ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Monday, February 6, 2012

ကျွန်တော့်ဘဝ၏ အမှတ်တရ နေ့စွဲများ (Tag Post)



ဒီနှစ်မှာ ဆောင်းတွင်းက မစာမနာ အရင်နှစ်တွေထက်ကို သာသာကဲကဲ ထူးပြီး နှိပ်စက်နေလို့ သွေးကိုနွှေးနွှေးပေး နေရတာတွေရယ်၊ ရက်ရှည်ကျောင်း ပိတ်ရက်ကြောင့် အကျင့်တွေ ပျက်ပြီး ဇီးကွက်ဖြစ်နေ တာတွေကြောင့် စာရေးတဲ့ဖက်ကို ဘယ်လိုမှ စိတ်မရောက်နိုင် ဖြစ်နေတာ ကြာပါပြီ။။ ရေးချင်တာလေး ပေါ်လာလိုက် ရေးရမှာ ပျင်းသွားလိုက်နဲ့ လုံးချာလည်နေတုန်း ညီလေး ကျူးပစ် က "အကိုရေ.. တဂ်ထားတယ်ဗျာ" ဆိုပြီး Offline Message လေးပို့ထားတာ တွေ့လိုက်ရပါတယ်။။ ဒါနဲ့သူဘာတဂ်ထားတာတုန်း သွားကြည့်တော့ "ဘဝရဲ့အမှတ်တရ နေ့စွဲများ" ဆိုတဲ့ခေါင်းစဉ်နဲ့ ငယ်စဉ်ကနေ ကနေ့အထိ အမှတ်တရ နေ့ရက်တွေ အကြောင်း ရေးထားကြတာ ဖြစ်နေပါတယ်။။ တော်တော် များများလည်း ရေးပြီးကြပြီမို့ လိုက်ဖတ်ကြည့်တော့ ညီမလေး သမီးစံ ကလည်း တဂ်ထားတာ ဆက်တွေ့လိုက်ပါတယ်။။ ဒီတော့လည်း ပျင်းပျင်းရှိလို့ Facebook မှာဟိုနားစပ်စပ်၊ ဒီနားစပ်စပ် လုပ်နေရာကနေ အခုလို ထပြီးရေးလိုက်ပါပြီဗျာ။။


အမှတ်တရ နေ့စွဲ- (၁)
၂၇.၅.၁၉၈၆

အဲဒီနေ့က အတိအကျဆိုရင် နေကျ၊ရေကျ အင်္ဂါနေ့ညပေါ့ (သူများတောင် နေတက် ၊ရေတက်ဆိုပြီး ကြွားကြသေးတာ ကိုယ်လည်း ရတာ ကြွားမယ်..:P)။။ ကျွန်တော့် အမေက သူ့ကို နည်းမျိုးစုံနဲ့ ဒုက္ခပေးမယ့် အ လိမ္မာတုံးလေးကို မွေးထုတ်ပေးခဲ့တဲ့နေ့လေ။။ ပြောမယ့်သာပြောရ ကျွန်တော်က ငယ်ငယ်ကတည်းက ဆေးရုံ၊ဆေးခန်းကို ကြောက်တယ်ဗျ။။ အမေ့ကို ကန့်လန့်တိုက်ပြီး ဒုက္ခပေးနေတာမို့ ကျေးလက် သားဖွားဆရာမက ဘာလုပ်ရမှန်း မသိတော့ပဲ ဆေးရုံ ပို့ရမယ်ဆိုပြီး မြင်းလှည်းပေါ် တင်ခါနီးမှ အလန့်တကြား တိုးထွက်လာတယ်ဆိုပဲ။။ (အမေ ကျွန်တော့်ကို စိတ်ဆိုးတိုင်း အဲဒီအကြောင်း အမြဲပြောပြလို့ အမှတ်ရနေတာလေ။။)




အမှတ်တရ နေ့စွဲ- (၂)
၃၀.၆.၂၀၀၂

အဲဒီနေ့ကြောင့်ပေါ့ အတိအကျလိုလို အသေအချာလိုလို ကောလဟာလ သတင်းကြောင့် ဆယ်တန်းကျတယ်လို့ သတင်းကြီးနေတဲ့ကျွန်တော် အိမ်မှာမနေရဲပဲ ဦးလေးနဲ့လယ်ထဲ လိုက်သွားရတဲ့ အထိပါပဲ။။ (ဘယ်တုန်းကမှ မကျခဲ့ဖူးပဲ ကျတယ်လို့ ကြားရတော့ အောင်စာရင်းကို ရင်မဆိုင်ရဲဘူးလေ။။ :D) နောက်မှ အဖေက လိုက်ခေါ်လို့ မယုံမရဲ ပေကတ်ကတ်နဲ့ အောင်စာရင်းစာရွက်ကို သူများထက် နောက်ဆုံးမှ (သူများထက် အရင်လို့ ကြွားမရလို့.. :P) တစ်ယောက်တည်း သွားကြည့်ပစ်လိုက်တယ်။။ ဘယ်ရမလဲ ကျွန်တော်အောင်တယ်လေ..:D။။ ဆယ်တန်းအောင်စာရင်း ထွက်တဲ့နေ့ပါ... :P ။။။




အမှတ်တရ နေ့စွဲ- (၃)
၃၁.၁၀.၂၀၀၂

အဲဒီနေ့က အောက်သားကျွန်တော် တောင်လှေကားမြို့တော်ရဲ့ ဆောင်းတွင်း အအေးဒဏ်ကို စခံရတဲ့နေ့ပါ။။ ပြီးတော့ အမှန်တကယ်သာ လိုက်နာနိုင်ရင် တကယ့်ယောက်ျားကောင်း ၊ယောက်ျားမြတ်တွေ မွေးထုတ်ပေးတဲ့ ကျောင်းတော်ကြီးထဲမှာ အင်ဂျင်နီယာ ပညာတွေသင်ယူဖို့ ပထမဆုံးခြေစချတဲ့ နေ့ပေါ့။။ ((၅)နှစ်တာ ရင်ငွေ့လှုံခဲ့တဲ့ ချယ်ရီရိပ်ခို အမိတက္ကသိုလ်ကို လွမ်းမိပါတယ်။။ :))





အမှတ်တရ နေ့စွဲ- (၄)
၁၆.၆.၂၀၀၃

အဲဒီနေ့က ကျွန်တော့်ဘဝရဲ့ မြင့်မိုရ်တောင် တစ်ခြမ်းပြိုကျတဲ့နေ့ပေါ့။။ အဲဒီနေ့မှာ အ လိမ္မာတုံး ကျွန်တော့်ကို နို့ဖိုးတောင် ဆပ်ခွင့်မပေးပဲ အမေအပြီးအပိုင် ထွက်ခွာသွားခဲ့ပါတယ်။။ အမေမရှိတော့တဲ့ သိမ်ငယ်မှုတစ်မျိုးနဲ့ ဘဝကိုဖြတ်သန်းရတာ တကယ်ကို ခက်ခဲမှန်း အဲဒီနေ့ကတည်းက သဘောပေါက်မိသွားတယ်။။ :( :(





အမှတ်တရ နေ့စွဲ- (၅)
၁၉.၁၂.၂၀၀၇

အဲဒီနေ့ကတော့ အမိတက္ကသိုလ်ရဲ့ ရင်ခွင်ထဲကနေ ဘွဲ့လက်မှတ်တစ်ခု၊ ရထားစီးခွင့် စာရွက်တစ်ရွက်နဲ့ ပုခုံးပေါ်မှာ တာဝန်တွေကိုတင် အပြောကျယ်တဲ့ လောကပြင်ထဲ ကျွန်တော့်ဘဝရဲ့ ခရီးစဉ်တွေကို စတင်ခဲ့တဲ့ နေ့တစ်ရက်ပေါ့။။




အမှတ်တရ နေ့စွဲ- (၆)
၁.၉.၂၀၀၉

ဘွဲ့လွန် ထပ်တက်ဖို့ ဆန်စားသူများရဲ့ ဌာနေ ရွှေပြည်ကြီးကနေ အာလူးစားသူများရဲ့ ဌာနေကို လေယာဉ်ပျံကြီး စီးပြီး ရောက်လာခဲ့တဲ့နေ့လေးပါ။။ (လေယာဉ်ဆိုရင် အမ်အေအိုင်ရဲ့ ရန်ကုန်-ထားဝယ် ဖော်ကာကြီး စီးပြီးကတည်းက အိပ်မက်ထဲတောင် မစီးရဲတော့တာ ..တော်ပါသေးရဲ့.. အဲဒီနေ့ကတော့ ဖြစ်ဖြစ်မြောက်မြောက် စီးရဲတဲ့ သတ္တိတွေ မွေးလို့ ရသွားခဲ့လို့... :D )။။။


အမှတ်တရတွေ ကတော့ အများကြီးပါပဲ။။ အဲဒီအထဲက ရက်စွဲ မှတ်မိနေ တာလေးတွေ ရေးချလိုက်တာပါ။။ ညီလေးကျစ်ပုရော၊ ညီမလေး သမန်းစီရော ကျေနပ်ကြမယ်လို့ ထင်ပါရဲ့။ တချို့ရက်စွဲတွေက ကျတော့ မှတ်မိလို့ မကောင်းတာတွေ ရှိတယ်လေ။ "အမှတ်တရတွေရယ် လွမ်းဖို့ကို လက်မတို့ပါနဲ့ မျက်ရည်က စို့ချင်ချင်မို့" ဆိုတာလိုတွေကျတော့ ပြောတိုင်းမကောင်းလို့ ထားခဲ့လိုက်တော့မယ်... :P ။။ ကျွန်တော့်ဘဝရဲ့ အမှတ်တရ နေ့စွဲတချို့က ပျင်းဖို့ကောင်းနေရင်လည်း သည်းခံပြီးတော့သာ အားပေးကြပါလို့ မေတ္တာရပ်ခံပါရဲ့ဗျာ.. :D :D။။ ဤ TAG ပို့စ်ကို ဖတ်ပြီး ရုပ်ချောသူများက ပြုံးပြုံးကြီးနှင့် ဒီကောင်တော်တော် နောက်တယ်ဟု ပြောကာ ကွန်မန့်ပေးသွား ကြလေသတည်း။။။


လေးစားလျက်
အလင်းသစ်

17 comments:

  1. အမှတ်တရတွေ တူးဆွသွားတယ်အစ်ကိုရေ `
    လေးစားခင်မင်စွာဖြင့် (လွမ်း)

    ReplyDelete
  2. မနာလို ချင်စရာ ကောင်းနေတယ် ဆိုဒ်လေးက :):)
    အင်း...ကွန်မန့်ကျတော့လည်း သတိထားမှ သူက ချုပ်ပြီး ကိုင်ပြီး ရိုက်တက်တာ
    ဆိုတော့...:D:D
    ဘာပြောရင်ကောင်းမလဲ ဟင်...:P:P
    Tag Post လေး ဖတ်သွားပါတယ်ရှင်လို့..

    ReplyDelete
  3. အော..အစ်ကိုက..တကယ့်ယောင်္ကျားကောင်း၊ယောင်္ကျားမြတ်တွေ
    မွေးထုတ်ပေးတဲ့ ကျောင်းကစီနီယာကြီးပေပဲကိုး)
    ညီမမှာက..အဖေမရှိတော့တာ။
    အစ်ကိုက အမေမရှိတော့ဘူး။(တစ်ယောက်စီ.ဘက်ပဲ့နေပါတယ်။)
    ဆိုတော့ကာ.....အဟမ်း..အဟမ်း :P



    ခင်မင်လျှက်..
    ပြုံးပြုံးကြီးနှင့်ရုပ်ချောသူး)

    ReplyDelete
  4. သူလဲအောင်စာရင်းဒဏ်ငါ့လိုမခံနိုင်ပါလား...ပီားးစ်
    ဖတ်သွားတယ်အမှတ်တရ နေ့စွဲတွေအကြောင်းဖတ်သွားတယ်
    ချစ်ကိုကြီးရေ
    ရေးပေးတာလဲကျေးဇူးပဲ

    ReplyDelete
  5. ဤ TAG ပို့စ်ကို ဖတ်ပြီး ရုပ်ချောသူများက ပြုံးပြုံးကြီးနှင့် ဒီကောင်တော်တော် နောက်တယ်ဟု ပြောကာ ကွန်မန့်ပေးသွား ကြလေသတည်း။။။
    အဲဒီစာကြောင်းလေးနဲ့ပဲ ပြုံးပြုံးလေးနဲ့ မန့်သွားပါတယ်...။

    ReplyDelete
  6. မထူးဘူး ဖတ်ပြီးမှတော့ ရုပ်ချောတဲ့ လူတွေထဲ ချော်လဲ တက်ထိုင်လိုက်တယ် နောက်မှလာတာဆိုတော့ ရှေ့ ကလူငယ်တွေ ပေါ်တက်ထိုင်သွားဘီ..

    စကားမစပ် စံစံက ဘက်ပဲ့တာကြည့်လုပ်နော် ..ဟိဟိ မျိုးသန္တာထွန်း သမီးလေး ..တစ်ဒါဇင်မောင်နှမ ရှိတယ်တဲ့..တိန်

    ReplyDelete
  7. ပြုံးပြုံးလေးဖတ်သွားပါတယ်ကွယ်

    ReplyDelete
  8. အမေ ဆုံးတယ်တဲ့ ဒီတစ်ယောက်ကလည်း။ စိတ်မကောင်းဝူး ဖတ်ရင်း။ :'(

    ReplyDelete
  9. အမှတ်တရထဲမှာ ချစ်သူလေးအကြောင်းမပါပါလား
    အမေ မရှိတော့ဘူးဆိုလို့အမတော် စိတ်မကောင်းဖြစ်မိပါတယ်

    ReplyDelete
  10. ဘဝရဲ့ အမှတ်တရလေးတွေကို လာဖတ်ပါတယ်... နေ့ လ ခုနှစ်နဲ့ တကွ မှတ်မိနေတဲ့ မှတ်ဥာဏ်ကို ချီးကျူးမိတယ်...

    ReplyDelete
  11. ဒီကောင် တော်တော်နောက်တယ်လို့  မန့် ဘူး :P

    ReplyDelete
  12. စာအရေးအသား အရမ်းကောင်းတယ အစ်ကိုကြီးရေ။ ညီလေး အားပေးသွားပါတယ်။

    ReplyDelete
  13. မောင်အလင်းသစ် ဘဝရဲ့အမှတ်တရနေ့စွဲများ တဂ်ပို့စ်လေးက
    ရှင်းရှင်းလင်းလင်း တိုတိုတုတ်တုတ်နဲ့ ဖွင့်ဆိုထားတဲ့ ရက်စွဲလေးတွေပါလား။
    မိခင်ဆုံးရှုံးတဲ့ခံစားမှုကိုစာနာမိသလို အောင်စာရင်းထွက်ပြီး ကောလဟာလကြောင့်
    ကျရှုံးတာရဲ့ခံစားမှုကိုလည်း ကိုယ်ချင်းစာတယ်(တီတင့်ကတော့ခုနှစ်တန်းမှာတကယ်ကျခဲ့တား))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  14. အတိတ်က အမှတ်တရလေးက်ုလာရောက်လွမ်းမိပါတယ်

    ReplyDelete
  15. အားလူးစားရင်းနဲ့ပဲ ပြုံးပြုံးလေး ဖတ်သွားပါတယ်အစ်ကို.

    ReplyDelete
  16. မျက်စိလည်လမ်းမှားရောက်လာပြီး .... ဒီပို့စ်လေးအရောက် သဘောကျ၍ ပြီးပြီး ကောမန့်ရေးသွားတယ်.. =)
    အမှတ်တရနေ့တွေကို အတိအကျ မှတ်မိနေတာ.. ချီးကျူးပါတယ်..

    WL

    ReplyDelete
  17. ချောတဲ့သူတွေထဲ သမီးလဲ ပါတယ် နော် ခစ်..

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။