ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Friday, May 20, 2011

လတ်တလောဖြစ်ပေါ်နေသောစိတ်ဆန္ဒလေးများ

တဂ်တဲ့ဗျာ။။ ကျွန်တော်လည်း ကိုယ့်အရှုပ်တွေနဲ့ ကိုယ်လုပ်နေရင်း ဘလော့တွေဆီ အလည်မရောက်တာ ကြာတော့ ကိုသက်တန့်က တဂ်ထားတာကို မသိလိုက်ဘူး။။ မလှိုင်က ပြောတော့မှ ပြေးကြည့်ရင်း တွေ့လို့ ပြန်ဖြေလိုက်ပါပြီ။။ ဒီလိုပျော်ဖို့ အရမ်းကောင်းတဲ့ အစီစဉ်လေးကို စတင်ပေးခဲ့တဲ့ မန္တလေးသားလေး ကိုကိုးအိမ်ကိုလည်း ကျေးဇူးတင်ပါတယ်။။ ကျွန်တော့်ကို တဂ်ပေးတဲ့ ကိုသက်တန့်ချိုကိုလည်း ကျေးဇူးတင်ပါကြောင်း။။။။
(၁)အစားချင်ဆုံးသော အစားအစာ- ငါးမြွေထိုး စင်းကောချက် (အရမ်းကြိုက်ပါတယ်။။ ငရုတ်သီးစပ်စပ်လေးနဲ့ ချက်ထားတဲ့ ငါးစင်းကောချက်လေး ခုရေးနေရင်းတောင် မြင်ယောင်မိသေး။။ဟီးးးးးးးးးးးးးး စားချင်လိုက်တာ။။။)
(၂)နေ့တိုင်းစားဖြစ်တဲ့ အစားအစာ- ထမင်းနဲ့ ဟင်း ။။။ (အချက်ပျင်းတဲ့ နေ့တွေဆိုရင်တော့ ခေါက်ဆွဲခြောက်နဲ့ နှစ်ပါးသွား ရတာပေါ့နော။။)
(၃)အလိုချင်ဆုံးရေမွှေး- ရေမွှေးကိုတော့ လုံးဝကို Crazy မဖြစ်ပါဘူး။။။
(၄)သုံးဖြစ်နေတဲ့ရေမွှေး- သတိရမှ တစ်ခါတစ်လေဆွတ်ဖြစ်တဲ့ Charlies Silver လေးရှိပါတယ်။။( Roll on လောက်ပဲ သုံးဖြစ်တာလေ။။ ကိုယ်နံ့၊ချွေးနံ့ လုံးဝ ကင်းစင်ကြောင်း ISO_ 2011 ရထားပါတယ်ဗျ။။)
(၅)အလိုချင်ဆုံးမွေးနေ့လက်ဆောင်- ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုစာအုပ်များ။။။။
(၆)အလိုချင်ဆုံးဖုန်း- iPhone 4G (ဟိဟိ..လိုချင်တာပြောတာပါ။။။ )
(၇)သုံးဖြစ်နေတဲ့ဖုန်း- Sony Ericsson ဈေးပေါပေါလေးပါဗျ။။
(၈)အရူးသွပ်ဆုံးအရာ- သီချင်းကို ဘေ့စ်သံများများနဲ့ ခပ်တိုးတိုးဖွင့်ပြီး ကော်ဖီလေးတစ်ခွက်(ဟိဟိ..ဖြစ်နိုင်ရင်တော့ တခြားအရည်တစ်မျိုးပေါ့။။) နဲ့ ဇိမ်ယူခြင်း။။။
(၉)အနီးစပ်ဆုံးဂီတ- လက်ခုပ်ကို စည်းချက်မှန်အောင် တီးတတ်ပါသည်။။ သီချင်းအေးအေးလေးတွေ အရမ်းကြိုက်။။။။
(၁၀)အလိုချင်ဆုံးစာအုပ်- သိန်း(၅၀၀၀)လောက် ဘဏ်မှာအပ်ထားပြီးသား ချက်စ်စာအုပ်။။။ဟိဟိ။။။(သုံးပါလိမ့်..လိုတာနဲ့ ထုတ်လိုက်ရုံပဲ။။ဟီးးးးးး။။)
(၁၁)အခုဖတ်ဖြစ်နေတဲ့စာအုပ်- ဆရာဖေမြင့်ရေးတဲ့ "အောင်မြင်မှု၊ ချမ်းသာသုခနှင့် ဓနဥစ္စာ"(သွားလေရာ ပါပြီး။။ အချိန်ရတိုင်း ဖတ်ဖြစ်ပါတယ်။။)
(၁၂)အကြားချင်ဆုံးစကား- Arsenal အသင်း ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်၊ကားလင်းနဲ့ အက်ဖ်အေ ဖလားတွေကို အကုန်ရယူလိုက်ပြီ ဆိုသော သတင်းစကား။။(၁၉၉၆ကတည်းက အားပေးလာတာ ခုထိတော့ အိပ်မက်ထဲတောင် ဖာဂူဆန်ကြီးက လာလာလုနေလို့။။)
(၁၃)အဖြစ်ချင်ဆုံးဆန္ဒ- သိပ်တော်တဲ့ အင်ဂျင်နီယာတစ်ယောက်။။(ခုထိတော့ အိုင်းစတိုင်းသီအိုရီ(E=mc2)ကို အင်ဂျင်နီယာ ကျောင်းသားတစ်ယောက်သည် ဆေးကျောင်းသူ နှစ်ယောက်နှင့် ညီမျှသည်ဟု မြန်မာမှုပြုနေဆဲ။။ဟိဟိ။။)
(၁၄)အလိုချင်ဆုံးဆု- "ဆု"ဆိုကြောက်တယ်။။(ဆု ရော စု ရော ဘာမှ မလိုချင်တော့ပါ။။ ကြောက်၏။။ ဟီးးးးးးးးးးးး။။)
(၁၅)အသွားချင်ဆုံးနေရာ- အမိမြေက အမေ့အိမ်ဆီ။။။
(၁၆)သွားဖြစ်တဲ့နေရာတွေ- အဆောင် ၊ကျောင်းနဲ့ ဈေး။။(ကျောင်းအားရက်မှာတော့ ခြေဦးနဲ့ ဒူးတည့်ရာ လျောက်သွား တတ်ပါ၏။။)
(၁၇)အကြည့်ချင်ဆုံးရုပ်ရှင်- ကြည့်ပြီး တစ်ခုခုကျန်နေခဲ့မယ့် ရုပ်ရှင်မျိုး။။။(ဟာဟင်တောက်ကျွတ် ဟူသော စိတ်ပျက်သံများ ကျန်ခဲ့မည့် ရုပ်ရှင်ကိုတော့ မကြိုက်ပါ။။။)
(၁၈)အပြောချင်ဆုံးစကား- မကောင်းကွက်ကိုသာ ကြည့်မယ်ဆိုရင် ပေါင်းအပ်တဲ့သူမရှိ၊ ကောင်းကွက်ကိုသာ ကြည့်မယ်ဆိုရင် မပေါင်းအပ်သောသူမရှိ။။ လူတိုင်းနှင့်ထိုက်တန်သော စေတနာမျိုး ထားတတ်၊ထားနိုင် ကြပါစေ။။။
(၁၉)အယုံကြည်ဆုံးလူသား- ဗုဒ္ဓမြတ်စွာ။။။
(၂၀)မယုံကြည်ဆုံးအရာ- အခြေအမြစ်မရှိသော အတင်းစကား။။။
(၂၁)အမုန်းဆုံးအရာ- ကုန်းချောခြင်း။။ မနာလိုတတ်သောစိတ်။။။ ကိုယ့်ကို သူများနှင့် နှိုင်းယှဉ်ခြင်း။။။
(၂၂)အသောက်ဖြစ်ဆုံးအအေး- ပက်ပ်စီ၊ ကိုကာကိုလာ။။။(မပါမဖြစ်လေ..အသေစောမှာစိုးလို့။။ဟိဟိ။။)
(၂၃)လတ်တလော အထိတွေ့ဆုံးအရာ- ကီးဘုတ်နဲ့ မောက်စ်လေ။။။
(၂၄)မကောင်းတဲ့ ကျန်းမာရေး- ဒေါင်ဒေါင်ကို မြည်လို့။။။
(၂၅)အကောင်းဆုံးအဖော်- တရား၊ သီချင်းတွေနဲ့ စာပေ။။။
(၂၆)လက်ရှိအကြိုက်ဆုံးသီချင်း- မောင့်ချစ်သူ ဗမာမလေး။။။
(၂၇)အကြောက်ဆုံးအလုပ်- လုံးဝမလုပ်ချင်တဲ့ အလုပ်။။။
(၂၈)တန်ဖိုးအထားဆုံးအရာ- ကိုယ်ပြောလိုက်တဲ့ စကား၊ ကိုယ်ပေးလိုက်တဲ့ ကတိ။။။
(၂၉)အကြောက်ဆုံးတိရိစ္ဆာန်- ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးကောင်။။။
(၃၀)တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ- မလှိုင်၊နေဇော်လင်း၊ကိုကြီး(ပြီးတော့ အများကြီး။။။)
(၃၁)အပြင်သွားတိုင်းပါတဲ့ပစ္စည်း- ပိုက်ဆံအိတ်နဲ့ဖုန်း။။။
(၃၂)သွားဖြစ်နေတဲ့နေရာတွေ- အဆောင်နဲ့ ကျောင်းပါဗျာ။။။
(၃၃)စိတ်အညစ်ရဆုံးအချိန်- လကုန်ရက် အကြွေးတွေ ဆပ်ရတဲ့အချိန်။။။
(၃၄)အနေချင်ဆုံးနေရာ- ဆူညံသံတွေဝေးတဲ့ အေးဆေးတိတ်ဆိတ်တဲ့နေရာလေးတစ်ခု။။။ခြံအကျယ်ကြီးနဲ့ အိမ်ကောင်းကောင်းလေးမှာ ။။။
(၃၅)ကြားလိုက်မိတဲ့ဟာသလေးတစ်ခု- ခုတလောတော့ မကြားသေးဘူးဗျ။။
(၃၆)ပေးချင်တဲ့ သတင်းတစ်ခု- နောက်လစာမေးပွဲတဲ့။။။
(၃၇)အပျော်ဆုံးဖြစ်မယ့်အချိန်- အဲဒီစာမေးပွဲပြီးလို့ နွေရာသီကျောင်းပိတ်ရက် ရောက်တဲ့အချိန်ပေါ့။။။(အဲဒီကျမှ လည်မယ်၊ ပတ်မယ်၊ ဖတ်မယ်၊ ရေးမယ်၊ ဖလန်းဖလန်းထမယ်။။။)

ပြီးပြီကွ။။။ မေးသမျှကို ဖြေချလိုက်ပါပြီ။။ ပျော်လို့ ပျော်ပျော်ဖြေလိုက်တာမို့ အမှားတစ်စုံတစ်ရာ ပါခဲ့ရင်တော့ နားလည်၊ ခွင့်လွှတ်ပေးကြပါရန်။။။ မလေးမခန့် ပြုလိုသောစိတ် လုံးဝမရှိပါကြောင်း။။။ လာရောက်လည်ပတ် ဖတ်ရှုသူအပေါင်းကို အထူး ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။။။တော်တော်များများကို တဂ်လုပ်ထားကြပြီးပြီမို့ ဘယ်သူ့ကို တဂ်ရမလဲ မသိဘူး။။။ ကဲ.. တဂ်ပြီဗျာ။။ အတဂ်ခံရသူများ ဖြေပေးကြပါကုန်...
(က) ကျေးလက်သားလေး
(ခ) ရွှေညာသားလေး
(ဂ) အနာဂတ်ကောင်းကင်
(ဃ) ကိုခနွဲ
ဖြေပေးမယ်လို့လည်း မျှော်လင့်မိပါကြောင်း။။။။


လေးစားလျက်
အလင်းသစ်

9 comments:

  1. (၁၄)အလိုချင်ဆုံးဆု- "ဆု"ဆိုကြောက်တယ်။။(ဆု ရော စု ရော ဘာမှ မလိုချင်တော့ပါ။။ ကြောက်၏။။ ဟီးးးးးးးးးးးး။။)..ကြောက်ပါနဲ့..လင်းသစ်ရဲ့...ဟဟဟ

    ReplyDelete
  2. အလင်းသစ်ရေ....
    ကျန်းမာရေးဒေါင်ဒေါင်မည်တယ်ဆိုလို့ဝမ်းသာပါတယ်
    အဲတာအရေးအကြီးဆုံးပဲလေ။

    ReplyDelete
  3. မအားလို့ မရောက်ဖြစ်တာ လင်းသစ်ရေ.. ရောက်ရောက်ချင်း တဂ်ဆိုလို့ တဂ်လိုက်တယ်..

    ReplyDelete
  4. စိတ်ဆန္ဒလေးတွေ မိုက်တယ်။
    ပက်ပစီ နဲ့ ကိုကာ ကိုလာ ကတော့ ပါမှကို ရမှာပဲလေ ဟဲဟဲ။

    ReplyDelete
  5. အပျော်ရွှင်ဆုံးအချိန်ကခုပေါ့ညီရဲ့

    ReplyDelete
  6. အလင်းသစ် ဖလန်းဖလန်းထတာကိုတော့ မြင်ချင်သေးဗျာ။ ဘယ်လိုများ နေမှာပါလိမ့်:):):) နောက်တာနော် တကယ်ပြောတာ။ တဂ်ထားတာလေး နားလည်သလို ဖြေလိုက်ပါတယ်ဗျာ။ တဂ် တဲ့အတွက်လည်း ကျေးဇူးပါလို့...

    ReplyDelete
  7. http://whitewhitemind.blogspot.com/May 21, 2011 at 1:28 AM

    အလင်းသစ်ဘလော့ရေးမှာပဲ ဒေါ်ပီတိ(ဆွေလေးမွန်)လဲ အလုပ်ရယ် ကိုယ်ရယ် မင်းရယ် အလုပ်ရယ် အလိုဖြစ်နေလို့ ခုမှပဲရောက်ပါတယ်။
    ဒါတောင် ဒီနေ့အဖို့ ညမအိပ်ပဲနေမယ့်တူတူ မထူးဘူးဆိုပြီး အလုပ်ပြီးတော့ ဘလော့တွေလိုက်လည်မယ်ဆိုပြီး ရောက်လို့ နှုတ်ဆက်သွားတယ်။

    ReplyDelete
  8. စိတ်အညစ်ရဆုံးအချိန်- လကုန်ရက် အကြွေးတွေ ဆပ်ရတဲ့အချိန်
    အကြွေးနဲ့ မကင်းပါလားဗျာ။
    အားပေးသွားပါတယ် အစ်ကို

    ReplyDelete
  9. ၂၂)အသောက်ဖြစ်ဆုံးအအေး- ပက်ပ်စီ၊ ကိုကာကိုလာ။။။(မပါမဖြစ်လေ..အသေစောမှာစိုးလို့။။ဟိဟိ။။
    အဲဒါတွေက ကျန်းမာရေးအရ ကောင်းမှမကောင်းတာ ...

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။