ကြွရောက်လာသောစာချစ်သူများစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ....

Wednesday, March 2, 2011

ငယ်ချစ်ဦးသို့တမ်းတခြင်း

အချိန်တွေကြာညောင်း နှစ်တွေပြောင်းလည်း
ငယ်ပေါင်းချစ်ဆွေ သတိရနေသည်
ဘယ်ဆီကျမှ ဆုံတွေ့ရလိမ့်
စိတ်ထဲထင့်ထင့် ရင်နင့်နင့်မို့  အိပ်ပျက်ညတွေများခဲ့ပြီ။
ချစ်ခဲ့မိသည်ရင်ထဲဆီမှ တားမရလို့
နှုတ်ထွက်စကားသူကကြားစဉ် 
မျက်နှာလဝန်း ရှက်ရိပ်စွန်းကို ဘယ်လိုချိန်မှမေ့မရလို့
တိတ်တိတ်တမ်းတ  လွမ်းခဲ့ရသည်
အိပ်စက်ခြင်းများ ဝေးခဲ့ပြီ။။။။
ယုံကြည်ရာအတွက် ရွက်လွှင့်ထွက်စဉ်
သူငယ်ချင်းချစ် ရင်တွင်းဖြစ်လို့
သူကမူပို အူမတိုလည်း
တစ်မြေနယ်ခြား ကိုယ်ထွက်သွားစဉ်
သူများရင်ခွင်သူခိုဝင်မလား အတွေးများနဲ့
စဉ်းစားအူတို ကိုယ့်မှာဝန်ပိုသည်
စိတ်ထဲမှာလည်း တထင့်ထင့်။။။
တစ်နှစ်တစ်ခေါက်အမြဲရောက်လို့ လွမ်းလောက်စရာ
သူ့မျက်နှာကို ဖူးတွေ့ရတိုင်း
အတိုင်းမသိ လှိုင်းအိအိနှင် ကိုယ့်ရင်ခွင်သည်
သူခိုဝင်ဖို့ နေရာတို့ကို
အဆင်သင့်ပြင် ထားနှင့်လေသည် ဘာသာအသိ
ခံစားမိ၏ ချစ်သူကိုလည်းသိစေချင်။။။
ကလေးဘဝ ငယ်ကစသည့် အလွမ်းစစ်စစ်
ငယ်ကျွမ်းချစ်မို့
ခွဲခွာဖို့ကြောင်း အဝေးကိုမောင်းလို့
ဆုံမယ့်တစ်နေ့ နင်စောင့်နှင့်နေ ငယ်ချစ်ဆွေရေ
ပန်းတွေလိုဖူး အလွမ်းနွေဦးမှ
တူတူရုန်းလို့ ထွက်ကြမယ်
ငယ်ချစ်ဦးမောင့်ဘုန်းသက်လှယ်
ယုံကြည်ပါတော့ချစ်သက်ရယ်။။။။





လေးစားလျက်
အလင်းသစ်

2 comments:

  1. ငယ်ချစ်ဦးဆိုလို့ ပုံဖော်ကြည့်တာ
    ခပ်ရေးရေးနဲ့ ဝေဝေဝါးဝါးဖြစ်သွားတယ်။
    အဲလောက်တောင်ချစ်ခဲ့တယ် ထင်ပါရဲ့:P:P:P:P

    ReplyDelete
  2. အချိန်တွေကြာညောင်း နှစ်တွေပြောင်းလည်း
    ငယ်ပေါင်းချစ်ဆွေ သတိရနေသည်

    တစ်ကယ်ပဲခုထိသတိရနေတာလား

    ReplyDelete

စာဖတ်သူရဲ့မှတ်ချက်တိုင်းဟာ၊စာရေးသူအတွက်အားတွေပါ။။