အဲဒီ...မျှော်လင့်ခြင်း ဝင်ရိုးစွန်းဆီ
ခြေတစ်လှမ်းကနေပဲ စလျှောက်ခဲ့တာပါ
ခရီးကျတော့ မပေါက်ခဲ့ဘူး။။
စာရွက်တွေနဲ့ထောက်ခံထားတဲ့
တတ်သိမှုတွေက
သိတတ်မှုတွေကို ခပ်သောသောကျော်ဖြတ်
သြော်....
ကျွန်တော့်အိပ်မက်ထဲမှာ ပြောပါတယ်။။
တကယ်တမ်းကျ
ပညာရွှေအိုးကို လူခိုးခံခဲ့ရတယ်
အဝင်၊အထွက်မှ မညက်တော့လဲ
ပညာတတ်ပေမယ့် ဘွာခတ်ခံလိုက်ရ။။
မနေ့ကလိုပဲ...
မျှော်လင့်ခြင်းတွေ ပိန်းပိတ်အောင်မှောင်တယ်
အလင်းရောင်တစ်စက်လောက်ကို
အငမ်းမရ သောက်စို့ချင်မိပါရဲ့။။
ဒါပေမယ့်...
မရောက်ရင်လည်း နေပါစေတော့ကွယ်
ပင်လယ်ရေက ငန်တယ်
ဖန်တစ်ရာတေနေတဲ့ မျှော်လင့်ချက်တွေ
သွေးမတိုးချင်တော့ဘူး။။
တကယ်တမ်းကျ လိုအပ်ချက်မရှိခဲ့ပါဘူး
အံမဝင်ရုံသက်သက်ပါ
မာန်တင်းပြီး လှည့်ထွက်တဲ့ ခြေလှမ်းတွေထဲ
စိတ်ဓာတ်ကတော့ ဖရိုဖရဲနိုင်လွန်းခဲ့တယ်။။
လေးစားလျက်
အလင်းသစ်
၃.၈.၂၀၁၂(သောကြာ)
တစ်ခါတစ်ရံ လွဲချော်သွားခြင်းဟာ ဒီထက်ပိုကောင်းတဲ့
ReplyDeleteအလှည့်အပြောင်းတစ်ခုဖြစ်လာတတ်တယ် အလင်းသစ်ရေ။
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တစ်ချို့သော အခက်အခဲတွေက နောက်ပြဿနာတွေကို အလွယ်တကူဖြေရှင်းတတ်ဖို့ အတွေ့အကြုံကောင်းတွေ ဖြစ်လာတတ်တယ်၊၊ စိတ်သာဆောင်နေသေးသ၍ မျှော်လင့်ချက်တွေဟာ အကောင်အထည် ပေါ်ခွင့်ရှိပါတယ်၊၊ လာရောက် အားပေးသွားပါတယ်နော်
ReplyDeleteအဝင်၊အထွက်မှ မညက်တော့လဲ
ReplyDeleteပညာတတ်ပေမယ့် ဘွာခတ်ခံလိုက်ရ။။
အင်းး ခံစားမိလိုက်တယ် အကို
~ Kk ~
ဒါပေမယ့်...
ReplyDeleteမရောက်ရင်လည်း နေပါစေတော့ကွယ်
ပင်လယ်ရေက ငန်တယ်
ဖန်တစ်ရာတေနေတဲ့ မျှော်လင့်ချက်တွေ
သွေးမတိုးချင်တော့ဘူး------
အမတော်လဲသွေးတွေတိုးနေတယ်
ပင်လယ်ရေတော့မသောက်မိဘူးဟယ်
ဘယ်လိုပဲဖြစ်နေပါစေပေါ့----ဖရိုဖရဲဖြစ်နေတဲ့စိတ်ကိုထိန်းနိုင်သမျှထိန်းနိုင်ပါစေ
ဖရိုဖရဲဖြစ်နေတဲ့အရာတွေပြန်စုစည်းပါ သားကောင်းဇာနည်အောင်စစ်သည်း)
ReplyDeleteအမ
ဂန်းစတားဂျာရစ်
ဒါပေမယ့်...
ReplyDeleteမရောက်ရင်လည်း နေပါစေတော့ကွယ်
ပင်လယ်ရေက ငန်တယ်
ဖန်တစ်ရာတေနေတဲ့ မျှော်လင့်ချက်တွေ
သွေးမတိုးချင်တော့ဘူး။။
ကဗျာလေးကောင်းလိုက်တာ ။
တကယ့်ကောင်းတဲ့ ထိထိမိမိ (အလုပ်လျှောက်ခြင်း)လေးဖတ်တွားတယ်။
ReplyDeleteအားပေးတယ် အလင်းသစ်ရေ။
ခင်တဲ့
အလွမ်း
စာများများ ပြန်ရေးနော်...
ReplyDeleteဒီကဗျာလေးလည်း ကောင်းတယ် :D
စာတွေကဗျာတွေပြန်ဖတ်ရလို့ကျေးဇူးတင်ပါတယ်..
ReplyDeleteကဗျာလေးက အဓိပ္ပါယ်ရှိတယ်။ ကောင်းတယ်
ReplyDeleteကဗျာလေးကို ဘလော့မှာပါလာအားပေးသွားပါတယ် ညီလေးရေ..
ReplyDeleteအလုပ်လျှောက်တာကို ကဗျာအဖြစ် ဖန်တီးထားတာ ဆန်းတယ်ဗျ။ ကဗျာရေးသူဆိုတော့ အတွေးက ကွန့်မြူးပါ့ဗျား။ ကောင်းတယ်ဗျ။ စကားလုံးလေးတွေ ခံစားသွားပါတယ်။ လိုအပ်ချက်မရှိ၊ ဒါပေမဲ့ အံမ၀င်။ ဒါမျိုးလည်း ဖြစ်တတ်တယ်။ ပညာရွှေအိုးလူခိုးခံရတာလည်း ဖြစ်တတ်တာပဲဗျ။ ဘာပဲဖြစ်ဖြစ် ကောင်းတာတွေထပ်ဖြစ်ဖို့ပဲ မျှော်လင့်ပါဗျာ။ မကောင်းတာတွေ နေခဲ့တဲ့သဘောပေါ့။
ReplyDeleteSo good..........
ReplyDeleteအလုပ်လျောက်ရင်း လမ်းဆက်လျှောက်ရင်း လမ်းဖြောင့်စင်းစင်းကြုံပါစေ ...
ReplyDelete