ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Sunday, July 29, 2012

ညတက္ကစီ




မဟူရာရောင်တချို့ သွန်းပက်
ဟော..ဟော
အနက်ရောင်တွေ ရွှန်းလက်လာပြီ။။

ပယင်းရောင်အဆိပ်ရည်နဲ့
အိပ်ငွေ့ချခံရတဲ့ ဦးနှောက်တချို့
ရို့ရို့လေးကပ်လာ
အင်း...ငှက်ရှာကြဦးမယ်ထင်ပ။။


အတိုလား၊ အရှည်လားညီ
အပိုပါ ပါတယ်အကို
အိုကေ...တက်
ဒီညလည်း သရုပ်ပျက်ဦးတော့မယ်။။

ရော့...ရော့
အပျင်းပြေပေါ့အကိုတဲ့
ပယင်းရည်လေးတချို့ မျိုခဲ့။။

လက်တခါခါနဲ့....
ကျုပ်ရဲ့ကမ္ဘာ၊ ချာချာလည်
တခစ်ခစ်ရယ်တဲ့ နှုတ်ခမ်းတွေ
ဟုတ်တယ်..
တခုတ်တရ ကျုပ်နမ်းခဲ့မိတယ်။။

မျက်ရည်စမ်းစမ်းနဲ့ ဇနီး
ဝမ်းမီးတောက်နေတဲ့ သား၊သမီးတွေ
အားးးး.....
ဖေကြီးကို ခွင့်လွှတ်ပါကွယ်။။

ချာချာလည် အတွေးတွေထဲ...
အိုကွယ်..နောင်ခါလာ နောင်ခါဈေး
သွေးကျနေတဲ့ ခြေထောက်လေးတွေ
ခဏဖြစ်ဖြစ် အနားပေးလိုက်တော့မယ်။။

မဟူရာရောင်တချို့ သွန်းပက်
ဟော..ဟော
အနက်ရောင်တွေ ရွှန်းလက်လာပြီ။။




လေးစားလျက်
အလင်းသစ်
၃၀.၇.၂၀၁၂ (တနင်္လာ)



15 comments:

  1. မျက်ရည်စမ်းစမ်းနဲ့ ဇနီး
    ဝမ်းမီးတောက်နေတဲ့ သား၊သမီးတွေ
    အားးးး.....
    ဖေကြီးကို ခွင့်လွှတ်ပါကွယ်။။

    ReplyDelete
  2. ကွက်ကွက်ကွင်းကွင်း မြင်အောင်ကို ရေးဖွဲ့ ထားတဲ့ ကဗျာကောင်းလေးဘဲညီ...:)

    ReplyDelete
  3. မျက်ရည်စမ်းစမ်းဇနီးနဲ့ ဝမ်းမီးတောက်နေတဲ့ သားသမီးလေးတွေ သနားစရာ။
    နောင်ခါလာနောင်ခါဈေးဆိုတာ ဆင်ခြေတစ်ခုပေါ့နော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဒီကဗျာလေးက အရမ်းအဓိပ္ပာယ်ရှိတာပဲ...
    သဘောကျတယ် :D

    ReplyDelete
  5. ကဗျာလေးက အရမ်းကောင်းလွန်းတယ်ဗျို့

    ReplyDelete
  6. အတော်ဆိုးတဲ့ဖေကြီးပါလားကွယ်
    ကိုယ်တွေ့များလား အလင်းရေ

    ReplyDelete
  7. တကယ့်ကောင်းတဲ့ ကဗျာလေး လာရောက်ခံစားသွားတယ်။
    အားပေးနေမယ်။


    ခင်တဲ့
    အလွမ်း

    ReplyDelete
  8. ရော့...ရော့
    အပျင်းပြေပေါ့အကိုတဲ့
    ပယင်းရည်လေးတချို့ မျိုခဲ့။။

    ကျွန်တော်တို့လည်း အပျင်းပြေပေါ့အစ်ကိုတွေများလှပြီနော်..။

    ReplyDelete
  9. မျက်ရည်စမ်းစမ်းနဲ့ ဇနီး
    ဝမ်းမီးတောက်နေတဲ့ သား၊သမီးတွေရဲ့ မျက်နှာကိုမြင်ယောင်ရင်း
    စိတ်မကောင်းဖြစ်သွားမိတယ်...

    ReplyDelete
  10. ခံစားသွားတယ် အကိုရေ....
    အရေးအသား အလွန်ကောင်းဗျာ...:-)

    ReplyDelete
  11. သွေးကျနေတဲ့ ခြေထောက်ကလေးတွေ ..

    ( အဲဒီစကားလေးကို ကြားတော့ မြတ်မေမေကို သတိရမိတယ်။ )

    ReplyDelete
  12. လန်းတယ်ယောက်ဖ။။။။။။။။။။။။ဆက်လုပ်။။။။။။

    ReplyDelete
  13. ဆက်သာရေးပါ။ကောင်းတယ်။ ဝင်ပြီးအားပေးသွားတယ်နော်။

    ReplyDelete
  14. နောက်လည်း လာခဲ့ဦးမယ် good.

    ReplyDelete
  15. လာလည်ရင်းကဗျာတွေဖတ်သွားတယ်နော်

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။