ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Tuesday, September 27, 2011

စာမျက်နှာ (12/2)


တစ်ယောက်တည်းလားတဲ့ နောက်ကိုအသာငဲ့ကြည့်တော့
အရိပ်ကိုပဲတွေ့တယ်
ဟုတ်တယ်..နင်မပါတော့ဘူးလေ
ကောင်မလေးရေ..ခရောင်းလမ်းမို့
ဖယောင်းပန်းတွေမပွင့်တာပါ
ငါနားလည်တတ်ရမှာပေါ့
တစ်ကြိုးပြတ်ဂစ်တာနဲ့တော့ ညီညာတဲ့သံစဉ်ကိုမရဘူးလေ
အချစ်ဆီမရူးသွပ်ခဲ့တဲ့ နင့်စိတ်ဓာတ်ကို
ငါက..ဦးညွှတ်မိပါရဲ့
ရင်ထဲမှာတော့ တဆစ်ဆစ်နဲ့ကို...နာ..လို့။။



နေမဝင်အချစ်ကို လိုချင်ခဲ့တာပေါ့
ရင်မှာအသားမာတက်ဖို့ ဒဏ်ရာ၊ဒဏ်ချက်တွေကိုတော့
ဘယ်ရင်ဘတ်ကမှ ငံ့လင့်ခဲ့မှာမဟုတ်ပါဘူးလေ။။


တဆိတ်ကွယ်..ငါ့ရင်ဘတ်ကို သင်္ဂျြုီလ်မလို့ပါ
နေဝင်တာကို ဆွဲရပ်ပြီး
လောကဓာတ်ကြီးတစ်ခုလုံး ခဏတိတ်ပေးကြပါ
တစ်ဦးရဲ့သိက္ခာနဲ့ တစ်ယောက်ရဲ့လိပ်ပြာ အလှမပျက်ဖို့
တလိပ်လိပ်တက်လာတဲ့ လွမ်းစိတ်တွေကိုပယ်ဖျက်
နေဝင်သွားဦးမယ့် မနက်ဖြန်တွေကို ရင်ဆိုင်တတ်ဖို့
ငါ့အချစ်တွေကို တစိမ့်စိမ့်နဲ့ သတ်နေလို့ပါ။။


မုန်းလားတဲ့ ငါ့နှလုံးသားက နားမလည်တဲ့ဘာသာစကား
အဖြေပါတဲ့ငါ့အပြုံးမှာ နင့်လိပ်ပြာလုံပါစေတော့
မျက်လုံးမှာဝေ့မှ မျက်ရည်ဆိုရင်တော့
နေပါစေ..နင်ကြည့်တတ်မှမြင်မယ့်နေရာမှာ
ငွေ့ရည်ဖွဲ့လိုက်တော့မယ်
ကောင်မလေးရယ်..ငါငိုခဲ့တယ် ..ဒါပေမယ့်..။။


ဇာတ်သိမ်းတာကိုတောင် ကလကာ မချရဲမှတော့
အတိတ်ရဲ့အရိပ်တွေကို ပွေ့ဖက်ရင်း
အငွေ့ပျံအိပ်မက်တွေရဲ့ နှိပ်စက်ခြင်းအတွက်
ချွေးထွက်လွန်မှုကိုကျော်ဖြတ်ဖို့ ဓာတ်ဆားရည်တစ်ခွက်ကိုပဲ
ပြင်ဆင်ထားရတော့မယ်
အိုကွယ်..ချွေးကိုရေချိုးပြီး
ဘယ်သူကတော့ နိုးထချင်ခဲ့ပါ့မလဲလေ။။


အချစ်က အချစ်ကိုပဲလိုအပ်တာပါကွယ်
တကယ်ဆို အကြွင်းမဲ့စွာ ချစ်ခဲ့ကြရမှာ
ခုတော့လည်း...
နှစ်ခုထပ်တာရဲ့ ရလာဒ်က အကြွင်းရှိနေမှတော့
တို့အချစ်တွေက မပြတ်သားခဲ့ကြဘူးလေ
ရူးရစ်လေဦးပေါ့။။


ဆုံဆည်းခွင့်တွေဝေးပြီပဲလေ
ဦးတည်ရာမတူတဲ့ငါတို့ဘဝတွေ ကျောခိုင်းပြီးတော့
မလျောက်ပါရစေနဲ့
ဘဝခရီးတစ်ကွေ့မှာ မျက်နှာချင်းဆိုင်ပြန်ပြီးတွေ့ဖို့
ငါဘယ်လိုမှအဆင်သင့်မဖြစ်သေးလို့ပါ
မျဉ်းပြိုင်နှစ်ကြောင်းအဖြစ်
မမြင်ချင်ယောင်ဆောင်ရင်း ခရီးဆက်ကြစို့။။


တကယ်တမ်းကျ ဇာတ်လိုက်က ဗီလိန်ဖြစ်ရတဲ့ဇာတ်
နာလိုက်တာမှ လက်ဖျားကိုခါလို့
ဒါပေမယ့်လည်းလေ...။။


တစ်ယောက်တည်းလားတဲ့ ခေါင်းကိုအသာငုံ့ကြည့်တယ်
မဟုတ်ပါဘူးကွယ်.. မမြင်တတ်လို့မတွေ့တာပါ
တကယ်ဆို....။။

တော်ပါပြီကွယ်
ဘာမှခမ်းခမ်းနားနားကြီး ပြင်ဆင်မထားတဲ့
အရိုးရှင်းဆုံး တမ်းတခြင်းတစ်ခုနဲ့ နွမ်းလျစွာလွမ်းတယ်
ကောင်မလေးရယ်...
တကယ်ဆို နေ့တိုင်းကို လွမ်းနေခဲ့တယ်ကွယ်။။


တစ်ယောက်တည်းလားတဲ့ နောက်ကိုအသာငဲ့ကြည့်တော့
အရိပ်ကိုပဲတွေ့တယ်
ဟုတ်တယ်..နင်မပါတော့ဘူးလေ
ကောင်မလေးရေ..ခရောင်းလမ်းမို့
ဖယောင်းပန်းတွေမပွင့်တာပါ
ငါနားလည်တတ်ရမှာပေါ့
တစ်ကြိုးပြတ်ဂစ်တာနဲ့တော့ ညီညာတဲ့သံစဉ်ကိုမရဘူးလေ
အချစ်ဆီမရူးသွပ်ခဲ့တဲ့ နင့်စိတ်ဓာတ်ကို
ငါက..ဦးညွှတ်မိပါရဲ့
ရင်ထဲမှာတော့ တဆစ်ဆစ်နဲ့ကို...နာ..လို့။။




လေးစားလျက်
အလင်းသစ်

11 comments:

  1. " ခရောင်းလမ်းမို့
    ဖယောင်းပန်းတွေမပွင့်တာပါ...."

    အဲဒီမှာ စတွေ့တာပဲ :):)
    ခံစားအားပေး လျှက်ပါလို့....

    ReplyDelete
  2. သူငယ်ချင်းရယ်
    တစ်ယောက်ထဲလာပြီး နောက်ကိုလှည့်ကြည့်တော့
    အရိပ်အပြင်ဘာရှိမှာလဲ....
    ရင်ထဲမှာတော့ တဆစ်ဆစ်နဲ့ကို...နာ..လို့....
    ......အဲဒါကတော့ကိစ္စမရှိဘူး
    ရင်နာရင် ကဗျာတွေရတယ်....
    ကိုယ်တောင်ဘယ်လိုရင်နာအောင်လုပ်ရမလဲစဉ်းစားနေတာ
    ခင်မင်တဲ့ jasmine

    ReplyDelete
  3. စိတ်ကူးတွေ တကယ်လန်းတာပဲ.. အားကျတယ်။

    ReplyDelete
  4. အတွေးတွေ တယ်မြူးကြပါလား။ ကျနော်ဖြင့် မရေးတတ်ပေါင်ဗျာ။ အားကျပါအိ

    ReplyDelete
  5. အနာရင်းမယ် ညှော်မခံပါနဲ့ အကိုက်အခဲပျောက်ဆေးသောက်ထားပါ ..

    အနာပြည်မှည့်အောင် ကွမ်းရွက်လေးဘာလေးအုံပါ ..
    လိုအပ်ရင်ဆရာဝန်ပြပါ ..

    စိုးရိမ်နေတဲ့
    အမမဒိုးကန်း)

    ReplyDelete
  6. ခံစားချက်ကဗျာကောင်းလေးတစ်ပုဒ်ဖတ်သွားတယ်။
    ကံကြမ္မာရဲ့စေခိုင်းရာ ကွက်လပ်ကို လူသားတိုင်းဖြည့်ဆည်းနေရတာပါ အလင်းသစ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. ဆွေလေးမွန်September 28, 2011 at 5:37 PM

    နေမဝင်အချစ်ကို လိုချင်ခဲ့တာပေါ့
    ရင်မှာအသားမာတက်ဖို့ ဒဏ်ရာ၊ဒဏ်ချက်တွေကိုတော့
    ဘယ်ရင်ဘတ်ကမှ ငံ့လင့်ခဲ့မှာမဟုတ်ပါဘူးလေ။။

    လင်းသစ်ရေ အဲဒီ ကဗျာပိုဒ်လေးကို ပိုပြီးနှစ်သစ်ဆုံးပဲ

    ReplyDelete
  8. ကိုအလင်းသစ်မင်္ဂလာပါ ကျွန်တော် ဘလော့ဂါအသစ်တစ်ယောက်လွမ်းပိုင်ရှင်ပါ။
    အကို့ကိုအားပေးနေတဲ့ပရိ သတ် ဘလော့ဂါတစ်ယောက်ပါ
    ကျွန်တော်အကို့ကို အင်တာဗျူးလေးတစ်ခုလုပ်ပြီး ကျွန်တော်ဆိုက်မှာတင်ချင်လို့ပါ တောင်းဆိုတာပါအကို
    အကိုမေးမသိလို့ကျွန်တော်မေးထားခဲ့ပါတယ်။ အကိုလက်ခံမယ် လို့မျှော်လင့်ပါတယ်။ အကို gagan.sth2@gmail.com http:lwanpaishin.blogspot.com
    ဆက်သွယ်ပေးပါ လွမ်းပိုင်ရှင် ဆက်ဆက်မျှော်ပါ့မယ်ဗျာ

    ReplyDelete
  9. သြော်... အချစ်ကဗျာတွေနဲ့ချည်း တိုးနေပါလားနော်..။
    မြသွေးနီအတွက်တော့ ...
    အချစ်လား... သူ အိပ်ပျော်နေတယ်..လို့ ပြောရမလို..။ :)

    ReplyDelete
  10. ကဗျာကောင်းလေးပါ..ရေးတတ်ပါဘိ...

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။