ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Sunday, January 2, 2011

အပြည့်ဖြစ်တဲ့နေ့

အပိုင်း(၁)
မုန်းတယ်....။။။။
အသည်းထဲကျင်ခိုက်နေတဲ့ ဒီနာကျင်မှုတွေ ကျနော့်ရင်ထဲဘာလို့
များသူထည့်ပေးသွားရက်ပါလိမ့်။။။တကယ်ဆိုရင် သူအကြိမ်ကြိမ်
အထပ်ထပ်ပြောဖူးထားခဲ့တဲ့ ချစ်စကားတွေ ၊ကတိစကားတွေ
သူမေ့မသွားရက်သင့်ပါဘူးလေ။။။ခုကျတော့လည်း ယုံလွယ်သူ
ကျနော့်ရင်ထဲ ယုံကြည်မှုနဲ့မထိုက်တန်စွာ သူနာကျင်မှုတွေကိုထည့်
ပေးသွားခဲ့ပါပြီ။။။ကြင်နာခြင်းတွေ သူနဲ့မထိုက်တန်တော့မှတော့
နာကျင်စွာနဲ့အမုန်းတွေပဲ သူ့အတွက်ပေးပစ်လိုက်တော့မယ်။။။
စုစုရယ်.. နင့်ကိုငါမုန်းလိုက်တာကွယ်။။။။



အပိုင်း(၂)

တစ်ဝက်တိတိယုံပါတယ်ဆိုတဲ့ ကျနော့်ရဲ့အွန်လိုင်းအချစ်အပေါ်
ယုံကြည်မှုတွေ ခုကျတော့လည်း အကုန်ကွယ်ပျောက်ကုန်ပါပြီ
လေ။။။အင်တာနက်ကို မုသာဝါဒလေ့ကျင့်ရေးကွင်းလိုသဘော
ထားရက်ခဲ့သူကိုမှ မသိသားဆိုးရွားချစ်သွားမိလေတော့လည်း
ရင်ထဲကနာကျင်မှုတွေက ကျနော်နဲ့ထိုက်တန်တယ်လို့ပဲ လက်ခံ
ယုံကြည်လိုက်ပါပြီ။။။ စုစုရယ် နင့်မျက်နှာပေါ်ကအဖြူရောင်
အရိပ်တွေကို ရိုးသားမှုရယ်လို့ မြင်ယောင်မိတဲ့သူကိုမှ ထင်မထား
လောက်အောင် လှည့်စား နင်မို့လိမ်အားရက်တယ်။။။
ခုတော့လည်း ရင်ထဲကတဆတ်ဆတ်နာကျင်မှုနဲ့အတူ ငါလေ
အသက်ကိုတောင် သက်သေထားရဲပါရဲ့။။။နင့်ကိုလေ
ခါးခါးသီးသီးကိုမုန်းတယ်။။။။။။။။။။။
ကွန်ပျူတာရှေ့ထိုင်တယ်ဆိုရင်ပဲ ချစ်သူရောက်နေလေမလား
ရင်ထဲခုန်လှုပ်လှုပ်နဲ့ ဂျီတော့အကောင့်ကိုဖွင့်လိုက်မိတဲ့ကျနော်
သူ့အကောင့်လေးရှိနေတာတွေ့တော့ ရင်ထဲလှိုက်ခနဲပျော်သွား
မိတယ်လေ။။။တစ်ခုခုတော့မှားနေတယ်ဆိုတဲ့ အသိနဲ့သေချာပြန်
ကြည့်မိတော့ သူ့အကောင့်မှာတင်ထားတဲ့ဓာတ်ပုံလေးက
တစ်ချိန်ကသူနဲ့ကျနော်ပြဿနာဖြစ်ခဲ့ဖူးတဲ့သူတို့နှစ်ယောက်
တွဲပုံလေးဖြစ်နေတာပါ။။။ဘာလဲကွာ ဆိုတဲ့အတွေးနဲ့ သူ့ကိုကျနော်မေးလိုက်မိတယ်။။။သူကဒီလိုပဲရိုးရိုးလေး
ပြောသွားခဲ့ပါတယ်။။။
..........သံသယတွေ ဘာလို့ခဏခဏထားနေရလဲကိုရယ်၊ ခဏ
ခဏရှင်း ရှင်းပြနေရတာကို စု မကြိုက်လို့ပါ......တဲ့။။။။
..........စုစုရေ ရှင်းပြရတာ မကြိုက်တာကိုလက်ခံပေမယ့်
မရှင်းလို့မရတဲ့အခြေအနေတွေအတွက်တော့ ရှင်းကိုရှင်းရမယ်
လေ........
အခြေအတင်စကားတွေနဲ့ သူနဲ့ကျနော် အချိန်တော်တော်ကြာ
ကြာတင်းမာနေခဲ့ပါတယ်။။။ဒါမယ့် သူတော်ပါတယ် တကယ်ကို
တော်ပါတယ်။။။သိပ်ကိုသတိထားတတ်လွန်းတဲ့ ကျနော့်ကိုသူ
ူရအောင်ကိုလှည့်သွားနိုင်ခဲ့ပါတယ်။။။ သူ့စကားတွေထဲ နစ်ဝင်
ပျော်ရွှင်နေချိန်တုန်းကတော့ ဒါတွေက ပျားရည်လူးထားတဲ့
ဓားသွားတွေဆိုတာ ကျနော်တကယ်မသိခဲ့ပါဘူးဗျာ။။။သူ့ရဲ့
ဓားသွားပေါ်ကပျားရည်စက်တွေကို တရှိုက်မက်မက်စွဲမက်ရင်း
ကျနော် သူလိမ်သမျှကိုယုံပြနေတာများ ခုချိန်ထိကိုယ့်ကိုကိုယ်
မကျေနပ်သေးဘူးဗျာ။။။။။။။။။။။။
အချစ်ဆိုတာ ဓားသွားပေါ်ကပျားရည်စက်တဲ့
တောက်....
ဘယ်ကောင်လဲကွာ..ပျားရည်တွေကုန်အောင်လျက်သွားတာ
ငါ့အလှည့်ကျတော့ဓားသွားပဲကျန်နေခဲ့တော့တယ်။။။





အပိုင်း(၃)


သူငယ်ချင်းတစ်ယောက်က ဖေ့ဘုတ်စ် သုံးဖို့ပြောလာလို့ကျနော်
ဖေ့ဘုတ်စ်အကောင့်လေးဖွင့်လိုက်မိတယ်။။။ အင်တာနက်ကို
ဘောလုံးပွဲကြည့်ဖို့၊ဇာတ်ကားကြည့်ဖို့နဲ့ တခြားလိုအပ်တာလေး
တွေကြည့်ဖို့လောက်ပဲ ကျနော်စိတ်ဝင်စားခဲ့တာပါ။။။ကျန်တာက
တော့ချစ်သူနဲ့တွေ့ဖို့ ဂျီတော့ဖွင့်မယ်၊ဗွီဇက်အိုကြည့်မယ်
ဒီလောက်ပါပဲ။။။ခုတော့ကျနော်သေချာမသိတဲ့ တခြားသုံးလို့
ရတာတွေအများကြီးရှိနေသေးတာလေ။။။ ဖေ့ဘုတ်စ်ရဲ့စာမျက်နှာတွေကိုလျောက်ကြည့်ရင်း ရင်းရင်းနှီးနှီး
တွေ့ဖူးနေတဲ့မျက်နှာလေးတစ်ခုကိုတွေ့လိုက်ရတယ်။။။သူ ...
စုစုပဲလေ။။။ ကြည်နူးနေလိုက်တာဗျာ။။။ မိုးမမြင် ၊လေမမြင်ဆိုတာ
သူတို့ကိုပြောတာထင်ပါရဲ့။။။ကျနော်ကြက်သေသေသွားတယ်။။။
ချစ်သူရဲ့သစ္စာမဲ့မှုကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့သူတွေရဲ့
ရင်ထဲ ကျနော်မြင်တတ်သွားပါပြီ။။။အသားတွေတုန်လာတဲ့ထိ
ကျနော်စိတ်တွေဆိုးတယ်ဗျာ။။။သူတို့ရဲ့ဓာတ်ပုံတွေထိုင်ကြည့်
နေရင်းနဲ့ သူပြောခဲ့ဖူးတဲ့ စကားသံချိုချိုတွေ၊ကလေးဆန်ဆန်ဖြူ
စင်လွန်းတဲ့သူ့အမူအရာတွေ ပြန်မြင်မိပါရဲ့။။။သွားပြီစုစုရယ်.....
ငါအမုန်းဆုံးဆိုတဲ့အရာကိုမှ နင်လုပ်မိရက်သားဖြစ်သွားပြီလေ။။။
ခွင့်လွှတ်ဖို့ဆိုတာကိုတော့ အတွေးထဲတောင်မပေါ်လာတော့တာ
ဘာသာပဲသိနေတာပါ။။။
အဲဒီနေ့ညနေပိုင်းသူတက်လာတော့ အဲဒီလင့်စ်လေးကိုရိုက်ထည့်
ပေးပြီး ရှင်းပါဦးစုစုရေ ဆိုတော့ သူ့ဘက်ကငြိမ်သွားတယ်။။။
ခဏကြာတော့မှ သူပြောလာတယ်။။။လွယ်လွယ်လေးပါပဲ။။။
......သြော်...ကို သိသွားပြီကိုး..............တဲ့။။။
......ဒီလိုမျိုး ချစ်သူရှိနေပါရက်နဲ့ ကိုယ့်ကို ဘာလို့ထပ်ချစ်ခဲ့တာ
လဲစုစုရယ်.........
......စု ပြောပြရင် ကို ယုံမှာလား....
.......နိုး.....လုံးဝပဲ...ဒါမယ့်ပြောတော့ပြောကြည့်ပါဦး..........
တင်းမာခက်ထန်နေတဲ့ အခြေအနေတော့ ဖြစ်မလာခဲ့ကြပါဘူး။။။
သွေးအေးအေးနဲ့ဖြေရှင်းတဲ့သဘောပေါ့။။။ မိန်းကလေးတွေသွေး
အေးရင်ကြောက်ဖို့ကောင်းတယ်လို့ပြောတာကြားဖူးထားတော့
ကျနော်သူ့ကိုနည်းနည်းတော့ လန့်သလိုလိုပဲဗျာ။။။။
........ကိုရေ ..စုလေ ကို့ကိုလည်းချစ်တယ်...သူ့ကိုလည်း
ချစ်တယ်ကို..သူက စုကိုအရမ်းနားလည်မှုပေးနိုင်တယ် ကိုကလည်း စုကို ကြည်နူးပျော်ရွှင်မှုပေးနိုင်တယ်..စု တကယ်ကို
ဝေခွဲမရလို့ပါကို .............
အွမ်လို့တောင်အသံမထွက်နိုင်တော့ပါဘူးဗျာ။။။စိတ်ထဲကတော့
ပြောချင်လိုက်တာဗျာ။။။ အဲဒါဆိုရင်တော့ သူချစ်ရမယ့်သူတွေ
ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက်ရှိနေလိမ့်မယ်လို့။။။ ဟုတ်တယ်
လေ လူသားချင်းနားလည်မှုရှိကြတာနဲ့ပဲချစ်နေရရင် အဲဒီထက်
များလာဖို့ပဲရှိတာလေ။။။အနေနီးမှုကို သာယာတတ်တဲ့သူလို့
သူ့ကိုမစွပ်စွဲရက်ပေမယ့် သူလုပ်ရက်ခဲ့တာအတွက်တော့ အရမ်းကို နာကျည်းမိတယ်။။။ သူများချစ်သူကို လုယူသူရယ်လို့
ကိုယ့်လိပ်ပြာ ကိုယ်မလုံအောင် သူက လုပ်ရက်ခဲ့တာလေ။။။
ကျနော်နဲ့မတွေ့ခင်ထဲက သူမှာချစ်သူရှိခဲ့ပါရက်နဲ့ ဒါသတ်သတ်
သစ္စာမဲ့တဲ့သဘောပါပဲ။။။ ကျနော်ဒီလိုခံယူမိတော့ သူ့ကိုအရမ်း
နာကျည်း မုန်းတီးမိတယ်ဗျာ။။။


မုန်းပြီကောင်မလေးရေ
ညညနင့်အကြောင်းအိပ်မက်မက်မိရင်ငါမျက်နှာထသစ်လိုက်မယ်
နင့်နာမည်ကိုယောင်ပြီးခေါ်မိရင်
ငါချက်ချင်းပလုပ်ကျင်းပြီး ဂလစ်စရင်းပါဖျန်းပစ်လိုက်မယ်
နင့်ပုံကိုယောင်ပြီးကြည့်မိရင်
နေကာမျက်မှန်ထူထူကိုဝယ်ပြီးတစ်လလောက်တပ်ပစ်မယ်။။။



အပိုင်း(၄)

ကျနော် အကောင့်ကိုဖွင့်လိုက်တဲ့အချိန် သူလည်းတက်နေတာ
တွေ့လိုက်ရတယ်။။။ ပြီးသွားပြီဖြစ်တဲ့ဇာတ်လမ်းကိုထပ်ပြီး
မဆက်ချင်တော့ပေမယ့် သူ့ကိုတော့ ဘလော့မလုပ်ရက်ခဲ့ပါဘူး။။
သူက လှမ်းနှုတ်ဆက်လာတော့ပြန်နှုတ်ဆက်မိတယ်။။။ချစ်ခဲ့ဖူး
တဲ့သံယောဇဥင်္လက်ကျန်နဲ့ ကျနော်မစိမ်းကားရက်ခဲ့တာလေ။။။
သူကကျနော့်ကို တွေ့ချင်တယ်ဆိုတော့ ဗွီဇက်အိုကိုလည်းအမှတ်
မရှိဖွင့်လိုက်မိပါရဲ့။။။ မထင်ထားဘူးဗျာ။။။ ဒါတွေက ကျနော့်ကို
ရစရာမရှိအောင်သူပြောဖို့ဖြစ်လာခဲ့မယ်လို့လေ။။။
ကျနော်က သူ့ကို စွဲလမ်းနေတာမို့ သူနောက်တစ်ယောက်နဲ့တွဲ
နေတာကိုတောင်မှ အပြစ်မမြင်ပဲ သူ့ကိုဆက်ချစ်နေဆဲမို့
သူက အားနာနာနဲ့ဆက်တွဲနေသလိုလိုပြောခဲ့တယ်လေ။။။
ယောင်္ကျားနှစ်ယောက်ရဲ့ ကျရှုံးစွဲလမ်းမှုကိုခံယူထားရသူအဖြစ်
သူကလက်မထောင်နေတာလေ။။။သူလုပ်ရက်တယ်ဗျာ။။။
ထားခဲ့ဖူးတဲ့သံယောဇဉ်ကိုမှမထောက်သူ့အမြင်

သူ့အတွေးထဲ ကျနော်ကသူ့ကစားစရာအရုပ်တစ်ခု၊
သူထင်သလိုချယ်လှယ်နိုင်တဲ့သူတစ်ယောက်ပေါ့။။။
နောက်ကွယ်မှာ ပြောတဲ့စကားကိုစာရင်းထဲမှာမထားတတ်ပေမယ့်
အဲလိုပြောရက်တဲ့သူ့ကိုတော့ စိတ်နာတယ်လေ။။။
ရင်ထဲမှာ မခံချိမခံသာနဲ့ အမုန်းတရားရဲ့ဖိစီးမှုဆိုတာကိုခံစားရင်း
သူနောက်ဆုံးပြောဖူးထားတဲ့ စကားလေးတစ်ခွန်းကိုတော့
ဝိုးတိုးဝါးတား သတိသွားရမိပါရဲ့။။။ ဘာတဲ့။။။
"ကိုရေ....ကိုကညီမအချစ်ကိုတစ်ဝက်တိတိယုံတယ်၊
ညီမကလည်း ကို ချစ်တာကို တစ်ဝက်တိတိယုံတယ်၊
ညီမတို့နှစ်ယောက်လက်ထပ်ဖြစ်တဲ့နေ့ကိုရောက်ရင်တော့
ညီမတို့အပြည့်ယုံလိုက်ကြမယ်နော်
ကို့ ကိုအရမ်းချစ်တယ် ကို ရယ်..........။။။။။ တဲ့။။။
လူချင်းမတွေ့၊စိတ်ချင်းပွေ့ဖက်လို့ လေထဲမှာချစ်ခဲ့တဲ့ အွန်လိုင်း
အချစ်ဇာတ်လမ်း တစ်ခန်းရပ်ခဲ့ပါပြီ။။။ သူပြောဖူးတဲ့ အပြည့်
ဖြစ်မယ့်နေ့ဆိုတာလည်း ဖေဖော်ဝါရီလို အချစ်ဓာတ်တွေ
ကိန်းဝပ်နေတဲ့ လရဲ့ ၃၀ ရက်မြောက်နေ့မှာပဲထင်ပါရဲ့။။။မြန်မာ
နိုင်ငံကိုစွန့်ခွာပြီးပြည်ပမှာ စီးပွားရှာချင်လို့ ကျနော့်ကို အဆက်
ဖြတ်ဖို့ကြိုးစားခဲ့တုန်းကသာ မညှိမနှိုင်းသူထင်တိုင်းလုပ်ခွင့်ကို
ပေးခဲ့မိရင် ဒီလိုအဖြစ်ကိုကြုံရမှာမဟုတ်ဘူးလို့တွေးမိပြန်တော့
ကြိုမသိခဲ့တာကိုစိတ်နာတယ်။။။ လိမ်ညာမှုတွေနဲ့ ကြိုးရှုပ်နေပြီး
သူထင်တိုင်းလုပ်ဖို့ကျနော့်ကိုရွေးချယ်ခဲ့တာကိုလည်းမုန်းတယ်။။။
ရင်ထဲကအချစ်ကို လိမ်ညာမှုနဲ့ သတ်ဖြတ်ရုံတင်မက ၊ယောင်္ကျား
တစ်ယောက်ရဲ့ သိက္ခာနဲ့မာနကိုပါ ရစရာမရှိအောင် သတ်ဖြတ်
သုတ်သင်သွားတဲ့ သူ့ကို ခါးသီး တူးခါးနေအောင် ကျနော်
မုန်းမိသွားပြီဗျာ။။။
အသက်နဲ့တောင်သက်သေထားရဲပါရဲ့ .....စုစုရယ်.......
နင့်ကိုငါ မုန်းတယ်။။။။။။။။။။။။

ထားခဲ့လိုက်စမ်းပါကွာ
ဟိုကကားပါတယ်မဟုတ်လား
အားနာတယ်လို့လည်းပြောဖို့မလိုပါဘူး
ထုံးစံတွေကိုဘေးဖယ်
ဒုံးပျံတွေဝယ်စီးနိုင်တဲ့တစ်နေ့
ဗုံးဆံတွေသယ်ပြီး
နင့်ကိုလာတွေ့မယ်.....မာယာချို။။။။
နင့်ကိုငါသေချာကိုလာတွေ့ပါ့မယ်။။။။။။။။



လေးစားလျက်
အလင်းသစ် 
9.11.2010(TUE)


No comments:

Post a Comment

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။