောင်းသလို အကျိုးသက်ရောက်မှု ပိုရှိလာတာမို့ အဲဒီလို တန်ဖိုးသက်တောင့်သက်သာနဲ့ ဖုန်းကိုင်နိုင်ကြမယ်ဆိုရင် ဝမ်းမြောက်စွာ ကြိုဆိုမှာပါ။။ 

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး ချရေးပေးပါ။။

အခြေခံလူတန်းစားတွေကအစ ဖုန်းတစ်လုံးကိုင်နိုင်ဖို့ လမ်းစလေးလို့ မြင်ပါတယ်။။ ဟိုဘက်လက်က ဖုန်းနဲ့၊ ဒီဘက်လက်က ဖုန်းကိုခေါ်တာ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေတတ်သလိုမျိုး နီးလွန်းလို့ ပျောက်သွားတတ်တဲ့ Connection မျိုးနှင့်မဟုတ်ပဲ၊ "ဟယ်လို..ကြားလား" ထက်ပို၍ပြောဆိုနိုင်သော ဖုန်းတစ်လုံးသာဆိုရင် အတိုင်းထက်အလွန်ပါပဲလို့ ပြောချင်ပါတယ်ဗျာ။။ :P


ကျွန်တော့်တစ်ဦး တစ်ယောက်တည်းရဲ့ အမြင်ဖြစ်ပါတယ်။။ အများအမြင်နဲ့ မညီမျှရင်လည်း နားလည်ပေး ကြစေချင်ပါတယ်။။ :P  ကျွန်တော်ကနေ ဆက်ပြီး တဂ်ချင်တာကတော့

၁။ ညီလေး ကျစ်ပု (ချောကလက် ကျူးပစ်လေး)
၂။ ညီလေး မေမြို့မိုး
၃။ ညီလေး မောင်မောင် (မြစ်ဆုံ)
၎။ ညီလေး မောင်(စွယ်စုံကျမ်း)
၅။ ညီလေး လွမ်းပိုင်ရှင်
၆။ အမစန်းထွန်း (San Htun's Diary)
၇။ မမလမင်းငယ် (ချစ်စံအိမ်)
၈။ မမဂျက်စမင်း (jasmine cho)
၉။ ညီမလေး သမန်းစီ (သမီးစံ)
၁၀။ ညီမလေး ကန်ဒီ (My Freedom) 

ကဲ..(၁၀)ယောက်ကို တဂ်လိုက်ပါတယ်။။ အဆင်ပြေရင် ရေးပေးကြပါဦးဗျာ။။ :P 


လေးစားလျက်
အလင်းသစ်




12 comments:

  1. အင်း...ဟုတ်တာပေါ့...
    ဒါပဲ ပြောတက်တယ်...:P:P

    ReplyDelete
  2. တဂ်ကြပါ တဂ်ကြပါရှင် အာတာနဲ့ရေးလိုက်ပါမယ်
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  3. သိပ်ကို ကောင်းအိ.. ကိုယ်တိုင်တဂ်ဖို့ချောင်းနေစဉ်သူများဦးသွားလေရာ.
    .... အားရစွာနဲ့ရေးပါ့မယ်.။

    ReplyDelete
  4. အလင်းတို့တော့လုပ်ချလိုက်ပြီ
    ပျောက်နေပြီပေါ်လာတော့တဂ်ခေါင်းစဉ်နဲ့ ပါလား
    အင်းပြောရမယ်ဆိုရင်တော့ ရေးကြည့်ပါအုံးမယ်လေ...

    ReplyDelete
  5. တဂ်လာဖတ်တာ...
    ငါးထောင်တန် ဖုန်းအကြောင်း
    ဟီး.. ရေးပါမယ် စဉ်းစားစရာပဲ :P :P
    အစ်ကို့အမြင်ကိုလည်း ထောက်ခံပါတယ် :D :D

    ဒါနဲ့အစ်ကိုက ကန်ဒီ့လို ကျောင်းတက်နေတာပေါ့ :D

    ReplyDelete
  6. ပြည်သူတွေ အားလုံးကလဲ မျှော်နေကြတာပါဘဲ... ဖြစ်လာနိုင်ရင်တော့ အကောင်းဆုံးပေါ့... ဒါဆိုရင် တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ရေးတွေ လွယ်ကူ အဆင်ပြေကုန်မယ်... အရင်က လင့်မတက်လို့ ခုအသစ်ပြန်ယူသွားတယ် ညီရေ...

    ReplyDelete
  7. တဂ်ပို့စ်လေးကိုပြန်ဖြေပေးတဲ့အတွက် ကျေးဇူးအများကြီးပါတယ် အလင်းသစ်ရေ

    ပြည်သူတွေ၇ဲ့ဆန္ဒမကြာခင်ပြည့်ဝလာလိမ့်မယ်လို့လည်းယုံကြည်ပါတယ်

    ခင်မင်စွာဖြင့်

    သက်တန့်ချို

    ReplyDelete
  8. တဂ်ခဲ့ပါပြီအကိုရေ ထောက်ခံပါတယ်ဗျာ အကိုအမြင်လေးကို

    ReplyDelete
  9. ခုတော့ လာဖတ်သွားတယ် အလင်းသစ်ရေ..အားရင် ရေးမယ်နော့..သတိတရ တဂ်ပေးတာ ကျေးဇူးနော့..

    ReplyDelete
  10. အဲ့ဒီ့နေ့က ညီမကျောင်းမတတ်ဘူးအစ်ကိုး))

    ReplyDelete
  11. ဟိုက် .မိုယုစံ ဘီသူဦးသွားတာလဲ....ငါးထောင်တန်ဆင်းကဒ်ေါ့်လို့ ကတော့ မိုယုစံနဲ့  ညာမှပေးမယ်ဆိုလည်း ကျနော် အနင့်နာခံလိုက်ပါ့မယ်..တိန်..တဂ်ထားရင် လွှတ်တော်က လုပ်ပေးချင်လာအောင်ရေးလိုက်ပါမယ်....

    ReplyDelete
  12. အစ်ကို ရေးထားတာလေးတွေ တော်တော်ကောင်းပါတယ်။ ဆင်ဖိုးထက်ချွန်းဖိုးမကြီးဖို. သတိထားဖို.လိုတာပေါ.နော် အစ်ကို။

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။