"မျက်နှာကို မိုးစက်တွေထိခတ်နေပြန်ပြီ သက်ဝေ။။
နင်က သတိရခွင့်မပြုတော့တဲ့ ဒီမိုးညတွေထဲမှာ ငါလေ
နင့်ကိုတမ်းတမ်းတတ သတိရ လွမ်းဆွတ်နေဆဲဆိုတာ ..
သက်ဝေရယ်...သက်ဝေရာ။။။။"
တီးတိုးရေရွတ်သံနဲ့အတူမျက်နှာဆီတိုက်ရိုက်ထိခတ်နေတဲ့ မိုးရေစက်တွေထဲ မျက်ရည်ဝေ့သီနေတဲ့ မျက်ဝန်းတွေနဲ့ စူးစိုက်ကြည့်ရင်း ဆန်းသစ် ရဲ့အတွေးတွေ အတိတ်ဆီပြန်ပြေးသွားခဲ့တယ်။။ကြာခဲ့ပါပြီ။။ဟိုးမူလတန်းလောက်ထဲက ဇော်ဇော်နဲ့ဆန်းသစ်ဆိုတာ သူငယ်ချင်းတွေလေ။။ဘာကိုပဲဖြစ်ဖြစ် မပွင့်မလင်းနဲ့ မြုံစိစိနေတတ်လွန်းတဲ့ဇော်ဇော်ဆိုတာ ပါလေရာငါးပိချက် ဆန်းသစ်ကြောင့်
ခံရပေါင်းများလို့ဒဏ်ရာတွေတောင်ထပ်နေခဲ့တာပါ။။ဇော်ဇော်အခက်အခဲရှိတိုင်းလဲ
ဆန်းသစ်က ရှေ့ကနေပဲဖြေရှင်းပေးခဲ့တာလေ။။ဒီလိုသူငယ်ချင်းတွေမို့လဲ
တစ်ယောက်နဲ့တစ်ယောက်သာတယ်နာတယ်မရှိ ချစ်ချစ်ခင်ခင်ပေါင်းနိုင်ခဲ့တာပါ။။
ဖိုးဇော်ဆီမှာ သူအရမ်းခင်တဲ့ မိုးသက်ဝေဆိုတဲ့ သူငယ်ချင်းမလေးတစ်ယောက်
်ရှိခဲ့တယ်။။ဆန်းသစ်နဲ့ကျတော့ ဖိုးဇော်လောက်မရင်းနှီးပဲ မေးထူးခေါ်ပြော
အသိလောက်ပဲရှိနေခဲ့တာပါ။။ဒီလိုနဲ့ဆယ်တန်းကိုအတူတကွအောင်မြင်
ခဲ့ကြပြီး တက္ကသိုလ်တောင် တူတူတက်ခဲ့ကြတယ်လေ။။ ကြာခဲ့ပါပြီ။။တကယ်ကိုကြာ
ခဲ့ပါပြီ။။တွက်စစ်ကြည့်မယ်ဆို ၅ နှစ်ကျော်တောင်ကြာခဲ့ပြီပေါ့။။။။
...........။။။...။။။။...။။။...............
"ဖိုးဇော်..ဟေ့ကောင် သက်ဝေ အရမ်းလှလာတယ်ကွနော်။။
ငါတော့သူ့ကိုအရမ်းချစ်သွားပြီ။။တစ်ဆင့်တက်တော့မယ်။။
မင်းကူညီဦးနော။။"
ဆန်းသစ်ရဲ့စကားကို မင်သက်နားထောင်ရင်းဖိုးဇော် စကားသံတိုးတိုးထွက်လာ
တယ်။။
"ဟုတ်မှလဲ လုပ်ပါဖိုးဆန်းရာ။။ငါတို့သူငယ်ချင်းတွေမျက်နှာပျက်နေပါဦးမယ်ကွာ။။"
"မပျက်စေရပါဘူးဖိုးဇော်ရာ။။လုပ်ပါဟ။။မင်းကျေးဇူး
မမေ့ပါဘူးကွာ။။သက်ဝေကိုကျတော့ ငါလန့်လို့ပါဟ။။"
တက္ကသိုလ်ဒုတိယနှစ်မှာ ဆန်းသစ် ဗွေဖောက်ပြီး ဖိုးဇော်ကို အဲလိုအပူကပ်တာလေ။။
သူငယ်ချင်းတွေမို့ မလုပ်သင့်ဘူးထင်ပြီး ဖိုးဇော်မျက်နှာပျက်တာဆိုတဲ့အတွေးနဲ့
ဖိုးဇော်ကို ဇွတ်ကူညီခိုင်းလိုက်တယ်။။သူတကယ်ကို ကူညီပေးခဲ့ပါတယ်။။ဆန်းသစ်
ပြောချင်တဲ့ စကားလေးတွေကို ဖိုးဇော်က သက်ဝေကိုပြောပေးတယ်။။သက်ဝေ
ပြောတဲ့စကားတွေကို သူ့ဆီပြန်သယ်ပေးလာတယ်။။ဒီလိုနဲ့ သက်ဝေနဲ့ ဆန်းသစ်
သူငယ်ချင်းတွေလိုလဲမဟုတ် ချစ်သူတွေလဲမဖြစ်၊ဟိုမရောက်ဒီမရောက်ဘဝနဲ့
ဒုတိယနှစ်ပြီးသွားခဲ့ကြတယ်။။။ မှတ်မှတ်ရရမဟုတ်ပေမယ့် သတိထားမိစရာကတော့
အရင်က အရက်မသောက်တတ်တဲ့ ဖိုးဇော် အရက်ခဏခဏသောက်တာ၊ဆေးလိပ်
နံ့မခံနိုင်တဲ့ဖိုးဇော်ဆေးလိပ်သောက်တာတွေ တွေ့တွေ့လာရတာပါ။။တတိယနှစ်မှာ
သူငယ်ချင်းလို စကားတွေပြောကြပေမယ့် ရင်ထဲကစကားတွေကိုကျတော့ ဖိုးဇော်က
တဆင့်ပြောကြရင်း သက်ဝေနဲ့ သူ ချစ်သူတွေဖြစ်ခဲ့ကြတယ်။။သက်ဝေကို ဆန်းသစ်
တကယ်ကိုမြတ်မြတ်နိုးနိုးချစ်ခဲ့တာပါ။။ဖိုးဇော်ရဲ့ကျေးဇူးနဲ့ပဲ သက်ဝေကို ၂ယောက်
ချင်းတွေ့ခွင့်ရရှိခဲ့တယ်လေ။။ဆန်းသစ် အရမ်းကိုပျော်ခဲ့မိတာပါ။။
..............။။။...။။။။။။....။။။.................
"သက်ဝေ နင့်ကို ငါအရမ်းချစ်တာပဲဟာ"
"ဖိုးဆန်း ငါလဲနင့်ကို အရမ်းချစ်တယ်။။နင်ငါ့ကို
အချိန်တိုင်းသတိရနေရမယ်နော်။။အထူးသဖြင့်
နင့်မျက်နှာကို မိုးရေစက်တွေထိခတ်တိုင်း ငါ့ကို
အတိုင်းအဆမရှိသတိရရမယ်။။ ငါက မိုးရေစက်
လေးတွေကိုအရမ်းချစ်တယ်ဟ။။"
ချစ်သူတို့သဘာဝစကားလေးတွေတွတ်တီးတွတ်တာပြောကြရင်း ဆန်းသစ်နဲ့
သက်ဝေတကယ်ကိုကြည်နူးပျော်ရွှင်ခဲ့တာပါ။။ မိုးရာသီကို ဘယ်တုန်းကမှ မကြိုက်
မနှစ်သက်ခဲ့တဲ့ ဆန်းသစ် ချစ်သူအလိုကျ မိုးရာသီနဲ့ မိုးရေစက်တွေကိုချစ်ပြခဲ့
တယ်။။ သက်ဝေနဲ့တွေ့ပြီး ပြန်လာတိုင်းလဲ ရင်ခုန်ကြည်နူးမှုလေးတွေကို
ဖိုးဇော်ကိုဖောက်သည်ချ ရင်ဖွင့်ပြခဲ့ရင်း အပျော်လွန်နေမိတာလေ။။သူပြောပြသမျှကို
ရီဝေဝေမျက်လုံးတွေနဲ့ နားထောင်ပေးနေတတ်တဲ့ သူငယ်ချင်းရဲ့ ကြုံလှီလာတဲ့
ခန္ဒာကိုယ် ၊ဆုတ်ယုတ်လာတဲ့ကျန်းမာရေးအခြေအနေတွေကိုတော့ ဆန်းသစ်
တကယ်ကို သတိမထားမိခဲ့တာပါ။။။ဘာလိုမှမထင်မှတ်ထားတဲ့နေ့တစ်နေ့ မိုးတွေ
ရွာနေတဲ့ နေ့မှာပါပဲ။။ ချစ်သူအကြောင်းတွေးရင်း မိုးရေစက်လေးတွေကိုငေးနေတုန်း
သူ့နာမည်ကို ခေါ်သံကြားလို့ အိမ်ရှေ့ခန်းကိုထွက်ကြည့်တော့ ဖိုးဇော်ညီမလေး
နီနီ ရောက်နေတာလေ။။
"ကိုကြီးဖိုးဆန်း အကိုဘာဖြစ်မှန်းမသိလို့ အမေက
ကိုကြီးဖိုးဆန်းကို လာခေါ်ခိုင်းလိုက်လို့။။"
ငိုသံပါနဲ့ပြောနေတဲ့ နီနီကြောင့်သူလဲ ထီးဆွဲယူပြီး ဖိုးဇော်တို့အိမ်ဖက် အပြေးတပိုင်း
ထွက်လာခဲ့လိုက်တယ်။။ဖိုးဇော်တို့အိမ်ရောက်တော့ ကားတစ်စီးထွက်သွားတာတွေ့
လိုက်ရတယ်။။ ဖိုးဇော်ကိုဆေးရုံပို့တာတဲ့။။လိုတဲ့ ပစ္စည်းတွေယူပြီးဆေးရုံလိုက်လာခဲ့
ဖို့အော်ပြောသွားတဲ့ ဖိုးဇော်အမေကြောင့် သူနဲ့နီနီ ပစ္စည်းတွေစုထည့်ရင်း သူ
ဖိုးဇော်အခန်းထဲရောက်ခဲ့တယ်။။ အဝတ်အစားတချို့ကိုဆွဲယူရင်း ဖိုးဇော်ရဲ့နေ့စဉ်
မှတ်တမ်းစာအုပ်လေးကိုတွေ့လိုက်ရတယ်လေ။။ မရည်ရွယ်ပဲဖတ်ကြည့်ရင်း သူ
အရမ်းကို အံ့သြထိတ်လန့်သွားမိတာပါ။။
...........။။။...........။။။။...........။။။..........
ဆေးရုံကို ပစ္စည်းတွေလိုက်ပို့တဲ့အချိန်မှာ ဖိုးဇော်ရဲ့ "သက်ဝေ..သက်ဝေ"ဆိုတဲ့
ကယောင်ကတမ်း တမ်းတသံတွေကြားရတော့ သူဘာလုပ်ရမှန်းမသိအောင်
ဂယောင်ချောက်ချားဖြစ်ခဲ့ရတယ်။။ ဖိုးဇော်အမေပြောပြတဲ့ စကားတွေနားထောင်မိ
ချိန်မှာတော့ သူမျက်ရည်တွေပါကျလာမိတာပါ။။သူကတော့ သူငယ်ချင်းရဲ့
ရင်ထဲကိုမမြင်ပဲ မိုးမမြင် လေမမြင်ပျော်နေချိန်မှာ သူ့ထက်အရင် သက်ဝေကို
ကျိတ်ချစ်နေခဲ့တဲ့ ဖိုးဇော်ရဲ့ခံစားချက်တွေကို ကိုယ်ချင်းစာမိလာတယ်လေ။။
စိတ်ညစ်မှုဒဏ်ကြောင့် သူနဲ့လုံးဝမတည့်တဲ့ ဆေးလိပ်နဲ့ အရက်ကို သောက်ခဲ့တဲ့
ဖိုးဇော် ခုတော့ ဘဝရဲ့နေဝင်ချိန်ဖြစ်နေပြီတဲ့။။ဆန်းသစ် ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့
မိုးသက်ဝေကို ချိန်းလိုက်မိတယ်။။
"သက်ဝေ ငါနင့်ကိုဘယ်လောက်ချစ်တာ နင်သိတယ်
နော်။။ ခုငါ နင့်ကို တစ်ခုတောင်းဆိုချင်လို့။။"
"ပြောလေ ဖိုးဆန်း"
ဆန်းသစ် သက်ဝေလက်ထဲကို ဖိုးဇော်ရဲ့ဒိုင်ယာယီစာအုပ်လေးထည့်ပေးလိုက်တယ်။။
သက်ဝေ ဖတ်ကြည့်ပြီးတော့ နားမလည်သလိုသူ့ကိုမေးတယ်လေ။။
"အဲဒါဘာဖြစ်လို့လဲ ဖိုးဆန်းရာ။။သူလဲလူပျိုပဲ
ငါ့ကိုချစ်ခွင့်ရှိတာပဲလေ။။နင်ကငါ့ကိုမယုံတာလား"
"ငါပြောတာ အဲလိုမဟုတ်ဘူးသက်ဝေ"
ဆန်းသစ် ဆေးရုံပေါ်က ဖိုးဇော်ရဲ့အခြေအနေကို ရှင်းပြပြီး ဖိုးဇော်ရဲ့နောက်ဆုံး
အချိန်မှာ သူ့ဆန္ဒလေးတွေကိုဖြည့်ဆည်းပေးချင်ကြောင်းပြောပြမိတယ်။။ဖိုးဇော်ရဲ့
နောက်ဆုံးအချိန်မှာ သူ့ချစ်သူအဖြစ်ခဏနေပေးဖို့တောင်းဆိုမိတာပါ။။ဒါပေမယ့်
မိုးသက်ဝေက ဘယ်လိုနားလည်သွားသည်မသိ သူ့ကို နာကျည်းခက်ထန်စွာကြည့်
ပြီးခါးခါးသီးသီးစကားတွေဆိုလာတယ်လေ။။
"သြော်..နင်ကသူငယ်ချင်းကောင်းကြီးပေါ့။။ဟုတ်လား
ဖိုးဆန်း။။ ငါက ငါမချစ်မနှစ်သက်တဲ့သူကို ငါ့ချစ်သူပါလို့
လူသိရှင်ကြားပြောပြီး ဆေးရုံမှာပြုစုပေးရမယ်ပေါ့။။
ဖိုးဇော်ဆိုတာ ငါ့သူငယ်ချင်းပါပဲ။။သူငယ်ချင်းလို ငါပြုစုပေးလို့
ရတာပဲလေ။။"
"မဟုတ်ဘူးသက်ဝေ။။ငါပြောတာက..။။။"
"တော်တော့ ဖိုးဆန်း။။ ငါ့အတ္တ ငါ့မာနကို ငါဘယ်လောက်ထိ
တန်ဖိုးထားတာနင်သိတယ်။။ ငါ့ချစ်သူက ငါ့ထက်သူ့သူငယ်ချင်း
ကိုပိုချစ်ပြနေတာလေ။။ နင်ကသူရဲကောင်းကြီးပေါ့ဟုတ်လား။။
အေး..နင့်ရင်ထဲက အချစ်ကို ငါတစ်ယောက်ထဲအကုန်မရနိုင်မှ
တော့ ငါမလိုချင်တော့ဘူးဖိုးဆန်း။။နင် ငါ့ကို ဘယ်တော့မှ
ဘယ်အချိန်မှာမှသတိမရနဲ့တော့။။ နင်သတိရခွင့်မရှိတော့ဘူး။။"
"သက်ဝေ။။ မဟုတ်ဘူးဟာ။။ငါပြောချင်တာက..."
"မပြောနဲ့..နင်မပြောနဲ့တော့။။ အေး..နင်ဖြစ်စေချင်သလို
ငါနေပေးမယ်။။ဒါမယ့် ငါဆေးရုံကို ရောက်လာချိန်တိုင်းနင့်
ကိုမတွေ့ချင်ဘူး။။ ဒီနေ့ကစပြီးနင်ငါ့ကိုမဆက်သွယ်ပါနဲ့တော့။။"
သူပြောချင်ရာကို ခါးခါးသီးသီးပြောဆိုပြီးထွက်သွားခဲ့တာ ခုချိန်ထိပါပဲလေ။။ဘယ်လို
မှရှင်းပြခွင့်လဲမပေးခဲ့ တောင်းပန်ခွင့်လဲမရခဲ့ပဲ ခါးသီးစွာ သက်ဝေ သူ့ကိုပစ်ပယ်
ထားခဲ့တာပါ။။
...............။။။...........။။။။...........။။။...........
သြော်..ခုတော့လဲ သက်ဝေ သူ့အဒေါ်တွေရှိတဲ့ နိုင်ငံရပ်ခြားကို ထွက်ခွာသွားပြီလေ။။
သူ့ကိုလဲတကယ်ကိုမေ့ထားနိုင်ပြီထင်ပါရဲ့။။ ဖိုးဇော် ဆုံးသွားပြီး အသုဘနေ့က
တစ်ခါတွေ့လိုက်ရပြီးထဲက သူ့ကို အဝေးကတောင်တွေ့ခွင့်မရခဲ့တော့တာ ခုဆို
၅ နှစ်ကျော်တောင်ရှိခဲ့ပါပြီ။။ ချစ်သူကိုတမ်းတမှုနဲ့ ရင်ထဲမချိအောင်လွမ်းဆွတ်မိတိုင်း
ဖိုးဇော် ရေးခဲ့တဲ့ သူ့စာအုပ်ထဲက စာသားလေးကိုပြန်မြင်မိတယ်
....သက်ဝေရယ်
....အချစ်ဆိုတာ ဖွင့်ပြောမှ နင်သိမယ်ဆိုရင်လေ
....ငါချစ်တာ ဒီဘဝ နင်မသိစေရဘူး..........တဲ့။။ သြော်ကိုယ်တောင်ဒီလောက်
ချစ်ခဲ့တာ ဖိုးဇော်လည်းအရမ်းချစ်ရှာမှာပဲလို့ တွေးမိတော့ကိုယ့်လုပ်ရပ်ကို မမှားဘူး
လို့ ယုံကြည်နေမိပါရဲ့။။ သူအသက်ရှင်နေစဉ်တုန်းက ကိုယ့်ပျော်ရွှင်မှုအတွက်
သူ့အသည်းနှလုံးကိုတောင်စတေးခံပြီး ပေးဆပ်ခဲ့တဲ့ သူငယ်ချင်းအတွက် သူ့ဘဝ
နောက်ဆုံးအချိန်မှာ ကိုယ်ကဒီလောက်တော့ပေးဆပ်သင့်ပါတယ်လေ။။ဖိုးဇော်အမေ
ဆီကနေ မေးပြီးသိရတဲ့ဆေးရုံမြင်ကွင်းလေးအရ ဖိုးဇော်ကို သက်ဝေစေတနာထား
ပြုစုပေးခဲ့တာသိခဲ့ရတယ်။။ဖိုးဇော် အသေဖြောင့်မှာပါ။။သေငယ်ဇောနဲ့မြောနေတဲ့
ရက်တွေမှာ ဖိုးဇော်စိတ်ထဲက အထင်အတိုင်း သက်ဝေက ချစ်သူလိုပြုစုပေးခဲ့တာပဲလေ။။ဘာကြောင့်ဆိုတာ ခုချိန်ထိနားမလည်နိုင်သေးတဲ့
ချစ်သူရဲ့အမုန်းကိုတော့ မမေ့မပျောက်ခံစားနေရဆဲပါပဲ။။အထူးသဖြင့် ခုလို မိုးတွေ
ရွာနေတဲ့ ညမျိုးမှာပေါ့ သက်ဝေရယ်။။။
"မိုးစက်တွေ ငါ့မျက်နှာကိုထိခတ်လာတိုင်း ငါ့အသည်းတွေ
ကျင်ခတ်နေတဲ့ထိ နင့်ကို သတိရ လွမ်းဆွတ်နေဆဲပါသက်ဝေ။။
နင့်ကို အရင့်အရင် မိုးညတွေတိုင်းမှာလိုပဲ ခုချိန်ထိ တမ်းတ
သတိရနေဆဲပါ။။ နင်ချစ်တဲ့မိုးရေစက်တွေကို ငါဆက်ချစ်နေရင်း
နင်ခွင့်မပြုတော့တဲ့ သတိရခြင်းတွေနဲ့ နင့်ကိုတမ်းတနေဆဲပါဟာ။။။။
တမ်းတနေဆဲပါ။။။။။။။။။။။"
..................။။။။။။..........။။။။။။။။။။။။.........။။။။။။..................
လေးစားလျက်
အလင်းသစ်
6.8.2010
No comments:
Post a Comment
စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။