ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Tuesday, May 24, 2011

ဒီနေ့ နင့်ကိုလွမ်းတယ်

နိုးတစ်ဝက်ညတွေနဲ့ မိုးသာအကြိမ်ကြိမ်လင်းသွားခဲ့
မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတွေအထပ်ထပ်နဲ့မို့
ငါ့ရင်ဘတ်ကို ဖွင့်ဖတ်ကြည့်တော့လည်း
ငါမှမတတ်တဲ့ အလွမ်းစာတွေပဲလေ
ကောင်မလေးရေ..
ဒီနေ့လည်း နင့်ကိုလွမ်းတယ်။။။

တမ်းတမိတဲ့နေ့ရက်တွေဆီ အတွေးတွေအလည်ရောက်တော့
နှစ်ယောက်ပျော်ဖူးတာတွေ သတိရတယ်
ကောင်မလေးရယ်..
မထင်မှတ်ပဲမြင်ခွင့်ရခဲ့တာက မင်းရင်ဘတ်ထဲမှာ
ကိန်းဂဏာန်းတွေပဲ ရှိတယ်ဆိုတာကိုလေ
သစ်ပုပ်ပင်ကြီးခြောက်သွားတာ
သင်္ချာမပိုင်ခဲ့လို့ပဲလား ငါတောင်အတွေးတွေမှားခဲ့ပြီပဲ။။။
နင်သင်ယူမယ့် အချစ်သင်ရိုးမှာ
ငါ့ကို ဟိုး အဝေးကြီးပို့လိုက်ပြီပေါ့နော်
ရပါတယ် ကောင်မလေးရယ်..
နင်ယုံကြည်တဲ့ချစ်ခြင်းက ဂုဏ်၊ပကာသနရဲ့ရနံ့မကင်းမှတော့
ငါချက်ချင်းလှည့်ထွက်မယ်
တစ်နေ့နေ့ပေါ့..အဲဒီတစ်နေ့နေ့
သစ္စာတရားက နင့်ကို ဒဏ်ခတ်တဲ့ပွဲကိုတော့
ငါမကြည့်ရဲလို့..အဲဒီတစ်နေ့၊တစ်ရက်အတွက်
ငါ့မျက်စိတွေ ကန်းနေပါရစေ။။။
နေချင်ခဲ့တာ မင်းအနားမှာပါ၊ တွဲသွားချင်တာ မင်းနဲ့ပေါ့
ဒါပေမယ့်..ငါမနေရဲတော့ပါဘူး
အတ္တနဲ့ မာနကို ထည်လဲသုံး၊ ပကာသနဖုံးထားတဲ့အပြုံးတွေထည့်
နင်ဈေးကွက်တွေချဲ့နေတဲ့ နှလုံးသားအရောင်း၊အဝယ်ပွဲကြီးမှာ
ဂုဏ်ယူစွာနဲ့နောက်ဆုတ်လိုက်မယ်
ငါ့နှလုံးသားက ရောင်းတမ်းမဝင်ပါဘူး
နင့်အတွက် အချစ်နဲ့သစ္စာတွေပဲပါတာမို့လေ။။။
ခွဲခွာခြင်းတိုင်းမှာ အမုန်းမပါပါဘူးကောင်မလေးရေ
အလိုရမ္မက်ဘီလူးစီးနေတဲ့ နင့်နှလုံးသားရဲ့အနီးတဝိုက်မှာ
ငါလိုချင်တဲ့ သစ္စာကိုရှာမတွေ့တော့လို့ပါ
ပေကပ်လို့ ထပ်မနေပါရစေနဲ့တော့
ငါမြတ်နိုးခဲ့တဲ့မင်းက ငြူစူမုန်းတီးခြင်းတွေ
ရွာရန်ရာနှုန်း(၈၀)လို့ ပြနေမှတော့
ကောင်မလေးရေ..
ငါသွားမယ်ကွာ..မင်းကံကောင်းပါစေ။။။
ငါ့ဘက်က မချစ်လို့လမ်းခွဲခြင်းမှမဟုတ်တာ
မလိမ်မညာတမ်းဝန်ခံပြမယ်
ကောင်မလေးရယ်.... နင့်ကိုအရမ်းလွမ်းတယ်၊
နှလုံးသားရဲ့အမှန်တရားနဲ့
ချစ်ခြင်းရဲ့ သစ္စာတွေကိုကျတော့ဆန့်ကျင်
ပကာသနကိုမှ ခုံမင်တဲ့နင်
အမှားတွေကိုမြင်တဲ့တစ်နေ့ ငါ့ဘက်ကိုလှည့်ကြည့်ပေးပါ
အပြုံးတစ်ချက်နဲ့ငါ အရိုးသားဆုံးနှုတ်ဆက်ပါ့မယ်
ကောင်မလေးရယ်..
နင့်ကိုငါ မမုန်းပါဘူး။။။




နိုးတစ်ဝက်ညတွေနဲ့ မိုးသာအကြိမ်ကြိမ်လင်းသွားခဲ့
မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတွေအထပ်ထပ်နဲ့မို့
ငါ့ရင်ဘတ်ကို ဖွင့်ဖတ်ကြည့်တော့လည်း
ငါမှမတတ်တဲ့ အလွမ်းစာတွေပဲလေ
ကောင်မလေးရေ..
ဒီနေ့လည်း နင့်ကိုလွမ်းတယ်။။။





လေးစားလျက်
အလင်းသစ်

5 comments:

  1. jasmine(တောင်ကြီး)
    ရင်ဘတ်ကိုဖွင့်ကြည့်လိုက်
    ငါမှမတတ်တဲ့အလွမ်းစာတွေတဲ့လားသူငယ်ချင်းရေ။

    ReplyDelete
  2. သွားပြောပေးမယ်လေ ဘယ်သူလဲ လင်းသစ်..:):)
    ခံစား အားပေးလျှက်ပါလို့ .....

    ReplyDelete
  3. ကဗျာလေးအ၇မ်းကောင်းတယ်ဗျာ....ဒီနေ့ ဒီတစ်ရက်တော့ဘယ်သူ့ ကိုလွမ်းမှန်းမသိတာနဲ့ လမ်းမှာပြီးရောက်လာခဲ့ ပါတယ်း-)

    ReplyDelete
  4. နောက်နေ့တွေရော...း)

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။