ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Wednesday, February 1, 2012

ရေခဲရိုက် သံယောဇဉ်




နှလုံးသားချင်း နားမလည်ခဲ့ကြဘူးထင်ရဲ့
တွဲထားတဲ့ လက်နှစ်ဖက်က
အေးစက်နေလိုက်တာ။။

ထွေးဖက်ထားရင်းနဲ့ မနီးစပ်ခဲ့ကြတာ
ချည်နှောင်တဲ့ ကြိုးတွေမှားခဲ့လို့လား။။

သွားနေတဲ့ စက္ကန့်တစ်လှမ်းတိုင်းက
ကမ္ဘာကြီးကို ထမ်းထားရသလို
လေးတယ်။။

ဘယ်လိုစကားပါလိမ့် ခံစားချက်မပါတော့
ဟောင်ဖွာ...ဟောင်ဖွာကို ဖြစ်လို့
တကယ်ဆိုရင်တော့
ငါတို့ဝေးဖို့ မလိုသေးဘူး။။

နှလုံးသားချင်း နီးစပ်ဖို့လိုတယ်
မျက်နှာချင်းဆိုင်လျောက်ရင်း ခရီးမတွင်တာ
ဗေဒင်အလိုကျတော့ မဟုတ်ဘူးပဲ။။

မျဉ်းပြိုင်မို့ မတည်မြဲကြေးဆို
ရထားလမ်းတွေ ဖျက်သိမ်းကြစို့
တွေဝေတာနဲ့ မပြတ်သားတာ
စကားလုံးပဲ ကွာတယ်။။

လာကွယ်..အရှေ့ကိုတည့်တည့်လျောက်စို့
မရောက်လို့ကတော့
ကိုယ့်ကိုကိုယ် ရုံးတင်
ကိုယ့်တရား ကိုယ်စီရင်ကြရုံပေါ့။။

သေချာတယ်...
စီပွားရေးသမားအတွက်
အချစ်က ဈေးကွက်မဝင်ဘူး။။။



လေးစားလျက်
အလင်းသစ်

17 comments:

  1. ကိုယ့်ကိုယ် စီရင်တာဆိုတော့ သက်သက်ညှာညှာ လုပ်လို့ ရတာပေါ့ :)

    ReplyDelete
  2. “သွားနေတဲ့ စက္ကန့်တစ်လှမ်းတိုင်းက
    ကမ္ဘာကြီးကို ထမ်းထားရသလို
    လေးတယ်” ဟုတ်တယ် တော်တော်လေးတာ....။
    စကားလုံးတွေသုံးထားတာ တစ်ပုဒ်လုံးကောင်းတယ်..။

    ReplyDelete
  3. သေချာတယ်...
    စီပွားရေးသမားအတွက်
    အချစ်က ဈေးကွက်မဝင်ဘူး။။။စာသားတွေလန်းတယ်အလင်းရေ
    စာရေးကဗျာရေးကောင်းပါ့

    ReplyDelete
  4. အတွေးတွေရော စာသားတွေရော ပြောစရာမရှိဘူး..
    တွဲတဲ့လက်တွေ နားလည်မှုနဲ့ ခိုင်မြဲပါစေ.. :D

    ReplyDelete
  5. ဟုတ်တာပေါ့ တကယ်ဆို ဝေးဖို့မလိုပါဘူး

    ReplyDelete
  6. အချစ်ဆိုတာ စီးပွားရေးသမားတွေအတွက်
    ဈေးကွက်မဝင်ဘူး....
    ဟုတ်တာပေါ့...အချစ်က ရောင်းတန်းဝင် ပစ္စည်းမှမဟုတ်တာ...
    ဘယ်ဈေးကွက်ဝင့်ပါ့မလဲ..:P:P

    ReplyDelete
  7. ကဗျာလေးအားပေးသွားတယ် အလင်းသစ်ရေ။
    ခေါင်းစဉ်လေးသဘောကျတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. စာသားတွေ ကတကယ်လန်းတယ်ဗျာ အားပေးသွားတယ်နော

    ReplyDelete
  9. သေချာတယ်...
    စီပွားရေးသမားအတွက်
    အချစ်က ဈေးကွက်မဝင်ဘူး။။။

    ကဗျာတွေကောင်းတယ် အားပေးသွားတယ် ခင်မင်စွာဖြင့် (လွမ်း)

    ReplyDelete
  10. ရေခဲရိုက်ထားတယ်ဆိုကတည်းက ကြာရှည်ခံအောင်ပေါ့။ သံယောဇဉ်ကို အဲဒီလိုပြတာလှတယ်ဗျာ။ လက်နှစ်ဖက်ကလည်း ကိုင်လိုက်တာအေးစက်နေတယ်ဆိုတာကျတော့ မနွေးထွေးတဲ့သဘောပေါ့။ အကြိုက်ဆုံးကတော့ မျဉ်းပြိုင်ကို တင်စားသွားတာ။ မတည်မြဲရင် ရထားလမ်းတွေဖျက်ဖို့သာရှိတော့တာပေါ့။ မှန်လိုက်တာဗျာ။ အလင်းသစ် ပေးတဲ့ Message ကို ခံစားလို့ရပါတယ်။ လမ်းလျှောက်တယ်ဆိုတဲ့ စာလုံးမှာ ဟတ်ထိုးတွေ ကျန်ခဲ့တယ်ဗျ။ ကျွန်တော်တို့လည်း မြန်မာလက်ကွက်မရင်းနှီးခင်က တော်တော်ရှာယူရတယ်။ အားပေးပါတယ်။ ဆက်လုပ်ပါ။

    ReplyDelete
  11. အချစ်ကို ဈေးကွက်စီးပွားရေ ဝင်ဆန့် စေချင်လို့  ဟောင်ဖွာ..ဟောင်ဖွာ မန့် သွားသည်..:P

    ReplyDelete
  12. မျဉ်းပြိုင်မို့ မတည်မြဲကြေးဆို
    ရထားလမ်းတွေ ဖျက်သိမ်းကြစို့
    တွေဝေတာနဲ့ မပြတ်သားတာ
    စကားလုံးပဲ ကွာတယ်

    ဒီစာသားလေး အရမ်းမိုက်ပါတယ်
    ကဗျာလေးက အရမ်းကောင်းတယ်
    ဟုတ်တယ်ဗျာ . . .
    စီးပွားရေးသမားတွေအတွက် အချစ်က ဈေးကွက်မ၀င်ဘူး
    ( ဟယ် . . . ငါတို့မှာလည်း နှလုံးသားနဲ့ပါ ဟယ် . . . ဟဲဟဲ )

    ReplyDelete
  13. မျဉ်းပြိုင်နှစ်ကြောင်းလိုသဘောဖြစ်နေတာလား နီးသလိုလိုနဲ့ဝေးနေတာမျိုးလား


    အဆင်ပြေပါစေဗျား)

    ReplyDelete
  14. အကို..
    လန်းတယ်ဗျာ စာသားတွေက...
    နှလုံးသားချင်း နားမလည်ခဲ့ကြဘူးထင်ရဲ့
    တွဲထားတဲ့ လက်နှစ်ဖက်က
    အေးစက်နေလိုက်တာ။။
    ခင်မင်လေးစားလျက်-လေလွင့်လူ

    ReplyDelete
  15. ရေခဲရိုက် သံယောဇဉ်..
    အေးလိုက်တာအစ်ကိုရား)
    ဒါပေမယ့်လည်း..ရေခဲက
    ကိုင်ထားပါများရင်..ပူလာတတ်တဲ့သဘောရှိတယ်နော်း)

    ကဗျာကောင်းလေး..အားပေးသွားပါတယ်။

    ခင်မင်လျှက်
    မိစံ

    ReplyDelete
  16. ဒီကဗျာလေးကြိုက်တယ်..

    WL

    ReplyDelete
  17. ကဗျာလေးကြိုက်တယ်ရှင်...။

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။